Tuesday, 15 July 2014

“လောင်းရိပ်မိနေကြသော အနာဂတ်ကြယ်ပွင့်လေးများ”


Photo: “လောင်းရိပ်မိနေကြသော အနာဂတ်ကြယ်ပွင့်လေးများ”

Tuesday, July 14, 2014

ယနေ့ခေတ် နိုင်ငံရေးပြောင်းလဲမှုတိုင်း၊ ဆန္ဒပြမှုတွေတိုင်း၊ ပဋိပက္ခတွေတိုင်းမှာ ကျောင်းသားလူငယ်တွေ တစ်ခန်း တစ်ကဏ္ဍအနေနဲ့ အမြဲတမ်းလိုလို ပါဝင်နေကြတာ တွေ့မြင်နေရပါတယ်။ ဒီလိုမျိုး ကျောင်းသားလူငယ်တွေ ပါဝင် နေတာဟာ ဘယ်သူကြောင့်လဲ၊ ဘာကြောင့်လဲဆိုတာ ပြောချင်စရာ ဖြစ်လာပါတယ်။

အဆိုးဆုံးကတော့ NLDပါတီ၏ ဥက္ကဌဖြစ်သူ ဒေါ်စုက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲမှာ အသက် ၁၈နှစ်အောက် ကျောင်းသားလူငယ်တွေအနေဖြင့် တရားဝင် မဲပေးပိုင်ခွင့်မရှိသော်လည်း မိဘဆွေမျိုးသားချင်းများကို မဲထည့်ဖို့ စည်းရုံးလှုံဆော်ကြရန် ပြောကြားသွားခဲ့တာ တွေ့ရပါတယ်။

တကယ်တော့ ဒီလိုအရွယ်ကျောင်းသားလူငယ်တွေဆိုတာ ဆယ်တန်းအောင်ပြီး မိဘတွေဆီမှာ မှီခိုရင်း ပိုက်ဆံကို လက်ဖြန့်တောင်းကာ တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားနေရတဲ့ အရွယ်တွေပဲ ဖြစ်ပါတယ်။ တစ်ချို့ ကတော့ မိဘတွေမပြေလည်လို့  ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ကိုယ့်ခြေထောက်ပေါ်ကိုရပ်ရင်း ကျောင်းတက်နေတာတွေ လည်း ရှိပါတယ်။ 
ပြောရရင်တော့ ကျောင်းသားအရွယ်ဆိုတာ အပျံသင်ကာစအရွယ်သာဖြစ်ပြီး အသိဥာဏ်နည်းပါး ကြပါသေး တယ်။ ပညာသင်ကြားနေရဆဲဖြစ်တဲ့ ကိုယ့်တစ်ကိုယ်စာ  ဘ၀ခရီးလမ်း အချိန်ပိုင်းလေးမှာတောင် အမှားအယွင်းမရှိဖို့ တိမ်းစောင်းယိုင်လဲမသွားဖို့ကို လူကြီးမိဘတွေက အမြဲတမ်း ဘေးကနေ ၀ိုင်းဝန်းဖေးမ ထိန်းသိမ်းပေးနေရတာ ဖြစ်ပါ တယ်။

ဒီလိုမျိုး ကိုယ့်ဘ၀ကိုတောင် လမ်းမမှားအောင် အဘက်ဘက်ကနေ လူကြီးမိဘတွေက ထိန်းကျောင်း ပေးနေရ တဲ့ ကျောင်းသားလူငယ်တွေကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး …စတာတွေကို စဉ်းစားခိုင်းမယ်ဆိုရင်  တွေးခေါ် စဉ်းစား ဥာဏ်ပိုင်းဆိုင်ရာမှာ ဘယ်လိုမှ ပြည့်စုံမှာ မဟုတ်ပါဘူး။ မှန်ကန်စွာ ပိုင်းခြားတက်တဲ့ အတွေ့အကြုံမျိုးဆိုရင် ပိုဆိုးပြီး လုံးဝနီးပါး မရှိတာက များပါတယ်။ သူတို့မှာရှိနိုင်လှ၊ တာဝန်ယူနိုင်လှဆိုရင် ကျောင်းသားရေးရာနဲ့ သက်ဆိုင် တာထက် မပိုပါဘူး။

ဒီလိုအရွယ် ကျောင်းသားလူငယ်တွေဆိုတာ နုနယ်သေးတဲ့အတွက် အရောင်ဆိုးရတာ လွယ်ပါတယ်။ ခြယ်လှယ် ကြိုးကိုင်ပြီး လိုသလို ပုံသွင်းလို့ရနိုင်ပါတယ်။ ပြည်သူလူထုထဲက အများဆုံးအင်အားဖြစ်တဲ့အပြင် သူတို့ပါလာရင် မိဘသားချင်းတွေပါ ပါလာမယ်ဆိုတာ သူတို့သိနေပါတယ်။

 တိုင်းပြည်ရဲ့ အနာဂတ် ကြယ်ပွင့်လေးတွေဖြစ်လို့ အရေးယူမှု ပိုင်းဆိုင်ရာမှာလည်း ထိလွယ်ရှလွယ်ပြီး အုပ်ချုပ်သူ အစိုးရအနေနဲ့ အခက်အခဲများ ဖြစ်စေနိုင်ပါတယ်။ ကျောင်းသား လူငယ်တွေနဲ့ ပတ်သက်လာရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာလည်း ၀ိုင်းဝန်း အရှုတ်ချခံရဆုံးနဲ့ ဖိအားပေးအခံရဆုံးလည်း ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဘယ်လို အတိုက်အခံအဖွဲ့အစည်းမဆို၊ ဘယ်လိုမြေပေါ်မြေအောက် အဖွဲ့အစည်းမဆို၊ ဘယ်လို ဆန့်ကျင်ဘက် နိုင်ငံခြားတိုင်းပြည်တွေကမဆို ကိုယ်ကျိုးအတွက် ကျောင်းသားလူငယ်တွေကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ခေတ်တိုင်း အခါတိုင်းမှာ လိုသလိုအသုံးချနေခဲ့ကြတာဖြစ်တယ်ဆိုတာ သိစေချင်ပါတော့သည်။

ပေါက်စ
ယနေ့ခေတ် နိုင်ငံရေးပြောင်းလဲမှုတိုင်း၊ ဆန္ဒပြမှုတွေတိုင်း၊ ပဋိပက္ခတွေတိုင်းမှာ ကျောင်းသားလူငယ်တွေ တစ်ခန်း တစ်ကဏ္ဍအနေနဲ့ အမြဲတမ်းလိုလို ပါဝင်နေကြတာ တွေ့မြင်နေရပါတယ်။ ဒီလိုမျိုး ကျောင်းသား လူငယ်တွေ ပါဝင် နေတာဟာ ဘယ်သူကြောင့်လဲ၊ ဘာကြောင့်လဲဆိုတာ ပြောချင်စရာ ဖြစ်လာပါတယ်။ အဆိုးဆုံးကတော့ NLDပါတီ၏ ဥက္ကဌဖြစ်သူ ဒေါ်စုက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲမှာ အသက် ၁၈နှစ်အောက် ကျောင်းသားလူငယ်တွေအနေဖြင့် တရားဝင် မဲပေးပိုင်ခွင့်မရှိသော်လည်း မိဘဆွေမျိုး သားချင်းများကို မဲထည့်ဖို့ စည်းရုံးလှုံဆော်ကြရန် ပြောကြားသွားခဲ့တာ တွေ့ရပါတယ်။တကယ်တော့ ဒီလို အရွယ်ကျောင်းသားလူငယ်တွေဆိုတာ ဆယ်တန်းအောင်ပြီး မိဘတွေဆီမှာ မှီခိုရင်း ပိုက်ဆံကို လက်ဖြန့် တောင်းကာ တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားနေရတဲ့ အရွယ်တွေပဲ ဖြစ်ပါတယ်။ တစ်ချို့ ကတော့ မိဘတွေမပြေလည်လို့ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ကိုယ့်ခြေထောက်ပေါ်ကိုရပ်ရင်း ကျောင်းတက်နေတာ တွေ လည်း ရှိပါတယ်။ 

