Sunday, 24 August 2014

အထက်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ကျေးရွာ ဒေသခံများ လိုအပ်ချက်ရှိ

Photo: အထက်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ကျေးရွာ ဒေသခံများ လိုအပ်ချက်ရှိ
Saturday, August 23, 2014

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အနီးကို အထက်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းကြောင့် ပြောင်းရွှေ့ခံခဲ့ရတဲ့ ကျေးရွာ ၂၃ ရွာက ဒေသခံတွေ လိုအပ်ချက်တွေ ရှိနေပါတယ်။

နေပြည်တော်မြို့နယ် အနီးက အထက်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းကြောင့် ရေနစ်မြုပ်နိုင်တဲ့ ကျေးရွာ ၂၃ ရွာကဒေသခံတွေကို ၂၀၁၃ ခုနှစ်ထဲက ပင်လောင်းမြို့ အနီးကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီဒေသခံတွေက လယ်ယာမြေလိုအပ်ချက်တွေ ရှိနေတာပါ။

ထိန်ပင်ကျေးရွာသစ်မှာနေထိုင်တဲ့ ဦးဖိုးထွေးကတော့ အရင်ရွာဟောင်းက ရေမနစ်မြုပ်သေးတဲ့ လယ်မြေမှာ သွားရောက်လုပ်ကိုက်နေပြီး လုပ်စားပိုင်ခွင့်ဖြစ်တဲ့ အကွက်တခုလောက် ပေးစေချင် တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အခက်အခဲဖြစ်နေတာကတော့ လုပ်စားပိုင်ခွင့်လေး၊ ကုန်းဆိုလည်း ကုန်းကွက်လေးပေါ့၊ လယ်ဆိုလည်း လယ်ကွက်လေးပေါ့ ဘယ်လိုပဲရရ ရင်ကျေနပ်ပါတယ်။ ကျနော်တို့က တောင်သူ အလုပ်လေးတွေကိုပဲ အားထားနေရတာ။ အခု ရေမနစ်မြုပ်သေးတဲ့ လယ်မြေမှာပဲ သွားလုပ်နေရတယ်။”

ကျေးရွာသားတဦးဖြစ်တဲ့ ဦးမောင်မောင်ကလည်း လက်ရှိကျေးရွာသစ်မှာ ပေးထားတဲ့ လယ်ယာမြေများမှာ သစ်တောပိုင်မြေဖြစ်တဲ့အတွက် ဦးပိုင်မဖြစ်နိုင်ပဲ နိုင်ငံတော်က ဦးပိုင်အဖြစ် အမြန်ဆုံး ပေးစေလိုတယ်လို့ အခုလိုပြောပါတယ်။
“ကနေ့အထိ ပြည်နယ်၊ မြို့နယ်အထက်အဆင့်ဆင့်ကနေပြီးတော့ ကျနော်တို့မှာ ဦးပိုင် ဖောက်လို့မရဘူးတဲ့။ ဘာလို့ လုပ်စားလို့ မရလဲဆိုတော့ သစ်တောမြေဖြစ်တဲ့အတွက် သစ်တောမြေက နုတ်ပြီးမှာသာ ဦးပိုင်ဖောက်လို့ရမယ်လို့ ပြောတယ်။ ကျနော်တို့မှာ ဒီစိုက်ပျိုးရေးနဲ့ ဒါလေးတွေ လုပ်မှ ဘ၀ရပ်တည်မှု ရှိမှာကိုး။ အဲဒီလို လုပ်မပေးဘူးဆိုတော့ ကျနော်တို့မှာ ကိုယ့်အလုပ်ကိုယ် မလုံမလဲနဲ့ လုပ်စားနေရတဲ့ ဘ၀ ဖြစ်နေတယ်။ အဲဒီတော့ နိုင်ငံတော်ကနေပြီး မြန်မြန်တိုင်းတာ၊ သစ်တောက မြန်မြန်ခွင့်ပြုပြီးတော့ မြန်မြန်ကို ဦးပိုင်တွေ ဖောက်ပေးစေချင်တယ်။”

ရှမ်းပြည်နယ်၊ လျှပ်စစ်စွမ်းအးဝန်ကြီး ဦးစိုင်းထွန်းရင်ကတော့ ကျေးရွာ ၂၃ ရွာက အိမ်ခြေ ၂၅၂၄ အိမ်ကို လယ်ယာနဲ့ အိမ်တွေအစားထိုးပေးပြီး မရသေးရင် သက်သေ အထောက်အထားနဲ့ တင်ပြနိုင်တယ်လို့လည်း အခုလိုပြောပါတယ်။
“ကျေးရွာ ၂၃ ရွာကို ပြောင်းရွှေ့တယ်။ အိမ်ခြေပေါင်း ၂၅၂၄ အိမ်ရှိတယ်။ အဲဒါကို လယ်ပိုင်တဲ့ သူကို လယ်အစားထိုးပေးတယ်။ အိမ်ပိုင်တဲ့သူကို အိမ်အစားထိုးပေးတယ်။ တကယ်လို့ မပေးရသေးဘူးဆိုရင် ကျနော်တို့အစိုးရက ချက်ချင်းလက်ငင်းပေးပေးမယ်။ ဒါပေမယ့် သက်သေ အထောက်အထားတော့ တင်ပြနိုင်ရမယ်။ ရှမ်းပြည်နယ်အစိုးရကို တင်ပြလို့ရတယ်။”

အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကြောင့်ရေနစ်မြုပ်နိုင်တဲ့ ကျေးရွာ ၂၃ ရွာက ဒေသခံ ၉၇၀၀ ကျော်ကို ပင်လောင်မြို့အနီးက သပြေကုန်း၊ ထိန်ပင်ကျေးရွာသစ်များကို ပြောင်းရွှေ့ပေးခဲ့ပြီး မကြာမီ ပေါင်းလောင်းမြို့သစ်အဖြစ် နိုင်ငံတော်က တရားဝင်ပြုလုပ်ပေး မယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမော်သာထွေး ကပြောပါတယ်။

“နိုင်ငံတော်ထဲမှာကို စာရင်းပေါက်အဖြစ်နဲ့ မြို့လေးတမြို့ဖြစ်လာဖို့ မကြာတော့ပါဘူး။ မြို့တမြို့ဖြစ်လာရင် မြို့ရဲ့ ခံစားခွင့်တွေ အကုန်ခံစားလာရမယ်။ မြို့ဖြစ်လာရင် ဆေးရုံတွေ ရလာမယ်၊ ရဲစခန်းတွေ ရလာမယ်၊ စာသင်ကျောင်းတွေ အဆင့်မြင့်ပြီးတော့မှ မြို့နဲ့တန်တဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ရောက်လာမယ်။”

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက နေပြည်တော်၊ ပျဉ်းမနားမြို့ရဲ့ ၂၆ မိုင်အကွာမှာ၂၀၀၅ ခုနှစ်မှ စတင်တည်ဆောက်နေပြီး ၂၀၁၅ ခုနှစ်မှာ ပြီးစီးကာ ၁၄၀ မီဂါဝပ်နဲ့ ပြည်တွင်းသုံးစွဲရန် ပင်မဓာတ်အားပေးစနစ်ထဲသို့ ဖြန့်ချိ သွားမယ်လို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ကြေညာချက်ထုတ်ထားပါတယ်။

DVB
ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အနီးကို အထက်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းကြောင့် ပြောင်းရွှေ့ ခံ ခဲ့ ရတဲ့ ကျေးရွာ ၂၃ ရွာက ဒေသခံတွေ လိုအပ်ချက်တွေ ရှိနေပါတယ်။

ငပလီကမ်းခြေသို့ လာရောက် အပန်းဖြေသူများ ဟိုတယ်စရိတ် ကြီးမြင့်မှုကြောင့် ရပ်ကွက်အတွင်း အိမ်ငှားနေခြင်း တည်းခိုခန်း များ၌ တည်းခိုခြင်းများ များပြားလာ

ငပလီကမ်းခြေရှိ ဟိုတယ်များတွင် တည်းခိုစရိတ် မြင့်မားသော်လည်း ကမ်းခြေအနီး တစ်ဝိုက်ရှိ တည်းခိုခန်း များ၏ တည်းခိုစရိတ်မှာ ဈေးနှုန်း ချိုသာသဖြင့် ငပလီ ကမ်းခြေသို့ လာရောက် လည်ပတ်သူ အများစုမှာ တည်းခို ခန်း များတွင် တည်းခိုလေ့ ရှိကြောင်း သံတွဲမြို့နယ် တည်းခိုခန်း လုပ်ငန်းရှင်များ ထံမှ သိရသည်။

မြေနီကုန်း ခုံးကျော်တံတား အောက်ခြေ ဆောက်လုပ်မှုကို ရက်ပေါင်း ၁ဝဝ အတွင်း အပြီး ဆောက်လုပ်မည်

Capital Development လုပ်ငန်းစုမှ တာဝန်ယူ ဆောက်လုပ်နေသည့် မြေနီကုန်း ခုံးကျော် တံတား စီမံကိန်းတွင် အောက်ခြေအပိုင်း ဆောက်လုပ်မှုကို ရက်ပေါင်း ၁ဝဝ အတွင်း အပြီးသတ် ဆောက်လုပ် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

မွေးကင်းစကလေးတွေ ဓာတ်ကင်ဖို့ အခက်ကြုံ

“မွေးကင်းစ ကလေးတွေထဲက အသားဝါရောဂါ လက္ခဏာပြတဲ့ ကလေးတွေကို ဓာတ်ကင်ရပါတယ်။ မီးမလာတဲ့အခါ များတော့ ကလေးငယ်တွေကို ဓာတ်ကင်ဖို့အတွက် တော်တော် ခက်ခဲပါတယ်” လို့ ကလေးမြို့ ပြည်သူ့ဆေးရုံက ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မိုမိုအောင်က ပြောပါတယ်။

တနင်္ဂနွေနေ့ တိုင်း အိမ်ခြေရာခြေမဲ့တွေကို လိုက်လံဆံသပေးရင်း အချိန်ကိုကုန်ဆုံးစေတဲ့ ဆံသဆရာ

Photo: တနင်္ဂနွေနေ့ တိုင်း အိမ်ခြေရာခြေမဲ့တွေကို လိုက်လံဆံသပေးရင်း အချိန်ကိုကုန်ဆုံးစေတဲ့ ဆံသဆရာ
Sunday, August 24, 2014

Mark Bustos ဟာ နယူးယောက်မြို့ က အဆင့်မြင့် အထက်တန်းလွှာ ဆံသဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ ဆံသဆရာတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ ရဲ့ ဖောက်သည်တွေ အားလုံးကတော့ သေသပ်လှပတဲ့ ဆံသချက်၊ မုတ်ဆိတ်ရိတ်ချက်တွေ ရဖို့  အတွက် ချမ်းသာဖို့ မလိုပါဘူး။ တစ်ချို အချိန်တွေမှာဆို ခြူတစ်ပြားမှတောင် ကုန်ဖို့ မလိုပါဘူး။

