Tuesday 13 November 2012

မြေငလျင် ဒဏ်ကြောင့် ရွှေတွင်း နှစ်တွင်း အတွင်း ပိတ်မိ ခဲ့သော လုပ်သား ၂ဝ ဦး ပြန်လည် လွတ်မြောက်လာ


နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက လှုပ်ခတ် ခဲ့သော အင်အား ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင် ဒဏ်ကြောင့် မန္တလေးတိုင်း ဒေသကြီး စဥ့်ကူး မြို့နယ်ရှိ ရွှေတွင်း နှစ်တွင်း အတွင်း ပိတ်မိနေ ခဲ့သော ရွှေတွင်း လုပ်သား ၂ဝ ဦးမှာ လေးနာရီကြာ ပိတ်မိနေ ခဲ့ရာမှ ပြန်လည် လွတ်မြောက် လာကြကြောင်း ဝမ်းမြောက် ဖွယ်ကြား သိရသည်။

စဥ့်ကူးမြို့နယ် ကျည်တောက်ပေါက် ကျေးရွာရှိ ရွှေတွင်း အတွင်း ပိတ်မိ နေခဲ့သော ရွှေတွင်း လုပ်သား ၁၁ ဦး၊ ကန်တောင် ကျေးရွာ ရှိ ရွှေတွင်း အတွင်း ပိတ်မိနေ ခဲ့သော ရွှေတွင်း လုပ်သား ကိုးဦးတို့သည် မြေတွင်း ထဲတွင် လေးနာရီကြာ ပိတ်မိနေ ခဲ့ကြောင်း၊ သို့ရာတွင် ရွှေတွင်း လုပ်သား များ၏ စည်းလုံး ညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက် နိုင်မှုကြောင့် ၎င်းတို့ ဘာသာ မြေတွင်း အတွင်း လမ်းကြောင်း ရှာတူးဖော်ကာ လွတ်မြောက်အောင် ကြိုးပမ်း နိုင်ခဲ့ကြောင်း သိရသည်။

''မလွယ်ဘူး၊ မသေကောင်း၊ မပျောက် ကောင်းဘဲ သူတို့ အားလုံး နှစ်ဖွဲ့ စလုံးမှာ ပါတဲ့ ရွှေတွင်း လုပ်သားတွေ အချင်းချင်း ညီညွတ်ကြ လို့သာ အခုလို လမ်းကြောင်း ရှာပြီး ကိုယ့်ဘာသာ ဖောက်ထွက်နိုင် သာလို့ ယူဆတယ်။ ကံလည်းကောင်း ကြတယ်။ တော်တော် တော့ မလွယ်တဲ့ ကိစ္စမျိုးပဲ။ သူတို့ ကိုယ်တိုင် အတွက်ရော၊ သူတို့ မိသားစုတွေ အတွက်ပါ ဝမ်းသာပါတယ်'' ဟု မြေငလျင်မှ လွတ်မြောက် လာသော ရွှေ တွင်း လုပ်သားများ အတွက် မုဒိတာ စကားကို နေပြည်တော်နေ အငြိမ်းစား ဘူမိ ပညာ ရှင်ကြီး တစ်ဦးက မှတ်ချက်ပြု ပြော ကြား ခဲ့သည်။
 
ref:မြ၀တီ

No comments:

Post a Comment