ကေအိုင်အေ အရာရှိနှစ်ဦးကို မူးယစ်နှင့် လက်နက်ခဲယမ်းမှုများဖြင့် ဖမ်းဆီးစစ်ဆေး

ကချင်ပြည်နယ်အတွင်း တပ်မတော် စစ်ကြောင်းများက ဇွန်လ နောက်ဆုံးပတ်၌ ကေအိုင်အေ အရာရှိနှစ်ဦး ကို မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းမှုတို့ဖြင့် ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တွင်း အဓိကလမ်းမကြီးများပေါ်တွင် ယာဉ်ရပ်နားခြင်းနှင့် ကုန်တင်ကုန်ချပြုလုပ်ခြင်း ကို အချိန်ကန့်သတ်သွားမည်

မန္တလေး၊ ဇူလိုင် ၁၄- မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ယာဉ်ကြောပိတ် ဆို့မှုမရှိစေရေးနှင့် ယာဉ်တိုက်မှုအန္တ ရာယ်ကင်းဝေးစေရေးအတွက် ရည်ရွယ်ကာ မြို့တွင်း အဓိက လမ်းမကြီး များ၏လမ်းဘေးဝဲယာ များ တွင် မော် တော် ယာဉ်များနှင့် ကုန်တင်ခေါက် တိုယာဉ်များ ရပ် နားခြင်း၊ ကုန်တင် ကုန်ချပြုလုပ်ခြင်းတို့အတွက် အချိန် ကန့်သတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်သူများ ခြေချုပ်နှင့် ခံဝန်ဥပဒေ ပြင်ဆင်မည်

၁၉၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြစ်မှု ကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန် ဥပဒေကို ပြင်ဆင်ရန် ပြည် ထဲရေး ဝန်ကြီးဌာနမှ လက်ခံခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ဆူးလေရှန်ဂရီလာဗုံးပေါက်မှုတွင် စွဲချက်တင်ခံရသူက အမှုကို ပယ်ဖျက်ပေးရန် တိုင်းရုံးသို့ လျှောက်တင်မည်

Photo: ဆူးလေရှန်ဂရီလာဗုံးပေါက်မှုတွင် စွဲချက်တင်ခံရသူက အမှုကို ပယ်ဖျက်ပေးရန် တိုင်းရုံးသို့ လျှောက်တင်မည်
Tuesday, July 15, 2014

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ယခင်ကုန်သည်ကြီးများ ဟိုတယ်ဗုံးပေါက်မှုနှင့် အလုံမြို့နယ်အတွင်းရှိ WESTERN PARK RUBY စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှုနှင့် ပတ်သက်၍ စွဲချက်တင်ခံထားရသူ သုံးဦးအနက်မှ ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုဇော်လတ်မော်အပေါ် စွဲချက်ကို ပယ်ဖျက်ပေးရန် တိုင်းတရားရုံးသို့ လျှောက်တင်သွားမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင်က ပြောသည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည့် ဖြစ်စဉ်များအတွက် စောမြင့်လွင်၊ ဦးမြဖူးနှင့် ကိုဇော်လတ်မော်တို့ကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ပေါက်ကွဲစေတတ်သော ဥပဒေပုဒ်မ-၃ ဖြင့် ဇူလိုင် ၂ ရက်တွင် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၄ ရက်ရုံးချိန်းတွင် အလုံမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး ၀င်းနိုင် အပါအ၀င် ပြန်ခေါ်သက်သေ လေးဦးကို စစ်ဆေးမည်ဖြစ်သော်လည်း သက်သေများလာရောက်ခဲ့ခြင်း မရှိသဖြင့် ဇူလိုင်၂၄ ရက်သို့ ရွှေ့ဆိုင်းလိုက်ပြီး ယင်းနေ့တွင် ကိုဇော်လတ်မော်၏ စွဲချက်ကိုပယ်ဖျက်ရေးအတွက် တိုင်းတရားရုံးသို့ လျှောက်တင်သွားမည် ဖြစ်သည်။

ကိုဇော်လတ်မော်သည် ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်မှုနှင့် WESTERN PARK RUBY စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှုများတွင် ဗုံးထောင်သူဟု စွဲချက်တင်ခံထားရသည့် စောမြင့်လွင်ကို ကားမောင်းပြီး ပို့ဆောင်ပေးခဲ့သည့် ယာဉ်မောင်းကို ဗုံးထောင်မှုများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ တရားစွဲဆိုထားသည်။

“ကျွန်တော်က ဗုံးထောင်မှုတွေရဲ့အဓိကကျူးလွန်သူလို့ ယူဆထားတဲ့ စောနေတိုးနဲ့ စစ်ကိုင်းဘက်မှာ ရှိနေတာပါ၊သူနဲ့ (ကျွန်တော်က)လည်း ပတ်သက်မှုမရှိဘဲ ကျွန်တော်တို့ ကုမ္ပဏီက ကားကို ငှားတယ်၊ ကျွန်တော်က ယာဉ်မောင်းဖြစ်လို့ လိုက်ပို့ပေးတာ”ဟု ကိုဇော်လတ်မော်က ပြောသည်။

အဆိုပါနေ့များတွင် စောမြင့်လွင်ကို လိုက်ပို့သည့် ယာဉ်မောင်းမှာ ကိုမင်းဦးဆိုသူဖြစ်ပြီး ၎င်းကိုယ်တိုင်ကပင် စောမြင့်လွင်ကို လိုက်ပို့ခဲ့သည်ဟု တရားရုံးတွင် ထွက်ဆိုထားခဲ့ပြီးဖြစ်သည်ဟု ကိုဇော်လတ်မော်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃၊ အောက်တိုဘာလ ၁၄ ရက်က ကျောက်တံတားမြို့နယ်အတွင်းရှိ ယခင်ကုန်သည်ကြီးများ ဟိုတယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အမေရိကန်နိုင်ငံသူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ယင်းနေ့တွင်ပင် အလုံမြို့နယ်အတွင်းရှိ WESTERN PARK RUBY စားသောက်ဆိုင်တွင် ဗုံးတစ်လုံးကို တွေ့ရှိခဲ့ သည်။

Mizzima - News in Burmese 

၂၀၁၃ အောက်တိုဘာ ၁၅ ရက်က ယခု ရှန်ဂရီလာဟိုတယ် (ယခင် ကုန်သည်ကြီးများဟိုတယ်)တွင် ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေးယူထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ
၂၀၁၃ အောက်တိုဘာ ၁၅ ရက်က ယခု ရှန်ဂရီလာဟိုတယ် (ယခင် ကုန်သည်ကြီးများဟိုတယ်)တွင် ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေးယူထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ယခင်ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက် မှုနှင့် အလုံမြို့နယ်အတွင်းရှိ WESTERN PARK RUBY စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှုနှင့် ပတ် သက်၍ စွဲချက်တင်ခံထားရသူ သုံးဦးအနက်မှ ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုဇော်လတ်မော်အပေါ် စွဲချက်ကို ပယ်ဖျက်ပေးရန် တိုင်းတရားရုံးသို့ လျှောက်တင်သွားမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင် က ပြောသည်။

တောင်ကိုရီးယား နယ်စပ် မြောက်ကိုရီးယား လက်နက်ကြီးနဲ့ပစ်ခတ်

Photo: တောင်ကိုရီးယား နယ်စပ် မြောက်ကိုရီးယား လက်နက်ကြီးနဲ့ပစ်ခတ်
Tuesday, July 15, 2014 