Bustos ဟာ သူရဲ့ တစ်ရက်တည်းသော အလုပ်နားရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ တိုင်းမှာ မြို့ ထဲကို လျှောက်သွားပြီး ဆံသမှုကို တန်ဖိုးထား အလိုရှိနေတဲ့ သူတွေကို လိုက်လံရှာဖွေရင်း ကုန်ဆုံးစေပါတယ်။ “ ကျွန်တော်ဒီနေ့  ခင်ဗျားအတွက် ကောင်းတာလေး တစ်ခုလောက် လုပ်ပေးချင်တယ်ဗျာ” ဆိုတဲ့ စကားရိုးရိုးလေးနဲ့  လူတိုင်းကို ချဉ်းကပ်လေ့ရှိပါတယ်။ Bustos ဟာ တနင်္ဂနွေနေ့ တိုင်းမှာ လူ ၆ယောက်လောက်ကို ဆံသပေးပြီး သူရဲ့ ဆံသပုံတွေကို Instagram ပေါ်တင်လေ့ရှိပါတယ်။

Bustos ဟာ ဖိလစ်ပိုင်နိုင်ငံရှိ သူ့ မိသားစုတွေဆီကို အလည်အပတ်သွားခဲ့တဲ့ ၂၀၁၂ ခုနှစ် မေလကစပြီး ငွေကြေးချို့  တဲ့သူတွေကို ဆံသပေးခဲ့ပါတယ်။ ဖိလစ်ပိုင်ကိုရောက်နေစဉ်မှာ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ကနေ ထိုင်ခုံတစ်လုံး ပိုက်ဆံပေးငှားပြီး ငွေကြေးချို့ တဲ့နေတဲ့ ကလေးတွေကို စတိုင်တစ်မျိုးနဲ့ အလှတိုးအောင် ဆံသပေးခဲ့ပါတယ်။

“အဲ့လိုလုပ်ပေးရလို့ ခံစားရတဲ့ ခံစားချက်က အရမ်းကိုပျော်ရွှင်ကျေနပ်စရာကောင်းပါတယ်။ ဒီ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်ကလေးကို နယူးယော့ခ်ထိ သယ်လာဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်” လို့  အသက် ၃၀ အရွယ်ရှိ Bustos က ဆိုပါတယ်။ သူဟာ ဂျမေကာ ၊ ကိုစတာ ရီကာနဲ့ လော့စ်အိန်ဂျလိစ်တို့ မှာလည်း ငွေကြေးမတတ်နိုင်သူတွေကို အခမဲ့ဆံပင်ညှပ်ပေးခဲ့ပါသေးတယ်။

“လူတိုင်းဟာ ဘ၀မှာ ထိုက်တန်တာချင်းအတူတူပါပဲ။ ကျွန်တော်တို့ အားလုံးမှာ ဒုတိယအကြိမ် အခွင့်အရေးတော့ရသင့်ပါတယ်” လို့  Bustos က ဆိုပါတယ်။ Bustos ဟာ နယူးယောက်မြို့တစ်မြို့ လုံးကိုပတ်ပြီး အိမ်ခြေရာခြေမဲ့တွေကို ဆံပင်လိုက်ညှပ်ပေးလျက် ၇ှိပါတယ်။ တစ်ခါတစ်လေ သူ့ ကောင်မလေးကလည်း ဆံပင်အညှပ်ခံသူများ စားချင်တာကို ၀န်ဆောင်ပေးရင်း အဖော်အဖြစ်လိုက်လံပါရမီဖြည့်ပေးပါတယ်။

“ ဒီလုပ်ရပ်ကနေ ကျွန်တော်တို့ ရလေ့ရှိတဲ့ တုံပြန်မှုတစ်ခုက သူတို့ တွေက ကျွန်တော် တကယ်တမ်း ဘာလိုချင်သလဲဆိုတာကို မမေးကြပါဘူး။ ကျွန်တော်တို့ ရလေ့ရှိတာက အစားအစာအကြွင်းအကျန်တွေနဲ့  အမှိုက်သရိုက်တွေပါပဲ” လို့ Bustos က Huffinton Post ကို ဆိုပါတယ်။

Bustos အဆိုအရ ၄င်းဟာ လူသွားလူလာများပြီး ဟင်းလင်းပြင်နေရာလိုမျိုးဖြစ်တဲ့ လမ်းဘေးထောင့်တွေ နဲ့  လူသွား စင်္ကြန်တွေမှာ လူတွေမြင်နိုင်အောင် တမင်ကြံရွယ်ပြီး ဆံပင်ညှပ်ပေးတယ် လို့ ဆိုပါတယ်။ ဒီလိုမျိုး လူမြင်ကွင်းမှာ ကြံရွယ် ပြုလုပ်ရခြင်းဟာ သူ့ ကို လူတွေသတိထားမိစေရန် မဟုတ်ပဲ ၄င်းလုပ်နေတဲ့ လုပ်ရပ်ကနေ လူတွေဟာ စိတ်ကူးရပြီး ငွေကြေးချို့ တဲ့  သူတွေအပေါ် ကြင်နာရာရောက်တဲ့ အလားတူ လုပ်ရပ်ကောင်းမျိုးတွေကို လုပ်နိုင်ကြစေဖို့ အတွက် ဖြစ်တယ်လို့ လည်း သိရပါတယ်။

