Thursday, 7 August 2014

ကျန်းမာရေးကောင်းရန် ကြက်သွန်ဖြူ နေ့စဉ် စားပါ

ကြက်သွန်ဖြူတွင်ပါဝင်သော ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကာကွယ်နိုင်သော အာနိသင်များသည် ကိုယ်ခံအားကိုတိုးမြှင့်ပေးနိုင်ပြီး ကျန်းမာလန်းဆန်းစေနိုင်သည်။ ကြက်သွန်ဖြူဖြင့်ဖော်စပ် ထားသော ဆေး ဝါး များ ကို သာမန်အအေးမိတုပ်ကွေးရောဂါများကာကွယ်ရန် ဆရာဝန်များ အသုံးပြုသည်။ အနံ့အသက် အလွန်မထွက်ဘဲ ကြက်သွန်ဖြူစားနိုင်သော နည်းလမ်းများကိုဖော်ပြလိုက်ပါသည်။

" လိုင်ဇာအပြန် - မြစ်ကြီးနားအကြို ညှိနှိုင်းပွဲ "

Photo: " လိုင်ဇာအပြန် - မြစ်ကြီးနားအကြို ညှိနှိုင်းပွဲ "
Thursday, August 7, 2014

၂၀၁၄ခုနှစ် သြဂုတ်လ (၃)ရက်နေ့က မြစ်ကြီးနားမြို့မှာ လိုင်ဇာညီလာခံက အပြန် ဦးနိုင်ဟံသာ၊ ဦးကွယ်ထူးဝင်း ဦးဆောင်တဲ့ NCCT ကိုယ်စားလှယ်(၁၂)ဦး နှင့် အလုပ်အဖွဲ့ TAT ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း၊ ဒုဥက္ကဌ ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် Myanmar Peace Center (MPC) အလုပ် အဖွဲ့ဝင်များက တွေ့ဆုံပြီး အလွတ်သဘော ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဖက်မှ အပြုသဘောဆောင်ပြီး ယုံကြည်မှု ပိုမိုတည်ဆောက်ရေး အတွက်လည်း ပါဝင်ပါတယ်။

နေ့လည် ၁း၃၀ မှ ၅း၀၀ အထိ ဆွေးနွေးခဲ့ကြပြီး၊ ၂၀၁၄ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ရန်ကုန်မြို့ Myanmar Peace Center မှာ ကျင်းပမဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် Single Text အချောသတ်နိုင်ရေးကို NCCT-UPWC တို့ ဆက်လက်ဆွေးနွေးကြရန် သဘောတူခဲ့ကြပါ တယ်။ ( May 2nd Draft အပြီးမှာတော့ ဆက်လက် ညှိနှိုင်းရန် (၃၁)ချက် ကျန်ရှိ နေပါတယ်။)
အလွတ်သဘော ဆွေးနွေးပွဲမှ လိုအပ်ပါက လာမည့်ဆွေးနွေးပွဲအတွက် အလုပ်အဖွဲ့အချင်းချင်း တွေ့ဆုံညှိနှိုင်းနိုင်ရန် နှင့် Nationwide Ceasefire Accord (NCA) ဆွေးနွေးနေသည် နှင့် တပြိုင်တည်း မူဘောင်ဆိုင်ရာဆွေးနွေးပွဲ
( Framework for Political Dialogue) အတွက် ပြင်ဆင်သည့် ပြင်ဆင်ရေး ဆွေးနွေးပွဲများကို ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။ (ဆုံးဖြတ်ချက် ချရန် မဟုတ်ပဲ စတင် ပြင်ဆင်ရန်သာဖြစ်ပါသည်။)

UPWC ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်းအနေဖြင့်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများကို ဖိတ်ကြားရှင်းပြရန် နှင့် အပြန်အလှန်ဆွေးနွေးနိုင်ရန် သြဂုတ်လ ဒုတိယအပတ်အတွင်း Myanmar Peace Center မှာဆောင်ရွက်နိုင်ဘို့ ဖိတ်ကြားရေး အတွက် ပြင်ဆင်လျှက်ရှိပါသည်။
NCCT-UPWC ဆွေးနွေးပွဲအပြီးတွင်လည်း NCCT-UPWC နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တစ်ချို့ အလွတ်သဘော တွေ့ဆုံပြီး Framework for Political Dialogue ကို စတင် ဆွေးနွေးနိုင်ဖို့ကိုလည်း မျှော်လင့်ရပါတယ်(ဒီဆွေးနွေးပွဲသည်လည်း ပြင်ဆင်ရေးအတွက်သာ ဖြစ်ဖွယ်ရှိပြီး၊ ဆုံးဖြတ်ချက်များချရန် အတွက် မဟုတ်ဘူးကို နားလည်မိပါတယ်။)

အခုအထိ UPWC-NCCT (၂)ဖက် အရေးအကြီးဆုံး သဘောတူညီချက်ကတော့
(က) NCA လက်မှတ်ရေးထိုးပြီး ရက်ပေါင်း (၆၀) အတွင်း Framework Meeting ဆောင်ရွက်ရန်နှင့်
(ခ) NCA လက်မှတ်ရေးထိုးပြီး ရက်ပေါင်း(၉၀) အတွင်း ပါဝင်သင့် ပါဝင်ထိုက်တဲ့ လူများပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲပြီး (Political Dialogue) ကို ဆောင်ရွက်ရန်ဖြစ်ပါတယ်။

ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်များဖက်မှ ပူပန်မှုကို ပြည်ထောင်စုဖက်မှ နားလည် သဘောတူပေးတာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများအတွက် အာမခံချက် ပေးတာလဲ ဖြစ်ပါတယ်။ အခုဆွေးနွေးရင်း နဲ့ နှစ်ဖက် အတွေ့အကြုံပိုရှိလာပါပြီ၊ Framework Meeting အချိန်မှီ ပြီးစီးနိုင်မှ နိုင်ငံရေးဆွေးနွေးပွဲတွေကို သဘော တူညီချက် အတိုင်း စနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် ပြင်ဆင်ရေး၊ ညှိနှိုင်းရေးဆွေးနွေးပွဲတွေလုပ်ရမယ်ဆိုတာ နှစ်ဖက်လုံးက သဘောတူညီဖြစ်ပါတယ်။ ဒီလို စတင်လာနိုင် မှာ ကိုလည်း နိုင်ငံသားတစ်ဦးအနေဖြင့် ကျနော် ကြိုဆိုပါတယ်။ ခေါင်းဆောင်များ အားလုံးကို ကျေးဇူးတင်ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲများမှ အများစု ဆွေးနွေးဆုံးဖြတ်နိုင်ကြမည့်၊ နိုင်ငံရေး သဘောတူညီမှုများ ထွက်လာမှာပါ။ ဒါဟာ ရေရှည်ငြိမ်းချမ်းရေး တည်တန့် ခိုင်ခန့်ဖို့ အပြင် အားလုံးလိုချင်တဲ့ တန်းတူ ညီမျှမှု၊ အတူယှဉ်တွဲ နေထိုင် နိုင်ကြမဲ့ ဒီမိုကရေစီနိုင်ငံအတွက် နိုင်ငံရေး ပဋိဥာဉ် (Political Pact) တွေ ဖြစ်လာမယ်လို့ ယုံကြည် ပါတယ်။ ဒီ ပဋိဥာဉ် ကို အောင်မြင်အောင်ဆက်လက် အကောင်အထည် ဖော်နိုင်မှ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်မှာပါ။

ခရီးကတော့ ခရီးရှည်ပါ။ ကျွန်တော်တို့ ခင်ဗျားတို့ နိုင်ငံသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြမှ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မှာပါ။ မြစ်ကြီးနားက အပြန်မှာ ဆန္ဒပြုလိုတာက အားလုံး အပြုသဘောနဲ့ ပါဝင်နိုင်ကြဖို့ပါ။

သတင်းဓါတ်ပုံ - Hla Maung Shwe
၂၀၁၄ခုနှစ် သြဂုတ်လ (၃)ရက်နေ့က မြစ်ကြီးနားမြို့မှာ လိုင်ဇာညီလာခံက အပြန် ဦးနိုင်ဟံသာ၊ ဦးကွယ် ထူးဝင်း ဦးဆောင်တဲ့ NCCT ကိုယ်စားလှယ်(၁၂)ဦး နှင့် အလုပ်အဖွဲ့ TAT ကို ပြည်ထောင်စု ငြိမ်းချမ်းေ ရး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း၊ ဒုဥက္ကဌ ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ မြောက် ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် Myanmar Peace Center (MPC) အလုပ် အဖွဲ့ဝင်များက တွေ့ဆုံပြီး အလွတ်သဘော ဆွေးနွေးခဲ့ ပါသည်။ ပြည်ထောင်စု ဖက်မှ အပြုသဘောဆောင်ပြီး ယုံကြည်မှု ပိုမိုတည်ဆောက်ရေး အတွက်လည်း ပါဝင် ပါတယ်။

ရန်ကုန်တွင် သုံးစွဲရအဆင်မပြေသေးသည့် အူရီးဒူးဖုန်းကတ်များ သြဂုတ်လလယ်တွင် မြို့နယ် ၃၄ မြို့နယ်၌ အသုံးပြုနိုင်မည်

အူရီးဒူးဆင်းမ်ကတ်များကို သြဂုတ်လ ဆန်းပိုင်းက စတင်ရောင်းချခဲ့သော်လည်း ရန်ကုန်မြို့တွင် သုံးစွဲရ အဆင်မပြေသော ကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး လာမည့် သြဂုတ် ၁၅ ရက်တွင်မူ မြို့နယ် ၃၄ မြို့နယ်၌ အသုံးပြုနိုင်မည် ဖြစ်သည်ဟု အူရီးဒူးက သတင်းထုတ်ပြန်ထားသည်။

ZMapp ဆေးဖြင့် အီဘိုလာရောဂါကုသရာတွင် လူနာများ အခြေအနေတိုးတက်

Photo: ZMapp ဆေးဖြင့် အီဘိုလာရောဂါကုသရာတွင် လူနာများ အခြေအနေတိုးတက်
Wednesday, August 6, 2014

