Sunday 13 December 2015

ဒီချုပ်က မိမိကို ပြန်ကြားရေးဝန်ကြီး ခန့်အပ်မည်မဟုတ်ဟု ဦးရဲထွဋ်ဆို


ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
အစိုးရသစ်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီး ဆက်လက်ထားရှိပါက ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒကို အတိအကျသိ သည့် ပုဂ္ဂိုလ်မျိုးသာဖြစ်နိုင်ပြီး ၎င်းအား ဒီချုပ်က ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်နိုင်ဖွယ်မရှိ ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်း၌ ပြန်ကြားရေးဝန်ကြီး နှင့် သမ္မတပြောရေးဆိုခွင့်ရှိသူ ဖြစ်ခဲ့ခြင်းမှာ သမ္မတ၏အကြောင်း၊ သမ္မတ၏စဉ်းစားတွေးခေါ်ပုံအ ကြောင်းများကို အတိအကျသိပြီး သမ္မတတက်ရောက်ရသည့် အ စည်းအဝေးအားလုံးသို့ တက်ရခြင်းကြောင့်ဟု ဦးရဲထွဋ်က ဆိုသည်။

ပြန်ကြားရေးဝန်ကြီး ဦးရဲ ထွဋ်က ‘‘သေချာတာတစ်ခုတော့ ရှိတယ်။ ကျွန်တော်ကတော့ ပြန်ကြားရေးဝန်ကြီးမဟုတ်တော့တာ သေချာတယ်။ မတ်လ ၃၁ ရက်ကျော်ရင်’’ဟု (၄) ကြိမ် မြောက်ကျင်းပသည့် သတင်းမီဒီယာညီလာခံ ပထမနေ့ဖြစ်သော ဒီဇင်ဘာ၁၀ ရက်၌ မီဒီယာများအား ပြောသည်။

‘‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြန်ကြားရေးဝန်ကြီးဆက်ထားမယ်၊ ပြောရေးဆိုခွင့် ဆက်ထားမယ်ဆိုရင် ပါတီနဲ့အတူ တောက်လျှောက်ကြီးပြင်းလာခဲ့ပြီးမှ ပါတီရဲ့ မူဝါဒတွေကို အတိအကျသိတဲ့သူ၊ ဒီထက်ပိုတိကျအောင်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒတွေကိုအတိအကျသိတဲ့သူ လုပ်မှပဲ အကျိုးရှိမှာပေါ့’’ဟု ပြောသည်။

ထို့အပြင် အစိုးရသစ်လက် ထက်၌ ပြန်ကြားရေးဝန်ကြီးဌာန ဆက်လက်ထားရှိခြင်း၊ မရှိခြင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထားသာဖြစ်ပြီး ဝန်ကြီးဌာနကို ပြုပြင်ပြောင်းလဲမည်ဆိုပါက နောက်တက်မည့်ဝန်ကြီးက ဝန်ထမ်းများအတွက် ထည့် သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောသည်။

‘‘ပြုပြင်ပြောင်းလဲမယ်ဆိုရင် လည်း ဝန်ထမ်းတွေကို တခြား တစ်နေရာမှာ ပြန်အသုံးပြုလို့ရ အောင် စဉ်းစားစေချင်တာပေါ့’’ ဟု ၎င်းက ဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်၌ ဝန်ထမ်းပေါင်း ခုနစ်ထောင်ကျော်ရှိပြီး မြန်မာ့ အသံ (MRTV)၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းများ လက်အောက်တွင် ဝန်ထမ်းသုံးထောင်ကျော်ရှိသည်။

ဒီမိုကရေစီနိုင်ငံ အများစု တွင် ပြန်ကြားရေးဝန်ကြီးဌာနဟူ ၍ သီးသန့်မထားရှိဘဲ အစိုးရသစ် လက်ထက်၌ ပြန်ကြားရေးဝန်ကြီး ဌာနကို ပယ်ဖျက်ခြင်း (သို့မဟုတ်) ပုံစံပြောင်းခြင်းများ ရှိလာနိုင် ကြောင်း မြန်မာ့သတင်းမီဒီယာ ကောင်စီ အမှုဆောင်ဒါရိုက်တာ ဦးသီဟစောက သုံးသပ်သည်။

ရွေးကောက်ပွဲရလဒ်အရ အစိုးရဖွဲ့ခွင့် ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော ဒီချုပ်သည် လက်ရှိအချိန် ထိ အစိုးရအဖွဲ့နှင့်ပတ်သက်၍ မည်သည့် အကြောင်းအရာမှ ထုတ်ဖော်ပြောကြားထားခြင်းမရှိ သေးသော်လည်း လွှတ်တော်အ မတ်များကို ဝန်ကြီးနှင့် ဒုဝန်ကြီး နေရာများ မျှော်မှန်းမထားရန် ပြောကြားထားသည်။

စတုတ္ထအကြိမ်မြောက် မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ရက်များတွင် ရန်ကုန်မြို့ရှိ ချက်ထရီယံဟိုတယ်၌ ပြုလုပ်ခဲ့သည်။

7Day Daily 

No comments:

Post a Comment