Monday 14 December 2015

နိုင်ငံတစ်ဝန်း အမှိုက်ကောက်လှုပ်ရှားမှု အရှိန်မြှင့်

မြန်မာနိုင်ငံတစ်ဝန်းအ မှိုက်ကောက်သန့်ရှင်းရေးပြုလုပ် ခြင်းကို ဒီဇင်ဘာ ၁၃ရက်တွင် အရှိန်မြှင့်လုပ်ဆောင်လာကြသည်။ အမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်မှုကို မြို့နယ်အချို့ တွင် ဒီဇင်ဘာ ၁၂ရက်က စတင် လုပ်ဆောင်နေခြင်း ဖြစ်သော် လည်း ၁၃ရက်၌ ဒီချုပ်ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ပါဝင်လာခြင်းနှင့်အတူ ယင်းလုပ်ငန်းစဉ်ကို ပိုမိုအရှိန်မြှင့်လာခဲ့ခြင်းဖြစ်သည်။
သက်ဆိုင်ရာမြို့နယ်များအ လိုက် ဒီချုပ်ပါတီဝင်များ၊ အနိုင်ရ အမတ်များ၊ အရပ်ဘက်အဖွဲ့အ စည်းများ၊ ဒေသခံများနှင့် စည်ပင် အပါအ၀င်ဌာနဆိုင်ရာအဖွဲ့များ ပါဝင်သည့် အမှိုက်ရှင်းလင်းရေး လှုပ်ရှားမှုပုံရိပ်သတင်းများက လည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဒီဇင်ဘာ ၁၃ရက်တစ်ရက်လုံး နေ ရာယူထားသည်။

ရန်ကုန်
ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် ဦးဆောင်၍ အမှိုက်ကောက် ခြင်းကို ဒီဇင်ဘာ ၁၃ရက် နံနက် ၇နာရီခန့်တွင်ကော့မှူးမြို့နယ်ရှိ ဖလေးချောင်းအနီး၌ စတင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါတီဝင်များ၊ ပြည်သူများ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကလေးငယ်များပါဝင်ခဲ့သည်။

‘‘ပြည်သူတွေကလည်း လို လိုလားလားပဲ။ ဌာနဆိုင်ရာတွေနဲ့ လူမှုအဖွဲ့အစည်းတွေကလည်း အပြည့်အ၀ကူညီဆောင်ရွက်ပေး ကြတဲ့အတွက် အားရပါတယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ်မှ အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရွှေလ၀န်းကပြောကြားသည်။
ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၁၂ ရက်ကတည်းက ယင်းလှုပ်ရှားမှု ကို စတင်ခဲ့ခြင်းဖြစ်ပြီး ၁၃ရက် ၌ ပူးပေါင်းပါဝင်သူအင်အား ပို များလာခဲ့သည်ဟုဒီချုပ်ပါတီဝင် များကဆိုသည်။

မန္တလေး
မန္တလေးမြို့ဈေးချိုတွင် ရွေး ကောက်ပွဲအနိုင်ရ ဒီချုပ်ပါတီ ဦး ဆောင်၍ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဈေးသူဈေးသားများ၊ မြို့တော်စည်ပင်သာ ယာရေးကော်မတီမှ ၀န်ထမ်းများစုပေါင်း၍ ယနေ့နံနက်(ဒီဇင်ဘာ ၁၃ရက်)မှ စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။ မန္တလေးမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဦးဆောင်၍ ဒီဇင်ဘာ ၁၂ရက်မှစ တင်ကာ မြို့တွင်းဘုရားများ၊ ဘုန်းကြီးကျောင်းများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဈေးများတွင် အမှိုက်ကောက်ခဲ့ကြသည်။ အမှိုက်ကောက်ခြင်းနှင့်ပတ်သက်၍ စာရေးဆရာ ဇော်ခိုင်ဦးက မြန်မာနိုင်ငံသည် အမှိုက်များ၊ ပြဿနာများနှင့် ရှုပ်ပွနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ တိုင်းပြည်ကို ဦးဆောင်မည့်အလွှာအသီးသီးက လူများ ယခုကဲ့သို့အမှိုက်ကောက်ခြင်းအားဖြင့် တိုင်းသူပြည်သားများသည် အမှိုက်မပစ်သင့်ကြောင်း အသိတရားရှိသွားမည်ဟု ဆိုသည်။

မုံရွာ
မြို့နယ်အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် များ၊ ပါတီဝင်များ၊ လူမှုရေးအ သင်းအဖွဲ့များနှင့် စည်ပင်သာ ယာဝန်ထမ်းများပူးပေါင်း၍ အ မှိုက်ကောက်ကာ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။ မုံရွာမြို့တွင် ကမ်းနား လမ်းတစ်လျှောက် ချင်းတွင်းမြစ် ကမ်းဘေးမှ အမှိုက်ပုံနှင့်ရပ်ကွက် များတွင် လူအင်အားတစ်ထောင် ကျော်ပါဝင်ကာအမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။

