Tuesday 13 November 2012

မြန်မာ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ သတင်းထုတ်ပြန်ချက်

၁။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို ၂၀၁၂ခုနှစ် စက်တင်ဘာ(၁၇)ရက်တွင် အဖွဲ့ ဝင် (၂၉) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)၏ ပထမအကြိမ် အစည်း အ ဝေး ကို ၂၀၁၂ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့တွင် ကုန်းမြင့်သာစားသောက်ဆိုင်၌ ကျင်းပခဲ့ပြီး ယခု အချိန် အထိ အစည်းအဝေး(၅)ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါသည်။
ယင်းအစည်းအဝေးများမှ

(က) အငြင်းပွားမှုနှင့် တိုင်ကြားမှုများညှိနှိုင်းဖြေရှင်းရေးကော်မတီ

(ခ) ကျင့်ဝတ်နှင့် ဥပဒေလေ့လာရေးဆွဲရေးကော်မတီ

(ဂ) စီမံရေးရာနှင့် ဘဏ္ဍာရေးကော်မတီ

(ဃ) ပြန်ကြားရေးနှင့် ဆက်ဆံရေးကော်မတီ တို့ကိုဖွဲ့စည်းခဲ့ပါသည်။


၂။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၏ ရုံးခန်းကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့ တွင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ယုဇနတာဝါ အခန်းအမှတ်(၉၀၂)၌ တရားဝင်ဖွင့် လှစ် ထားပြီး ဖြစ်ပါသည်။


၃။ ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပဥမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက် အရ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က စာနယ်ဇင်းကျင့်ဝတ်ကို အောက်ပါ အတိုင်း ရေးဆွဲ ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) က ရေးဆွဲထုတ်ပြန်သည့် စာနယ်ဇင်းကျင့်ဝတ်

၁။ သတင်းမီဒီယာတစ်ခုက ဖော်ပြသောသတင်းတိုင်း အချက်အလက် တိကျမှန်ကန်ရန် နှင့်တတ်နိုင် သမျှ ပြည့်စုံရန် စိစစ်ရမည်။

၂။ တိကျမှန်ကန်မှုမရှိသော သတင်းကိုဖော်ပြမိ၍ ပြင်ဆင်ရန်လိုအပ်ပါက သက်ဆိုင်ရာ မီဒီယာသည် အမြန် ဆုံး ပြန်လည်ပြင်ဆင် ဖော်ပြပေးရမည်။ သတင်းမှန် ဖြေရှင်းချက်ကို လည်း ၎င်းသတင်း ထည့်သွင်း သည့်နေရာ နှင့် အနီးစပ်ဆုံး စာမျက်နာတွင် ထင်ရှားစွာ ဖော်ပြပေး ရမည်။

၃။ သတင်းပေးသူသို့မဟုတ် သတင်းရင်းမြစ်(Source)၏ အမည်နာမနှင့် စပ်လျဉ်း၍ ကာ ယကံရှင်၏ ဆန္ဒနှင့်အညီ ထိန်းသိမ်း ဆင်ခြင်ရမည်။ ယုံကြည်၍ ထုတ်ဖော် အသိပေးလိုက် သည့် အကြောင်းအရာ များ နှင့် စပ်လျဉ်း၍ လျှို့ ဝှက် ထိန်းသိမ်းထားရမည်။

၎။ တရားရုံးတွင် စစ်ဆေးဆဲအမှုများနှင့် စပ်လျဉ်း၍ မီဒီယာတွင် ရေးသား ဖော်ပြရာ၌ တရားရုံးတော် က ပြစ်မှု ထင်ရှား စီရင်ခြင်းမပြုသေးသမျှ ကာလပတ်လုံး တရားစွဲဆို ခံရ သူအား အပြစ်ကင်းစင် သူတစ်ဦး အဖြစ် မှတ်ယူ ရမည်။

၅။ သတင်းများရယူ ရေးသားရာ၌ မိမိကိုယ်စားပြုသည့် သတင်းမီဒီယာအမည်ကို ထုတ် ဖော်ပြောဆို၍ သတင်း ရယူရမည်။

