Sunday 13 December 2015

ရန်ကုန်တွင် စီစီတီဗီဖြင့် စောင့်ကြည့်မည့် Police Command Center ဖွင့်ရန်စီစဉ်


မန္တလေးမြို့တွင် စတင်တပ်ဆင်အသုံးပြုနေသော Police Command Center ကိုတွေ့ရစဉ် (ဓာတ်ပုံ−အရည်ကြို)

ရန်ကုန်တိုင်းဒေသကြီး တွင်လည်း ယာဉ်ထိန်းရဲ Police Command Center လုပ်ဆောင် သွားရန် တင်ဒါခေါ်ယူမည်ဟု အ မှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီးတွင် Police Command Center ကို ဒီဇင်ဘာ ၈ ရက်က စတင်ဖွင့် လှစ်ခဲ့ပြီး အဆိုပါစင်တာက မော် တော်ယာဉ်၊ ဆိုင်ကယ်နှင့်ပတ် သက်သော ယာဉ်တိုက်မှု၊ လု ယက်မှုအပါအဝင် မှုခင်းဖြစ်ပွားမှု များကို စီစီတီဗီကင်မရာများဖြင့် ထိန်းချုပ်စောင့်ကြည့်ပြီး မှုခင်း ဖြစ်ပွားပါက ဖုန်းနံပါတ် ၀၂၆၇၁၂ ကို ဆက်သွယ် အကြောင်းကြား နိုင်သည့် စင်တာတစ်ခုဖြစ်သည်။

‘‘ရန်ကုန်မြို့မှာလည်း Police Command Center လုပ် ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်။ လုပ်ကိုင်မယ့် ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီး ဆောင်ရွက်နိုင်တဲ့အ နေအထား၊ ကုန်ကျနိုင်တဲ့ဈေးနှုန်း အနေအထားတွေကို တင်ဒါစနစ် နဲ့ ဆောင်ရွက်နေတယ်။ မကြာ ခင် တင်ဒါအောင်တဲ့ကုမ္ပဏီက လုပ်ငန်းတွေ ဆက်လက်လုပ် ဆောင်သွားမယ်’’ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲ မှူး မျိုးအောင်မြင့်က ပြောသည်။

လက်ရှိတွင် တင်ဒါလျှောက် ထားမည့် ကုမ္ပဏီများအား လုပ် ဆောင်မည့်စနစ်များ ရှင်းလင်း တင်ပြခြင်းနှင့် လျှောက်ထား သော ကုမ္ပဏီများကို တင်ဒါစိစစ် ရေးဘုတ်အဖွဲ့သို့ တင်ပြပြီး စနစ် ဖြင့် ကိုက်ညီ၍ လုပ်ဆောင်နိုင် သော ဈေးနှုန်းသင့်တင့်သည့် ကုမ္ပဏီကို စိစစ်ရွေးချယ်သွားမည် ဖြစ်သည်။

Police Command Center ပေါ်ပေါက်လာပါက မီး ပွိုင့်စနစ်အပါအဝင် အခြားသော ပြစ်မှုများနှင့် မြို့တွင်းယာဉ်ကြော ကျပ်တည်းမှုများကို စီစီတီဗီကင် မရာမှ ထိန်းချုပ်စောင့်ကြည့်ကာ မြေပြင်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်သည်။

တင်ဒါခေါ်ယူခြင်းကို ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပေါင်းစပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ်(၂)ယာဉ် ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိ သည်။

လုပ်ငန်းစတင်သောအချိန် နှင့်ပြီးဆုံးမည့်အချိန်ကို တင်ဒါ အောင်မြင်သော ကုမ္ပဏီက လုပ် ငန်းစတင်ချိန်နှင့် ပြီးဆုံးမှုသတ် မှတ်ချိန်ပေါ်မူတည်ကာ ကြာမြင့် ချိန်အပြောင်းအလဲရှိနိုင်ပြီး နိုင်ငံ၏ ယာဉ်မောင်းသည့် စနစ်နှင့် ကိုက်ညီအောင် လုပ်ဆောင်သွား မည်ဖြစ်ကာ တင်ဒါခေါ်ယူမှုကို နိုဝင်ဘာတွင် စတင်ခဲ့ကြောင်း ဒုရဲမှူး မျိုးအောင်မြင့်က ပြော သည်။

ထို့အပြင် လိုအပ်သောနေရာများတွင်လည်း သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသ ကြီး/ပြည်နယ်အစိုးရအစီအစဉ် များနှင့် လိုအပ်သလို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

7Day Daily

No comments:

Post a Comment