 မြောက်ကိုရီးယားနိုင်ငံဟာ အရှေ့ပင်လယ်ပြင်ထဲကို ဒီကနေ့ အစောပိုင်း လက်နက်ကြီးကျည် အတော်များများနဲ့ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာက ပြောခွင့်ရသူက မြောက်ကိုရီးယားက ဂမ်ဝန်းပြည်နယ်၊ ကမ်မန်းတောင်ရဲ့ကမ်းရိုးတန်းကနေ မြောက်ပိုင်း နယ်နိမိတ်စည်းအနီးက ရေပြင်ထဲကို ဒုံးကျည်အတော်များများ အပါအဝင် လက်နက်ကြီးကျည် ၁၀၀ လောက် ဒီကနေ့ နေ့လည်ပိုင်းမှာ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားဘက်က ရန်စမှုမှန်သမျှကို ရင်ဆိုင်နိုင်ဖို့ တောင်ကိုရီးယားစစ်တပ်ဟာ အဆင်သင့်ရှိနေပြီး တကယ်လို့ မြောက်ကိုရီးယားဘက်က အဲဒီ မြောက်ပိုင်းနယ်နိမိတ်စည်းရဲ့ တောင်ပိုင်း ရေပြင်ထဲကို ပစ်ခတ်လာမယ်ဆိုရင်တော့ တောင်ကိုရီးယားဘက်ကနေ တုံ့ပြန် အရေးယူမှုတွေ လုပ်ရလိမ့်မယ်လို့လည်း ပြောပါတယ်။ ဒိမတိုင်ခင်ရက်မှာတော့ မြောက်ကိုရီးယားက အရှေ့ဘက် ရေပြင်ထဲကို ပဲ့ထိန်း ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့တဲ့အတွက်လည်း ဂျပန်ဖက်က မြောက်ကိုရီးယားကို ကန့်ကွက်ခဲ့တာပါ။

မြောက်ကိုရီးယားဘက်က အခုလို ဒုံးကျည်ပစ်ခတ်မှုတွေဟာ မြောက်ကိုရီးယားအနေနဲ့ ဒုံးလက်နက် နည်းပညာအသုံးပြုမှု စမ်းသပ်မှုတွေကို တားမြစ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အာခံဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

http://burmese.voanews.com/content/south-korea-warns-north-korea-firing-rocket-in-east-sea-/1957084.html

မြောက်ကိုရီးယားက ဒုံးလက်နက် ပစ်ခတ်မှုသတင်းကို စောင့်ကြည့်နေကြတဲ့ တောင်ကိုရီးယားပြည်သူများ (ဂျူလိုင် ၁၄၊ ၂၀၁၄)
မြောက်ကိုရီးယားက ဒုံးလက်နက် ပစ်ခတ်မှုသတင်းကို စောင့်ကြည့်နေကြတဲ့ တောင်ကိုရီးယားပြည်သူများ (ဂျူလိုင် ၁၄၊ ၂၀၁၄)

 မြောက်ကိုရီးယားနိုင်ငံဟာ အရှေ့ပင်လယ်ပြင်ထဲကို ဒီကနေ့ အစောပိုင်း လက်နက်ကြီးကျည် အတော် များ များ နဲ့ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

လားရှိုးမြို့ရှိ ပုဂ္ဂလိကဘဏ်နှစ်ခုအနီး ပေါက်ကွဲမှုဖြစ်စဉ်မှာ နှစ်လ နီးပါး ကြာနေပြီ ဖြစ်သော်လည်း ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိသေး

ရှမ်းပြည်နယ် လားရှိုးမြို့ရှိ ပုဂ္ဂလိကဘဏ်နှစ်ခုအနီး ပေါက်ကွဲမှုဖြစ်စဉ်မှာ နှစ်လနီးပါးကြာမြင့်နေပြီဖြစ်သော် လည်း ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း လားရှိုးမြို့မရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဆွေဝင်း က ဇူလိုင် ၁၄ ရက် နံနက်က ပြောကြားသည်။

မြန်မာနိုင်ငံ၌ မကြာမီ အချိန်ကာလ အတွင်း အင်တာနက် အသုံးပြုသူ ဦးရေ သုံးသန်းအထိ ရောက်ရှိ လာတော့မည်

Photo: မြန်မာနိုင်ငံ၌ မကြာမီ အချိန်ကာလ အတွင်း အင်တာနက် အသုံးပြုသူ ဦးရေ သုံးသန်းအထိ ရောက်ရှိ လာတော့မည်
Tuesday, July 15, 2014 

 မြန်မာနိုင်ငံ၌ တယ်လီဖုန်းများ တိုးတက် များပြားလာသည်နှင့် အမျှ မကြာမီမှာပင် မိုဘိုင်းလ်ဖုန်း အင်တာနက် သုံးစွဲသူဦးရေ သုံးသန်းအထိ ရောက်ရှိ လာတော့မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ သိရသည်။

အင်တာနက် သုံးစွဲမှု အပိုင်းတွင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ၂၅၁၃၂ဝ၅ ရှိခဲ့ရာမှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် မေလကုန်ထိ အင်တာနက် သုံးစွဲသူ ၂၉၁၉၆၁၈ ဦးအထိ တိုးတက် လာခဲ့သောကြောင့် မကြာမီ သုံးသန်းအထိ ရောက်ရှိတော့မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော်၏ တယ်လီဖုန်း သိပ်သည်းဆ တိုးတက် မြင့်မားလာစေရန်နှင့် ကျေးလက်မြို့ပြ ကွာဟမှုများ မရှိစေဘဲ ပြည်သူများ တယ်လီဖုန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် တယ်လီဖုန်း တိုးချဲ့ တပ်ဆင်ခြင်း လုပ်ငန်းများကို နှစ်စဉ် စီမံကိန်းများ ချမှတ်၍ ပြည် နယ်နှင့် တိုင်းဒေသကြီးများ၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ် အထိ တယ်လီဖုန်း ၃၅၉၈၁၁၃ လုံး၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် မေလအထိ တယ်လီဖုန်းပေါင်း ၉၃၆၁၉၉၈ လုံး တပ်ဆင် ပေးနိုင်ခဲ့သည်။

တယ်လီဖုန်း သိပ်သည်းဆမှာ ယခုနှစ် မေလကုန်တွင် ၁၅ ဒသမ ၆ဝ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
 မြန်မာနိုင်ငံ၌ တယ်လီဖုန်းများ တိုးတက် များပြားလာသည်နှင့် အမျှ မကြာမီမှာပင် မိုဘိုင်းလ်ဖုန်း အင်တာနက် သုံးစွဲသူဦးရေ သုံးသန်းအထိ ရောက်ရှိ လာတော့မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ သိရသည်။

အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသည့် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အမှု တိုင်းဒေသကြီးတရားလွှတ်တော်သို့ ဆက်လက်အယူခံဝင်မည်

ပခုက္ကူခရိုင်တရားရုံးတွင် စီရင်ချက်ချပြီးနောက် တွေ့ရသော ယူနတီအဖွဲ့သားများ
ပခုက္ကူခရိုင်တရားရုံးမှ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခဲ့သည့် ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အမှုအား မကွေးတိုင်းဒေ သ ကြီး တရားလွှတ်တော်သို့ ဆက်လက် အယူခံဝင်သွားမည်ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေများနှင့် ၎င်းတို့၏ မိသားစုဝင်များ ပြောကြားချက်အရ သိရသည်။

နိုင်ငံတော်သမ္မတအား တပ်မတော်က နှစ်စဉ်ပုံမှန်အခမ်းအနားဖြင့် ချီတက်အလေးပြုသောနေ့ သတ်မှတ်ရန်မှာ နိုင်ငံတော်သမ္မတကြီး၏ စိတ်ဆန္ဒသဘောအတိုင်းဖြစ်ကြောင်း ကာကွယ်ရေးဒုဝန်ကြီး လွှတ်တော်၌ ဖြေကြား - See more at: http://news-eleven.com/politic/%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%9E%E1%80%99%E1%81%BC%E1%80%90%E1%80%A1%E1%80%AC%E1%80%B8-%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%80-%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%85%E1%80%A5%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%80%99%E1%80%BD%E1%80%94%E1%80%B9%E1%80%A1%E1%80%81%E1%80%99%E1%80%B9%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-%E1%80%81%E1%80%BA%E1%80%AE%E1%80%90%E1%80%80%E1%80%B9%E1%80%A1%E1%80%B1%E1%80%9C%E1%80%B8%E1%80%BB%E1%80%95%E1%80%B3%E1%80%B1%E1%80%9E%E1%80%AC%E1%80%B1%E1%80%94%E1%82%94-%E1%80%9E%E1%80%90%E1%80%B9%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%9B%E1%80%94%E1%80%B9%E1%80%99%E1%80%BD-0#sthash.Er44zU2C.KIKr2P2r.dpuf