“ အပြုံးလေးရိုးရိုး တစ်ခုကတောင် အများကြီး သက်ရောက်နိုင်ပါတယ်” လို့  ၄င်းကဆိုပါတယ်။

Bustos ရဲ့  လုပ်ဆောင်ချက်တွေကို သင်ကြည့်ရှုချင်တယ်ဆိုရင် သူ့ ရဲ့ Instagram အကောင့်မှာ ခြေရာခံကြည့်ရှုနိုင်ပါတယ်။

Ref:huffingtonpost.com
Trend Myanmar
Mark Bustos ဟာ နယူးယောက်မြို့ က အဆင့်မြင့် အထက်တန်းလွှာ ဆံသဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ ဆံသဆရာတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဖောက်သည်တွေ အားလုံးကတော့ သေသပ်လှပတဲ့ ဆံသ ချက်၊ မုတ်ဆိတ်ရိတ်ချက်တွေ ရဖို့ အတွက် ချမ်းသာဖို့ မလိုပါဘူး။ တစ်ချို အချိန်တွေမှာဆို ခြူ တစ်ပြားမှ တောင် ကုန်ဖို့ မလိုပါဘူး။

ရေနံချက်လုပ်ခွင့်ကို တရားဝင် ချထားပေးမည်ဟုဆို

မြန်မာနိုင်ငံဒေသအနှံ့ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေနံချက်လုပ်ခွင့်ကို စွမ်းအင်ဝန်ကြီးဌာနက ယခုနှစ်အတွင်း တရားဝင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့် က ပြောကြားသည်။

အင်တာနက်မြန်နှုန်းမြှင့်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးနေ

Photo: အင်တာနက်မြန်နှုန်းမြှင့်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးနေ
Sunday, August 24, 2014

ဖုန်းဖြင့်အင်တာနက်သုံးနေစဉ် အင်တာနက်မြန်နှုန်းတိုး မြှင့်ပေးနိုင် ရန် နိုင်ငံတကာပင် လယ်ရေအောက်ကေဘယ်ဆက် ကြောင်း SMW-5 မှတစ်ဆင့် ဘန်ဝှစ်ပမာဏ 300GB ခန့်အ ထိ တိုးချဲ့သွားရန် နိုင်ငံတကာအ ဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ပြည်ပဆက် သွယ်ရေးစခန်းမှ သတင်းရရှိ သည်။

‘‘SMW-5 ကနေ လက်ရှိ အသုံးပြုနေတဲ့ ဘန်ဝှစ်ပမာဏ ထက် အဆပေါင်းများစွာ တိုးချဲ့ သွားဖို့စီစဉ်ထားတယ်။ 300BGB လောက်ထိကို တိုးချဲ့နိုင်ဖို့ ဆွေး နွေးနေ တယ်။ အဲဒီထက်လည်း ပိုရချင်ရနိုင်တယ်’’ဟု ပြည်ပ ဆက်သွယ်ရေးစခန်းမှ လက် ထောက်အင်ဂျင်နီယာ ဦးဇော်ဌေး ကပြောသည်။

SMW-5 ပင်လယ်ရေ အောက်ကေဘယ်ဆက်ကြောင်း  ကို ငွေဆောင်မှတစ်ဆင့်ချိတ် ဆက်သွားမည်ဖြစ်ပြီး အဆင် သင့်ချိတ်ဆက်နိုင်ရန် ပြည်တွင်း ၌ ဖိုက်ဘာဆက်ကြောင်း တစ်ခု ပြေးဆွဲထားပြီးဖြစ်သည်။

‘‘ပြည်တွင်းကနေ အဆင် သင့်ချိတ်ဆက်နိုင်ဖို့အတွက်ကို တော့ လုပ်ပြီးသွားပြီ။ နိုင်ငံတ ကာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုလုပ်ပြီးသွားတာနဲ့ တစ်ခါတည်း ချိတ်ဆက်သွားမှာပါ’’ဟု ဦးဇော် ဌေးကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် လက်ရှိတွင် နိုင်ငံ တစ်ဝန်း၌ ကုန်းတွင်းဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းနှစ်ခုနှင့် ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်း SMW-3 တို့မှ အင်တာနက်ဘန်ဝှစ်ပမာဏ 27 GB ကို ချိတ်ဆက်ထားပြီး 16 GB ခန့်ကိုသာ အသုံးပြုနိုင်သေး ကြောင်း သိရသည်။

ထို့အပြင်အင်တာနက်မြန် နှုန်းတိုးမြှင့်ရန်အတွက် ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံတို့မှ ဖိုက်ဘာ ဆက်ကြောင်း နှစ်ခုဖြင့် အင်တာ နက် ဘန်ဝှစ် 20GB ကို ထပ်မံတိုး ချဲ့ရန် ဆောင်ရွက်လျက်ရှိသည်။

7Day DAILY
ဖုန်းဖြင့်အင်တာနက်သုံးနေစဉ် အင်တာနက်မြန်နှုန်းတိုး မြှင့်ပေးနိုင် ရန် နိုင်ငံတကာပင် လယ်ရေအောက် ကေဘယ် ဆက် ကြောင်း SMW-5 မှတစ်ဆင့် ဘန်ဝှစ်ပမာဏ 300GB ခန့်အ ထိ တိုးချဲ့သွားရန် နိုင်ငံ တကာအ ဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ပြည်ပဆက် သွယ်ရေး စခန်းမှ သတင်းရရှိ သည်။

