Tuesday 7 August 2012

အသေးစားသတ္တုတူးဖော်ရေးလုပ်ငန်းငယ်များကို နိုင်ငံခြားသားစီးပွားရေးပညာရှင်များခေါ်ယူခွင့် မပြုခြင်းမှာ လူနည်းစုစီးပွားရးလုပ်ငန်းရှင်များသာ အကျိုးရှိစေမည်ဟုသိရ

ဓါတ်သတ္တုအကြီးစားဖက်စပ်လုပ်ကိုင်နေသော ကုမ္မဏီ များကိုသာနိုင် ငံခြားမှကျွမ်းကျင် ပညာရှင်များခေါ်ယူခွင့်ပေးခြင်းသည် လူနည်းစု အကျိုးစီးပွားကိုသာဖြစ်ထွန်းစေပြီး နိုင်ငံအတွက် သတ္တုလုပ်ငန်းရှင်အများအပြားပေါ်ထွန်းရေးကိုပိတ်ဆို့ထားသကဲ့သို့ဖြစ်နေသည်ဟု သတ္တုနှင့်သယံ ဇာတရေးရာကော်မတီ မှသိရသည်။

သတ္တုတွင်းဝန်ကြီးဌာန၊အမှတ်(၂)သတ္တုတွင်းလုပ်ငန်းရုံးချုပ်နေပြည်တော်၏၂၇.၄.၂၀၁၂ စာအမှတ် ၁၆၄၉/အခစ/အစ-၄/ပညာရှင်/၂၀၁၂အရ “နိုင်ငံခြားသားပညာရှင်များခေါ်ယူရာတွင် ဓါတ်သတ္တု အကြီးစားဖက်စပ် လုပ်ကိုင်နေသည့်ကုမ္မဏီများကိုသာခွင့်ပြုပြီးအသေးစားဖက်စပ်လုပ်ကိုင်နေသည့် ကုမ္မဏီများအတွက်ခွင့်မပြု”ဟူ၍ ထုပ်ပြန်လိုက်ခြင်းကြောင့် နိုင်ငံသူနိုင်ငံသားများ၊တိုင်းရင်းသား လုပ်ငန်းရှင်ငယ်များ၊အကျိုးစီးပွားဖြစ်ထွန်းမှုကိုဟန့်တားသကဲ့သို့ဖြစ်နေကြောင်း၊ပြည်သူများငွေ ရင်းငွေနှီးအားနည်းချိန်၊လုပ်ငန်းအတွေ့အကြုံမရှိသေးချိန်၊နည်းပညာပိုင်းဆိုင်ရာနိမ့်ပါးနေချိန်တွင်
သတ္တုတုးဖော်ခြင်းလုပ်ငန်းများကိုပြည်သူအများအပြားလုပ်ကိုင်လာနိုင်စေရန် အတွက်အသေးစား လုပ်ငန်းများ များများမွေးဖွားပေးရန်လိုအပ်ပြီး နိုင် ငံခြားမှတူးဖော်ရေးနည်းပညာအသေးစားစက်ရုံများ၊ ထုတ်လုပ်သုများကိုဖိတ်ခေါ်စေသင့်ကြောင်း၊ငှားရမ်းခွင့်ပြုသင့်ကြောင်း၊ရင်းနှီးပေါင်းစပ်လုပ် ကိုင်စေသင့်ကြောင်း၊ထိုအသေးစားလုပ်ငန်းများမှ တိုင်းရင်းသား လုပ်ငန်းရှင်များအတွေ့အကြုံများရရှိကာ နည်းပညာတိုးတက်ခေတ် မှီလာပြီင်္း အင်အားများရရှိလာကာ အလတ်စား၊အကြီးစားလုပ်ငန်းများအဖြစ် တက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ပြည်သူများအနေဖြင့်လည်း လုပ်ငန်းတိုး ၀င်ငွေတိုးကာနိုင်ငံတော်တွင်လည်း ဘဏ္ဍာငွေပိုမိုရရှိလာ မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် သတ္တုအမျိုးပေါင်း(၄၀)ကိုတိုင်းနှင့်ပြည်နယ် ၁၃ခုတို့တွင် ပမာဏမြောက်များစွာဖြင့် တွေ့ရှိနိုင်ကြောင်း ထပ်လောင်း သိရသည်။
 
ref:popular

No comments:

Post a Comment