Monday 14 December 2015

မန္တလေးတွင် ဒီချုပ်အမှိုက်ကောက်လှုပ်ရှားမှုတွင် သံဃာတော်၊စာရေးဆရာ နှင့် စည်ပင်ဝန်ထမ်းများ ပူးပေါင်းပါဝင်

မန္တလေးမြို့တွင် ရွေး ကောက်ပွဲအနိုင်ရ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်က အမှိုက် ကောက်သန့်ရှင်းရေး ပြုလုပ်ရာ တွင် ရဟန်းသံဃာများ၊ စာရေး ဆရာများ၊ မြို့တော်စည်ပင် ၀န် ထမ်းများ ပူးပေါင်းပါဝင်ခဲ့ကြသည်။
တိုင်းပြည်ကို ဦးဆောင်မည့် အလွှာအသီးသီးက လူများယခု ကဲ့သို့ အမှိုက်ကောက်ခြင်းအား ဖြင့် တိုင်းသူပြည်သားများအမှိုက် မပစ်သင့်သည်ကို သိရှိနားလည် သွားမည်ဟု စာရေးဆရာဇော်ခိုင် ဦးကပြောသည်။

အမှိုက်ကောက်ခြင်းနှင့်ပတ် သက်၍ လူတန်စားပေါင်းစုံ စု ပေါင်းအမှိုက် ကောက်ခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအ ကြိမ်ကြားဖူးခြင်းဖြစ်ပြီး နိုင်ငံ၏ အနာဂတ်တွင်လည်း တစ်ဦးအ ပေါ်တစ်ဦး အယူကွဲလွဲသည်များ ကို ဘေးဖယ်ကာ တိုင်းရင်းသား များ၊ ဗမာများအတူတကွယခုကဲ့ သို့ လုပ်ကိုင်ဆောင်ရွက်သွားနိုင် မည်ဟု ယုံကြည်ကြောင်း မန္တလေး မြို့မှ ဆရာတော်တစ်ပါးက မိန့် ကြားသည်။

မန္တလေးမြို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် ၍ ဒီဇင်ဘာ ၁၂ရက်မှစတင်၍ မြို့ တွင်းမှ စေတီပုထိုးများ၊ ဘုန်းကြီး ကျောင်းများ၊ ဆေးရုံများ၊ စာသင် ကျောင်းများ၊ ဈေးများတွင် အမှိုက်ကောက်ခဲ့ကြသည်။

ယခုကဲ့သို့ မြို့တွင်းသာယာ လှပစေရန် အမှိုက်ကောက်ခြင်း သည် ဂုဏ်ယူလေးစားဖွယ်စိတ် ဓာတ်ဖြစ်ပြီး မြို့တော်စည်ပင်သာ ယာရေး ကော်မတီအနေဖြင့် အ တတ်နိုင်ဆုံး ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

7Day News Journal

No comments:

Post a Comment