Tuesday 13 November 2012

ကိုရီးယားအထည်ချုပ် စက်ရုံ အလုပ်ထုတ်ခံရသည့် အလုပ်သမား ၇၀ကျော် ပြဿနာ မနက်ဖြန် ဖြေရှင်းမည်


  နိုဝင်ဘာ ၁၃

တောင်ဥက္ကလာ မြင်သာဈေး မှတ်တိုင်အနီးရှိ မြန်မာ ဟေးဝေး ကိုရီးယား အထည်ချုပ်စက်ရုံမှ အလုပ် သ မား ၇၃ ဦး အလုပ်ထုတ် ခံရသည့် ပြဿနာအား မနက်ဖြန် နံနက် ၁ဝ နာရီတွင် ဖြေရှင်းမည် ဟု၎င်း စက်ရုံ မှ အလုပ်သမား ခေါင်းဆောင် မသန်းသန်းဝင်းက ပြောသည်။

အလုပ်သမား ၁၈ဝဝ ခန့်ရှိသော မြန်မာဟေးဝေး အထည်ချုပ် စက်ရုံတွင် အလုပ်အကိုင် နေရာ ပြောင်းရွှေ့ မှုအား လက်မခံသော အလုပ်သမား ၇၃ ဦးနှင့် စက်ရုံ ပိုင်ရှင်အကြား အငြင်းပွားလျက် ရှိရာ အလုပ် သမား များ နဂိုရာထူး နေရာ၌ပင် လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်လိုသော်လည်း ပိုင်ရှင် ကမူ အခြား တာဝန်များ အား ထမ်းဆောင်ရန်နှင့် မထမ်းဆောင်နိုင်ပါက အလုပ်ထုတ် နစ်နာကြေး ရယူကာ အလုပ်မှ ထွက်ခွာ ရန် ပြောကြားလျက် ရှိကြောင်း၎င်းမှ တစ်ဆင့် သိရသည်။

ယခု အလုပ်သမား ၇၃ ဦးမှ အရည်အသွေး စစ်ဆေးရေးဌာန ဝန်ထမ်းများ ဖြစ်ကြပြီး ၄င်းဝန်ထမ်းများကို အချောသတ်ကုန်ထုတ်ပိုင်းသို့ ပြောင်းရွှေ့နေရာချထားမှုကြောင့်ဖြစ်ပွား ရကြောင်း ၄င်း က ဆက်ပြော သည်။

လက်ရှိအချိန်တွင် လုပ်သား ၇၃ ဦးမှာ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ခွင့် မရရှိသေးပဲ မနက်ဖြန် နံနက်တွင် ပြုလုပ်မည်ဟု ညိုနှိုင်းမှုမှ ရလဒ်ကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

ref:Popular Myanmar

No comments:

Post a Comment