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က အမျိုးသားလွှတ်တော်၌ ဖြေကြားစဉ်
နိုင်ငံတော်သမ္မတအား ချီတက်အလေးပြုရန်မှာ နိုင်ငံတော်သမ္မတကြီး၏ စိတ်ဆန္ဒသဘော အတိုင်းဖြ စ်ကြော င်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က ပြောကြားသည်။

ရန်ကုန်မြို့၌ သုံးရက်အတွင်း လမ်းပြောင်းပြန်မောင်းနှင်သည့် ခရီးသည်တင်ယာဉ်မောင်းများ အပါအ၀င် စည်းကမ်းမဲ့ယာဉ်မောင်း တစ်ရာကျော်အား လိုင်စင် ခြောက်လပိတ်သိမ်း

Photo: ရန်ကုန်မြို့၌ သုံးရက်အတွင်း လမ်းပြောင်းပြန်မောင်းနှင်သည့် ခရီးသည်တင်ယာဉ်မောင်းများ အပါအ၀င် စည်းကမ်းမဲ့ယာဉ်မောင်း တစ်ရာကျော်အား လိုင်စင် ခြောက်လပိတ်သိမ်း
Tuesday, July 15, 2014 

ရန်ကုန်တိုင်းဒေသကြီး၌ သုံးရက်အတွင်း လမ်းပြောင်းပြန်မောင်းနှင်သည့် ခရီးသည်တင်ယာဉ်မောင်းများအပါအဝင် အခြားစည်းကမ်းပျက်မောင်းနှင်သည့် ယာဉ်မောင်းတစ်ရာကျော်အား ယာဉ်မောင်းလိုင်စင် ခြောက်လ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက ဇူလိုင် ၁၄ ရက်တွင် စုံစမ်းသိရှိရသည်။

စည်းကမ်းပျက်မောင်းနှင်မှုအပေါ်မူတည်ပြီး ယာဉ်မောင်းအား ယာဉ်မောင်းလိုင်စင် ခြောက်လမှ လေးနှစ်အထိ ပိတ်သိမ်းအရေးယူမှုကို ဇူလိုင် ၁၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ စတင်သည့် ဇူလိုင် ၁၁ ရက် မှ ဇူလိုင် ၁၃ ရက်အထိ သုံးရက်အတွင်း ယာဉ်အစီးရေ တစ်ရာကျော်မှ စည်းကမ်းဖောက်ဖျက်မှုကို စစ်ဆေးဖမ်းဆီးခဲ့ပြီး အဆိုပါယာဉ်မောင်းများ၏ ယာဉ်မောင်းလိုင်စင်အား ခြောက်လ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

“သုံးရက်အတွင်းမှာ စည်းကမ်းမဲ့မောင်းနှင်တဲ့ ယာဉ်အစီးရေ ၁ဝဝ ကျော်ကို စစ်ဆေးဖမ်းဆီးခဲ့တယ်။ အဲဒီယာဉ်မောင်းတွေကို ဒဏ်ငွေကျပ် ၁၅ဝဝ ရိုက်မယ်။ ပြီးရင် စည်းကမ်းဖောက်ဖျက်မှုအပေါ်မူတည်ပြီးတော့ ကညနက လိုင်စင်တွေ ပိတ်သိမ်းသွားမယ်။ အခုချိန်မှာတော့ အဲဒီစည်းကမ်းမဲ့ယာဉ်မောင်းအများစုကို ယာဉ်မောင်းလိုင်စင် ခြောက်လပိတ်သိမ်းသွားမှာပါ”ဟု  ဒုတိယရဲမှူးကြီးလင်းထွဋ်က ဆက်လက်ပြောကြားသည်။

အဆိုပါယာဉ်အစီးရေ ၁ဝဝ ကျော်မှာ မီးနီဖြတ်ခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ ဟွန်းရှည်တီးခြင်း၊ ယာဉ်မရပ်ရသည့် လမ်း ၈၂ လမ်းတွင် ယာဉ်ရပ်ခြင်းစသည့် ပြစ်မှုများ အများဆုံးကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့ရခြင်း၏ အကြောင်းရင်းများအနက် ယာဉ်မောင်းများ စည်းကမ်းဖောက်ပြီး မောင်းနှင်သည့်အချက်တစ်ချက်လည်း ပါဝင်ကြောင်း သိရသည်။

စည်းကမ်းဖောက်သည့်ယာဉ်များအနက် ရာခိုင်နှုန်း ၇ဝ မှာ ခရီးသည်တင်ယာဉ်များ ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Eleven Media Group 

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း စည်းကမ်းပျက်ယာဉ်များအား စစ်ဆေးဖမ်းဆီးနေသည့် ယာဉ်ထိန်းရဲတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း စည်းကမ်းပျက်ယာဉ်များအား စစ်ဆေးဖမ်းဆီးနေသည့် ယာဉ်ထိန်းရဲ တစ်ဦး ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်းဒေသကြီး၌ သုံးရက်အတွင်း လမ်းပြောင်းပြန်မောင်းနှင်သည့် ခရီးသည်တင်ယာဉ်မောင်းများ အပါ အဝင် အခြားစည်းကမ်းပျက်မောင်းနှင်သည့် ယာဉ်မောင်းတစ်ရာကျော်အား ယာဉ်မောင်းလိုင်စင် ခြောက်လ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက ဇူလိုင် ၁၄ ရက်တွင် စုံစမ်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျသံအမတ်တို့ နေပြည်တော်သို့ သွားရောက်တွေ့ဆုံ

အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်၊ ဗြိတိန်သံအမတ်အန်ဒရူးပတ်ထရစ်နှင့် သြစတြေးလျသံအမတ် Ms.Bronte Moules တို့ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်တွင် ဇူလိုင် ၁၄ ရက်က တွေ့ဆုံနေကြ စဉ် (Photo: NLD)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား အမေ ရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျနိုင်ငံများမှ သံအမတ်များသည်  ဇူလိုင် ၁၄ ရက်တွင် တစ်ပြိုင်နက်တည်း လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Monday, 14 July 2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်တဲ့ အဖွဲ့ NCCT အဖွဲ့ဝင်များနှင့် MPC အဖွဲ့များ နှင့်ထပ်မံတွေ့ဆုံ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး ထပ်မံဆွှေးနွေးရေးအတွက် ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT နဲ့ မြန်မာငြိမ်း ချမ်းရေး ဗဟိုဌာန MPC က ဦးလှမောင်ရွှေနဲ့ အဖွဲ့ဝင်တွေ မနေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့ မှာ တွေ့ဆုံခဲ့ကြ ပါတယ်။ ဇူလိုင် ၂၄ ရက်နေ့ လိုင်ဇာမြို့မှာ စတင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲအပြီး အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ NCCT တို့ ထပ်မံတွေ့ဆုံဆွေးနွေးဖို့အတွက်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးဗဟိုဌာန MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။ 

လေးပွင့်မဆိုင်နိုင်သေးသည့် ကြီးလေးကြီး၏ လက်တလော လှုပ်ရှားမှုများ

လေးပွင့်ဆိုင် ဆွေးနွေးရေး တောင်းဆိုနေကြချိန်တွင် လေးပွင့်မဆိုင်နိုင်သေးသည့် ကြီးလေးကြီး ယခု ရက်ပိုင်း အတွင်း ဘာတွေလုပ်နေကြလဲဆိုတာကို သတိထားလေ့လာကြည့်မိသည်။ ဇူလိုင်လ ၉ ရက်နေ့ညနေက ဦးရွှေမန်း နှင့် ဂျပန်-မြန်မာ ပါလီမန်ဆိုင်ရာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Hon. Mr. Ichiro AISAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်တွင် တွေ့ကြ သည်။

ပညာရေး ဝန်ကြီးဌာနမှ မူလတန်း ကျောင်းများ အတွက် ပထမအကြိမ် ထောက်ပံ့ကြေး ပေးအပ်

နိုင်ငံတော်မှ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို နိုင်ငံအတွင်းရှိ ဒေသ အသီးသီး၌ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ပညာရေး ဝန်ကြီးဌာန အနေဖြင့် မူလတန်း ကျောင်းများ အတွက် ပထမအကြိမ် ထောက်ပံ့ကြေး ပေးခြင်းကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

