Tuesday 7 August 2012

နောက်ထပ် Facebook အတု သတိပြု

တစ်လောက Facebook အတုပေါ်ပြီး နောက်ထပ် Facebook အတု ထပ်ပေါ်လာပါပြီ။ 
ယခင်တစ်ခေါက်က ပေါ်ပေါက်တဲ့ Facebook အတုထက်ပို ပိုသားနား သွားပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် အတုလို့တောင် ထင်ရက်စရာ မရှိအောင် ပြင်ဆင်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။

ယခုတစ်ခါတော့ အတုလို့မထင်ရအောင် Logo, icon, စာသားတွေက အစ တူအောင်လုပ်ထားပါတယ်။ အဓိက ပိုသွားတာကတော့ ( � ) ဒီ သင်္ကေတ လေးဖြစ်ပါတယ်။ Facebook မှာ အဲဒီလို သင်္ကေတ မပါပါဘူး။ � အများအပြားပါဝင်နေတဲ့အတွက် အတုမှန်း အလွယ်တကူ ခွဲခြားနိုင်ပါတယ်။

ပြီးတော့ Address Bar မှာ ehberita.allalla.com ဖြစ်နေပါတယ်။ Log in ဝင်လိုက်ရင် အသုံးပြုသူရဲ့ User name နဲ့ Password ဟာ အတုပြုလုပ်သူဆီ တိုက်ရိုက်ရောက်သွားမှာ ဖြစ်ပါတယ်။ Facebook ဆိုရင် facebook.com လို့သာ ပေါ်ရမယ့်အစား အခြား Address များကို မြင်တွေ့နေတရပါတယ်။

Personal အကောင့်တွေထက် Fan Page များကို ပိုမို Target ထားပြီး တိုက်ခိုက်နေတဲ့ တိုင်းတစ်ပါးမှ ဟက်ကာများ ဖြစ်ပါ တယ်။

Is this your?
ehberita.allalla.com/ <--- Fanpages...

Thanks.

အထက်ပါအတိုင်း စာရောက်လာပါ Link ကိုဝင်ပြီး Facebook အမှတ်နဲ့ Log in မဝင်မိရန် အထူးသတိပြုရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment