Monday, 14 December 2015

အသည်းကို ဆေးခြင်း

တစ်ပတ်တစ်ကြိမ်အဆိပ်အပုပ်ထုတ်တဲ့အစီအစဉ်အရအခုအပတ်မှာအလှည့်ကျတာကတော့အသည်းက်ုဆေးဖို့ပဲဖြစ်ပါတယ်။

ကမ်းနားလမ်းတစ်လျှောက် လျှပ်စစ်ရထားပြေးဆွဲမှု ပထမအဆင့် ဇန်နဝါရီ စတင်မည်

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် လျှပ်စစ် ရထားပြေး ဆွဲမှု ပထမအဆင့်ဖြစ် သည့် ထော်လီကွေ့နှင့် ပန်းဆိုးတန်း ကို ၂၀၁၆ ဇန်နဝါရီလတွင် စတင်ပြေး ဆွဲသွားမည်ဖြစ်ကြောင်း ရထားပို့ ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရ ထားမှ သိရသည်။

နောက်တက်လာမည့် ပညာရေးဝန်ကြီး လုပ်ရဲကိုင်ရဲပြီး အရည်အချင်းရှိသူဖြစ်ရန် မျှော်လင့်ကြောင်း ဒေါက်တာအာကာမိုးသူ ပြောကြား

၂၀၁၆ ခုနှစ်တွင် တက်လာမည့် အစိုးရသစ်က ပညာရေးဝန်ကြီးဌာနတွင် ခန့်အပ်မည့် ၀န်ကြီးသည် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုကို လုပ်ရဲကိုင်ရဲသည့် အရည်အချင်းရှိသူဖြစ်ရန်မျှော်လင့်ကြောင်း မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာအာကာမိုးသူက News Watch သို့ ပြောသည်။

ခေါင်းခဏခဏ မူးနေတာ ဘာကြောင့်လဲ

နေခြည် (ဆေး-၁)
ခေါင်းထဲမှာ မကြည်မလင်ဖြစ်တယ်၊ 
ခေါင်းမူးတယ်၊ မိုက်ခနဲမိုက်ခနဲ ဖြစ်တယ်၊ လှိုင်းစီးသလိုပဲ မူးနေတာ စသည်ဖြင့် ခေါင်း မူးတာကို အမျိုးမျိုးပုံစံနဲ့ ခံစားရတတ်ပါတယ်။ အထူး သဖြင့် ခရီးသွားရင် ခေါင်းမူးတတ်တဲ့လူတွေဆိုလည်း သူတို့ဘာသာ တော်တော်စိတ်ညစ်ရပါတယ်။ တချို့ ဆိုရင် ဒဏ်မခံနိုင်လို့ ခရီးဝေးဝေးလံလံကားစီးရမယ် ဆိုရင် ခေါင်းမူးမှာ၊ အန်မှာစိုးပြီး မသွားဘဲနေရတာမျိုး တောင် ရှိတတ်ပါတယ်။ ဒီတော့ ခေါင်းမူးတာဟာ လူ တော်တော်များများကိုစိတ်ဒုက္ခဖြစ်စေတဲ့လက္ခဏတစ်ခု လို့ ဆိုရမှာပါ။

၂၀၁၅ ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ ၃၄ သန်းကျော်တွင် ၇၀ ရာခိုင်နှုန်းခန့် မဲပေးခဲ့

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူ ၃၄သန်းကျော် ရှိသည့်အနက် ၇၀ ရာခိုင်နှုန်းခန့် (၆၀ ဒသမ ၆၃)က မဲလာပေးခဲ့ကြကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ခဲ့ပြီး မဲပေးသူအရေ အတွက်သည် မြန်မာ့ရွေးကောက် ပွဲသမိုင်းတစ်လျှောက် အများဆုံး အရေ အတွက်ဖြစ်သည်။

မန္တလေးတွင် ဒီချုပ်အမှိုက်ကောက်လှုပ်ရှားမှုတွင် သံဃာတော်၊စာရေးဆရာ နှင့် စည်ပင်ဝန်ထမ်းများ ပူးပေါင်းပါဝင်

မန္တလေးမြို့တွင် ရွေး ကောက်ပွဲအနိုင်ရ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်က အမှိုက် ကောက်သန့်ရှင်းရေး ပြုလုပ်ရာ တွင် ရဟန်းသံဃာများ၊ စာရေး ဆရာများ၊ မြို့တော်စည်ပင် ၀န် ထမ်းများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ယူကျူ့ဘ်မှာကြည့်ရှုမှုအကြိမ်ရေ သန်း ၅၀ ကျော်သွားပြီဖြစ်တဲ့ PSY ရဲ့ Daddy

တောင်ကိုရီးယားအဆို တော် PSY ၏ Daddy တေးဂီတ ဗီဒီယိုသည် ယူကျူ့ဘ်၌ ကြည့်ရှုမှုအကြိမ်ရေ သန်း ၅၀ ကျော်သွား ပြီဖြစ်သည်။ Daddy တေးဂီတဗီဒီယို သည် ထွက်ရှိပြီးနောက် သီတင်း နှစ်ပတ်မပြည့်မီ အချိန်အတွင်းမှာ ပင် ယူကျူ့ဘ်၌ ကြည့်ရှုမှုအကြိမ် ရေ သန်း ၅၀ ကျော် ခြင်းဖြစ်သည်။ ယင်းဗီဒီယိုသည် ထွက်ရှိပြီး နောက် လေးရက်အတွင်း ကြည့်ရှုမှုအကြိမ်ရေ ၂၅ သန်းပြည့်ခဲ့သည်။

နိုင်ငံတစ်ဝန်း အမှိုက်ကောက်လှုပ်ရှားမှု အရှိန်မြှင့်

မြန်မာနိုင်ငံတစ်ဝန်းအ မှိုက်ကောက်သန့်ရှင်းရေးပြုလုပ် ခြင်းကို ဒီဇင်ဘာ ၁၃ရက်တွင် အရှိန်မြှင့်လုပ်ဆောင်လာကြသည်။ အမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်မှုကို မြို့နယ်အချို့ တွင် ဒီဇင်ဘာ ၁၂ရက်က စတင် လုပ်ဆောင်နေခြင်း ဖြစ်သော် လည်း ၁၃ရက်၌ ဒီချုပ်ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ပါဝင်လာခြင်းနှင့်အတူ ယင်းလုပ်ငန်းစဉ်ကို ပိုမိုအရှိန်မြှင့်လာခဲ့ခြင်းဖြစ်သည်။

Sunday, 13 December 2015

ဒုတိယကမ္ဘာစစ်ကာလ တရုတ်လိင်ကျွန်ဟောင်း ဂျပန်ထံမှ နစ်နာကြေးရရန် ဆက်လက်တိုက်ပွဲဝင်သွားမည်

နောက် ၄နှစ်ဆိုရင် အသက်၁၀၀ပြည့်တော့မယ်ဟု ဝေရှောက်လန်းက ရှုံ့တွနေသည့် လက်လေးချောင်းကို ဝှေ့ယမ်းပြလျှက် ဂုဏ်ယူသောအပြုံးဖြင့် ပြောနေသည်။

သင့်လက်တွဲဖော် သင့်ကို လိမ်ညာနေသလားဆိုတာ သိရအောင်

လေ့လာတွေ့ရှိချက်တွေအရတော့ လက်ထပ်ထားတဲ့သူ၊ စေ့စပ်ထားတဲ့သူတွေထဲက ၆၀ရာခိုင်နှုန်းဟာ အပြင်မှာ တခြားတစ်ယောက်နဲ့ တစ်ခါလောက်တော့ အိပ်ဖူးကြပါတယ်တဲ့။ သူတို့ရဲ့ဇနီးမယားတွေကတော့ ဒီအကြောင်းကို လုံးဝကို မသိလိုက်ရတဲ့အဖြစ်ပေါ့။ ကဲ ဒီတော့ အိမ်ရှင်မတွေ၊ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ့် အနေအထားလေးတွေ ရှိပါတယ်။ အဲ့ဒီအတွက် ကိုယ့်ခင်ပွန်းယောင်္ကျား ကိုယ့်အပေါ် ဘယ်လိုဆက်ဆံနေသလဲ၊ သူ့မှာ ဘယ်လိုအကျင့်စရိုက်ရှိသလဲ စတာလေးတွေ ကြည့်ပြီး သူတို့ကိုယ့်ကို လိမ်ညာနေသလားဆိုတာ ကြည့်ကြည့်ရအောင်။