၆။ သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးစသည်တို့ အသွင်ဖြင့် ထည့်သွင်းသောေ ကြာ်ငြာများ ကို ကြော်ြ ငာဖြစ်ကြောင်း သိ သာထင်ရှားအောင် ဖော်ပြရမည်။

၇။ သတင်းရေးသားရာတွင် ရေးသူ၏အာဘော် လုံးဝမပါဝင်စေရ။ ဘက်လိုက် ရေး သားခြင်း မပြုရ။

၈။ အများပြည်သူ အကျိုးစီးပွားအတွက် ရေးသင့်ရေးထိုက်သည်မှအပ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်(သို့) အဖွဲ့ အ စည်းတစ်ခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အရေးအသား၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို ထိပါးစေသော အ ရေးအသားများရှောင်ကြဉ်ရမည်။

၉။ သတင်းရေးသားရာတွင် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့်စပ်လျဉ်းသည့် ဥပဒေ ပြဌာန်း ချက်များ ကို လိုက် နာရမည်။

၁၀။ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတို့ကို အကြောင်းပြု၍ ခွဲခြား၊ ဝေဖန်၊ လှုံ့ ဆော်၊ ရေးသားခြင်း မပြုရ။

၁၁။ စာနယ်ဇင်းသမားများအားလုံး မည်ကဲ့သို့သော အခွင့်အရေး၊ တံစိုးလက်ဆောင် ကြောင့်မျှ မိမိ သို့မဟုတ် အခြားတစုံတယောက်၏ အကျိုးငှာ ဘက်လိုက် ရေးသား ဖော်ပြခြင်း မပြုရ။

၁၂။ စီးပွားရေး၊ နိုင်ငံရေးစသည့် အဖွဲ့အစည်းတစ်ခုခု၏ သြဇာကြောင့် မမှန်မကန် ရေး သားခြင်း မပြုရ။

၁၃။သူတစ်ပါး ဖန်တီးထားသောသတင်း၊ ဓါတ်ပုံ၊ ဆောင်းပါးများကို မူရင်းဖန်တီးသူ၏ ခွင့်ပြုချက်မရဘဲ ကူးယူ ဖော်ပြခြင်းမပြုရ။ ခွင့်ပြုချက်ရယူပြီး ဖော်ပြလျှင်လည်း မူလရင်းမြစ် ကို ဖော်ပြပေးရမည်။

၁၄။ အီလက်ထရောနစ်နည်းပညာဖြင့် ထုတ်လွှင့်သောအင်တာနက်၊ လူမှုကွန်ရက်များစ သည့် နည်းလမ်း များမှ တဆင့် ရသောသတင်းများသည် မှန်ကန်ကြောင်း သက်သေအခိုင် အမာမပြနိုင် က ပြန်လည် ကူးယူဖြန့်ချိခြင်း မပြုရ။

၁၅။ အများပြည်သူ၏ ကိုယ်ကျင့်တရား ထိခိုက်ပျက်ပြားစေမည့် ရေးသားဖော်ပြမှုများ၊ ညစ်ညမ်းမှု များနှင့် ပတ် သက်၍ မည်သည့် သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးမျှ ပုံနှိပ်ထုတ်ဝေ ခြင်းမပြုရ။

အထက်ပါ ကျင့်ဝတ်များနှင့် ပတ်သက်၍ မီဒီယာလောကသားများ က မြန်မာနိုင်ငံ စာနယ် ဇင်း ကောင်စီ (ယာယီ) သို့ အကြံဥာဏ်များ ပေးပို့နိုင်ပါသည်။)





ပြန်ကြားရေး ကော်မတီ တာဝန်ခံ



ဦးသီဟစော

အယ်ဒီတာချုပ် Open News Weekly Journal





ရုံးလိပ်စာ



မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)

အခန်းအမှတ်(၉၀၂)၊ ယုဇနတာဝါ၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်

ဖုန်း - ၀၉-၄၄၈၀ -၂၆၃၂၆
 
ref:thevoiceweekly

No comments:

Post a Comment