ငွေကြေးခ၀ါချမှုနှင့် ဆက်စပ်နေသောလုပ်ငန်း အဖွဲ့အစည်းများကို ကြပ်မတ်စိစစ်မည်

ငွေကြေးခ၀ါချမှုလျှော့ ချနိုင်ရေးအတွက် လက်ရှိလုပ် ဆောင်နေသော တိုက်ဖျက်ရေး လုပ်ငန်းများကို ရှာဖွေ ဖော်ထုတ် ပြီး စက်တင်ဘာနောက်ပိုင်းမှ စတင်ကာ ငွေကြေးခ၀ါချမှုနှင့် ဆက်စပ်နေသော လုပ်ငန်းများ၊ အဖွဲ့အစည်းများကို ပိုမိုကြပ်မတ် စိစစ်သွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

စည်းကမ်းဖောက် အေဂျင်စီများကို လိုင်စင်အပြီးပိတ်ရန် တိုက်တွန်း

စည်းကမ်းချိုးဖောက် သည့် အေဂျင်စီများကိုအစိုးရက ဆိုင်းငံ့ကာလမထားဘဲ အပြီးတိုင် လိုင်စင်ပိတ်သိမ်း  အရေးယူ ဆောင်ရွက်ရန်  အစိုးရသို့ တိုက် တွန်းထားကြောင်း ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီမှ အ တွင်းရေးမှူးဦးကျော်ထင်ကျော် ကပြောသည်။

ပူတာအိုတစ်ဝိုက်ရှိ အစိုးရကျောင်းများတွင် ရှမ်းစာသင်ရန် ခွင့်ပြုချက်မရသေး

ပူတာအိုတစ်ဝိုက်ရှိ ကျောင်းများတွင် ရှမ်းစာပေသင် ကြားရန် အစိုးရထံ စာတင်ခဲ့သော်လည်း နှစ်ဝက်ကုန် လာသည်အထိ တရားဝင်ခွင့်ပြုချက်မရှိသေးကြောင်း ပူတာအိုရှမ်းရိုးရာစာပေ နှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။

ဘွန်ဒစ်လီဂါ သမိုင်းတွင် အမြန်ဆုံး သွင်းဂိုးကို လီဗာကူဆင် တောင်ပံ ကစားသမား ဘယ်လာရာဘီ သွင်းယူ

Photo: ဘွန်ဒစ်လီဂါ သမိုင်းတွင် အမြန်ဆုံး သွင်းဂိုးကို လီဗာကူဆင် တောင်ပံ ကစားသမား ဘယ်လာရာဘီ သွင်းယူ
Sunday, August 24, 2014 

ပြီးခဲ့သည့် စနေနေ့က ကစား ခဲ့သော ဒေါ့တ်မွန် အသင်းနှင့် လီဗာကူဆင် အသင်းတို့၏ ဘွန်ဒစ်လီဂါ အဖွင့် ပွဲစဉ်၌ လီဗာကူဆင် တောင်ပံ တိုက်စစ် ကစားသမား ကာရင် ဘယ်လာရာဘီ၏ ပွဲစပြီး ကိုးစက္ကန့် အကြာ တွင်ပင် သွင်းယူခဲ့ သောဂိုးမှာ ဘွန်ဒစ်လီဂါ သမိုင်းတွင် အမြန်ဆုံး သွင်းဂိုး အဖြစ် မှတ်တမ်း ၀င်ခဲ့သည်။

လီဗာကူဆင် အသင်းက ဒေါ့တ်မွန် အသင်း၏ အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရ ခဲ့သော ယင်းပွဲစဉ်၌ ဘယ်လာ ရာဘီမှာ ပွဲစတင်ပြီး ကိုးစက္ကန့် အကြာတွင် ပင် နောက်ခံလူ ဘိုနစ်၏ ဖန်တီးပေးမှု မှတစ်ဆင့် လီဗာကူဆင် အတွက် အဖွင့်ဂိုးကို သွင်းယူ နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခင်က ဘွန်ဒစ်လီဂါ ပြိုင်ပွဲ သမိုင်း၌ အမြန်ဆုံး သွင်းဂိုး အဖြစ် စံချိန်တင်ထား သူများမှာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဂျီယိုဗာနီ အယ်လ်ဘာနှင့် လီဗာကူဆင် တိုက်စစ်မှူး ကာစတန်တို့ ဖြစ်ပြီး ပွဲအစ ၁၁ စက္ကန့် အကြာတွင် သွင်းယူ ထားခြင်း ဖြစ်ကာ ဘယ်လာရာဘီ၏ သွင်းဂိုးက ၂ စက္ကန့် အသာဖြင့် အမြန်ဆုံး ဂိုးအဖြစ် စံချိန်သစ် တင်နိုင် ခဲ့ခြင်း ဖြစ်သည်။

ဒေါ့တ်မွန် အသင်းသည် အိမ်ကွင်း၌ ကစားရသည့် ယင်းအဖွင့် ပွဲစဉ်ကို အနိုင် ရရှိရန် ကြိုးစားခဲ့ သော်လည်း ချေပဂိုးများ သွင်းယူ နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ လီဗာကူဆင် အတွက် ဘယ်လာ ရာဘီ၏ သွင်းဂိုးနှင့် ပွဲပြီးခါနီး နာကျင် အချိန်ပိုတွင် တိုက်စစ် ကစားသမား ကစ္စလင်း၏ သွင်းဂိုး များဖြင့် ၂ ဂိုးပြတ် ရှုံးနိမ့် ခဲ့ရသည်။