ဖွဲ့စည်းပုံပြင်ဆင်ရေးဟောပြောပွဲလာသောNLD အဖွဲ့ဝင်တစ်ဦး ရုတ်တရက်လဲကျသေဆုံး

Photo: ဖွဲ့စည်းပုံပြင်ဆင်ရေးဟောပြောပွဲလာသောNLD အဖွဲ့ဝင်တစ်ဦး ရုတ်တရက်လဲကျသေဆုံး
Monday, 14 July 2014 

ပခုက္ကူမြို့တွင်ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးလူထုဟောပြောပွဲတက်ရောက် ရန် မြိုင်မြို့နယ်၊ ပေါက်ပြင်းကျေး ရွာမှNLD အဖွဲ့ဝင်များဖြစ်သည့် ဦးစံဌေး၊ ဦးမြသိန်းတို့ပါဝင်သော အဖွဲ့သည် ကား (၂၂) စီးခန့်နှင့် အတူပခုက္ကူမြို့သို့ဇူလိုင် ၁၂ ရက် နံနက် (၀၇၃၀) နာရီအချိန်ခန့်တွင် ရောက်ရှိခဲ့ပြီး၊ ရွှေချောင်းတံတား အနီး၌ကားများပိတ်မိနေသဖြင့် ယင်းနေရာ၌ပင်ကားကိုထားခဲ့ပြီး ဟောပြောပွဲရှိရာနေရာသို့ရွှေချောင်း တံတားအမှတ် (၂) အောက်၊ ရွှေချောင်းအတိုင်းလမ်းဆင်းလျှောက် ခဲ့ရာ (၀၉၀၀) နာရီအချိန်ခန့်တွင် ရွှေချောင်းအရှေ့ဘက်ဟော ပြောပွဲအနီးရှိကျောက်မိကျောင်း ဘုန်းတော်ကြီးကျောင်းအနောက် ဘက်မုခ်အနီးသို့ရောက်ရှိခဲ့စဉ် ဦးမြသိန်း (NLD ပါတီဝင်) မှာခေါင်း မူးကာလမ်းလျှောက်နေစဉ်ရုတ်တ ရက်လဲကျသွားသဖြင့် (၀၉၃၀) နာရီအချိန်ခန့်တွင်ပုညမုဒိတာနာ ရေးကူညီမှုအသင်းယာဉ်ကိုခေါ် ဆောင်ကာ ပခုက်္ကူဆေးရုံကြီးသို့ တင်ဆောင်လာစဉ် (၁၀း၀၀) နာရီအချိန်ခန့်ဆေးရုံကြီးမရောက် မီလမ်း၌ပင်သေဆုံးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ဦးမြသိန်းကိုရဲဆေးစာပေးပို့ပြီး၊ သေဆုံးရသည့်ကိစ်္စကိုစီစစ်ရာတွင် ဦးမြသိန်းမှာသွေးတိုးရောဂါခံစား နေရကြောင်းသိရသဖြင့်ရုတ်တရက် သေဆုံးမှုအပေါ်ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်သိရှိ ရန် သေမှုသေခင်းအမှတ်စဉ် (၁၁/ ၂၀၁၄)ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Hot News Journal
ပခုက္ကူမြို့တွင်ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးလူထုဟောပြောပွဲတက်ရောက် ရန် မြိုင်မြို့နယ်၊ ပေါက်ပြင်းကျေး ရွာမှNLD အဖွဲ့ဝင်များဖြစ်သည့် ဦးစံဌေး၊ ဦးမြသိန်းတို့ပါဝင်သော အဖွဲ့သည် ကား (၂၂) စီးခန့်နှင့် အတူပခုက္ကူမြို့သို့ဇူလိုင် ၁၂ ရက် နံနက် (၀၇၃၀) နာရီအချိန်ခန့်တွင် ရောက်ရှိခဲ့ပြီး၊ ရွှေချောင်းတံတား အနီး၌ကားများပိတ်မိနေသဖြင့် ယင်းနေရာ၌ပင်ကားကိုထားခဲ့ပြီး ဟောပြောပွဲရှိရာနေရာ သို့ရွှေချောင်း တံတားအမှတ် (၂) အောက်၊ ရွှေချောင်းအတိုင်းလမ်းဆင်းလျှောက် ခဲ့ရာ (၀၉၀၀) နာရီအချိန်ခန့် တွင် ရွှေချောင်းအရှေ့ဘက်ဟော ပြောပွဲအနီးရှိကျောက်မိကျောင်း ဘုန်းတော်ကြီးကျောင်း အနောက် ဘက်မုခ်အနီးသို့ရောက်ရှိခဲ့စဉ် ဦးမြသိန်း (NLD ပါတီဝင်) မှာခေါင်း မူးကာလမ်းလျှောက်နေစဉ် ရုတ်တ ရက်လဲကျသွားသဖြင့် (၀၉၃၀) နာရီအချိန်ခန့်တွင်ပုညမုဒိတာနာ ရေးကူညီမှုအသင်းယာဉ်ကိုခေါ် ဆောင်ကာ ပခုက်္ကူဆေးရုံကြီးသို့ တင်ဆောင်လာစဉ် (၁၀း၀၀) နာရီအချိန်ခန့်ဆေးရုံကြီးမရောက် မီလမ်း၌ ပင်သေဆုံးသွားခဲ့သည်။

အကြမ်းဖက်ပဋိပက္ခတွေ ဖန်တီးပြီး ဒီမိုကရေစီကို ပျက်ရယ်ပြုနေတာလား

Photo: အကြမ်းဖက်ပဋိပက္ခတွေ ဖန်တီးပြီး ဒီမိုကရေစီကို ပျက်ရယ်ပြုနေတာလား
Monday, 14 July 2014

ဘာသာရေးအကြောင်းပြကာ ဖြစ်ပွားလာသည့် အကြမ်းဖက်ပဋိပက္ခကြီးများ မြန်မာနိုင်ငံနေရာအနှံ့ ဖြစ်ပွားခဲ့ပြီးနောက် ပဋိပက္ခများ ထပ်မံဖြစ်ပွားနိုင်မည် ဟူသော သတင်းစကားများက ကောလာဟာလ အသွင်ဆောင်ကာ လူထုအကြား ပျံ့နှံ့လျက် ရှိသည်။

ကောလာဟာလများဖြစ်ပေါ်ပြီး ရက်ပိုင်းအတွင်းမှာပင် အမှန်တကယ် ဖြစ်ပွားလာခဲ့ပြန်သည်။ မကြာမီက မန္တလေးမြို့တွင် ရာဇ၀တ်မှုတစ်ခုကို အကြောင်းပြုကာ အကြမ်းဖက်ပဋိပက္ခကြီး ဖြစ်ပွားခဲ့သည်။ ဘာသာတိုင်း မလိုလားသည့် အကြောင်း ကိစ္စရပ်များကို အခြေခံပြီး လူအများ နာကြည်းစေနိုင်သည့် လုပ်ရပ်များကို အကြောင်းပြုဖန်တီးကာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခခေါင်းစဉ်တပ်လာခဲ့ကြသည်။

အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ဖွဲ့စည်းထားသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ အမြုတေအဖွဲ့ဝင် ဟာဂျီ ဦးအေးလွင်က “အခုဖြစ်တဲ့ ပဋိပက္ခတွေက ဘာသာကြီးနှစ်ခုရဲ့ပယောဂကြောင့် မဟုတ်ဘူး။ ဖန်တီးချင်တဲ့သူတွေက တမင်အကွက်ချပြီးလုပ်နေတာ။ ဘာသာရေးကို အကြောင်းပြပြီး မသမာသူတွေက အသုံးချနေတာ” ဟု ဆိုသည်။

