Tuesday 7 August 2012

၆၇ နှစ်မြောက် ဗုံးဒဏ်သင့် အောက်မေ့ဖွယ် အခမ်းအနား ဟီရိုရှီးမားတွင် ကျင်းပ

အမေရိကန် နိုင်ငံ အနေဖြင့် ဟီရိုရှိးမားမြို့ကို ဗုံးကြဲချခဲ့သည့် အထိမ်းအမှတ် ၆၇ နှစ် ပြည့်မြောက်သည့် အခမ်းအနားကို ဂျပန် နိုင်ငံတွင်အောက်မေ့ဖွယ် အဖြစ် ပြုလုပ်ခဲ့ကြကာ     နျူကလိယ လက်နက် ဖျက်သိမ်းရေးနှင့် စွမ်းအင် အရင်းအမြစ်များကို လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေး အတွက် ကြိုးစားကြရန်လည်း   ကြွေးကျော်ခဲ့ကြောင်း သိရသည်။


တနင်္လာ နေ့က ပြုလုပ်သည့် အဆိုပါ ပွဲတွင် လူပေါင်း ၅ သောင်းမှာ ဟီရိုရှီးမား ငြိမ်းချမ်းရေး ပန်းခြံ အတွင်းတွင် စုဝေးခဲ့ကြပြီး နိုင်ငံပေါင်း ၇၀ ခန့်မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။ ထိုစဉ်က ဖြစ်ရပ်တွင် ပါဝင်ခဲ့သူ ၂၈၀၉၅၉ မှာ ကျဆုံးသူများ မှတ်တိုင်တွင် စာရင်းသွင်းခဲ့ပြီး ယမန်နှစ်က သေဆုံးသွားခဲ့သူပေါင်း ၅၇၂၉ ကိုလည်း ပေါင်းစပ်ပြီး စာရင်းသစ် သွင်းထားကြောင်း သိရသည်။

No comments:

Post a Comment