Ref: Daily Mail
Mizzima - News in Burmese
ပြီးခဲ့သည့် စနေနေ့က ကစား ခဲ့သော ဒေါ့တ်မွန် အသင်းနှင့် လီဗာကူဆင် အသင်းတို့၏ ဘွန်ဒစ်လီဂါ အဖွင့် ပွဲစဉ်၌ လီဗာကူဆင် တောင်ပံ တိုက်စစ် ကစားသမား ကာရင် ဘယ်လာရာဘီ၏ ပွဲစပြီး ကိုးစက္ကန့် အကြာ တွင်ပင် သွင်းယူခဲ့ သောဂိုးမှာ ဘွန်ဒစ်လီဂါ သမိုင်းတွင် အမြန်ဆုံး သွင်းဂိုး အဖြစ် မှတ်တမ်း ၀င်ခဲ့သည်။

အိုင်းစ်လန်းတွင် ပြင်းထန်သည့် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထား

မြောက်အတ္တလန္တိတ်နှင့် အာတိတ်သမုဒ္ဒရာအကြားရှိ အိုင်းစ်လန်းကျွန်းနိုင်ငံရှိ ဘာဒါဘန်ဂါ မီးတောင်မှ ချော်ရည် များ ထွက်နေပြီး ပြင်းထန်သည့် ပေါက်ကွဲမှု တစ်ခုဖြစ်နိုင် ကြောင်း လေကြောင်းလိုင်းများသို့ သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

လေကြောင်းမှ တိုက်ခိုက်မှုများ ဆက် လက် လုပ် ဆောင် ပါ က အမေရိကန် နိုင်ငံသား အားလုံးကို တိုက်ခိုက် သွားမည်ဟု စစ်သွေးကြွ အုပ်စု သတိပေး ပြောကြား

Photo: လေကြောင်းမှ တိုက်ခိုက်မှုများ ဆက် လက် လုပ် ဆောင် ပါ က အမေရိကန် နိုင်ငံသား အားလုံးကို တိုက်ခိုက် သွားမည်ဟု စစ်သွေးကြွ အုပ်စု သတိပေး ပြောကြား

သြဂုတ်လ ၂၅ ရက်၊ ၂၀၁၄ ခုနှစ် 

အီရတ်နိုင်ငံရှိ ဒေသ အတော်များများကို သိမ်းယူထားသည့် အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စုISသည် အမေရိကန် ပြည်ထောင်စုက လေကြောင်းမှ ဆက်လက် တိုက်ခိုက် နေမည်ဆိုပါက အမေရိကန် နိုင်ငံသားများ အားလုံးကို နေရာဒေသ မရွေး ပြန်လည် တိုက်ခိုက်သွား မည် ဖြစ်ကြောင်း IS အုပ်စုက အမေရိကန် အစိုးရအား သတိပေး ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ မြောက်ပိုင်းတွင် လုပ်ဆောင်လျက် ရှိသော အမေရိကန်အစိုးရ၏ လေကြောင်း တိုက်ခိုက်မှုများသည် IS စစ်သွေးကြွ အုပ်စုက သိမ်းယူခဲ့သည့် ပိုင်နက် နယ်မြေ အချို့ကို ကာဒစ်ရှ် မျိုးနွယ်စု တိုက်ခိုက်ရေး သမားများက ပြန်လည် သိမ်းယူရန် အကူအညီပေးသည့် သဘော သက်ရောက်ကြောင်း အဆိုပါ အစ္စလာမ်မစ် အုပ်စုက ပြောကြားခဲ့သည်။

စစ်သွေးကြွ အုပ်စုသည် ၎င်းတို့၏ နောက်ဆုံးအကြိမ် အဖြစ် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှု များကြောင့် ယာဇစ်ဒီ မျိုးနွယ်စု ထောင်ပေါင်းများစွာမှာ ၎င်းတို့၏ နေအိမ် များကို စွန့်ခွာ ထွက်ပြေးခဲ့ ရကြောင်း သိရသည်။

ထို့အပြင် အဆိုပါ စစ်သွေးကြွ အုပ်စုသည် အီရတ်နှင့် အနောက်နိုင်ငံများ အားလုံးကို ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သြဂုတ် ၁၈ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ပြောကြားခဲ့ သည်။ သို့သော် မိမိတို့သည် အနောက်နိုင်ငံ များအား ပစ်မှတ်ထား တိုက်ခိုက်ရန် စိတ်ကူး မရှိကြောင်း မိမိတို့ ပိုင်နက်နယ်မြေ အဖြစ် အခိုင်အမာ ကြေညာထားသည့် အီရတ်နှင့် ဆီးရီးယားရှိ သိမ်းယူထားသော နယ်မြေများ ပေါ်တွင်သာ အာရုံ စိုက်ကြောင်း စစ်သွေးကြွ အဖွဲ့က ပြောကြားခဲ့သည်။