ဒီချုပ်ဦးဆောင်၍ နိုင်ငံတစ်ဝန်း အမှိုက်ကောက်

ကျောက်ပန်းတောင်းမြို့တွင် ဒီဇင်ဘာ ၁၂ ရက်က အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်နေစဉ် (ဓာတ်ပုံ − ဌေးအောင်)
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီးအများစုတွင် ဒီဇင်ဘာ ၁၂ ရက်ကစ၍ ဒီချုပ် ပါတီဝင်များ ဦးဆောင်သည့် အမှိုက်ကောက် လှုပ်ရှားမှုများ တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြသည်။

နိုင်ငံခြားသားနှင့် လက်ထပ်ထား၍ မဘသသို့ တိုင်မည်ဟု အမျိုးသမီးတစ်ဦးထံ ခြိမ်းခြောက်စာပို့သူကို အီလက်ထရွန်နစ်ဥပဒေဖြင့် အမှုဖွင့်

မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်ရှိ သင်တန်း ကျောင်းတစ်ခုတွင် လာရောက် လုပ်ကိုင်သည့် နိုင်ငံသားခြားတစ် ဦး၏ မြန်မာနိုင်ငံသားဇနီးကိုတယ် လီဖုန်း၊ အီးမေးလ်တို့ဖြင့် ခြိမ်း ခြောက်သူအား အီလက်ထရွန်း နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပ ဒေဖြင့် အမှုဖွင့်ထားကြောင်းသ တင်းရရှိသည်။

မြန်မာတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုသူ တစ်သန်းကျော်ရှိ

မြန်မာနိုင်ငံတွင် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူ တစ် သန်းကျော်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)အဖွဲ့က သတင်းထုတ်ပြန်သည်။

မိုးကုတ်ရတနာမြေမှ ရှစ်လအတွင်း ပတ္တမြားနှင့်ကျောက်မျက် ကျပ်သိန်း ၆,၉၀၀ ကျော်ဖိုး တူးဖော်ထွက်ရှိဟုဆို

မိုးကုတ်မြို့တွင် တူးဖော်ရရှိလာသော ကျောက်များကို ခွဲခြမ်း၍ ကျောက်မျက်ရတနာရှာဖွေနေသောလုပ်ငန်းခွင်ကိုတွေ့ရစဉ် (ဓာတ်ပုံ−မောင်တာ)
မိုးကုတ်ရတနာမြေမှ ယခုဘဏ္ဍာနှစ် ရှစ်လအတွင်း ပတ္တမြား၊ နီလာနှင့် ကျောက်မျက် ရတနာမျိုးစုံ တူးဖော်ထွက်ရှိမှု တန်ဖိုးကျပ်သိန်း ၆,၉၀၀ ကျော်ရှိ ကြောင်းတိုင်းအစိုးရအဖွဲ့စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံ က မန္တလေးတိုင်းဒေသကြီး လွှတ် တော်သို့ အစီရင်ခံစာ တင်ပြ သည်။