‘‘အမှိုက်ကောက်တာရှက်စ ရာမဟုတ်ပါဘူး။ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်တာက ရှက်စရာ ကောင်းတာပါ။ မုံရွာမြို့ပေါ်ရပ် ကွက်တွေမှာ သန့်ရှင်းရေးလုပ်ခဲ့ တာ သုံးနှစ်နီးပါးရှိပါပြီ။ လူတိုင်း နေ့တိုင်း ကိုယ့်အိမ်ကအမှိုက်ကို စနစ်တကျစွန့်ပစ်ဖို့တော့ လိုပါ တယ်’’ဟု မုံရွာမြို့ကုသိုလ်ဖြစ် သန့်ရှင်းရေးအဖွဲ့ (ဘုန်းစိုး)မှ ဦး ကံဆွေကပြောသည်။

ပြည်
ပြည်မြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်နှင့် ပြည်မြို့ရှိ နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဘက်လူ မှုအသင်းအဖွဲ့များ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဒေသခံပြည်သူလူထုများစုပေါင်းကာ ဒီဇင်ဘာ ၁၃ရက်က အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။‘‘အခြေခံကနေ စကောက်မယ်။ ဒါကပထမဆုံး စလိုက်တာပါ။ တစ်နိုင်ငံလုံးအနေနဲ့ဒီနေ့မှာ စုပေါင်းအမှိုက်ကောက်ကြတယ်။ ကိုယ့်အစီအစဉ်အရ အဆင်ပြေ သလို လုပ်ကြတယ်။ မဖြစ်မနေ နောက်လတွေမှာ နှစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ ပုံမှန်လုပ်သွား မယ်။ ဒါနဲ့ ပြီးသွားမှာမဟုတ်ဘူး။ ပြည်သူတွေပါဝင်လာမယ်။ တစ် နိုင်ငံလုံး သန့်ရှင်းလာတဲ့အထိ ဆက်သွားမယ်ပေါ့’’ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာခင်စိုးစိုးကြည်က ပြောကြားသည်။

ကျောက်ပန်းတောင်း
ကျောက်ပန်းတောင်းမြို့နယ်တွင်အမှိုက်ကောက်ခြင်းကို ရွေး ကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ၊ ပရဟိတအ သင်းအဖွဲ့များ၊ အာရှရှေ့ဆောင် ဘဏ်ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ဆရာမ များ၊ ကျောက်ပန်းတောင်းလူငယ် ကွန်ရက်၊ မြို့သူမြို့သားများစုစု ပေါင်းအင်အား တစ်ထောင်ခန့်ဖြင့် မြို့ပေါ် မိန်းလမ်းမကြီးတစ်လျှောက်နှင့်ကျောက်ပန်းတောင်းမြို့မဈေးအတွင်း စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။
‘‘ပါတီက ဦးဆောင်တယ်ဆို ပေမယ့် ဒီအချိန်မှာ ပါတီစွဲမရှိဘူး။ မြို့ခံတွေအချင်းချင်းပျော်ပျော်ပါး ပါပဲ။ ဒီလိုမမြင်တွေ့ရတာကြာပြီ လေ’’ဟု ကျောက်ပန်းတောင်းမြို့ မဈေးရှိ ဆိုင်ခန်းပိုင်ရှင်ဒေါ်ကြည်သာမြင့်က ပြောသည်။

စုပေါင်းအမှိုက်ကောက်ခြင်း ကို ဒီဇင်ဘာ၁၂ရက်ကတည်းက ရပ်ကွက်များအတွင်း ပြုလုပ်ခဲ့ကြသည်။

ကလောမြို့
ကလောမြို့ပေါ်ရှိ အမှတ် (၄)၊(၅)ရပ်ကွက်တို့တွင် အမှိုက်ကောက်လှုပ်ရှား မှုကို ဒီဇင်ဘာ ၁၃ ရက် နံ နက် ၇နာရီခန့်က စတင်ခဲ့ရာ မြို့နယ်ဒီချုပ်ပါတီ ၀င်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့သူ မြို့သားများနှင့်အတူ စည်ပင်ဝန် ထမ်းအချို့ပါ ပူးပေါင်းဆောင်ရွက်ကြကြောင်းသိရသည်။
‘‘သန့်ရှင်းရေးလုပ်ကြတာ အားလုံးညီညီညွတ်ညွတ်ပဲ။ မြို့ ရွာအကျိုးဒီထက် ပိုသယ်ပိုးနိုင် မယ်လို့ မျှော်လင့်တယ်’’ဟု က လောအမှတ်(၅)ရပ်ကွက်မှ ဦး အောင်ရွှေကပြောသည်။

7Day News Journal

No comments:

Post a Comment