Sunday 13 December 2015

မိုးကုတ်ရတနာမြေမှ ရှစ်လအတွင်း ပတ္တမြားနှင့်ကျောက်မျက် ကျပ်သိန်း ၆,၉၀၀ ကျော်ဖိုး တူးဖော်ထွက်ရှိဟုဆို

မိုးကုတ်မြို့တွင် တူးဖော်ရရှိလာသော ကျောက်များကို ခွဲခြမ်း၍ ကျောက်မျက်ရတနာရှာဖွေနေသောလုပ်ငန်းခွင်ကိုတွေ့ရစဉ် (ဓာတ်ပုံ−မောင်တာ)
မိုးကုတ်ရတနာမြေမှ ယခုဘဏ္ဍာနှစ် ရှစ်လအတွင်း ပတ္တမြား၊ နီလာနှင့် ကျောက်မျက် ရတနာမျိုးစုံ တူးဖော်ထွက်ရှိမှု တန်ဖိုးကျပ်သိန်း ၆,၉၀၀ ကျော်ရှိ ကြောင်းတိုင်းအစိုးရအဖွဲ့စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံ က မန္တလေးတိုင်းဒေသကြီး လွှတ် တော်သို့ အစီရင်ခံစာ တင်ပြ သည်။
ယခုနှစ်ဧပြီမှ နိုဝင်ဘာ ၁၉ ရက်အထိ မိုးကုတ်ရတနာမြေမှ ပတ္တမြား၊ နီလာအပါအ၀င် ကျောက်မျက်ရတနာ တူးဖော် ထုတ်လုပ်မှုအလေးချိန် စုစုပေါင်း ၇,၃၁၁,၉၅၂ ကရက်နှင့် ၃,၀၈၇ ကီလို၊ တန်ဖိုး ကျပ် ၆,၉၁၇ သိန်း ကျော်တူးဖော်ထုတ်လုပ်ခဲ့ပြီး အ ရည်အသွေးမြင့် ကျောက်ကြီး ကျောက်ကောင်းအပွင့် ၂၀ ထွက် ရှိခဲ့သည်ဟု ဆိုသည်။

တူးဖော် ထွက်ရှိသော ကျောက်မျက်ရတနာအရိုင်းများ ကို သတ္တုတွင်းဝန်ကြီးဌာနက ဖွဲ့ စည်းတာဝန်ပေးအပ်ထားသည့် တန်ဖိုးဖြတ်အဖွဲ့ဖြင့် နေ့စဉ်တန် ဖိုးဖြတ်ခြင်းလုပ်ငန်းဆောင်ရွက် ပြီး ရတနာခွန်ပေးဆောင်စေခြင်း လုပ်ငန်းဆောင်ရွက်ရာ၌ ငွေကျပ် ၁,၂၉၃ သိန်းကျော် ရတနာခွန် အဖြစ် ကောက်ခံရရှိခဲ့သည်ဟု တိုင်းအစိုးရအဖွဲ့ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ရာဖြတ်အဖွဲ့က တူးဖော် ထွက်ရှိလာသည့် ကျောက်မျက် ရတနာများကို တန်ဖိုးဖြတ်ကာ ရတနာခွန် (တွင်းဝခွန်)အဖြစ် တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကောက်ခံ ကြောင်း၊ ရာဖြတ်အဖွဲ့က သတ် မှတ်သည့် တန်ဖိုးသည်ဈေးကွက် အမှန်တကယ်ပေါက်ဈေးထက် လျော့နည်းနိုင်၍ မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော် ထွက်ရှိမှုသည် အစိုးရအဖွဲ့ ထုတ်ပြန်သည့် ပမာဏထက် ပိုမို များပြားနိုင်ကြောင်း မိုးကုတ် ဒေ သခံကျောက်မျက်လုပ်ငန်းလုပ် ကိုင်သူအချို့ကပြောသည်။

‘‘မိုးကုတ်မှာက ကျောက် မျက်ရတနာတူးဖော်ထွက်ရှိမှုက လျော့မသွားဘူး။ ပတ္တမြားရော၊ နီလာရော အရင်လိုထွက်နေတုန်း ပဲ။ စက်ယန္တရားကြီးတွေနဲ့ကျောက် မျက်တူးဖော်တာတွေ လုပ်နေကြ တဲ့အတွက် ကျောက်မျက်ရတနာ တူးဖော်ထွက်ရှိမှုက အရင်က ထက်တောင် ပိုတယ်လို့သိရ တယ်။ ဒါပေမဲ့ အစိုးရနဲ့ ဖက်စပ် ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်ကြီး တွေပဲ တူးဖော်ခွင့်ရနေတော့ ဒေသခံတွေဆီမှာ ကျောက်ရှားပြီး မြို့ခံကျောက်သမားတွေကတော့ စီးပွားရေးအဆင်မပြေကြဘူး’’ ဟု မိုးကုတ်မြို့ခံ ဦးစိုးမြင့်ကပြော သည်။ မိုးကုတ်ဒေသ ကျောက်မျက် ရတနာတူးဖော်ရေးလုပ်ငန်းများ ကို အစိုးရနှင့် အကျိုးတူကုမ္ပဏီ များ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ သမ ၀ါယမအသင်းအဖွဲ့များနှင့် တစ် နိုင်တစ်ပိုင် လုပ်ကွက်များအဖြစ် တူးဖော်လုပ်ကိုင်နေကြပြီး စုစုပေါင်း ကျောက်မျက်လုပ်ကွက် ၂,၆၄၅ ကွက်ရှိသည်။

7Day Daily

No comments:

Post a Comment