လိုင်ဘေးရီးယားနိုင်ငံကနေ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ၂ ဦးကို အီဘိုလာကုသဆေးတမျိုးနဲ့ စမ်းသပ်ကုသကြည့်တာမှာ တိုးတက်မှု ရှိတယ်လို့ သိရပါတယ်။

ZMapp လို့ခေါ်တဲ့ ဒီစမ်းသပ်ဆေးဟာ ရောဂါကို ဟန့်တားနိုင်တဲ့အစွမ်းရှိပြီး လူသားတွေမှာ ပထမဆုံး စမ်းသပ်တာလည်း ဖြစ်ပါတယ်။ အရင်ကတော့ မျောက်တွေကိုပဲ ဆေးထိုးစမ်းသပ်ခဲ့ဖူးတာ ဖြစ်ပါတယ်။

Ebolaအမေရိကန်ဆရာဝန် ကင်တ် ဘရန်တလေ (Kent Brantly)နဲ့ ဘာသာရေးဆရာမ နန်စီ ၀ှိုက်ဘိုလ် (Nancy Writebol)တို့ဟာ လိုင်ဘေးရီးယားနိုင်ငံမှာ ခရစ်ယာန်ဘာသာရေး လုပ်ငန်းတွေ သွားလုပ်ရင် ရောဂါကူးစက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်ကျန်းမာရေးဌာနက ဒေါက်တာ အန်တိုနီ ဖေယူစီ (Dr. Anthony Fauci)က စပ်သပ်ဆေးဟာ ရောဂါကို ထပ်မတိုးလာအောင် တန့်ထားနိုင်တဲ့အတွက် လူနာတွေ အခြေအနေ တိုးတက်နေတယ်လို့ သိရတယ်။

လူသားတွေပေါ် ပထမဆုံးစမ်းသပ်ကုသမှု ဖြစ်လို့ လုံးဝပျောက်မယ်၊ မပျောက်ဘူးပြောဖို့ အချိန်စောလွန်းသေးတယ်လို့ ပြောဆိုပါတယ်။

ZMapp ဆေးကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Scripps သုတေသန ဓာတ်ခွဲခန်းက ဖော်စပ်ခဲ့တာ ဖြစ်ပါတယ်။

သုတေသနအဖွဲ့ခေါင်းဆောင် ပါမောက္ခက “ဓာတ်ခွဲခန်းမှာ တကမ္ဘာလုံးက အီဘိုလာရောဂါ ကျွမ်းကျင်သူတွေ တနေရာတည်း၊ တချိန်တည်းမှာ အကောင်းဆုံးနဲ့ တခုတည်းသော ဆေးကို ဖော်ထုတ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေကြပါတယ်။ နောက် ၅ နှစ်အကြာမှာတော့ အီဘိုလာကုသဆေး တွေ့ပြီလို့ သေချာပေါက် ပြောနိုင်တော့မှာဖြစ်ပါတယ်” လို့ ပြောဆိုပါတယ်။

ဒေါက်တာ အန်တိုနီ ဖေယူစီကတော့ လောလောဆယ် လုပ်နိုင်တာကတော့ အနောက်အာဖရိကနိုင်ငံတွေမှာ နိမ့်ကျနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်သင့်တယ်လို့ ပြောဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကလည်း အီဘိုလာကုသဆေးနဲ့ ပတ်သက်ပြီး ပြောဆိုဖို့ အချိန် စောနေသေးပြီး အီဘိုလာရောဂါဟာ ထိန်းချုပ်နိုင်တဲ့ရောဂါ ဖြစ်လို့ ရောဂါထိန်းချုပ်နိုင်ရေး၊ လူထုကျန်းမာရေးစောင့်ရှောက်မှုတွေကို အာရုံစိုက်လုပ်ကိုင်ဖို့ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အစည်းအဝေး ကျင်းပနေပြီး အီဘိုလာရောဂါကို ကမ္ဘာ့ကပ်ရောဂါဆိုး သတ်မှတ်သင့်၊ မသတ်မှတ်သင့် ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ဒီဗွီဘီ
လိုင်ဘေးရီးယားနိုင်ငံကနေ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ၂ ဦးကို အီဘိုလာ ကု သဆေး တမျိုးနဲ့ စမ်းသပ်ကုသကြည့်တာမှာ တိုးတက်မှု ရှိတယ်လို့ သိရပါတယ်။

ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူပြီးပါက လက်ဝယ်ထားရှိသူမှာ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေနှင့်ငြိစွန်းဟုဆို

Photo: ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူပြီးပါက လက်ဝယ်ထားရှိသူမှာ 
ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေနှင့်ငြိစွန်းဟုဆို
Wednesday, August 6, 2014

ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူပြီးပါက လက်ဝယ်ထားရှိသူမှာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေနှင့် ငြိစွန်းနိုင်သည့်အတွက် ခေါင်းလောင်း ဆယ်ယူရေးတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အနေနှင့် ပူးပေါင်းပါဝင်သင့်ကြောင်း သမိုင်းပညာရှင်တချို့က သုံးသပ်ပြော ကြားလိုက်သည်။

အဆိုပါဥပဒေအရ နှစ်၁ဝဝကျော် သက်တမ်းရှိပါက ရှေးဟောင်းအမွေအ နှစ်ဟု သတ်မှတ်ထားသည့်အတွက် ခေါင်း လောင်းကြီးတွေ့ရှိသည်နှင့် ဥပဒေအရ ရှေးဟောင်းပစ္စည်းလက်ဝယ်ထားရှိမှု နှင့်ငြိစွန်းနိုင်ခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနပညာရှင်တစ်ဦးက ပြော သည်။
''ခေါင်းလောင်းမတွေ့ရင်တော့ ဘာမှမဖြစ်ဘူး။ ခေါင်းလောင်းတွေ့တာ နဲ့ ဥပဒေအရ ရှေးဟောင်းအမွေအနှစ် ကိုလက်ဝယ်ထားရှိမှုနဲ့ငြိစွန်းမှာဖြစ်ပါ တယ်။ ဒါကြောင့်မို့ တွေ့တွေ့ချင်း ယဉ် ကျေးမှုဝန်ကြီးဌာနကိုအကြောင်းကြား ပြီး အပ်နှံရမယ်။ မူလနေရာမှာထားပေး ရမယ်။ ဒါကြောင့် ဝန်ကြီးဌာနက ပူး ပေါင်းပါဝင်သင့်ပါတယ်''ဟု ရှေးဟောင်း သုတေသနပညာရှင် တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ခေါင်းလောင်း ဆယ်ယူရန်အတွက် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ခွင့်ပြုထားသော်လည်း ယဉ်ကျေးမှုဝန်ကြီးဌာနအနေနှင့် လတ် တလောဆောင်ရွက်မှုတစ်စုံတစ်ရာမရှိ သေးသော်လည်း သမိုင်းသုတေသနဦး စီးဌာနက လုပ်ဆောင်ပေးနေကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ယဉ်ကျေး မှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်ဦး လွင်က ''ဓမ္မစေတီခေါင်းလောင်းတွေ့ တယ်ဆိုတာ ယဉ်ကျေးမှုဝန်ကြီးဌာန က မသိပါဘူး။ ယဉ်ကျေးမှုဝန်ကြီးဌာန ကအဲဒီကိစ္စ မလုပ်ပါဘူး။ တိုင်းဒေသ ကြီးအစိုးရအဖွဲ့က လုပ်ဆောင်နေတာ ပါ။ ကျွန်တော်တို့မှာ လုပ်စရာတွေအ များကြီးရှိနေလို့ ခေါင်းလောင်းကိစ္စကို သမိုင်းသုတေသနဦးစီးဌာနက လုပ် ဆောင်ပေးနေပါတယ်'' ဟု ပြောသည်။

ခေါင်းလောင်းဆယ်ယူရန် တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေနှင့် ခွင့်ပြု ပေးသည်မှာ စောနေပြီး ဝန်ကြီးဌာနအနေနှင့်လည်း ပူးပေါင်းပါဝင်ခွင့်ပြုပေး သင့်ကြောင်း သမိုင်းသုတေသနပညာ ရှင် ဦးချစ်စံဝင်းက ပြောသည်။
''ခေါင်းလောင်းဆယ်ယူရေးမှာ ယဉ်ကျေးမှုဝန်ကြီးဌာနပါသင့်ပါတယ်။ မပါဘဲရှာလို့မရဘူး။ ဥပဒေအရလဲ ခွင့် ပြုချက်ယူရမယ်။ သူတို့ဝန်ကြီးဌာနရဲ့ ထောက်ခံချက်လိုအပ်တယ်။ ဒီအကြောင်း ကိုနားလည်တဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန က တာဝန်ရှိသူတွေ ပညာရှင်တွေ ပါသင့်တယ်။ ရှေးဟောင်း ကျွမ်းကျင်သူ ပါတဲ့ရှာဖွေရေး အဖွဲ့ကို ဖွဲ့သင့်တယ်။ ရှေးသုပါရမယ်။ အုပ်ချုပ်ရေးက ပါရမယ်။ ထောက်လှမ်းရေး ပါရမယ်။ ဆယ် ယူနေစဉ်မှာ နေ့စဉ် Report ရေးရမယ်။ အဲဒီလိုမှမဟုတ်ရင် တူးလို့ရတဲ့ရွှေ၊ ငွေ ပစ္စည်းတွေကို ယူသွားနိုင်တယ်။
အခု ခေါင်းလောင်းဆယ်ယူဖို့အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ခွင့် ပြုပေးတာ စောတယ်လို့ဆိုရမယ်''ဟု ပြောသည်။
ဓမ္မစေတီခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၄၇၆ခုနှစ်တွင် သွန်းလုပ်ခဲ့ ခြင်းဖြစ်ပြီး နှစ်ပေါင်း ၅၃၈နှစ် ကြာမြင့် နေပြီဖြစ်၍ ရှေးဟောင်း အမွေအနှစ် ပစ္စည်းဖြစ်သည်။ 

ယင်းခေါင်းလောင်းတော်ကြီး ပြန်လည်ဆယ်ယူပြီးပါက မူလနေရာဖြစ်သော ရွှေတိဂုံကုန်းတော်ပေါ်တွင် ပြန် ထားပေးမည်ဟု ရှာဖွေခွင့်ရရှိထားသော ဦးစံလင်း ဦးဆောင်သောအဖွဲ့က ကတိ ပြုထားကြောင်း သိရသည်။

