အီဂျစ်နယ်စပ်တွင် မျက်နှာဖုံးစွပ် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အီဂျစ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး
အစ္စရေး၊ ဂါဇာကမ်းမြောင်တို့နှင့် ပိုင်းခြားထားသည့် အီဂျစ်နယ်စပ်တွင် မျက်နှာဖုံးစွပ် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အီဂျစ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးသွားကြောင်း AP သတင်းက ဖော်ပြသည်။
အီဂျစ်နယ်စပ် စစ်ဆေးရေးဂိတ်တစ်ခုရှိ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား သေနတ်သမားများက တနင်္ဂနွေနေ့ က ပစ်ခတ်သတ်ဖြတ်သွားခြင်း ဖြစ်သည်။
ယခုဖြစ်ရပ်အတွက် အစ္စလာမစ်သူပုန်များတွင် တာဝန်ရှိကြောင်း အီဂျစ်က ဝေဖန်ပြစ်တင်လိုက်ပြီး သမ္မတမော်စီက အီဂျစ်စစ်သည်များကို တိုက်ခိုက်သတ်ဖြတ်သွားသူများ အနေဖြင့် တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မည်ဟု ကြိမ်းဝါးလိုက်သည်။
မော်စီသည် အီဂျစ်သမ္မတအဖြစ် တာဝန်လွှဲပြောင်းယူပြီး မကြာမီတွင် နှစ်အတန်ကြာ ပိတ်ပင်ထားခဲ့သည့် အီဂျစ်နှင့်ဂါဇာ နယ်စပ်ကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်
No comments:
Post a Comment