Tuesday 13 November 2012

ရှိတဲ့ လူစာရင်းနဲ့ ဆူဖူကီး ဖလား ရအောင် ကြိုးစား မယ် ဆိုတဲ့ ကြည်လင်း

ရှိတဲ့ လူစာရင်းနဲ့ ဆူဖူကီး ဖလား ရအောင် ကြိုးစားမယ် ဆို့တဲ့ မြန်မာ့ လက်ရွေးစင်တောင်ပံ တိုက်စစ်မှူး ကြည်လင်း အား ကျွန်တော်တို့ myanmarstriker.com မှ သွားရောက်တွေ့ ဆုံမေးမြန်း ခဲ့သည့် အင်တာဗျူး အစီအစဉ် ဖြစ်ပါသည်။
 
မေး။ ။ ကြည်လင်းရေ။ ပထမဆုံးမေးချင် တာက Goal.com က ရွေးချယ်တဲ့ အာရှ အကောင်းဆုံး ၁၁ ယောက် စာရင်းမှာ ပါခဲ့တဲ့ အတွက် ဘယ်လို ခံစားရ ပါသလဲ။
ဖြေ။ ။ ကျွန်တော့် အတွက်တော့ အရမ်းကို ပျော်စရာပေါ့ဗျာ။ ဘယ်လိုပြော ရမလဲ။ မယုံနိုင်အောင် ကိုဖြစ်ခဲ့ ရတာပါ။ မြန်မာ ကစားသမား တစ်ယောက် အနေနဲ့ ဒီလို စာရင်း မှာ ပါဖို့ ဆိုတာ လွယ်တာ မဟုတ် ဘူးလေ။ အဲ့ဒီတော့ ကျွန်တော် ဂုဏ်ယူ ပါတယ်။