Yangon Media Group
ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူပြီးပါက လက်ဝယ်ထားရှိသူမှာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေနှင့် ငြိစွန်းနိုင်သည့်အတွက် ခေါင်းလောင်း ဆယ်ယူရေးတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန အနေနှင့် ပူးပေါင်းပါဝင်သင့်ကြောင်း သမိုင်းပညာရှင်တချို့က သုံးသပ်ပြော ကြားလိုက်သည်။

Telenor က ဖုန်းခေါ်ခကို တစ်မိနစ်လျှင် ၂၅ ကျပ်သာသတ်မှတ်

Photo: Telenor က ဖုန်းခေါ်ခကို တစ်မိနစ်လျှင် ၂၅ ကျပ်သာသတ်မှတ်
Thursday, August 7, 2014

Telenor ဆင်းမ်ကတ်ဖြင့် တခြား မိုဘိုင်းဆက်သွယ်ရေးလိုင်းများသို့ ဖုန်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်သာ သတ်မှတ်ထားပြီး ယင်းဈေးနှုန်း ထက်ပို မည်မဟုတ်ကြောင်း Telenor Myanmar ၏ စီအီးအိုဖြစ်သူက သြဂုတ် 
၎ ရက်တွင် ကျင်းပသော NetMonday အစီအစဉ် ၌ အတည်ပြုပြောသည်။

''တယ်လီနောအနေနဲ့ ဆင်းမ်ကတ် တွေကို ကျပ် ၁၅ဝဝ တည်းနဲ့သာ ရောင်းချ ပေးသွားမှာဖြစ်ပြီး ဖုန်းခေါ်ဆိုခအနေနဲ့ အများဆုံး ၂၅ ကျပ်ပဲ သတ်မှတ်ထား ပါတယ်။ ဘယ်ကွန်ရက်ကိုပဲခေါ်ခေါ် ၂၅ကျပ်ကို အမြင့်ဆုံးသတ်မှတ်ထားပါ တယ်''ဟု ယင်းကပြောသည်။

တယ်လီနောဆင်းမ်ကတ်များကို ရောင်းချရန် စက်တင်ဘာလအစတွင် သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များ တွင်သာ ဆင်းမ်ကတ်များ စတင်ရောင်း ချသွားမည်ဖြစ်ကြောင်းသိရသည်။

တယ်လီနောဆင်းမ်ကတ်အသုံး ပြုသူအနေဖြင့် 2G နှင့် 3G Network နှစ်မျိုးစလုံးကို အသုံးပြုနိုင်မည်ဖြစ် သည့်အတွက် ဟန်းဆက်ရွေးချယ်ဝယ် ယူရာတွင် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း တယ်လီ နော မြန်မာမှသိရသည်။

အင်တာနက်မြန်နှုန်းမှာ အမြင့်ဆုံး 7Mbp အထိရရှိနိုင်မည်ဖြစ်ပြီး အသုံး ပြုခကောက်ခံရာတွင်လည်း Package အမျိုးအစား ခွဲခြားသတ်မှတ်၍အသုံး ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

တယ်လီနော၏ဆက်သွယ်ရေး နည်းပညာသည် 4G Network အထိ အလုပ်လုပ်နိုင်သော်လည်း မြန်မာနိုင်ငံ တွင် 4G နည်းပညာသုံး LTE ဖုန်းအ မျိုးအစားများကို ကိုင်ဆောင်နိုင်သူနည်း ပါးနေသည့်အတွက် နည်းပညာမြင့်ဟန်း ဆက်များကို တစ်နိုင်ငံလုံးအတိုင်းအတာနီးပါး အထိ အသုံးပြုလာနိုင်ပါက ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ထပ်မံသိ ရသည်။

လာမည့်စက်တင်ဘာလအတွင်း တယ်လီနောဆင်းမ်ကတ်များကို ဈေး ကွက်အတွင်း ဖြန့်ဝေသွားမည်ဖြစ်ပြီး ငါးနှစ်အတွင်း လူဦးရေ၏ ရာခိုင်နှုန်း ၉ဝ ခန့် မိုဘိုင်းဖုန်း ကိုင်ဆောင်အသုံးပြု နိုင်ရန်စီစဉ်ထားကြောင်း တယ်လီနော မြန်မာမှ သိရသည်။

Yangon Media Group
Telenor ဆင်းမ်ကတ်ဖြင့် တခြား မိုဘိုင်းဆက်သွယ်ရေးလိုင်းများသို့ ဖုန်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်သာ သတ်မှတ်ထားပြီး ယင်းဈေးနှုန်း ထက်ပို မည်မဟုတ်ကြောင်း Telenor Myanmar ၏ စီအီးအိုဖြစ် သူက သြဂုတ် ၄ ရက်တွင် ကျင်းပသော NetMonday အစီအစဉ် ၌ အတည်ပြုပြောသည်။

ယခုနှစ်ခုနစ်လအတွင်း လူကုန်ကူးမှုပေါင်း၆ဝ ဖြစ်ပွား၊ ကျူးလွန်သူ ၁၂ဝ ဖမ်းဆီးနိုင်ခဲ့

မြန်မာ တစ်နိုင်ငံလုံး၌ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ ခုနစ်လ အတွင်း လူကုန်ကူးမှု စုစုပေါင်း ၆ဝ ဖြစ်ပွားခဲ့ပြီး တရားခံ စုစုပေါင်း ၁၂ဝ ဖမ်းဆီးရမိခဲ့ကြောင်း လူကုန် ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဗဟို)၏ ထုတ်ပြန်ချက် စာရင်းများ အရသိရသည်။

ညွှန်ကြားချက်အချို့ ပြောင်းလဲရန် ပြည်တွင်းဘဏ်များနှင့် ဗဟိုဘဏ် တွေ့ဆုံဆွေးနွေး

ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းဘဏ်များ လိုက်နာရန် သတ်မှတ်ထားသော ညွှန်ကြား ချက် အချို့ကို ပြုပြင်ရန် ပြည်တွင်းဘဏ်များနှင့် ဗဟိုဘဏ် ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံ ဘဏ် များ အသင်းထံမှ သိရသည်။

အင်းတကော် လူသေမှု အမှုမှန် ပေါ်နိုင်ပါ့မလား

  Photo: အင်းတကော် လူသေမှု အမှုမှန် ပေါ်နိုင်ပါ့မလား
Thursday,  August 7, 2014
  
ပဲခူးတိုင်း အင်းတကော်မြို့က ယာဉ်တိုက်သေဆုံးမှု တခုမှာ အဓိက တာဝန်ရှိတဲ့ ယာဉ်ထိန်းရဲတွေကို အမှုဖွင့်ဖို့ ကြိုးစားနေတဲ့ သေ ဆုံး သူရဲ့ မိခင်ကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေက ဖိအားပေး ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ကာယကံရှင် မိသားစုက ပြောပါတယ်။

သေဆုံးသူရဲ့မိခင်ဖြစ်သူ ဒေါ်ဝင်းကြည်က သားဖြစ်သူသေဆုံးမှုဟာ သာမန်မဟုတ်ဘဲ ယာဉ်ထိန်းရဲ တပ်ဖွဲ့တွေရဲ့ ဥပဒေမဲ့ အကြမ်း ဖက် ဖမ်းဆီးမှုကြောင့် သေဆုံးရတာ ဖြစ်တယ်ဆိုပြီး အင်းတကော် ရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးစားပေမယ့် ရဲစခန်းက အမှုဖွင့် မပေး ဘဲ အချိန်ဆွဲထားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

ယာဉ်တိုက်မှုမှာ သေဆုံးသွားတဲ့ သားဖြစ်သူအတွက် မိခင်ဖြစ်သူနဲ့မိသားစုက ဒီကိစ္စကို အမှုမှန် ဖော်ထုတ်ပြီး အရေးယူဆောင်ရွက် စေလိုတယ်လို့ မြို့ခံတွေကလည်း ပြောဆိုကြပါတယ်။ သေဆုံးသူ ကိုမင်းမင်းငယ်မှာ ဇနီးနဲ့ ကလေးသုံးဦး ကျန်ခဲ့ပြီး ဆင်းရဲချို့တဲ့ ကြတယ်လို့ သိရပါတယ်။

အင်းတကော် ရဲစခန်းမှာ အမှုဖွင့်ခွင့် မရရှိတဲ့နောက် မိခင်ဖြစ်သူက အဖြစ်မှန် ပေါ်ပေါက်ရေး အတွက် မျှတတဲ့ တရားစီရင်ရေးနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ နိုင်ငံတော် သမ္မတရုံး အပါအဝင် ဌာနဆိုင်ရာ ရုံးတွေကို တိုင်တန်းစာတွေ ပေးပို့ခဲ့ပြီး တပတ်အကြာမှာဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေရဲ့ ငွေပေးချဉ်းကပ်မှု၊ ခြိမ်းခြောက် ဖိအားပေးမှုတွေ ကြုံတွေ့လာရတယ်လို့ ပြောပါတယ်။

သေဆုံးသူ ကိုမင်းမင်းငယ်ရဲ့ မိခင်ဖြစ်သူ ဒေါ်ဝင်းကြည်က“အမှုဖွင့် မပေးလို့ နေပြည်တော်အထိ စာပို့တိုင်တော့ ကျမတို့ကို ရဲတွေကိုယ်တိုင်က ငွေပေးစည်းရုံးတယ်။ မရတော့ ခြိမ်းခြောက်တယ်။ ကျမသားအတွက် သူတို့ပေးတဲ့ လျော်ကြေးကိုလည်း မယူဘူး။ အမှုမှန်ပေါ်တဲ့ အထိ ကြိုးစားမှာပဲ။ တခြားလူတွေကို ဒီလိုဆက်လုပ်နေရင် ဘယ်နှယ့်လုပ်မလဲ။ ကျမသားသေလို့ သူတို့ကို နာစေ ဆိုတဲ့စိတ်နဲ့ မဟုတ်ပါဘူး။ ဒီလို တရားလက်လွတ် လုပ်တာကို ဥပဒေက တရားသဖြင့် ဆောင်ရွက်ပေးဖို့ပါ”လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကိုမင်းမင်းငယ်ဟာ ရေမြောင်းတွေမှာ ပြွန်ချတဲ့ အလုပ်လုပ်ကိုင်သူဖြစ်ပြီး အခင်းဖြစ်ပွားခဲ့တဲ့ ဇွန်လ ၈ ရက် မနက် ပိုင်း က မိုးရွာလို့ အလုပ်မဖြစ်တာနဲ့ ပဲခူး-ရန်ကုန် ကားလမ်းမကြီး အတိုင်း လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ကိုမျက်ပြူးနဲ့ အတူ ဆိုင်ကယ် စီးပြီး အင်းတကော်ကို ပြန်လာခဲ့ကြတယ်လို့ သိရပါတယ်။