တမင်ဖန်တီးတဲ့ အကြမ်းဖက်ပဋိပက္ခတွေဘာကြောင့် ဆက်တိုက်ဖြစ်နေ တာလဲ

ထိုအကြမ်းဖက်မှုများ စစ်အစိုးရ လက်ထက်က ဘာကြောင့် မဖြစ်ခဲ့သနည်း။

ထိုပဋိပက္ခများ၏ နောက်ကွယ်တွင် လူတစ်စု၊ အဖွဲ့အစည်းတစ်ခု ပါဝင်ပတ်သက်နေသည်ဆိုသည်ကိုပင် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ထုတ်ဖော်ပြောကြားလိုက်ပြီ ဖြစ်သည်။

“အခု မန္တလေးမြို့မှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ တမင်ဖန်တီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်”ဟု သမ္မတ၏ ဇူလိုင် ၇ ရက်မိန့်ခွန်းတွင် အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပဋိပက္ခတိုင်းတွင် လူတစ်စုက အကွက်ကျကျ ဖန်တီးနေသည်ဆိုသည်ကိုတော့ အဖွဲ့အစည်းတိုင်း၊ လူထုအများစုက လက်ခံထားပြီ ဖြစ်သည်။

ဤအကြောင်းကို ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များက သက်သေထူလျက် ရှိသည်။

ဆက်တိုက်ဖြစ်လာတဲ့ အကြမ်းဖက်ပဋိပက္ခများ

၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် ကျောက်နီမော်တွင် ဖြစ်ပွားခဲ့သည့် မသီတာထွေးဖြစ်စဉ်နှင့် အစပြုဆက်စပ်ကာ တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ၁၀ ဦး သတ်ဖြတ်ခံခဲ့ရသည်။ ထို့နောက် မောင်းတောမြို့သို့ အဆိုပါပဋိပက္ခမှာ ကူးစက်ပျံ့နှံ့ခဲ့ပြီး အစ္စလာမ်ဘာသာဝင်များက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများကို ဖျက်ဆီးရာမှ ဘာသာနှစ်ခုကြား အမုန်းတရားများ ပိုမိုကြီးထွား ကျယ်ပြန့်လာခဲ့သည်။ ထိုဖြစ်စဉ်များကပင် စနစ်တကျ ချိန်ကိုက် လုပ်ဆောင်နေသည့်အလား ရက်မခြား ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့သည်။

အကြမ်းဖက် ပဋိပက္ခတိုင်းတွင် ထိလွယ်ရှလွယ်သည့် ကိစ္စရပ်များကို အခြေခံပြီး ဖြစ်ပွားလာသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လူသားတိုင်း နာကြည်းမုန်းတီးစေမည့် လူသတ်မှုများသာမက ဘာသာရေးဆိုင်ရာ ထိခိုက်လွယ်သည့် အကြောင်းအရာကို အသုံးချကာ ပဋိပက္ခ ကျယ်ပြန့်စေရန်နှင့် ကြီးထွားစေရန် လှုံ့ဆော်မှုများမှ တစ်ဆင့် ဖြစ်ပွားလာခဲ့သည်။

၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်က မိတ္ထီလာမြို့ ရွှေဆိုင်တစ်ခုတွင် လူမှုရေးကိစ္စအကြောင်းပြုကာ အငြင်းပွားမှုမှစတင်ပြီး အဓိကရုဏ်း အသွင်ဆောင်သည့် အကြမ်းဖက်မှုကြီးတွင် ဒေသခံများမဟုတ်သူ မျက်နှာစိမ်းများက ဦးဆောင်ပါဝင်ခဲ့ပြီးနောက် ဒေသခံများ ပါဝင်လာစေရန် လှုံ့ဆော်ခဲ့သည်။

ထိုသူများက ပဋိပက္ခကြီးထွားစေရန် နှင့် ကူးစက်ပျံ့နှံ့စေရန် လုပ်ဆောင်ခဲ့သည်ဟု ပဋိပက္ခလေ့လာ စောင့်ကြည့်သူများက သုံးသပ်ကြသည်။ ထိုမိတ္ထီလာအရေးက မြို့နယ်ကြီး ငါးခုသို့ ကူးစက်ခဲ့သည်အထိ ကြီးမားခဲ့သည်။

ဟာဂျီဦးအေးလွင်က “အစုတစ်စုက စနစ်တကျ ဒါကို လုပ်တယ်။ ရခိုင်တုန်းကတော့ အငြင်းပွားဖွယ်ရာတွေ ရှိတော့ နားလည်ပေးစရာရှိတယ်။ မိတ္ထီလာမှာကျတော့ တော်တော်လေးကို စဉ်းစားစရာ ဖြစ်လာတယ်။ ကျူးလွန်တဲ့သူတွေက လူစိမ်းတွေ ဖြစ်နေတယ်။ ဒါပေမဲ့ လူစိမ်းတွေကို အတွင်းက လူတချို့ကတော့ ပူးပေါင်းပါဝင်တယ်။ ဒါကြောင့် ဒါဘယ်သူ့ဆိုင်၊ ဒါဘယ်သူ့အိမ်ဆိုတာ သိတယ်။ အဲဒါကြောင့် အစုအဖွဲ့ တစ်ခုက သေချာလုပ်တယ်ဆိုတာ ပြောနိုင်တာပါ” ဟု ပြောသည်။

မိတ္ထီလာနှင့် ဆက်စပ်မြို့ကြီးများတွင် ဖြစ်ပွားနေသည့် အဓိကရုဏ်းများ မတည်ငြိမ်သေးမီမှာပင် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၃၀ ရက် ဥက္ကံမြို့တွင်ဖြစ်ပွားသည့် ဗုဒ္ဓဘာသာ ကိုရင်တစ်ပါးနှင့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးတို့ ၀င်တိုက်မိရာက စတင်သော ဘာသာမတူသည့် လူမျိုးစုနှစ်စု အကြား အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာ နောက်ဆုံး ပတ်အတွင်း ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ဘာသာခြားတစ်ဦး၏ အိမ်ရှေ့တွင် သာသ နာ့အလံစိုက်ထူထားသော ဆိုင်ကယ်ရပ် ရာမှ အချင်းများကာ အခြားကျေးရွာများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြန်သည်။ ထို ပဋိပက်္ခတွင် လည်း ဒေသခံများမပါဝင်ဘဲ မျက်နှာစိမ်း လူတစ်စုက ဦးဆောင် ခဲ့သည်ဟု ဒေသခံ များက ဆိုကြပြန်သည်။

ထိုနည်းတူစွာပင် ၂၀၁၄၊ မတ်လ ၂၆ ရက်က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မာတေဇာ (Malteser)အမည်ရှိ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့မှ အမျိုးသမီးတစ်ဦးက သာသနာ့အလံကို ခါးအောက်ပိုင်းတွင် ပတ်သည်ဟုဆိုကာ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီး လူအုပ်စုဖွဲ့ တိုက်ခိုက်အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြန်သည်။

ဘာသာနှစ်ခု လူမျိုးစုကြားတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် ရခိုင်ပြည်နယ် နေရာအနှံ့အပြား၊ မိတ္ထီလာမြို့နှင့် ဆက်စပ်မြို့နယ် ငါးခု၊ လားရှိုး၊ ကန့်ဘလူ၊ ဥက္ကံ၊ မန္တလေးမြို့ကြီးများတွင် နှစ်နှစ်တာကာလအတွင်း ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့သည်။

မန္တလေးအဓိကရုဏ်း အဆိုးရွားဆုံးဖြစ်

မကြာမီရက်ပိုင်းကပင် ဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ အကြမ်းဖက်မှုကြီးသည် ပဋိပက္ခများ ဖြစ်စဉ်များတွင် အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုဟု စာရေးဆရာအောင်ချိန်ဘွားက မှတ်ချက်ပြုသည်။ အဘယ်ကြောင့်ဆိုသော် မန္တလေးပဋိပက္ခတွင် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က လူအုပ်စုကြီး၏ ဖျက်ဆီးမှုများတွင် ဟန့်တားမှု တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မရှိဘဲ အမိန့်စောင့်ဆိုင်းနေသည်ဆိုသည့် အဖြေအပေါ် အဆိုးရွားဆုံးလုပ်ရပ်ဟု ဆိုလေသည်။