ထောပတ်သီးက ဘာတွေကောင်းလဲ

ထောပတ်သီးရဲ့ ကောင်းကျိုး တွေကတော့ အများကြီးပါပဲ။ ကျန်းမာရေးနှင့် ညီညွတ်လို သူတိုင်း ထောပတ်သီးလို အသီးမျိုးကို ပုံမှန်စားပေးရင် အကောင်းဆုံး ပါပဲ။ သူ့ရဲ့ ကျန်းမာရေး ဆိုင်ရာ
အကျိုး ကျေးဇူး တွေကလည်း အံ့ဩစရာ ကောင်းလှပါတယ်။ တကယ်တော့ ထောပတ်သီးဟာ Berry ဘယ်ရီလို့ ခေါ်သော သစ်သီး မိသားစုမှ ဆင်းသက်လာသည့် မျိုးနွယ်ဝင် သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ထောပတ် သီးလို့ ခေါ်ကြခြင်းရဲ့ အကြောင်းရင်းက မှည့်၍ ပျော့နေသော ထောပတ်သီး အသားများဟာ ကိုင်တွယ်ထိတွေ့ ကြည့်လိုက်ရင် နွားနို့မှ ထုတ်လုပ်ထားသော ထောပတ်ကဲ့သို့ နူးညံ့သည့် အသားမျိုး (Texture) မို့လို့ ထောပတ်နဲ့ တူလို့ ထောပတ်သီးလို့ အမည်ပေး ထားဟန် တူပါတယ်။ အင်္ဂလိပ် ဘာသာအားဖြင့် Avocadoလို့ ခေါ်ပါတယ်။ တချို့ကလည်း ထောပတ်သီးရဲ့ အပေါ် အရေခွံ အရောင် ပုံသဏ္ဌာန်နဲ့ သစ်တော်သီး ပုံသဏ္ဌာန် ဖြစ်နေတဲ့ အတွက် မိကျောင်း သစ်တော် Alligator Pear လို့လည်း ခေါ်ကြ တယ်လို့ ဆိုပါတယ်။ ထောပတ်သီးရဲ့ အာနိသင် တွေ ကတော့-

ဒီချုပ်က မိမိကို ပြန်ကြားရေးဝန်ကြီး ခန့်အပ်မည်မဟုတ်ဟု ဦးရဲထွဋ်ဆို


ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
အစိုးရသစ်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီး ဆက်လက်ထားရှိပါက ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒကို အတိအကျသိ သည့် ပုဂ္ဂိုလ်မျိုးသာဖြစ်နိုင်ပြီး ၎င်းအား ဒီချုပ်က ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်နိုင်ဖွယ်မရှိ ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

ရန်ကုန်တွင် စီစီတီဗီဖြင့် စောင့်ကြည့်မည့် Police Command Center ဖွင့်ရန်စီစဉ်


မန္တလေးမြို့တွင် စတင်တပ်ဆင်အသုံးပြုနေသော Police Command Center ကိုတွေ့ရစဉ် (ဓာတ်ပုံ−အရည်ကြို)

ရန်ကုန်တိုင်းဒေသကြီး တွင်လည်း ယာဉ်ထိန်းရဲ Police Command Center လုပ်ဆောင် သွားရန် တင်ဒါခေါ်ယူမည်ဟု အ မှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ သတင်းရရှိသည်။

Saturday, 12 December 2015

အိန္ဒိယက ဂျပန်၏ ကျည်ဆန်ရထားကို ရရှိမည်ဖြစ်ပြီး နှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် နျူဆက်ဆံရေး နက်ရှိုင်းလာ

ဂျပန်သည် အိန္ဒိယ၏ ပထမဆုံးကျည်ဆန်ရထားကို တည်ဆောက်ရန် သက်သာသောနှုန်းဖြင့် အမေရိကန်ဒေါ်လာ ၁၂ဘီလျံကို အိန္ဒိယသို့ ချေးပေးမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံက ကြေညာခဲ့သည်။ ယင်းသို့အခြေအနေက နှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် အရပ်ဘက်နျူကလီးယားဆက်ဆံရေး ပိုမိုနက်ရှိုင်းလာ ခြင်းလည်း ဖြစ်သည်။

အာဖဂန်က စပိန်သံရုံးအနီး လာရောက်တိုက်ခိုက်သည့် တာလီဘန်လေးဦးစလုံး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်အတွင်းရှိ စပိန်သံရုံးအနီး နိုင်ငံခြားသား ဧည့်ဂေဟာတစ်ခုကို တိုက်ခိုက်သည့် တာလီဘန်သေနတ်သမား လေးဦးစလုံး သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

ရန်ကုန်သို့ ခိုးဝင်လာသော ဘင်္ဂလီခုနစ်ဦးကို သုံးခွတွင် ဖမ်းမိ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ရန်ကုန်မြို့ထဲသို့ ခိုးဝင်လာသော ဘင်္ဂလီလူမျိုး အမျိုးသား ခုနစ်ဦးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်က သုံးခွမြို့နယ် သူကြီးပတုပ်ကျေးရွာတွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကြည်လွင်က ဆိုသည်။