မြ၀တီ
အီရတ်နိုင်ငံရှိ ဒေသ အတော်များများကို သိမ်းယူထားသည့် အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စုISသည် အမေရိကန် ပြည်ထောင်စုက လေကြောင်းမှ ဆက်လက် တိုက်ခိုက် နေမည်ဆိုပါက အမေရိကန် နိုင်ငံသားများ အားလုံးကို နေရာဒေသ မရွေး ပြန်လည် တိုက်ခိုက်သွား မည် ဖြစ်ကြောင်း IS အုပ်စုက အမေရိကန် အစိုးရအား သတိပေး ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ သန်း ၁၈ဝ ရလိုမှုကို မြန်မာ့ ဆက်သွယ်ရေး ပြန်လည်ဖြေရှင်းသွားမည်

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ကန်ဒေါ်လာသန်း ၁၈ဝ ရလိုမှု ဖြင့် တရားစွဲမည်ဆိုခြင်းမှာ နားလည်မှု လွဲနေခြင်း သာ ဖြစ်ပြီး ပြန် လည်ဖြေရှင်း သွားမည် ဟု ယင်း ဌာနမှ သိရသည်။

တရုတ်နိုင်ငံတောင်ပိုင်းတွင် ဟင်းအိုးတွင်းမှ မြွေခေါင်းပြတ်ကိုက်၍ စားဖိုမှူး သေဆုံး

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ် ဖိုရှန်မြို့ စားသောက်ဆိုင်တစ်ခုတွင် မြွေသား ဟင်းချိုချက်နေ သည့် စားဖိုမှူးအား အိုးအတွင်းမှ မြွေခေါင်းပြတ်က လက်ကိုကိုက်မှုကြောင့် အဆိပ်သင့်ပြီး အာရုံကြောစနစ် ထိခိုက်ပျက်စီးကာ သေဆုံးသွားကြောင်း သိရသည်။

ကွန်ဒိုဥပဒေတွင် ပါရှိမည့်အချက်များဖြင့် ကွန်ဒိုအများစု ရောင်းချလာဟုဆို

ရန်ကုန်မြို့မှ ကွန်ဒို တိုက်ခန်းအများစုကို မကြာမီပြ ဋ္ဌာန်းမည့် ကွန်ဒိုဥပဒေပါ အချက် များ ထည့်သွင်းပြီး ဈေးကွက်တွင် ရောင်းချနေကြောင်း သတင်းရရှိ သည်။

စားသုံးသူကာကွယ်ရေး အင်န်ဂျီအိုဖွဲ့စည်းသူများကို ကူညီမည်

မန္တလေးတိုင်းအတွင်းတွင် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သည့် အင်န်ဂျီအိုအဖွဲ့ဖွဲ့စည်းလိုသူများကို တိုင်း ဒေသကြီး ကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနက ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လေးလအတွင်း ကုန်သွယ်မှု ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံရှိ

ယခု (၂၀၁၄-၂၀၁၅) ဘဏ္ဍာနှစ်၏ ဧပြီမှ ဇူလိုင်လအထိ ပထမလေးလတာအတွင်း ကုန်သွယ်မှုပမာဏ သည် ကန်ဒေါ်လာ ၈၅၃၅ သန်း (၈ ဒသမ ၅ ဘီလီယံ) ကျော်ရှိကြောင်း ဗဟိုစာရင်းအင်း အဖွဲ့၏ စာရင်း ဇယားများအရသိရသည်။

ဝေဖန်မှုများကြားက အောင်မြင်စွာ ကျင်းပခဲ့တဲ့ ထူးအိမ်သင်ကွယ်လွန်ခြင်း(၁၀)နှစ်ပြည့် ဖျော်ဖြေပွဲ

Photo: ဝေဖန်မှုများကြားက အောင်မြင်စွာ ကျင်းပခဲ့တဲ့ ထူးအိမ်သင်ကွယ်လွန်ခြင်း(၁၀)နှစ်ပြည့် ဖျော်ဖြေပွဲ
Sunday, August 24, 2014

ထူးအိမ်သင်ဂီတပွဲတော် လွမ်းခြင်းအားဖြင့်ဆယ်နှစ်တာ ဖျော်ဖြေပွဲမှာ ဝေဖန် မှုများကြားက ပင် ပရိသတ်အားပေးမှုကြောင့် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။

ဖျော်ဖြေပွဲသို့ ပရိသတ်များ ခန်းလုံးပြည့်လာရောက်အားပေး ခဲ့ကြပြီး ဖျော်ဖြေသည့် သီချင်း အားလုံးနီးပါးကို လိုက်ပါ သီဆိုခဲ့ကြသည်။ ဖျော်ဖြေပွဲကို ညနေ ၆နာရီကျော်အချိန်တွင် အိုင်းရင်း ခရော့စ်အဖွဲ့၏ ဖျော်ဖြေမှုနှင့် စတင်ဖွင့်လှစ်ခဲ့ပြီး မျိုးကြီး၊ လေး ဖြူ၊ ၀ိုင်ဝိုင်း၊ အငဲတို့ကသီချင်း တစ်ပုဒ်စီဖြင့်ဖျော်ဖြေခဲ့ကြသည်။

အိုင်းရင်းခရော့စ်တီးဝိုင်းနှင့် ဒေးဗစ်ခွန်နောင်က နာရီပေါ်က မျက်ရည်စက်များ သီချင်းကို ဆက် လက်ဖျော်ဖြေနှုတ်ဆက်ခဲ့သည်။ ထို့နောက် The Tree တီးဝိုင်း နှင့် အတူ အဆိုတော်များက ဆက် လက်ဖျော်ဖြေခဲ့ကြသည်။