“အမေရိကန်က ဒီနှစ် စီးပွားရေးပိတ်ဆို့ အရေးယူမှုတိုးမြှင့်ရတဲ့ အကြောင်းထဲမှာလည်း ပြည်တွင်းက လူမျိုးရေး၊ဘာသာရေး ပဋိပက္ခတွေကို အချိန်မီ မဖြေရှင်းနိုင်တဲ့အတွက် ထပ်တိုးတယ်လို့ ဆိုထားတယ်။ လူသေပြီးမှ ပဋိပက္ခတွေ ငြိမ်သွားတာက အစိုးရရဲ့ လုပ်ဆောင်မှု နှေးလို့ဆိုတာ သိသာနေတယ်” ဟု ၎င်းက သုံးသပ်သည်။

ဒီမိုကရေစီစနစ်ကို အပြစ်ဆိုစေချင်တာလား

ဘာသာရေးအကြောင်းပြု အကြမ်းဖက် ပဋိပက္ခများကို သွေးထိုးလှုံ့ဆော်နေသည်ဟု အစိုးရက အတိအလင်း ထုတ်ဖော်ပြောကြားသော်လည်း ထိရောက်သည့် ကိုင်တွယ် ဖြေရှင်းမှုများ ယနေ့ထိတိုင် လုပ်ဆောင်ခြင်းမရှိသည့်အပေါ် အဖြေတစ်ခုထုတ်ရန် လိုအပ်နေပြီ ဖြစ်သည်။

ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့သည့် မန္တလေး အကြမ်းဖက်ပဋိပက္ခနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်က “ပြုပြင်ပြောင်းလဲရေး ကာလအတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ပဋိပက္ခအချို့ကဖြင့် ဒီမိုကရေစီ ရှင်သန် ထွန်းကားရေးကို ဖျက်ဆီးလိုသည့် သဘောဖြင့် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေသည်ကို တွေ့ရသည်” ဟု ဆိုထားသည်။

ဒီမိုကရေစီ မလိုလားသူများက အကြောင်းပြ ဖန်တီးနေတာလားဟု စဉ်းစားရမည်ဖြစ်ကြောင်း ဟာဂျီ ဦးအေးလွင်က “ဒီမိုကရေစီပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း မတိုင်ခင်မှာတုန်းက ဒီလိုဟာမျိုးဖြစ်ရင် ချက်ချင်း ထိန်းသွားတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် ဗဟိုချုပ်ကိုင်မှုကြောင့်။ ဗဟိုချုပ်ကိုင်မှုက ဘယ်သူ့မျက်နှာမှ ကြည့်နေစရာ မလိုဘူး။ တစ်သွေး တစ်သံ တစ်မိန့်ပဲ။ အဲတော့ ဒီမိုကရေစီရဲ့ ဆိုးကျိုးတွေဆိုပြီး ပြချင်တယ်။ ဒီမိုကရေစီလိုချင်ကြတဲ့သူတွေ နင်တို့ ဒါတွေအတွက် ပြင်ဆင်ထားဆိုတဲ့ဟာမျိုး ပြချင်တာ။ အဲတော့ဒီ ဒီမိုကရေစီစနစ်ကိုများ အပြစ်ပြောလို့ရအောင် သက်သေထူချင်လို့များ လုပ်နေတာလားဆိုတဲ့ သီအိုရီတစ်ခုတော့ ရှိနေတယ်” ဟု ဆိုလေသည်။

ပြတ်ပြတ်သားသား ကိုင်တွယ်ခဲ့နိုင်လား

ရည်ရွယ်ချက်ရှိရှိ လူ့အသိုက်အ၀န်းကြား အမုန်းတရားများ ပြန့်ပွားစေရန် သွေးထိုးလှုံ့ဆော် ဖန်တီးသူများကို ပြတ်ပြတ်သားသားကိုင်တွယ်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု သမ္မတကြီးက အကြမ်းဖက် ပဋိပက္ခများ ပြီးဆုံးတိုင်း ပြောကြားသည့် မိန့်ခွန်းတိုင်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်အစိုးရက သွေးထိုး လှုံ့ဆော်အကြမ်းပဋိပက္ခများ ဖန်တီးသူများကို အမှန်တကယ် ပြင်းပြင်းထန်ထန် အရေးယူနိုင်ခဲ့ပါသလား။ အကြမ်းဖက် ပဋိပက္ခများကို လူအသေအပျောက်မရှိမီ လက်ဦးမှု ရယူနိုင်ခဲ့ပါသလား။ ပဋိပက္ခ အကြမ်းဖက်မှုများ ပြီးဆုံးသည့်တိုင် သွေးထိုးလှုံ့ဆော်သူများနှင့် အကြမ်းဖက် လူတစ်စုကို ထိရောက်သည့် အရေးယူမှုများ ပြုလုပ်နိုင်ခဲ့ပါသလားဆိုသည်ကိုတော့ အစိုးရကို တာဝန်ခံရသည့် သမ္မတဦးသိန်းစိန်အပေါ် ပြန်လည်မေးခွန်းထုတ်ရမည် ဖြစ်သည်။

Hard power နှင့် Soft power အစိုးရ ဘယ်လိုသုံးမလဲ

နိုင်ငံရေး လေ့လာသုံးသပ်ချက် စာပေများ အစဉ်တစိုက် ရေးသားလျက်ရှိသည့် စာရေးဆရာ ဦးကျော်ဝင်းက အစိုးရတစ်ရပ်သည် ပါဝါအမာ (hard power)နှင့် ပါဝါအပျော့ (soft power)နှစ်မျိုးစလုံးဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး ရာဇ၀တ်မှုမြောက်သည့် ပဋိပက္ခများကို လှုပ်ရှားမှုများ ဖြစ်ခဲ့ပါက hard power ကို သုံးရမည် ဖြစ်သည်ဟု ဆိုသည်။ သို့သော် ဖြစ်ပွားသည့် ပဋိပက္ခများ၊ ပြဿနာရပ်များကို ကျယ်ပြန့်မလာစေရန် ပြဿနာ၏ မူလဇာစ်မြစ်ကို ဖြေရှင်းရာတွင် သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဖြေရှင်းနိုင်ရန် soft power ကို အသုံးပြုရမည်ဟု ဆိုသည်။

“နှစ်ခုလုံး သုံးဖြေရှင်းရမှာပဲ။ hard power သုံး ဖြေရှင်းရင်လည်း ဒီမိုကရေစီ စနစ်နဲ့ လိုက်လျောညီထွေဖြစ်မှာ မဟုတ်ဘူး။soft power တစ်ခုတည်းသုံးရင်လည်း ထိရောက်တဲ့ ဖြေရှင်းမှုမျိုးဖြစ်မှာ မဟုတ်ဘူး။ နှစ်ခုလုံးနဲ့ သွားရမှာပဲ” ဟု ၎င်းက ဆိုသည်။ အစိုးရက ပဋိပက္ခကိုင်တွယ် ဖြေရှင်းရာတွင် နှေးကွေးခဲ့သည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးဦးစစ်မြိုင်က သုံးသပ်ထားသည်။ ပဋိပက္ခဖြစ်ပေါ်လာပါက အစိုးရက အမြန်ဆုံး အရေးယူဆောင်ရွက်ရန်လိုအပ်သည်ဟု ဆိုသည်။

နိုင်ငံတကာအကြမ်းဖက်များ၏ ပယောဂကိုလည်း သတိချပ်ဖို့လို

ဆရာဦးကျော်ဝင်းက “လူတစ်စုက ဖန်တီးတယ်ဆိုတဲ့ သမ္မတရဲ့စကားကတော့ ဖြစ်နိုင်ခြေ များနေပြီ။ ဒီလောက် ခပ်စိတ်စိတ်ဖြစ်နေတာ ပြင်ပပယောဂ ပါနေတယ်။ ဘယ်သူလဲဆိုတာတော့ မသိဘူး။ တစ်ဖက်ကလည်း အစိုးရပယောဂပါတယ်လို့ စွပ်စွဲတယ်။ တစ်ဖက်ကလည်း အတိုက်အခံ ပယောဂပါတယ်လို့ စွပ်စွဲတယ်”ဟု ပြည်တွင်းပဋိပက္ခကို ဖန်တီးနေခြင်းသည် ပရောဂ မကင်းကြောင်း ဆိုသည်။