၎င်းတို့စီးလာတဲ့ ဆိုင်ကယ် အင်းတကော်မြို့ ရဲစခန်းရှေ့ အရောက်မှာ အသင့်စောင့်နေတဲ့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေထဲက တပ်ဖွဲ့ဝင်တဦးက ဆိုင်ကယ်ဦးထုပ်နဲ့ ထွက်ရိုက်ပြီး ဖမ်းဆီးဖို့ ကြိုးစားရာမှာ ဆိုင်ကယ်မောင်းနေတဲ့ ကိုမင်းမင်းငယ်က တိမ်းရှောင်ဖို့ ကြိုးစားရင်း လမ်းရဲ့ ဆန့်ကျင်ဘက် အခြမ်းမှာ ရပ်ထားတဲ့ ၁၂ ဘီးကားကို ဝင်တိုက်မိတာကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရ တယ်လို့ ကာယကံရှင် မိသားစုနဲ့ မျက်မြင်တချို့က ပြောဆိုပါတယ်။

အခင်းဖြစ်စဉ်မှာ သေဆုံးသူ ကိုမင်းမင်းငယ်ရဲ့ ဆိုင်ကယ်နောက်မှာ လိုက်ပါစီးနင်းတဲ့ ကိုမျက်ပြူးက ဒဏ်ရာပဲရခဲ့ပြီး ဖြစ်စဉ်တခု လုံး ကို တွေ့မြင်ခဲ့သူလို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ကိုမျက်ပြူးကို ဆေးကုသ စရိတ်အဖြစ် အင်းတကော် ရဲတပ်ဖွဲ့က ကျပ် ၇ သိန်း ပေး စည်းရုံးသွားတယ်လို့ သေဆုံးသူ ကိုမင်းမင်းငယ်ရဲ့ အစ်ကိုဖြစ်သူ ကိုမင်းမင်းလတ်က စွပ်စွဲပြောဆိုပါတယ်။

“ဒီအမှုမှာ အရေးအကြီးဆုံး မျက်မြင်သက်သေ မျက်ပြူးက ဟိုဘက်ကပေးတဲ့ ပိုက်ဆံ ၇ သိန်းကို လက်ခံလိုက်ပြီ။ အခု ဖြစ်ရပ်မှန် ကို ကျနော်တို့ ဘယ်လိုလုပ် အားကိုးရတော့မလဲ”လို့ သူက ဆိုပါတယ်။

အခင်းဖြစ်ပွားပြီး နောက်တနေ့မှာ ကာယကံရှင် မိသားစုတွေက ယာဉ်ထိန်းရဲတွေကို အမှုဖွင့်ဖို့ ကြိုးစားခဲ့တာကို အင်းတကော် ရဲစခန်းက လက်မခံခဲ့တဲ့အတွက် ကာယကံရှင် မိသားစုက အမှုမှန် ပေါ်ပေါက်ရေးနဲ့ တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော် သမ္မတရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဌာနတွေကို တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။

ဇူလိုင်လဆန်းပိုင်းက အင်းတကော် ရဲစခန်းက ဒုရဲအုပ် သန်းစိုးနဲ့ ပုဂ္ဂိုလ်တဦးက အရပ်ဝတ်တွေ ဝတ်လာပြီး ရာအိမ်မှူးဟောင်း ဦးတင်အေးကို ခေါ်ကာ သေဆုံးသူအတွက် တိုင်ကြားမှုတွေ ဆက်လက် မလုပ်ဆောင်ဖို့နဲ့ တိုင်တန်းထားတာတွေကို ရုတ်သိမ်းပေး ဖို့ ကျပ် ၁၅ သိန်းနဲ့ လာရောက် ညှိနှိုင်းခဲ့တယ်လို့ ဒေါ်ဝင်းကြည်က ပြောပါတယ်။

“သူတို့က ဒီ ၁၅ သိန်းကိုယူ လက်မှတ်ကို ထိုးပေးပါလို့ ပြောတယ်။ ဒီလက်မှတ်က ဘာအတွက် ထိုးပေးရမလဲ မေးတော့ ကျမတိုင်ကြားထားတာတွေကို ပြန်လည်ပြီး ရုပ်သိမ်းပေးဖို့ အဲဒီလိုပြောတယ်။ ကျမက ဒါမဖြစ်နိုင်ဘူး။ ၁၅ သိန်းကိုလည်း မလိုချင်ဘူးဆိုပြီး ငြင်းတယ်။ အတင်းငြင်းဆန်တဲ့ အခါမှာ ကျမကို ဟောက်လား ဟန်းလားလုပ်တော့ ကျမသား မင်းမင်းလတ်နဲ့ ကျမ ချွေးမဟာ အဲဒီ ညတွင်းချင်းပဲ အုပ်ချုပ်ရေးမှူး အိမ်ကိုပြေးပြီး တိုင်ကြားလိုက်ရတယ်”လို့လည်း ဒေါ်ဝင်းကြည်က ပြောဆိုပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ ဇွန်လထဲမှာလည်း ရာအိမ်မှူးဟောင်း ဦးတင်အေးက တဆင့် ကျပ် ၈ သိန်းနဲ့ ကျေအေးပေးဖို့ စတင် ပြောဆိုခဲ့ တာကို လက်မခံခဲ့တဲ့ အတွက် ၁၀ သိန်း အထိ တိုးမြှင့်ပေးခဲ့ပြီး အင်းတကော် ရဲတပ်ဖွဲ့က ထပ်မံ ညှိနှိုင်းတာကို ကာယကံရှင် မိသားစုက လက်မခံတဲ့အတွက် ခြိမ်းခြောက်မှု ခံခဲ့ရတယ်လို့ ဒေါ်ဝင်းကြည်က ရှင်းပြပါတယ်။

အင်းတကော် ရဲစခန်းမှ ဒုရဲအုပ် သန်းစိုးက သေဆုံးသူ မိသားစုတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ငြင်းဆန် ခဲ့ပါတယ်။ သူ့အနေနဲ့ ဒီဖြစ်စဉ်အပေါ် ကျပ် ၁၅ သိန်း ပေးပြီး ညှိနှိုင်းမှု မလုပ်ခဲ့သလို၊ ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်ခဲ့တာ မရှိဘူးလို့ ဧရာဝတီ ကို ပြောပါတယ်။

ငွေပေးညှိနှိုင်းတယ် ဆိုတာနဲ့ ပတ်သက်ပြီး“သူတို့ အလကား လျှောက်ပြောနေတာ” လို့ တုံ့ပြန်ပြီး ခြိမ်းခြောက်တယ် ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး“မဟုတ်ပါဘူး အဲဒါတွေက ဒီခေတ်ထဲမှာ ခြိမ်းခြောက်လို့လည်း မရဘူးလေ” လို့ ဒုရဲအုပ် သန်းစိုးက ပြောပါတယ်။

ဒေါ်ဝင်းကြည်ကတော့ အခင်းဖြစ်ပွားပြီးနောက် ဇူလိုင် ၁၆ ရက်၊ ၁၇ ရက်မှာ ပဲခူးမြို့မ ရဲစခန်းက သေဆုံးသူဖြစ်စဉ်နဲ့ ပတ်သက်ပြီး ၎င်းတို့ မိသားစုကို စစ်ဆေး မေးမြန်းမှုတွေလုပ်ဖို့ ခေါင်းစဉ်တပ်ခေါ်ယူခဲ့ပြီး ရဲအရာရှိတွေရဲ့ ကြိမ်းမောင်း ပြောဆိုမှုတွေကို ခံခဲ့ရ တယ် လို့ ဆိုပါတယ်။

“ခင်ဗျား ဒီအမှုကို ရှေ့တိုးမှာလား၊ နောက်ဆုတ်မှာလားလို့ မေးတယ်။ ကျမက ရှေ့တိုးမယ်လို့ ပြောလိုက်တော့ ခင်ဗျားအဖြစ်က သားလည်းသေ၊ မအေလည်း လီဆယ်မှုနဲ့ ထောင်ကျဦးမယ်ပေါ့။ တကယ်ဆိုလို့ရှိရင် ခင်ဗျားသားက ဦးထုပ်သာ ဆောင်းခဲ့ရင် ဒီလို အဖြစ်မျိုးနဲ့ ကြုံစရာ အကြောင်းမရှိဘူး၊ ကျနော်တို့ ရဲတွေဟာ တာဝန်အရ အလုပ်လုပ်နေတာ၊ အလကား အလုပ်လုပ်နေတာ မဟုတ်ဘူးပေါ့၊ အဲဒီလိုပြောတယ်”လို့ ရဲအရာရှိရဲ့ပြောဆိုချက်တွေကို ကိုးကားပြီး သူက ပြန်ပြောပြပါတယ်။

ဒေါ်ဝင်းကြည်က ဆက်လက်ပြီး“တာဝန်အရ အလုပ်လုပ်တယ်ဆိုလို့ရှိရင် ကျမသားကို ဦးထုပ်မပါရင်ဖမ်း၊ ဦးထုပ်မဆောင်းတဲ့ အတွက် ဒဏ်ရိုက်ပေါ့၊ အခုတော့ မမိ၊ မိတဲ့နည်းနဲ့ ရိုက်ချလိုက်လို့ ကျမသား သေရတာတာဟာ ရှင်တို့လုပ်ရပ်လို့ ပြောတော့ ဒါမပြောနဲ့ တရားမဝင်ဘူးလို့ ပြောတယ်။ ခင်ဗျားကိစ္စက တရားမဝင်လို့ ကျုပ်တို့က အရေးမယူ ပေးတာလို့လည်း ပြောတယ်။ နောက်ဆုံး ကျမကို အမှုစစ်တဲ့အကြောင်း လက်မှတ်ထိုးဆိုပြီး ထိုးခိုင်းတယ်။ ကျမကလည်း ဒါကျမကို အမှုစစ်တာမဟုတ်ဘူး။ ခြိမ်းခြောက်တာ ဖြစ်နေတဲ့ အတွက် လက်မှတ် မထိုးနိုင်ဘူးလို့ ပြောခဲ့တယ်”လို့ ပြောဆိုပါတယ်။

