Tuesday 13 November 2012

မြေငလျင်သတင်း

ပြင်းအား ရစ်ချတ်တာစကေး ၆ ဒသမ ၈ ရှိ အင်အားကြီးမြေ ငလျင် ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့ပြီးနောက် နိုဝင် ဘာ ၁၃ရက် ညနေပိုင်းအထိ အင်အား ၅ အထက်ရှိ နောက်ဆက် တွဲမြေငလျင် ၄ ကြိမ်လှုပ်သွားခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု့ဦးစီးဌာနက သတင်း ထုတ်ပြန်သည်။
အဆိုပါ ငလျင်များ မှာ နိုဝ်ဘာ၁၁ရက် ၈နာရီခန့်တွင် တစ်ကြိမ်၊ ထို့နေ့နံနက် ၈နာရီ ၂မိနစ်ကျော်တွင် တစ်ကြိမ် ထိုနေ့ညနေ ၅နာရီ ၂၆မိနစ်တွင်တစ်ကြိ မ်နှင့် နိုဝင်ဘာ ၁၂ရက်နံနက် မိနစ်၅၀ကျော်(နိုဝင်ဘာ ၁၁ရက်ညသန်းခေါင် ၁၂နာရီ ၅၀ကျော်) တို့တွင် ရွှေဘိုမြို့အနီး ပတ်ဝန်းကျင်တွင် ပင် စစ်ကိုင်းမြေ ငလျင်ကြောပေါ်၌ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ 

မိုး၊ဇလက နောက်ဆက်တွဲမြေငလျင်များကို အင်အား ၅ရစ်ချတ်တာ စကေးအောက်သာ ရှိပါက လူများ လည်း သတိမမူမိကြသလို ပျက်စီးဆုံး ရှုံးမှု့လည်း မရှိသည့်အတွက် အကြိမ်ရေကို မှတ်တမ်း တင်သော်လည်း သတင်းမထုတ်ပြန်ပေ။ နိုဝင်ဘာ ၁၃ရက် နံနက် ၈နာရီ ၂၃ မိနစ် တွင် နေပြည်ေ တ်ာတောင်ဘက် ၃၅မိုင်အကွာ ဆွာမြို့အနောက်ဘက် ၁၄မိုင်အကွာကို ဗဟိုပြု၍ ရစ်ချတ်တာစကေး ၄ဒသမ ၈ ရှိ နောက်ဆက်တွဲ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။
 
ref:7daynews

No comments:

Post a Comment