Monday 14 December 2015

ယူကျူ့ဘ်မှာကြည့်ရှုမှုအကြိမ်ရေ သန်း ၅၀ ကျော်သွားပြီဖြစ်တဲ့ PSY ရဲ့ Daddy

တောင်ကိုရီးယားအဆို တော် PSY ၏ Daddy တေးဂီတ ဗီဒီယိုသည် ယူကျူ့ဘ်၌ ကြည့်ရှုမှုအကြိမ်ရေ သန်း ၅၀ ကျော်သွား ပြီဖြစ်သည်။ Daddy တေးဂီတဗီဒီယို သည် ထွက်ရှိပြီးနောက် သီတင်း နှစ်ပတ်မပြည့်မီ အချိန်အတွင်းမှာ ပင် ယူကျူ့ဘ်၌ ကြည့်ရှုမှုအကြိမ် ရေ သန်း ၅၀ ကျော် ခြင်းဖြစ်သည်။ ယင်းဗီဒီယိုသည် ထွက်ရှိပြီး နောက် လေးရက်အတွင်း ကြည့်ရှုမှုအကြိမ်ရေ ၂၅ သန်းပြည့်ခဲ့သည်။

PSY နှင့် ကေပေါ့ပ်စတား CL တို့သီဆိုထားသော Dadday သီချင်းသည် အမေရိကန်ဘီလ် ဘုတ်၏ လူကြိုက်များသော သီချင်းအပုဒ် ၁၀၀ စာရင်းတွင် နံပါတ် ၉၇ ရရှိခဲ့သည်။ PSY ထွက်ရှိသောသီချင်း ၄ပုဒ်စလုံး သည် အမေရိကန်ဘီလ်ဘုတ်၏ လူကြိုက်များသော သီချင်းအပုဒ် ၁၀၀ စာရင်းတွင်ပါဝင်ခဲ့၍ ယင်းသို့စာရင်းဝင်မှုမှာ အာရှအနုပညာ ရှင်တစ်ဦး အတွက် ပထမဆုံး အကြိမ်ဖြစ်သည်။

PSY ၏နာမည်ကျော် Gang nam Style သီချင်းသည် ယူကျူ့ဘ်တွင် ကြည့်ရှုမှုအကြိမ်ရေ ၂ ဒသမ ၄ ဘီလီယံဖြင့် ကြည့်ရှုမှု အများဆုံးတေးဂီတ ဗီဒီယိုအဖြစ် သတ်မှတ်ခံထားရသည်။ 

Soompi
7Day News Journal 

No comments:

Post a Comment