ဒုရဲအုပ် သန်းစိုးက“သူတို့ ဘာလို့ အမှုဖွင့်ခွင့် မရလဲဆိုတော့ အမှုက ဖွင့်ထားပြီးပြီလေ။ လိုအပ်တဲ့ သက်သေတွေ အကုန်လုံး ခေါ်စစ်ပြီးနေပြီ။ သူတို့ဟာသူတို့ အရက်မှုးပြီး မောင်းလာပြီးတော့ ကားကို ဝင်တိုက်တာ”လို့ ဆိုပါတယ်။

အင်းတကော် ရဲစခန်းက ကိုမင်းမင်းငယ် သေဆုံးမှုဟာ ယာဉ်ထိန်းရဲတွေနဲ့ ပတ်သက်မှု မရှိကြောင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ယာဉ် ထိန်း ရဲတွေကို ခေါ်ယူစစ်ဆေးတာ မရှိကြောင်း ဖြစ်စဉ်အပေါ် ယာဉ်မတော်တဆမှု ပုဒ်မ ၃၀၄ (က)နဲ့ပဲ ဖွင့်လှစ် ဆောင်ရွက် ထား တယ်လို့ ဒီအမှုကို ကိုင်တွယ် စစ်ဆေးနေတဲ့ အမှုစစ် ဒု ရဲအုပ်ထင်ကျော်ကလည်း ပြောပါတယ်။

ဒုရဲအုပ် ထင်ကျော်က“ဒီကိစ္စကို ကျနော်တို့က မတော်တဆ သေဆုံးမှုနဲ့ ဆောင်ရွက်ထားတယ်။ လူတဦး တယောက်ရဲ့ ပေါ့ဆမှုကြောင့် မတော်တဆ ယာဉ်တိုက်ပြီး သေတာပေါ့”လို့ အရေးယူ ဆောင်ရွက်ထားတဲ့ ပုဒ်မနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာအနီးမှာရှိတဲ့ ဈေးဆိုင်ရှင် တဦးကတော့ ဒီဖြစ်စဉ်မှာ ယာဉ်ထိန်းရဲရော သေဆုံးသူရော အမှားတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ကိုမင်းမင်းငယ်နဲ့ သူငယ်ချင်း ဖြစ်သူတို့ဟာ ဦးထုပ် မဆောင်းထားသလို ယာဉ်ထိန်းရဲ ထွက် တားဆီးတာကို မောင်းပြေးဖို့ ကြိုးစားခဲ့ကြောင်း ယာဉ်ထိန်းရဲကလည်း ပုန်းလျှိုစောင့်ဆိုင်းနေပြီး ထွက်တားတာကို ရပ်မပေး တဲ့ အတွက် ဆိုင်ကယ်ဦးထုပ်နဲ့ လွှဲရိုက်ခဲ့တာလို့ ပြောပါတယ်။

“အဲဒီနေ့က မော်တော်ပီကယ်တွေက အင်းတကော် ရဲစခန်းနားလေးမှာ ဆိုင်ကယ်တွေ ဖမ်းနေတာ ဆိုင်ထဲကနေ မြင်နေရတယ်ဗျ။ ဟိုသေသွားတဲ့ ကောင်လေးက ရပ်မပေးလို့ မော်တော်ပီကယ်ကလည်း ထုံးစံအတိုင်း အကြမ်းနည်းသုံးပြီး လုပ်လိုက်တာ။ ကောင် လေး က ဟန်ချက်ပျက်ပြီး တဖက်ကားလမ်းမှာ ရပ်ထားတဲ့ ၁၂ ဘီးကားကြီးကို သွားပြီး ဝင်ဆောင့်တာ။ ဆိုင်ကယ်နောက်မှာ စီး လိုက်လာတဲ့ ကောင်လေးကတော့ မော်တော်ပီကယ် လှမ်းရိုက်လိုက်လို့ ဆိုင်ကယ် ဟန်ချက်ပျက်သွားကတည်းက ကားစီ မရောက် ခင် ပြုတ်ကျသွားတာ”လို့ အဲဒီ ဆိုင်ရှင် က ရှင်းပြပါတယ်။

အင်းတကော်မြို့ပေါ် ဆိုင်ကယ် အသုံးပြုနေသူတွေထဲမှာ အထူးသဖြင့် လူငယ်ပိုင်းတွေက ဆိုင်ကယ် ဦးထုပ် မဆောင်းတာ၊ နောက်ကြည့်မှန် မထည့်တာ၊ သုံးယောက်တွဲ စီးတာတွေ လုပ်တာတွေကို နေ့စဉ်လို တွေ့မြင်နေရပြီး ဖမ်းဆီးတဲ့ ယာဉ်ထိန်းရဲတွေကလည်း အကြမ်းဖက် ဖမ်းနေတာတွေကို မကြာခဏ တွေ့မြင်နေရကြောင်းလည်း သူက ပြောပါတယ်။

“မော်တော်ပီကယ်တွေ ဖမ်းနေတဲ့ နေရာက ရဲစခန်းနားလေးမှာ ကျနော်တို့ဆိုင်နဲ့ မလှမ်းမကမ်းမှာပဲ။ သူတို့ အမြဲတမ်း လုပ်တာက အကွယ်တခုမှာ ပုန်းချောင်းမယ်၊ အနီးရောက်မှ ဆိုင်ကယ်ကို ထွက်တားတယ်။ မရပ်ပေးရင် ဦးထုပ်တို့၊ တုတ်တို့နဲ့ လှမ်းရိုက်တယ်၊ ပစ်တယ် အဲဒီလိုလုပ်တာ။ ဒီက ကလေးတွေကလည်း ဆိုးတယ်။ ပဲခူးမြို့ပေါ်သွားတဲ့လူ မဟုတ်ရင် အများစုက ဦးထုပ် မဆောင်းကြဘူး။ သူတို့ဖမ်းတဲ့ နေ့တွေဆိုရင် ဘယ်ဆိုင်ကယ်ထိတော့မလဲ ရင်တထိတ်ထိတ် ကြည့်နေရတာ”လို့ ဈေးဆိုင်ရှင်က ဆက်ပြော ပါတယ်။

အခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး နေပြည်တော် ပြည်ထဲရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၄ ရက်မှာကွင်းဆင်းပြီး သေမှုသေခင်းပုံစံ သရုပ်ပြ ရုပ်သံမှတ်တမ်းတွေ လာရောက် ယူဆောင်ခဲ့ပေမယ့် ကာယကံရှင်နဲ့ မျက်မြင်တွေကို မမေးဘဲ အင်းတကော် ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုပ်သွားတယ်ဆိုပြီး မြို့ခံတချို့က မကျေမနပ် ဖြစ်နေတယ်လို့ သိရပါတယ်။

အင်းတကော်မြို့ခံ ကိုသက်ထွန်းဦးက“ရဲအချင်းချင်း သရုပ်ပြ မှတ်တမ်းတင်တယ်။ ကျနော်တို့ ဒီဘက်က ခံစားရတဲ့ လူဘက်ကြ တော့ အခုချိန်ထိ ဘာမှ စုံစမ်းခြင်း မေးမြန်းခြင်း မလုပ်ဘူးဗျ။ ကာယကံရှင် မိသားစုက ဒါကို တရားဥပဒေ စိုးမိုးဖို့ လိုလားတယ်။ ဒီ ဥစ္စာက လုပ်ပိုင်ခွင့်ရှိတဲ့ ရဲတွေကိုယ်တိုင်က အကြီးအကျယ်ကာကွယ်နေတော့ ဒီကိစ္စ ပေါ့သေးသေးတော့ တွက်လို့မရဘူး”လို့ ပြော ပါတယ်။

သေဆုံးသူရဲ့ မိခင်ဒေါ်ဝင်းကြည်က“ကျမကတော့ နောက်မဆုတ်ဘူး။ အမှန်တရားနဲ့ ပတ်သက်လာရင် အသေခံသွားမယ်လို့ သန္နိဌာန် ချထားတယ်။ အခုကိစ္စက ကျမ သားတယောက်အတွက် ကျမ ရင်ဆိုင်နေတာ မဟုတ်ဘူး။ ကျမ သားကဲ့သို့ နောက်လူတွေ ဒီလိုမျိုး ခံစားရမှာစိုးလို့”ဆိုပြီး ပြောဆိုပါတယ်။     ။

ဧရာဝတီ BLOG

အင်းတကော် လူသေမှု , ယာဉ်ထိန်းရဲ , ရဲတပ်ဖွဲ့ အင်းတကော်မြို့ မှာ ဇွန်လ ၈ ရက်က ဆိုင်ကယ်တိုက်မှု အခင်းဖြစ်ပွားစဉ် မြင်ကွင်း (ဓာတ်ပုံ – Nga Thant / Facebook)
အင်းတကော် လူသေမှု , ယာဉ်ထိန်းရဲ , ရဲတပ်ဖွဲ့ အင်းတကော်မြို့မှာ ဇွန်လ ၈ ရက် က ဆိုင်ကယ် တိုက်မှု အခင်းဖြစ်ပွားစဉ် မြင်ကွင်း (ဓာတ်ပုံ – Nga Thant / Facebook)
ပဲခူးတိုင်း အင်းတကော်မြို့က ယာဉ်တိုက်သေဆုံးမှု တခုမှာ အဓိက တာဝန်ရှိတဲ့ ယာဉ်ထိန်းရဲတွေကို အမှုဖွင့်ဖို့ ကြိုးစားနေတဲ့ သေ ဆုံး သူရဲ့ မိခင်ကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေက ဖိအားပေး ခြိမ်းခြောက် မှုတွေ ပြုလုပ်နေတယ်လို့ ကာယကံရှင် မိသားစုက ပြောပါတယ်။