မေး။ ။ အခု အချိန် က ဆူဇူကီးနောက်ဆုံး အဆင့် အတွက် ပြင်ဆင်နေဆဲ ကာလ ဆိုတော့ နည်းပြကြီး ပတ်ဆောင် ဟွာ က ဘယ် အပိုင်းကို အဓိက ထား သင်ကြားပေးနေ လဲ။
ဖြေ။ ။သူ အဓိက သင်တာ ကတော့ စိတ်ဓါတ် ပိုင်းပေါ့ ။ နောက် သက်လုံ ပိုင်း ဒီ ၂ ခုကို သင်နေ ပါတယ် ။ အခု အချိန် က ပြိုင်ပွဲက အရမ်း နီးနေပြီ ဆိုတော့ စိတ်ဓါတ် ပိုင်းက အရေး အကြီး ဆုံးပဲလေ။ ကစားကွက် ပိုင်း အရ ကတော့ သူစပြီး ကိုင် ကတည်း က သုံးခဲ့တဲ့ (၄-၂-၃-၁) ပုံစံပဲ ဆိုတော့ သိပ်တော့ ပြဿနာ မရှိ လှ ပါဘူး။ ကစား ရတာ အဆင်ပြေ ပါတယ်။
မေး။ ။ လက်ရွေးစင် စာရင်းမှာ ကျော်ကိုကို ၊ ကျော်ဇေယျာဝင်းနဲ့ ရန်အောင်ဝင်း တို့လို အဓိက ကစားသ မားတွေ မပါနိုင်တဲ့ အပေါ်ရော ကြည်လင်း အနေနဲ့ ဘယ်လို မြင်လဲ။
ဖြေ။ ။ သူတို့ မပါနိုင်တဲ့ အတွက်တော့ အနည်းနဲ့ အများ အားနည်း သွားတာ ကိုတော့ ၀န်ခံ ပါတယ်။ နည်းပြကြီး အမြဲပြော သလိုပေါ့။ ပထမ ဦးစားပေး ၁၁ ယောက် ထဲက ကစား သမား အချို့ မပါနိုင်တဲ့ အ တွက် ပိုကြိုးစာရ မှာပေါ့။ ကျွန်တော် အနေနဲ့ကတော့ ဘယ်သူတွေ ပါပါ မပါပါ ကန်မှာ ပါပဲ။ အခုရွေးထား တဲ့ လက်ရွေးစင် ကစားသမားတွေကလည်း ညံ့တဲ့သူတွေမဟုတ်ပါဘူး။ နိုင်ငံကိုယ်စားပြုခွင့် ရပြီ ဆိုမှတော့ အား လုံးက အားကြိုး မာန်တက် ကြိုးစားပြီးနိုင်အောင် ကစားကြ မှာပါပဲ။
မေး။ ။ အုပ်စုတွင်း ပြိုင်ဘက်တွေ ဖြစ်တဲ့ အိမ်ရှင် ထိုင်း ၊ဗီယက်နမ်နဲ့ ဖိလစ်ပိုင် တို့ ၃ သင်းမှာ ဘယ် အ သင်း ကို အဓိက ထား ရင်ဆိုင်ရ မယ်လို့ မြင်လဲ။
ဖြေ။ ။ ကျွန်တော် အဲ့လို မသတ်မှတ် ထားပါဘူး။ ကိုယ်ပြိုင်ဘက် ကို အထင် မသေး သလို အထင်လည်း မကြီး တတ် ပါဘူး။ ဘယ်ပြိုင်ဘက် နဲ့ တွေ့တွေ့ နိုင်အောင် ကန်မယ် ဆိုတဲ့ စိတ်ဓါတ် ပဲ အပြည့် သွင်းထား ပါတယ်။
မေး။ ။ ဗီယက်နမ် အသင်း ကစားခဲ့တဲ့ ပွဲအခွေ ကြည့်ခွင့် ရထားတယ် ဆိုတော့ သူတို့ ခြေစွမ်း အပေါ် ဘယ်လိုမြင်လဲ။
ဖြေ။ ။ ဗီယက်နမ်က တော်တော်လေး ပြင်ဆင် ထားပုံ ရတယ်ဗျ.။ သူတို့ကစား သမားတွေ တစ်ဦးချင်း လည်းကောင်းကြ ပါတယ်။ ကစားပုံ ကတော့တော်တော် ကောင်း ပါတယ်။ ဒါပေမယ့် ကျွန်တော် တို့သာ စိတ်ဓါတ် အပြည့် နဲ့ ကစားမယ် ဆိုရင် သူတို့ ကို မနိုင်စရာ အကြောင်း မရှိပါဘူး။
မေး။ ။ ဒါဆို ဗီယက်နမ် ကို အနိုင် ရမယ်လို ယုံကြည် တယ်ပေါ့။
ဖြေ။ ။ဟုတ်ကဲ့ ယုံကြည် ပါတယ်။ ဗီယက်နမ်ကို ကျွန်တော် တို့ အနိုင် ရအောင် ကစားနိုင် မှာပါ။
မေး။ ။ နည်းပြကြီး က ကြည်လင်း ကို တိုက်စစ်မှူး အဖြစ် ကစား ခိုင်းရင် အဆင်ပြေ ပါ့မလား။
ဖြေ။ ။ ဟုတ်ကဲ့ အဆင်ပြေ ပါတယ်။ ကျွန်တော်က ဘယ်နေရာ ကစားရ ကစားရ ပြဿနာ မရှိ ပါဘူး ။ အ ဓိက က နည်းပြကြီး အတွက် ဘယ်နေရာ လိုနေလဲ။ သူ လိုအပ်နေ တဲ့ နေရာမှာ ကျွန်တော် ကစားပေးဖို့ အဆင် သင့် ပါပဲ။
မေး။ ။လက်ရွေးစင်မှာ ဒဏ်ရာရ ကစားသမားတွေ များနေတဲ့ အချိန် ဆိုတော့ ကြည်လင်း မှာရော ဒဏ် ရာ ပြဿနာ ရှိနေသေးလား။
ဖြေ။ ။ ဟုတ်ကဲ့ ကျွန်တော့် မှာလည်း ဒဏ်ရာ နဲနဲတော့ရှိ ပါတယ်။ တစ်ခါ တစ်ခါ အရမ်း အေးတဲ့ အချိန်မျိုး ဆို ရင် ကျွန်တော့် ခြေကျင်း ၀တ်တွေက ကျင်ကျင်နေတတ် ပါတယ်။ အရင်က ထိထား ခဲ့တဲ့ ဒဏ် ရာေ ဟာင်းတွေပေါ့ အကိုရာ။ ကျွန်တော် လက်ရွေးစင် အတွက် ကစားပြီးရင် ကျွန်တော့်ကိုယ် ကျွန်တော် ပြန် အနားပေးမှ ရတော့ မှာပါ။
မေး။ ။ လက်ရွေးစင် အတွက် ကစားပြီးရင် ကလပ် ပြိုင်ပွဲတွေက ပြန်လာဦးမှာ ဆိုတော့ ဘယ်လို နားမှာ လဲ။
ဖြေ။ ။ ကလပ် အသင်း တာဝန် ရှိသူတွေ ကို ပြောရ မှာပေါ့။ သူတို့လည်း နားလည်ပေး မှာပါ။
မေး။ ။ နောက်ဆုံး အနေနဲ့ မြန်မာ့ လက်ရွေးစင် အသင်းရဲ့ အောင်မြင်မှုကို တောင်းတ နေကြတဲ့ ပရိ သတ်င်္ကြီး အတွက် ကြည်လင်း က တစ်ခုခု ပြောပေး ပါဦး။
ဖြေ။ ။ ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ဖလားရတဲ့ အထိ ကြိုးစား မှာပါ။ ရလိမ့်မယ် လို့လဲ မျှော်လင့် ပါတယ်။ ဒဏ် ရာ ရ ကစားသမားတွေ ရှိနေပေမယ့် ကျွန်တော် တို့မှာ စိတ်ဓါတ်ကောင်း ရှိပါ တယ်။ ဒီ စိတ်ဓါတ်ကြောင့် ပဲ ကျွန်တော်တို့ ဖလား ရနိုင် မှာပါ။

ref:myanmarstriker

No comments:

Post a Comment