Tuesday 7 August 2012

"သရုပ်ဆောင် အဆိုတော် အောင်လ အကြောင်း ဒါရိုက်တာ သရုပ်ဆောင် လူမင်းပြော"

လတ်တလောမှာ လူမင်းက ‘ဘောင်’ ဆိုတဲ့ ဇာတ်ကားလေးကို အောင်လ၊ နန်းဆုဦး တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားလေးမှာ လူမင်းက ဒါရိုက်တာလည်း လုပ်ပြီး သရုပ်ဆောင် အနေနဲ့လည်း ပါဝင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက လူငယ်တွေ နဲ့ လူကြီးတွေ မတူတဲ့ အယူအဆကို အားပြိုင်တဲ့ ဇာတ်လမ်း ပုံစံလေး ဖြစ်ပါတယ်။ ဒီဇာတ်ကား နာမည်ကို ပေးဖြစ်ခဲ့ ပုံလေးက လူငယ်တွေ အနေနဲ့ ဘောင်ခတ်ရင် မကြိုက်ချင်ဘဲ လူကြီးတွေ အနေနဲ့က ဘောင်ခတ်ချင် ကြသောကြောင့် ဒီနာမည်လေးပေး ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ 

အဆိုတော် တစ် ယောက်ဖြစ်တဲ့ အောင်လ ရဲ့သရုပ်ဆောင်မှု အကြောင်းကို ဒါရိုက်တာ လူမင်းက..”သူက သရုပ်ဆောင်ဖို့ တော်တော်လေး ကြောက်နေတယ်။ တစ်ခါမှလည်း မရိုက်ဖူးဘူး ဆိုတော့လေ။ ဒါပေမဲ့ ကိုယ်ရိုက်ကြည့် လိုက်တဲ့ အခါမှာ မဆိုးဘူး။ သူ့မှာ ပင်ကိုအိုက် တင်၊ စတိုင်လေးတွေ ရှိတယ်။ ဒီခေတ် အဆို တော်တွေက ဗီစီဒီ ရိုက်နေကျဆိုတော့ ကင်မရာနဲ့ စိမ်းနေတာ မျိုးတွေ မရှိဘူး။ နည်း နည်းလေး စိုးရိမ်စိတ် ရှိတာတစ်ခုပဲ။ ဒီကားမှာ မင်းသား၊ မင်းသမီးနှစ်ယောက်စလုံး အသစ်ဆိုတော့ 
အချိန် အများကြီးပေးပြီး ရိုက်ကူး ရတယ်။ ကျွန်တော့်ဘက်ကလည်း စိတ်ရှည်ရှည်နဲ့ ရိုက်ကူးထားပေးတယ်။   အောင်လ အတွက်တော့ ဒီကားလေးက မှတ်တိုင်လေး ဖြစ်မှာပါ”လို့ပြောတဲ့ လူမင်းက ဒီဇာတ်ကားလေးက အောင်လ နဲ့ လိုက်ဖက်မယ်ထင်လို့ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုယ့်အတွက်ထက် ကလေးတွေ အတွက်ကို ပိုပြီး ဦးစားပေး ရိုက်ကူး ပေးထားကြောင်း ပြောပါတယ်။ 
 
အနုပညာရှင် တော်တော်များများက သရုပ်ဆောင်မှု အပြင် သူတို့ရဲ့ နောက်ထပ် ဝါသနာ စိတ်ကူးတွေကို ပုံဖော်လာတာ တွေ့ရပါတယ်။ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်တဲ့ လူမင်းကလည်း သရုပ်ဆောင်အပြင် ကိုယ်တိုင် ဒါရိုက်တာ ပါ လုပ်ဖြစ်လာပါတယ်။ လက်ရှိမှာ ဒါရိုက်တာ လုပ်ဖြစ်နေရခြင်း အကြောင်းကို လူမင်း က ”ဒါရိုက်တာအနေနဲ့ တစ်နှစ်မှာ ဘယ်နှကား ရိုက်ရမှာ ဆိုတာကို သတ်မှတ်ထားတာ မရှိပါဘူး။ ကိုယ့်ကိုရိုက် ဖြစ်လာအောင် နှိုးဆော်လာတာက ကျွန်တော့်ရဲ့အာရုံပေါ့။ ဒါရိုက်တာက အပင်ပန်း ဆုံးပဲ။ အဓိကကတော့စိတ်ပင်ပန်းတာပေါ့။ အဲဒီ စိတ်ပင်ပန်းတာကို သိသိကြီးနဲ့ ဘာကြောင့်လုပ်ချင်လဲ ဆိုတော့ လုပ်ချင်တဲ့စိတ်က ဖြစ်ပေါ်နေ တာ။ ဒါရိုက်တာ ဆိုတာက သူ့စိတ်ကူးထဲက အရုပ်တွေကို အားလုံး ကြည့်နိုင်အောင် ရိုက်ပြရတာ။ တချို့တွေ ကျတော့လည်း စိတ်ကူးပေါ် လာသလောက် ချပြလို့ မရဘူး”လို့ ပြောပြီး သရုပ်ဆောင်မှု ပိုင်းနဲ့ပဲ ပိုပြီးမြင်တွေ့ရ မှာဖြစ်ကြောင်း ပြောပါတယ်။
 
ref:popular

No comments:

Post a Comment