ပြည်နယ်နှင့်တိုင်း ခုနစ်ခုတွင် ရေဘေးအန္တရာယ်ဆိုးရွားစွာကြုံတွေ့နေ

Photo: ပြည်နယ်နှင့်တိုင်း ခုနစ်ခုတွင် ရေဘေးအန္တရာယ်ဆိုးရွားစွာကြုံတွေ့နေ
Thursday, August 7, 2014

မြစ်ကြီးများ စိုးရိမ်ရေ မှတ်သို့ ရောက်လာခြင်းနှင့် တစ် လနီးပါးဆက်တိုက်ရွာသော မိုး ကြောင့် ဧရာဝတီတိုင်း၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည် နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေ ဘေးအန္တရာယ်များ ရင်ဆိုင်နေရ ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သက် ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအစိုးရ ရုံးများမှ သတင်းရရှိသည်။

‘‘ပဲခူးမှာဆိုရင် အခုရင်ဆိုင် နေရတဲ့ ရေဘေးအတွက် အရေး ပေါ်ကော်မတီဖွဲ့ထားပါတယ်။ အခြေအနေဆိုးတဲ့ ရပ်ကွက်တွေ မှာ ရေဘေးကယ်ဆယ်ရေး စခန်း တွေ ဖွင့်ထားတယ်။ ရေက ထပ် တက်လာမယ်ဆိုရင် ကယ်ဆယ် ရေးစခန်းတွေ ထပ်တိုးရမယ်။ ရေ ဘေးကြောင့်တော့ ထိခိုက်ဒဏ် ရာရတာ မရှိသေးပါဘူး’’ ဟု ပဲခူး တိုင်းဒေသကြီးအစိုးရရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ပဲခူးမြို့တွင် ရပ်ကွက်ငါးခု၌ ရေလွှမ်းမိုးမှုများ ရင်ဆိုင်နေရ ပြီး ရေဘေးသင့်သူ ၇၀၀ နီးပါး ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေ ရကာ ဒေသတွင်းရှိ ပဲခူးမြစ်နှင့် ရွှေကျင်မြစ်တို့မှာ စိုးရိမ်ရေမှတ် အနီးသို့ ရောက်ရှိနေကြောင်း မိုး/ဇလဌာနက သတင်းထုတ်ပြန် ထားသည်။

ဧရာဝတီတိုင်း ဒေသကြီး တွင် မြန်အောင်မြို့အနီး ကျေးရွာ များနှင့် ငါးသိုင်းချောင်းမြို့တို့ တွင် လယ်မြေဧက ထောင်နှင့်ချီ ၍ ရေနစ်မြုပ်နေပြီး ဒေသခံလူ ဦးရေ တစ်ထောင်ကျော် ကယ် ဆယ်ရေးစခန်းများသို့ ပို့ဆောင် ထားရကြောင်း တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ယင်းမြို့များအနီးမှ ဖြတ်သွား သည့် င၀န်မြစ်မှာလည်း စိုးရိမ်ရေ မှတ်သို့ ရောက်ရှိနေသည်။

‘‘ရွာထဲမှာ ရေက လေးပေ ကျော်အထိ တက်လာတာ။ ဘယ် လိုမှ နေလို့မရတော့လို့ ကယ် ဆယ်ရေးစခန်းကို မိသားစုလိုက် ပြောင်းနေရတယ်။ အိမ်ကိုလည်း စိတ်မချဘူး။ မိုးတွင်းစာအတွက် ထားတဲ့ စပါးနဲ့ ပဲတွေလည်း အိမ် မှာ အကုန်ရေမြုပ်နေလောက်ပြီ’’ ဟု ကွင်းကောက်(မြောက်)ကျေး ရွာမှ ကိုဝေမင်းက ပြောသည်။

 ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်တွင်လည်း ရေ ကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေ သည်မှာ ရက်သတ္တပတ်ခန့်ရှိပြီဖြစ် ပြီး လူကယ်ပြန်ဌာနမှ တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့နေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ရှိ တောင် ကုတ်၊ စစ်တွေနှင့် ဂွမြို့နယ်တို့ တွင် ရေဘေးကျရောက်နေပြီး သြဂုတ် ၅ ရက်က ရခိုင်ကမ်းရိုး တန်းတွင် လေပြင်းကျသော ကြောင့် စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းအချို့ ပျက်စီးမှု ရှိခဲ့သည်။ ထို့ပြင် ကျောက်ဖြူမြို့ နယ်အနီး ပင်လယ်ပြင်တွင် မိုး သည်းထန်စွာ ရွာခဲ့ပြီး လေပြင်းကျသောကြောင့်  ငါးဖမ်းစက်လှေ တစ်စီးနစ်မြုပ်ခဲ့ပြီး ရေလုပ်သား ၁၉ ဦးမှာ ပျောက်ဆုံးနေသည်။

ကရင်ပြည်နယ်တွင်လည်း သံလွင်မြစ်ရေမြင့်တက်နေပြီး မြို့ တော် ဘားအံအပြင် လှိုင်းဘွဲ့မြို့ နယ်နှင့် အနီးပတ်ဝန်းကျင်ကျေး ရွာများ၌ ကယ်ဆယ်ရေးစခန်းများ ဖွင့်ထားကြောင်း ပြည်နယ် ထွေ/ အုပ်ရုံးမှ သတင်းရရှိသည်။ ကရင် ပြည်နယ်တွင် ပြီးခဲ့သည့်နှစ် မိုး ရာသီက သောင်ရင်းမြစ်ရေ ရုတ် တရက်မြင့်တက်လာမှုကြောင့် လူ ဦးရေ သောင်းနှင့်ချီ၍ ရေဘေး ရင်ဆိုင်ခဲ့ရသလို လယ်စိုက်ခင်း များစွာ ရေမြုပ်ပျက်စီးခဲ့သည်။ ရေဘေးကြောင့် လူသေဆုံးမှုများ လည်း ဖြစ်ပေါ်ခဲ့သည်။

ရှမ်းပြည်နယ် ကျိုင်းတုံမြို့ တွင် သြဂုတ် ၅ ရက်ညမှစ၍ မြေ နိမ့်ပိုင်းရပ်ကွက်များအတွင်း ရေ ၀င်လာပြီး မိုးလည်းဆက်လက်ရွာ နေကြောင်း ဒေသခံဦးစိုင်းလုံက ပြောသည်။ အလားတူ မွန်ပြည် နယ်ရှိ မိုးကောင်း၊ ကျိုက်ထိုမြို့တွင် မြေပြိုမှုဖြစ်ပေါ်ခဲ့ပြီး ဒေသခံများ ရေဘေးစတင် ရင်ဆိုင်နေ ရကြောင်း သတင်းရရှိသည်။ ရှမ်းပြည်နယ် တာချီလိတ်မြို့၊ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့တွင် ဇူလိုင်လလယ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုခြင်းနှင့် တောင်ကျရေကျခြင်းတို့ ရင်ဆိုင်ခဲ့ရကာ တရားဝင်စာရင်းများအရ ဒေသခံ ၁၂ ဦး သေဆုံးခဲ့သည်။ လူမှုရေးအဖွဲ့အစည်းများကမူ သဘာဝ ဘေးကြောင့် သေဆုံးသူဦးရေမှာ ထို့ထက်ပိုကြောင်း ပြောသည်။

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံ လေ အားကောင်းနေသည်မှာ ဇူလိုင်လဆန်းမှ သြဂုတ်လ ပထမ ပတ်အထိ ဆက်တိုက်ဖြစ်နေသေး သည့်အပြင် နေရာကွက်၍ မိုးကြီး မည့် ဒေသများ များပြားလာနေ ကြောင်း မိုး/ဇလဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

သြဂုတ်လ ပထမပတ်အ တွင်း စစ်ကိုင်းတိုင်းဒေသကြီးအ ထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကွက်ပြီး မိုးကြီးနိုင်ကြောင်း ဦး ကျော်မိုးဦးက သတိပေးသည်။ ထို့ပြင် မိုးဆက်တိုက်ရွာသွန်းနေ သည့် ရန်ကုန်မြို့တွင် သြဂုတ် ၉ ရက်မှ ၁၆ ရက်အတွင်း ထူးကဲ ဒီရေတက်ဖွယ်ရှိကြောင်း မြန်မာ ဆိပ်ကမ်းအာဏာပိုင်က သတင်း ထုတ်ပြန်ထားသည်။

7Day DAILY  

ပဲခူးမြို့ရှိ ရပ်ကွက်အချို့တွင် ရေကြီးနေသဖြင့် ဒေသခံအမျိုးသမီး တစ်ဦး ရေထဲ တွင်စမ်း၍လမ်းလျှောက်နေစဉ်(ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)
ပဲခူးမြို့ရှိ ရပ်ကွက်အချို့တွင် ရေကြီးနေသဖြင့် ဒေသခံအမျိုးသမီးတစ်ဦး ရေထဲတွင် စမ်း၍ လမ်းလျှောက်နေ စဉ်(ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)
မြစ်ကြီးများ စိုးရိမ်ရေ မှတ်သို့ ရောက်လာခြင်းနှင့် တစ် လနီးပါးဆက်တိုက်ရွာသော မိုး ကြောင့် ဧရာဝတီတိုင်း၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည် နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည် နယ်နှင့် မွန်ပြည်နယ် တို့တွင် ရေ ဘေးအန္တရာယ်များ ရင်ဆိုင်နေရ ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သက် ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအစိုးရ ရုံးများမှ သတင်းရရှိသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ တိုင်းလွှတ်တော် အတည်ပြုရန်ကျန်

Photo: ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ တိုင်းလွှတ်တော် အတည်ပြုရန်ကျန် 
Thursday, August 7, 2014

