Tuesday 7 August 2012

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုများရှိနေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ်းမားကျေးရွာ၊ တောင်အင်းကျေးရွာ၊ နန့်ဆော်လော်ကျေးရွာတွေမှာ မူးယစ်ဆေး ၀ါး ရောင်း/၀ယ်/သုံးစွဲသူများ နေ့စဉ်နေ့တိုင်းရှိနေကြကြောင်း နမ်းမားကျေးရွာ စည်ပင်သာယာဈေးအတွင်း ဒေသခံပြည်သူ အချို့  မှ ပြောပါတယ်။
မူးယစ်ဆေးဝါး ရောင်း/၀ယ်သူတွေဟာ ကျေးရွာတွေနဲ့ (၂)မိုင်ခန့်အကွာမှာရှိတဲ့ တောစပ်၊ ချောင်းစပ်များ အနီးမှာ ရောင်း/၀ယ် မှုများ ပြုလုပ်ကြတယ်။ ဒီလိုရောင်းဝယ်ရင်လည်း အနီးအနားပတ်ဝန်းကျင်တွေမှာ တုတ်/ဓါးတွေနဲ့ အစောင့်တွေ ချထားကြတယ်။ သုံးစွဲသူတွေလဲ ရောင်း/၀ယ်တဲ့နေရာမှာဘဲ သုံးစွဲရဲပြီးအပြင်ကိုယူဆောင်သွားလို့ မရပါဘူး။ ဖမ်းဆီးဖို့လဲမလွယ်ဘူးပေါ့။ဖမ်းဆီးဖို့သွားရင်လဲ
သူတို့က ပြန်လည်ခုခံကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလိုမူးယစ်ဆေးဝါးတွေ ရောင်းချနေတာဟာ လက်ရှိကချင်ပြည်နယ်အတွင်းမှာ မငြိမ်သက်မှုတွေ၊ တိုက်ပွဲတွေဖြစ်နေတဲ့ အတွက် စီးပွားရေးလုပ်ကိုင်လို့မရ၊ လယ်တွေ၊ယာတွေလဲ လုပ်ကိုင်လို့မရ၊ ဒါကြောင့် အလွယ်တကူနဲ့ ငွေရမဲ့ ဒီမူးယစ် ဆေးဝါးရောင်းချမှုတွေပြုလုပ်ခြင်းဖြစ်နိုင်တယ်။ လူငယ်တွေအနေနဲ့
လဲ ငွေရှိတဲ့ အချိန်မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး မရှိတဲ့ အချိန်မှာ ခိုးဆိုးလုယက်မှုတွေပြုလုပ်လာနိုင်တဲ့
အတွက်ကြောင့် ဒေသခံ ရပ်မိရပ်ဖတွေမှ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ ပပျောက်စေလို နေကြပါတယ်။
ကေအိုင်အေတပ်ဖွဲ့တွေအနေနဲ့လည်း မူးယစ်ဆေးဝါးနှိမ်းနင်းရေးတွေ ဆောင်ရွက်နေကြတယ်ဆိုပေမယ့် ယခုလို ရောင်းဝယ်မှုတွေကို လက်ပိုက်ကြည့်နေတာကတော့ ရောင်းချသူတွေအနေနဲ့ ကေအိုင်အေ တပ်ဖွဲ့တွေကို ဆပ်ကြေးတွေ ပေးထားလို့သာ ရဲရဲတင်းတင်းရောင်းချနေကြတာဖြစ်တယ်လို့    ကျေးရွာနေ ဒေသခံတစ်ဦးမှ ပြောပါတယ်။

No comments:

Post a Comment