ဖျော်ဖြေပွဲတွင် ထူးအိမ်သင် ဂီတလောကသို့စတင်ဝင်ရောက် ခဲ့သောအချိန်ကတည်းက လက် တွဲခဲ့သည့် The Aces တီးဝိုင်းနှင့် အတူ ထူးအိမ်သင်၏ညီဖြစ်သူက ‘ညီလေးရေ’သီချင်းဖြင့်သီဆိုခဲ့သ လို သမီးငယ်မိကွန်ထောကလည်း ဖခင်၏သီချင်းနှစ်ပုဒ်ဖြင့်ဖျော်ဖြေ ခဲ့သည်။ ပရိသတ်ထဲတွင် အားပေး နေသော ထူးအိမ်သင်၏ မိခင်ဒေါ်မြရင်ကလည်း သီချင်းများကို လိုက်ပါသီဆိုပြီး အားပေးခဲ့သည် ကိုတွေ့ရသည်။

ဖျော်ဖြေပွဲတွင်ပါဝင်သော လူငယ်အဆိုတော်အချို့ကြောင့် ထူးအိမ်သင်၏သီချင်းများပျက် မည်စိုးသည်ဟုဝေဖန်ခဲ့ကြသော် လည်း လူငယ်အဆိုတော်များ၏ ဖျော်ဖြေသီဆိုမှုများကို ပရိသတ် များ၏လိုက်ပါသီဆိုအားပေးမှုရရှိခဲ့ သည်။ ဖျော်ဖြေပွဲတွင်အစီအစဉ် တစ်ခုအနေဖြင့်သရုပ်ဆောင်လူ မင်းကလည်း ၎င်းနှင့်အတူလက် တွဲဖူးခဲ့သည့် ကျန်စစ်မင်း ဇာတ် ကားတွင်ပါဝင်သော သီချင်းနှင့် ပတ်သက်၍ အမှတ်တရစကား ပြောကြားခဲ့ပြီး ထူးအိမ်သင်နှင့် ပတ်သက်၍ အမှတ်တရ စကား များပြောကြားခဲ့ရာ ပရိသတ် လက်ခုပ်သံများရရှိခဲ့သည်။

နောက်ဆုံးအစီအစဉ်အနေ ဖြင့် ထူးအိမ်သင်၏ သီချင်းနှစ်ပုဒ် ကို စုပေါင်းသီဆို၍ ပွဲကိုအောင် မြင်စွာပိတ်သိမ်းခဲ့သည်။

အကြင်နာအိပ်မက်နှင့် ချစ်တိုင်းလည်းမညားသီချင်းနှစ်ပုဒ်ကို ထူးအိမ်သင်ပွဲပြီးဆုံးခါနီးတွင်သီဆိုနေသည့် ရုပ်သံဖိုင်ကို ဖွင့်လှစ်ပြသခဲ့ရာ ပရိသတ်များ အထူးအားပေးခဲ့ကြသည်။ အချို့အဆိုတော်များ၏ သီဆိုမှုကို အားပေးလက်ခံခဲ့ကြသော်လည်း အဆိုတော်အချို့၏ သီဆိုမှုများကိုအားမလိုအားမရဝေဖန်ခဲ့ကြသည်။

ထူးအိမ်သင်ကွယ်လွန်ခြင်း(၁၀)နှစ်ပြည့် ဖျော်ဖြေပွဲကို ကြည့်ရှုလိုသည့်ပရိသတ် အထူးပင်များပြားခဲ့သည့်အတွက် သတ်မှတ်ထားသော လက်မှတ် အရေအတွက် ထပ်ထိုး ရောင်းချပေးခဲ့ရသလို မူလကအ စီအစဉ်မရှိသော်လည်း အခပေး ရုပ်သံလိုင်း 4HD မှ တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပြီး အွန်လိုင်းမှလည်း တိုက်ရိုက်ကြည့်ရှုသူအထူးပင်များပြားခဲ့သည်။

7Day DAILY

ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့် ဖျော်ဖြေပွဲတွင် ဖျော်ဖြေနေသည့် ချမ်းချမ်း ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ထူးအိမ်သင်ကွယ်လွန်ခြင်း(၁၀)နှစ်ပြည့် ဖျော်ဖြေပွဲတွင်ဖျော်ဖြေနေသည့်ချမ်းချမ်းဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ) 
ထူးအိမ်သင်ဂီတပွဲတော် လွမ်းခြင်းအားဖြင့်ဆယ်နှစ်တာ ဖျော်ဖြေပွဲမှာ ဝေဖန်မှုများကြားကပင် ပရိသတ်အား ပေးမှု ကြောင့်  အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။

လူ့အခွင့်အရေးနှင့် ဘာသာရေးလွတ်လပ်ခွင့်အတွက် နိုင်ငံတကာက မြန်မာအပေါ် တွန်းအားပေးရန် USCIRF တိုက်တွန်း

 နိုင်ငံတကာ ဘာသာ ရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင် (USCIRF) က မြန်မာနိုင်ငံသို့ ပထမဦးဆုံး အကြိမ် လာရောက်သော ခရီးစဉ် အပြီး နိုင်ငံတကာ အစိုးရများအ နေဖြင့် လူ့အခွင့်အရေးနှင့် ဘာ သာရေး လွတ်လပ်ခွင့်အတွက် မြန်မာနိုင်ငံအပေါ် တွန်းအားပေး ကြရန် တိုက်တွန်းလိုက်သည်။