ရန်ကုန်မြို့တော်ရှိ သမိုင်းဝင် အဆောက်အအုံများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သော ဥပဒေဖြစ်သည့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေကို ရေးဆွဲတင်ပြထားရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းရန်သာ လိုတော့ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှ တည်ထောင်သူ ဥက္ကဋ္ဌ ဒေါက်တာဦးသန့်မြင့်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ ထွက်ပေါ်လာပါက ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည့် နည်းစနစ်များ၊ လိုက်နာရမည့် စည်းကမ်းများဖြင့် မြို့ပြယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် သွားနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံများ၏ တန်ဖိုးကို နားမလည်သောကြောင့် စီးပွားရေး လုပ်ငန်းရှင်များက ဖြိုဖျက်ပြီး မြေဧရိယာ အကျယ်အဝန်းကိုသာ ရောင်းချရန် ပြင်ဆင်နေသောကြောင့် ကမ္ဘာလှည့် ခရီးသည်များနှင့် ဗိသုကာ ပညာရှင်များကို ဆွဲဆောင်နိုင်မှု နည်းပါးလျက် ရှိကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ ရှေးဟောင်း အဆောက်အအုံများသည် ၉၉ ရာခိုင်နှုန်း ပြုပြင်နိုင်သည့် အခြေအနေတွင် ရှိသောကြောင့် ပြုပြင်ရာတွင် လိုအပ်သော နည်းစနစ်များ၊ လိုက်နာရမည့် စည်းကမ်းများ၊ မည်သို့ ပြုပြင်ရမည်များကို သိရှိပြီး ဥပဒေဖြင့် ထိန်းချုပ်နိုင်မှ ထိရောက်မည် ဖြစ်ကြောင်း YHT မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ ၁၈၉ လုံးခန့် ရှိပြီး ပြည်သူပိုင် အဆောက်အအုံနှင့် ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်များ ပါဝင်ကြောင်း၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) သည် ရန်ကုန်မြို့တော် အတွင်းရှိ ဗိသုကာဆိုင်ရာ မြို့ပြအမွေအနှစ်စာရင်း ပြည့်စုံရန် လေ့လာခြင်းနှင့် စာရင်းကောက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

The Voice Weekly
ရန်ကုန်မြို့တော်ရှိ သမိုင်းဝင် အဆောက်အအုံများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်း သိမ်းစောင့်ရှောက်ရန် လိုအပ်သော ဥပဒေဖြစ်သည့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေကို ရေးဆွဲတင်ပြထားရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းရန်သာ လိုတော့ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှ တည်ထောင်သူ ဥက္ကဋ္ဌ ဒေါက်တာဦးသန့်မြင့်ဦးက ပြောကြားသည်။

မြန်မာ့ယဉ်ကျေးမှု အနုပညာကောလိပ် ပထမဆုံးအကြိမ် ဖွင့်လှစ်မည်

မြန်မာနိုင်ငံတွင် ပထမဦးဆုံးယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် ကောလိပ်အဖြစ် ယဉ်ကျေးမှုအနုပညာကော လိပ်(ညောင်ရွှေ)ကို ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာမှာ အခြေပြုပြီး အာဆီယံနှင့် ဆက်ဆံရေးတိုးတက်ရန် ကြိုးစားမည့်မြောက်ကိုရီးယား


လာမည့် စနေနေ့၌ နေပြည်တော်တွင် ကျင်းပမည့် အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံ ဒေသ တွင်း အစည်းအဝေးတက်ရောက်ရန် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီဆူရွန် မြန်မာနိုင်ငံသို့ ရောက် ရှိ လာမည်ဖြစ် သည်။

အာဆီယံ၏ မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များကို တာဝန်သိ၊ တာဝန်ရှိနိုင်ငံအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ဖော်ဆောင် သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြား


ရန်ကုန် ဩဂုတ် ၆- မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်းတွင်အာဆီယံ ၏ ဦးဆောင် မှုအခန်းကဏ္ဍကို အ လေးထား ထိန်းသိမ်းပြီး အာဆီယံ ၏ မူဝါဒများ ၊ ရှေ့လုပ်ငန်းစဉ်များကို တာဝန်သိသည့်၊ တာဝန်ရှိသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ဖော်ဆောင် သွားမည်ဖြစ် ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့ကြောင်း သိရသည်။

ဦးဆန်းဆင့်ရုံးချိန်းတွင် သက်သေအဖြစ် သာသနာရေးဒုဝန်ကြီးကို စစ်ဆေး

တရားစွဲဆိုခြင်းခံထားရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ခြောက်ကြိမ်မြောက်ရုံးချိန်း တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေအဖြစ်  သာသနာရေး ဒုဝန်ကြီး ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

လက်နက်ဖြင့် ဖမ်းမိသူကို ၄လကြာမှ အမှုဖွင့်နိုင်

ရှမ်းမြောက်မူဆယ်မြို့နယ် ဟိုနားကျေးရွာနှင့် နမ့်တောင်းကျေးရွာလမ်းပေါ်၌ ဆိုင်ကယ်မောင်းနှင် လာ သူ နှစ်ဦး ထံမှ လက်နက်ခဲယမ်းများကို မေလ ၇ ရက်၌ ဖမ်းမိခဲ့ခြင်းကို စစ်ဆေးပြီးနောက် သြဂုတ်လ ၅ ရက်၌ အမှုဖွင့်ခဲ့သည်ဟုသိရှိရသည်။

ကချင်ပြည်နယ်မှာ မူးယစ်ဆေးရောင်းသူတွေ ဖမ်းဆီး

Photo: ကချင်ပြည်နယ်မှာ မူးယစ်ဆေးရောင်းသူတွေ ဖမ်းဆီး
Thursday, August 7, 2014

 ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနားက ဝါးရုံတောဆိုတဲ့နေရာကို ဖားကန့်ဒေသအခြေစိုက် တပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဝင်ရောက်နှိမ်နင်း ရာမှာ မူးယစ်ဆေးဝါး ရောင်းချသူ ၅ ဦးကို ဘိန်းဖြူ၊ ယာမ၊ ဆိုင်ကယ် ၁၁ စီးနဲ့ ငွေကျပ် သိန်း ၅၀နီးပါး ဖမ်းမိခဲ့တယ်လို့ ဖမ်းဆီးရာမှာပါဝင်ခဲ့သူတွေက ပြောပါတယ်။

မနေ့က သွားရောက်ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးချိုသန်းက အခုလိုပြောပါတယ်။

"ကျနော်တို့ အဖွဲ့ပေါင်းစုံမှာ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းနဲ့ တပ်မ ၆၆ ရဲ့လူအင်အား အဖွဲ့နဲ့နောက် စစ်စခန်း၊ ရဲ၊ ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့တွေ အဲ့လိုအူးပေါင်းပြီးမှ အဲ့လို ဖမ်းလိုက်တာပါ၊ ရောင်းတဲ့ ၅ ယောက်တော့ဖမ်းသွားတယ်၊ ယူတဲ့လူတွေကိုတော့ ခံဝန်ချုပ် နဲ့ ပြန်လွှတ်ပေးလိုက်တယ်၊ ပင်နီဆီလင်ပုလင်းနဲ့ ထည့်ထားတဲ့ဟာပေါ့လေ ၁၉၀ မိတယ် ဘိန်းဖြူ၊ ဆေးပြားက ၅၀၀ ကျော်မိတယ်ဗျ၊ ယာမ ၄၆ သိန်းကျော်မိတယ် ငွေကြေးနဲ့ ဖမ်းမိ တာကိုတော့ ရဲကတရားလိုလုပ်ပြီး အမှုစွဲတင်ပါတယ်"

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကချင်ပြည်နယ်မူးယစ်အထူးတပ်ဖွဲ့က မူးယစ်ဆေးဝါးအမှု ၇၁ မှု ဖမ်း ဆီးနိုင်ခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နေ့က တပ်မ ၆၆ လက်အောက်ခံတပ်တွေက ဟိုပင်မြို့နဲ့ တစ်မိုင်လောက်ဝေးတဲ့ လယ်ကွက်တွေထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ပစ် ခတ်ဖမ်းဆီးရာ ဆေးသမား တစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်ဟာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ဒုတိယအများဆုံးပြည် နယ် ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
 ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနားက ဝါးရုံတောဆိုတဲ့နေရာကို ဖားကန့်ဒေသအခြေစိုက် တပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဝင်ရောက်နှိမ်နင်း ရာမှာ မူးယစ်ဆေး ၀ါး ရောင်း ချသူ ၅ ဦးကို ဘိန်းဖြူ၊ ယာမ၊ ဆိုင်ကယ် ၁၁ စီးနဲ့ ငွေကျပ် သိန်း ၅၀နီးပါး ဖမ်းမိခဲ့တယ်လို့ ဖမ်းဆီးရာမှာပါဝင်ခဲ့သူတွေက ပြောပါတယ်။

ဆော်ဒီအစိုးရက သူ့နိုင်ငံသား တွေကို မြန်မာ အမျိုးသမီးနဲ့ လက်ထပ်ခွင့် ပိတ်ပင်

Photo: ဆော်ဒီအစိုးရက သူ့နိုင်ငံသား တွေကို မြန်မာ အမျိုးသမီးနဲ့ လက်ထပ်ခွင့် ပိတ်ပင်
Thursday, August 7, 2014

ဆော်ဒီ အာရေး ဘီးယား အစိုးရ က ဆော်ဒီအာရေးဘီးယား နိုင်ငံသား တွေ ကို မြန်မာ နိုင်ငံက အမျိုးသမီး တွေနဲ့ လက်ထပ်ခွင့် ပိတ်ပင် လိုက်ပါတယ်။

မြန်မာ အမျိုးသမီး အပါအဝင်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ ချတ်တ် နိုင်ငံက အမျိုးသမီး တွေနဲ့ လက်ထပ် ထိမ်းမြားခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ လေး နိုင် ငံက နိုင်ငံသား တွေဟာ ဆော်ဒီ အာရေး ဘီးယား နိုင်ငံမှာ လူဦးရေ ၅၀၀၀၀ (ငါးသိန်း) ကျော်ရှိ သွားတဲ့ အတွက် လူဦးရေ ထပ်မပြန့် ပွားအောင် တားဆီးတာ ဖြစ်နိုင် တယ်လို့ ယူဆ နေကြပါတယ်။

