Sunday 13 December 2015

နိုင်ငံခြားသားနှင့် လက်ထပ်ထား၍ မဘသသို့ တိုင်မည်ဟု အမျိုးသမီးတစ်ဦးထံ ခြိမ်းခြောက်စာပို့သူကို အီလက်ထရွန်နစ်ဥပဒေဖြင့် အမှုဖွင့်

မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်ရှိ သင်တန်း ကျောင်းတစ်ခုတွင် လာရောက် လုပ်ကိုင်သည့် နိုင်ငံသားခြားတစ် ဦး၏ မြန်မာနိုင်ငံသားဇနီးကိုတယ် လီဖုန်း၊ အီးမေးလ်တို့ဖြင့် ခြိမ်း ခြောက်သူအား အီလက်ထရွန်း နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပ ဒေဖြင့် အမှုဖွင့်ထားကြောင်းသ တင်းရရှိသည်။
မဟာအောင်မြေမြို့နယ်ရှိ အင်္ဂလိပ်စာသင်တန်းကျောင်း တစ်ကျောင်းတွင် သင်တန်း ကျောင်းပိုင်ရှင်နှင့် အင်္ဂလိပ်စာ သင်တန်းနည်းပြဆရာတို့လုပ်ငန်း ဆိုင်ရာအငြင်းပွားမှုဖြစ်ပေါ်ခဲ့ပြီး သင်တန်းကျောင်းပိုင်ရှင်က သင် တန်းဆရာ၏ ဇနီးဖြစ်သူထံခြိမ်း ခြောက်စာပေးပို့ခဲ့ခြင်းကြောင့်အ ဆိုပါသင်တန်းကျောင်းပိုင်ရှင်ကို ဒီဇင်ဘာ ၁၁ရက်က အမှုဖွင့်ထား ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ‘‘သူ့ဘက်ကနေ ကျွန်မခင် ပွန်းကို ခြိမ်းခြောက်တယ်။နောက် ပြီး ကျွန်မကိုပါ ခြိမ်းခြောက်လာ တယ်။ အမျိုးသားက အမေရိကန် နိုင်ငံသားဖြစ်တဲ့အတွက် ဒီနိုင်ငံ မှာ ပြစ်မှုတစ်ခုခုကျူးလွန်တယ်ဆို ရင် Black list သွင်းခံရမှာဖြစ် တယ်။ အဲဒါကို အကျပ်ကိုင်ပြီး နေလို့မရအောင်လုပ်တယ်’’ဟုတ ရားလိုအမျိုးသမီးက ပြောသည်။

ယခုအီလက်ထရွန်းနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၄ (ဃ)ဖြင့် အမှုဖွင့်ခံထားရသည့် သင်တန်းကျောင်းပိုင်ရှင်သည် အောက်တိုဘာကလည်း တရား လိုအမျိုးသမီး၏ ခင်ပွန်းအမေရိ ကန်နိုင်ငံသားကို ပိုင်နက်ကျူးလွန်မှု၊ ဆဲဆိုကြိမ်းဝါးမှုတို့ဖြင့် အမှု ဖွင့်ထားပြီး မဟာအောင်မြေ မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင် လျက်ရှိကြောင်း ၎င်းကပြောသည်။ သင်တန်းကျောင်းပိုင်ရှင်က တယ်လီဖုန်း၊ အီးမေးလ်တို့ဖြင့် မက်ဆေ့ခ်ျမှတစ်ဆင့်ပေးပို့သည့် ခြိမ်းခြောက်စာတွင် အဆိုပါအမျိုး သမီးအား မြန်မာနိုင်ငံတွင် နေ ထိုင်ခွင့်ကို ငြင်းပယ်ခံရလိမ့်မည် ဟုလည်းကောင်း၊ နိုင်ငံခြားသား နှင့် လက်ထပ်ထားသဖြင့် မဘသ ကဲ့သို့သော သံဃာ့အဖွဲ့အစည်း နှင့် တိုင်တန်းမည်ဟုလည်း ကောင်း၊ ခင်ပွန်းဖြစ်သူ အမေရိ ကန်နိုင်ငံသားကိုလည်း မြန်မာနိုင် ငံတွင် နေထိုင်ခွင့်မရအောင်လုပ် မည်ဟုလည်းကောင်းစသည့်အ ကြောင်းအကြားအရာများရေး သားပေးပို့ခဲ့ကြောင်း အမှုဖွင့်တိုင် တန်းသည့် မှတ်တမ်းများအရသိ ရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ သင်တန်းကျောင်းပိုင်ရှင်ထံသို့ ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပေ။

၎င်းအမျိုးသမီးသည် ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်ပြီး သင်တန်းပိုင်ရှင်ကို မဟာအောင်မြေ မြို့မရဲတပ်ဖွဲ့စခန်းတွင် အီလက်ထရွန်နစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၄(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment