Monday 14 December 2015

ကမ်းနားလမ်းတစ်လျှောက် လျှပ်စစ်ရထားပြေးဆွဲမှု ပထမအဆင့် ဇန်နဝါရီ စတင်မည်

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် လျှပ်စစ် ရထားပြေး ဆွဲမှု ပထမအဆင့်ဖြစ် သည့် ထော်လီကွေ့နှင့် ပန်းဆိုးတန်း ကို ၂၀၁၆ ဇန်နဝါရီလတွင် စတင်ပြေး ဆွဲသွားမည်ဖြစ်ကြောင်း ရထားပို့ ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရ ထားမှ သိရသည်။
ပထမဆုံးအဆင့်အနေဖြင့် ထော် လီကွေ့နှင့် ပန်းဆိုးတန်း၊ ဒုတိယအ ဆင့် အနေဖြင့် ပန်းဆိုးတန်းနှင့် လင်းစ ဒေါင်း၊ တတိယ အဆင့်နေဖြင့် ထော် လီကွေ့နှင့် ကြည့်မြင်တိုင်ကို ဆက် လက်ပြေးဆွဲမည်ဖြစ်ကြောင်း သိရ သည်။
မြန်မာ့မီးရထားလုပ်ငန်းမှ တာ ဝန်ရှိသူတစ်ဦးက ''ပထမအဆင့်ပြေး ဆွဲမယ့်လမ်းပိုင်းကတော့ တော်တော် ပြီးနေပါပြီ။ ဒုတိယ အဆင့်ဖြစ်တဲ့ ပန်း ဆိုးတန်းနဲ့ လင်းစဒေါင်းအထိကို ဆက်လက်ဆောင်ရွက်နေပါပြီ။ အဲ ဒီလမ်း ပိုင်းတွေ အောင်မြင် ရင်တော့ တတိယအဆင့်အနေနဲ့ ထော်လီကွေ့ နဲ့ ကြည့်မြင်တိုင်ကို ဆက်လက်ပြေး ဆွဲသွားမှာပါ''ဟု ပြောသည်။

လျှပ်စစ်ရထားပြေး ဆွဲနိုင်ရန် လျှပ်စစ်နှင့် အင်ဂျင်နှစ်မျိုးသုံး စက် ခေါင်းများ ကို ဂျပန်နိုင်ငံမှဝယ်ယူထား ပြီး လက်ရှိတွင် လျှပ်စစ်ရထားပြေးဆွဲ နိုင်ရန် ရထားလမ်းပိုင်းများကို Dual Guage အဖြစ် ပြုပြင်ပြောင်းလဲလမ်း ခင်းခြင်းနှင့် ပြေးဆွဲမည့် လမ်းကြောင်း များ တွင် တာဝါတိုင်များေ ထာင် လျက် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ ကမ်းနားလမ်းတစ် လျှောက် လျှပ်စစ်ရထားပြေးဆွဲရေး စီမံကိန်း အတွက် မြန်မာ့မီးရထားနှင့် ဂျပန်နိုင်ငံမှ West Comporation ကုမ္ပဏီတို့ ဇူလိုင် ၂ရ ရက်က ရထား ပို့ဆောင်ရေးဝန်ကြီးဌာန အစည်းအ ဝေးခန်းမ၌ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ် ကြောင်း သိရသည်။

ရန်ကုန်မြို့ ကမ်းနားလမ်းတစ် လျှောက် လျှပ်စစ်ရထားပြေးဆွဲရေး စီမံကိန်း အတွက် ဂျပန်ယန်းငွေ ၄၅၄ ဒသမ ၅၅ သန်းသုံးစွဲထားကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန် မာ့မီးရထားမှ သိရသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ရထား ကို ၁၉၈၆ ခုနှစ်ကတည်းက ပထမအ ကြိမ် စက်ခေါင်းလေးခေါင်းဖြင့် စတင် ပြေးဆွဲခဲ့ပြီး လက်ရှိ RBE ရထားပြေး ဆွဲနေသော ကမ်းနားလမ်းတစ်လျှောက် တွင် လျှပ်စစ်ရထားပြေးဆွဲပါက RBE ရထားကို မြို့ပတ်ရထား လမ်းတွင် ပြေး ဆွဲသွားမည်ကြောင်း သိရသည်။

ACKK
‎Democracytoday‬

No comments:

Post a Comment