ဒါ့အပြင် လက်ထပ် ထိမ်းမြားခြင်း ဥပဒေကို လည်း တင်းကြပ် လိုက်ပါတယ်။

နိုင်ငံခြားသူနဲ့ လက်ထပ် ထိမ်းမြား လိုတဲ့ အမျိုးသားဟာ အနည်းဆုံး အသက် ၂၅ နှစ်ရှိရမှာဖြစ်ပြီး အကယ်လို့ လင်မယားကွဲသူတွေ ဖြစ်မယ် ဆိုရင် အနည်းဆုံး ၆ လ စောင့်ပြီးမှ လက်ထပ် ထိမ်းမြား ခွင့် လျှောက်လွှာ တင်ရမယ်လို့ ပြောပါတယ်။

ဇနီးမယား ရှိနေတဲ့ကြားက နောက်တစ်ယောက်နဲ့ လက်ထပ်မယ်ဆိုရင် လက်ရှိ မယားမှာ ကင်ဆာရောဂါရှိကြောင်း၊ မသန်စွမ်းကြောင်း၊ ကလေး မမွေးနိုင်ကြောင်း သက်သေတွေ ပြရမယ်လို့ ဆိုပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ အစ္စလာမ်မစ် ဥပဒေအရ အမျိုးသားတွေကို မိန်းမလေးယောက်အထိ လက်ထပ်ခွင့် ပြုထားပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ လူဦးရေ ၂၇ သန်းလောက်ရှိပြီး အဲဒီထဲက ၃၀%ဟာ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။

ABC Radio Australia

ဆော်ဒီအာရေးဘီးယား ဘုရင် Abdullah bin Abd al-Aziz Al Saud
ဆော်ဒီအာရေးဘီးယား ဘုရင် Abdullah bin Abd al-Aziz Al Saud
ဆော်ဒီအာရေးဘီးယားအစိုးရ က ဆော်ဒီအာရေးဘီးယား နိုင်ငံသားတွေကို မြန်မာနိုင်ငံက အမျိုး သမီး တွေ နဲ့ လက်ထပ်ခွင့် ပိတ်ပင် လိုက်ပါတယ်။

မိဘများကို သတ်ဖြတ်ပြီး အလောင်းဖျက် မီးကင်ခဲ့ကြောင်း ဟောင်ကောင် အမျိုးသားတစ်ဦး ဝန်ခံ

Photo: မိဘများကို သတ်ဖြတ်ပြီး အလောင်းဖျက် မီးကင်ခဲ့ကြောင်း ဟောင်ကောင် အမျိုးသားတစ်ဦး ဝန်ခံ
Thursday, August 7, 2014

မိဘနှစ်ပါးကို သတ်ဖြတ်ပစ်ပြီး အလောင်းများကို ဖြတ်တောက်ခုတ်ထစ် မီးကင်ကာ အစဖျောက်ရန် ကြိုးစားခဲ့မှုအတွက် စွဲချက်တင် ခံထားရသည့် ဟောင်ကောင် အမျိုးသား တစ်ဦးသည် တရားရုံးတွင် ၎င်း၏ ပြစ်မှုကို ဝန်ခံချက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

အသက်(၃၀)အရွယ်ရှိ ဟင်နရီချောင်သည် ဩဂုတ်(၆)ရက်၊ တရားရုံး ကြားနာ စစ်ဆေးမှုအတွင်း စွဲချက်များကို ဝန်ခံခဲ့ခြင်း ဖြစ်သည်။ ချောင်သည် သူငယ်ချင်းဖြစ်သူ ဇီချွန်ကိုင်နှင့်အတူ မိဘနှစ်ပါးကို သတ်ဖြတ်ပြီး အလောင်းများကို ခုတ်ထစ် ဖြတ်တောက်ကာ မီးကင်ခဲ့ကြောင်း တရားလို ရှေ့နေများက ပြောကြားခဲ့သည်။ 

ချောင်သည် ပြီးခဲ့သည့်နှစ်၊ မတ်လက မိဘနှစ်ပါးဖြစ်သည့် အသက်(၆၅)နှစ်အရွယ် ချောင်ဝင်ကီနှင့် ဆူယွတ်ယီတို့ ပျောက်ဆုံးနေကြောင်း ရဲထံ တိုင်ကြားခဲ့သည်။ ရဲများက အဆိုပါ ဇနီးမောင်နှံကို နောက်ဆုံးတွေ့မြင်လိုက်ရသည့် တိုက်ခန်းတစ်ခုကို သတင်းအရ ရှာဖွေရင်း ရေခဲသေတ္တာထဲတွင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို တွေ့ရှိခဲ့သည်။ ယင်းတို့ကို DNA ဖြင့် တိုက်ဆိုင်စစ်ဆေးရာ ချောင်၏ မိဘနှစ်ပါးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ချောင်က မိမိသည် စိတ်ဓာတ်ရေးရာ ချွတ်ခြုံကျလုနီးပါး ဆိုးရွားခဲ့ပြီး မိဘနှစ်ပါးနှင့် ပတ်သက်၍ ၎င်း၏ စိတ်ခံစားချက်သည်လည်း တစ်နေ့ထက်တစ်နေ့ အခြေအနေ ဆိုးလာခဲ့ကြောင်း ထွက်ဆိုသည်။ ၎င်း၏ အမြင်တွင် မိဘနှစ်ပါးသည် အသုံးမဝင်သူများသဖွယ် ဖြစ်ခဲ့ကြောင်း ချောင်က ပြောကြားခဲ့သည်။ ချောင်နှင့် ဇီတို့သည် လူနှစ်ဦးကို သတ်ဖြတ်မည့် အစီအစဉ်အတွက် (၃)လမျှ အချိန်ယူ အကောင်အထည် ဖော်ခဲ့ကြသည်။ ထိုအတောအတွင်း သူငယ်ချင်း နှစ်ဦးသည် ဓားများ၊ ရေခဲသေတ္တာများ၊ မိုက်ခရိုဝေ့ မီးဖိုများကို ဝယ်ယူထားခဲ့သည်။
ချောင်သည် မိဘများကို သတ်ဖြတ်ပြီးနောက် အလောင်းများကို ခုတ်ထစ်ပိုင်းဖြတ်ကာ ဦးခေါင်းနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ရေခဲသေတ္တာထဲတွင် အေးခဲထားစေခဲ့သည်။ ရေခဲသေတ္တာ မဆံ့တော့သည့်အခါ ကျန်အစိတ်အပိုင်းများကို အသားကင်သဖွယ် ပြုလုပ်ပြီး ထမင်းဘူးများထဲ ပုံဖျက်ထည့်သွင်းကာ လွှင့်ပစ်ခဲ့ကြသည်။ ဟောင်ကောင် ဗဟိုတရားရုံးတွင် အဆိုပါအမှုအတွက် သက်သေ အထောက်အထားများကို တင်သွင်း ဖတ်ကြားခဲ့ရာတွင် ချောင်က မနှစ်မြို့ဖွယ် ရာဇဝတ်မှုကို လုပ်ဆောင်ပြီးချိန်၌ ရဲများကို လှည့်စားရန် စီစဉ်ထားခဲ့ကြောင်းလည်း ဖော်ပြပါရှိသည်။

“ငါ့မိဘတွေကို သတ်ပြီးချိန်မှာ လူပျောက်မှုနဲ့ ရဲတိုင်ထားမယ်၊ ပြီးရင် အလောင်းတွေရဲ့ အစိတ်အပိုင်းတွေကို နည်းနည်းချင်းစီ လွှင့်ပစ်မယ်”ဟု ၎င်းက အင်တာနက်တွင် ဇီနှင့် တိုင်ပင်ဆွေးနွေးရာ၌ ရေးသားထားကြောင်း သက်သေထွက်ချက်များက ဆိုသည်။ ၎င်းက Message တစ်ခုတွင် “ငါငယ်ငယ်တုန်းကနဲ့ လူပျိုဖော်ဝင်စ အချိန်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေအရ လူတွေရဲ့ နာကျင်မှုကို မစာနာနိုင်ဘူး”ဟုလည်း ရေးသားထားကြောင်း သိရသည်။
South China Morning Post သတင်းစာက ချောင်သည် လူသတ်မှုနှင့် အလောင်းဖျောက်ဖျက်မှုများအတွက် ဝန်ခံချက် ပေးထားပြီး ဇီကမူ ယင်းအမှုများ ကျူးလွန်ခြင်းမရှိဟု ငြင်းဆိုထားကြောင်း ဖော်ပြခဲ့သည်။ အဆိုပါအမှုကို ယခုလကုန်ပိုင်းတွင် အပြီးသတ် စီရင်ချက် ချမှတ်ဖြစ်ဖွယ် ရှိကြောင်းလည်း သတင်းရရှိသည်။

Ref: Channenlnewsasia3
7Day DAILY

ဟောင်ကောင်မြို့ကောင်းကင်ယံကို တွေ့ရစဉ်
ဟောင်ကောင်မြို့ကောင်းကင်ယံကို တွေ့ရစဉ်
မိဘနှစ်ပါးကို သတ်ဖြတ်ပစ်ပြီး အလောင်းများကို ဖြတ်တောက်ခုတ်ထစ် မီးကင်ကာ အစဖျောက်ရန် ကြိုးစား ခဲ့မှု အတွက် စွဲချက်တင် ခံထားရသည့် ဟောင်ကောင် အမျိုးသား တစ်ဦးသည် တရားရုံးတွင် ၎င်း၏ ပြစ်မှုကို ဝန်ခံချက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

အမြန်လမ်းပေါ်က ယာဉ်မတော်တဆတိမ်းမှောက်မှု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကိုယ်တိုင် ကူညီပေးခဲ့ရ

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃ဝ၅/ ၇ မိုင်တွင် ဘုရားဖူးယာဉ် တစ်စီး တိမ်း မှောက်မှုတစ်ခု သြဂုတ် ၃ရက်ကဖြစ် ပွားခဲ့ရာ အခင်းဖြစ်စဉ်နေရာသို့ လုပ်ငန်းတာဝန်ဖြင့် ယာဉ်တန်းဖြတ်သန်း သွားသည့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ် တစ်ဦးလိုက်ပါလာသည့် ခရီးသွား ယာဉ်တန်းက ဒဏ်ရာရသူများကိုအကူအညီပေးခဲ့သည့်ဖြစ်စဉ် တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။