Sunday 13 December 2015

မြန်မာတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုသူ တစ်သန်းကျော်ရှိ

မြန်မာနိုင်ငံတွင် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူ တစ် သန်းကျော်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)အဖွဲ့က သတင်းထုတ်ပြန်သည်။
ကချင်ပြည်နယ်ရှိ လက်နက် ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသများအပြင် ရှမ်းပြည်နယ်တွင်လည်း၂၀၁၅အတွင်း ဒုက္ခသည်အရေအတွက် တိုးလာသည်ဟု OCHAသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၂၀၁၅ ဇူလိုင်နှင့် ဩဂုတ် တွင် ဖြစ်ပွားခဲ့သော ရေကြီးမြေပြို မှုများကြောင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီလိုအပ် နေသည့် ဒုက္ခသည်လေးသိန်း ခြောက်သောင်းရှိသည်။ ထို့အပြင် ရှမ်းပြည်နယ်တွင်လည်း နေရပ် စွန့်ခွာထွက်ပြေးသူ ဒုက္ခသည် လေးထောင်ကျော်တိုးလာသည်။

၂၀၁၅ အောက်တိုဘာမှစ၍ အစိုးရစစ်တပ်နှင့် လက်နက်ကိုင် အဖွဲ့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဒုက္ခသည် ခြောက်ထောင်ကျော်ရှိသည်ဟု ရှမ်းပြည်နယ်ရှိ အရပ်ဘက်အဖွဲ့ အစည်းများက ခန့်မှန်းထားသည်။

ဒုက္ခသည်အရေအတွက်တိုး လာသော်လည်း နိုင်ငံတကာမှ အကူအညီငွေရရှိမှုသည် ၅၀ ရာခိုင်နှုန်းသာရှိသေးကြောင်း၊ ထောက်ပံ့ကူညီငွေများ လိုအပ်နေဆဲဖြစ်ကြောင်း OCHA အဖွဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသည့်ဒေသများ ပြန်လည်ထူထောင်ရန် အမေရိကန်ဒေါ်လာ ၆၇သန်းကျော် ကုန်ကျမည်ဟုခန့်မှန်းထားပြီး သဘာဝဘေးအန္တရာယ်မဟုတ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကုန်ကျမည်ဟု OCHA က ဆိုသည်။

သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသည့်ဒေသများ ပြန်လည်ထူထောင်ရန် အမေရိကန်ဒေါ်လာ ၃၇ သန်းကျော် လက်ခံရရှိထားပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီအ တွက် အမေရိကန် ဒေါ်လာ ၈၃ သန်းရရှိထားသည်ဟု OCHA အဖွဲ့က ဆိုသည်။

ရခိုင်ပြည်နယ် တစ်ခုတည်း တွင် လူမျိုးရေးပဋိပက္ခများ၊ ရေ မျောကမ်းတင်ဒုက္ခသည်များနှင့် ရေကြီးမြေပြိုမှုများကြောင့် ဒုက္ခ သည် လေးသိန်းခုနစ်သောင်း ခြောက်ထောင်ကျော်ရှိသည်။ ဒုက္ခသည်ရှိသည့်ဒေသများတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူး တိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်၊ ချင်း၊ ရှမ်းနှင့် ကချင်ပြည် နယ်တို့ ပါဝင်သည်။

7Day Daily

No comments:

Post a Comment