သို့သော် ပြည်တွင်းပယောဂဟု နိုင်ငံရေးအင်အားစုများအကြား အပြန်အလှန် လက်ညှိုးထိုးနေကြသော်လည်း သတိမမူမိသည့်အချက်ဖြစ်သည့် ကမ္ဘာတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်နေသည့် နိုင်ငံတကာ အကြမ်းဖက်များ၏ ပယောဂပါဝင်ခြင်း ရှိ၊မရှိ ဆိုသည်ကလည်း အရေးကြီးသည့်ကိစ္စ ဖြစ်သည်ဟု ဆိုသည်။

“အားလုံး မျက်ခြည်ပြတ်နေတာ တစ်ခုရှိတယ် အဲဒါက နိုင်ငံတကာ အကြမ်းဖက်မှုရဲ့ပယောဂ ပါ၊မပါ အဲဒါက အရေးကြီးတယ်။ ကျွန်တော်တို့ကတော့ အထောက်အထားမရှိဘဲ မပြောနိုင်ဘူး။ ဘယ်သူ့ ပယောဂ ပါ၊မပါ ဆိုတာတော့ မသိဘူး။ ပယောဂပါတယ်ဆိုတာတော့ သိတယ်” ဟု ပြည်တွင်းအကြမ်းဖက် ပဋိပက္ခများတွင် ပယောဂ ပါဝင်နေသည်ဟု ဆရာဦးကျော်ဝင်းက သုံးသပ်သည်။ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေသည့် အကြမ်းဖက်ပဋိပက္ခများတွင် သြဇာ၊ အာဏာကြီးမားသည့် အဖွဲ့အစည်း၊ ဥပဒေအထက်တွင်ရှိနေသည့် အဖွဲ့အစည်းကသာ ဆောင်ရွက်နိုင်သည်ဟုလည်း ဟာဂျီ ဦးအေးလွင်က မှတ်ချက်ပြုထားသည်။

ဥပဒေအထက်မှာရှိတဲ့ အဖွဲ့အစည်းက ဆောင်ရွက်နေတာလား

“ငါတို့ရှိမှ ဖြစ်မယ်။ ဒီမှာ ပြဿနာ ဖြစ်နေပြီ။ ထိန်းချုပ်နိုင်တာ ငါတို့ပဲ ထိန်းချုပ်နိုင်မယ်။ မင်းတို့ ဒီမိုကရေစီလိုချင်ရင် ဒီလိုပဲဖြစ်မှာပဲ။ ဒီမိုကရေစီနည်းနဲ့ ဒီလိုဟာတွေ ဖြေရှင်းလို့ မရနိုင်ဘူး” ဆိုတာ သက်သေထူလိုက်တာလား စဉ်းစားစရာပင် ဖြစ်သည်။

အကြမ်းဖက်ပဋိပက္ခများကို ဖန်တီးသူ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ဒီမိုကရေစီစနစ်ကို မလိုလား၍ ဒီမိုကရေစီစနစ်ကို ပြက်ရယ်ပြုခြင်းပေလား။

ဦးကျော်ကျော်(စီးပွားရေးလုပ်ငန်းရှင်)

ပဋိပက်္ခတွေမှာ လူအုပ်စုကြီးရောက်လာတယ်လို့ ပြောကြတယ်။ အဲဒီလူအုပ်စုကြီးက တိုင်းပြည်ကို ပျက်စေချင်တဲ့ လူတစ်စုကလည်း အဲဒီဒေသမှာရှိနေမယ်။ အဲလိုအချိန်မျိုးကို စနက်တန်ကို မီးရှို့ပေး လိုက်သလိုဖြစ်ပြီး ပေါက်ကွဲမယ်။ အလကားနေရင်း သွေးကြွနေသူတွေ၊ ဆေးသမားတွေ၊ လုချင်ယက်ချင်သူတွေပါ ပါလာပြီး အကြမ်းဖက်မှုတွေဖြစ်လာတယ်လို့ မြင်တယ်။ ဒါမျိုးတွေက ဖြစ်နေဦးမှာပဲ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲနီးလေ ပုံစံအမျိုးမျိုးနဲ့ တိုင်းပြည်ဆူပူအောင် လုပ်မယ့်ကိစ်္စတွေက ခပ်စိပ်စိပ် ဖြစ်နေဦးမယ်လို့ ထင်တယ်။ ဘာသာရေးအကြောင်းပြ ပဋိပက္ခတွေကို ထပ်ဖန်တီးလို့မရတော့ဘူးလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ အားလုံးက ဖန်တီးနေတယ်ဆိုတာ သိနေကြပြီ။ ဒါကြောင့် ဖန်တီးမယ့် သူတွေက တင်းမာတဲ့အုပ်စုတွေကို ရှာဖွေစုံစမ်းပြီး ဖြစ်နိုင်တဲ့နေရာတွေကို ဖန်တီးနေကြဦးမှာပဲ။ ဒါကို သတိရှိကြဖို့လိုပါတယ်။

ဦးလှသိန်း (ဒုချရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်)

လူမျိုးစွဲ ဘာသာစွဲရှိသူတွေကို တချို့ နိုင်ငံရေးသမားတွေက အသုံးချသွားတာတွေလည်း ရှိတယ်။ အချို့နေရာတွေမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် လုံခြုံရေး အချိန်မီ မရောက်တာလည်း ရှိတယ်။ အချိန်မီ မထိန်းနိုင်တော့ ပြဿနာတွေပိုကြီးတာပေါ့။

မသက်ထား(သာကေတမြို့နယ်)

၂၀၁၅ ရွေးကောက်ပွဲ နီးလာတဲ့အတွက် နေရာဖယ်မပေးချင်လို့ အကွက်ရွှေ့နေတယ်လို့ မြင်တယ်။ ပဋိပက္ခအပြင် အခုဆိုရင် သတင်းထောက်တွေကို ထောင်ချတာတွေကလည်း အကွက်ရွှေ့နေတဲ့ လုပ်ရပ်တွေပဲလို့ မြင်တယ်။

ဦးကျော်ထွန်း (သံတွဲမြို့ဒေသခံ)

ကျွန်တော်တို့ဆီမှာ ရဟန်းသံဃာတွေကို ရိုသေလေးစားကြတယ်။ ဒီလိုပြဿနာမျိုးတွေဖြစ်ခဲ့ရင် အုပ်ချုပ်သူတွေနဲ့အတူ ရဟန်းသံဃာတွေ မြို့မိမြို့ဖတွေက ၀ိုင်းဝန်းထိန်းသိမ်း ပေးသင့်တယ်။ လူငယ်တွေက သွေးဆူတယ်။ လူကြီးတွေက ထိန်းဖို့လိုတယ်။ အစိုးရနဲ့ ပတ်သက်ပြီးတော့ မပြောတတ်ဘူး။

ကိုသူရ(မန္တလေးဒေသခံ)

အမှန်ကတော့ ဥပဒေစိုးမိုးရင် ဘာမှဖြစ်စရာမရှိပါဘူး။ ဘယ်ဘာသာဝင် ဘယ်လူမျိုးမဆို မိမိနေထိုင်တဲ့ တိုင်းပြည်နဲ့ လူမျိုးကို လေးစားရမယ်။ အဓိကက အစိုးရက တာဝန်အရှိဆုံးပါ။အပြစ်လုပ်တဲ့လူ အပြစ် ပေးလိုက်ရင် အခုလို
လူမျိုးရေးတွေပါလာမှာ မဟုတ်ဘူး။ အခုဟာက လုပ်တဲ့လူက တခြားခံရတဲ့လူက တခြားလေ။ အခုဖြစ်တဲ့ ပြဿနာမှာ သိရသလောက် တော့ တစ် မြို့လုံးမပါဘူး။ လူအသတ် ခံလိုက်ရတာ တစ်ခုကြောင့်တော့ နှစ်ဖက်လုံးက စိတ်ထိခိုက်သွားပါတယ်။ အမြင်အားဖြစ် ပြောရရင်တော့ လူမျိုးရေး ဘာသာရေး ပဋိပက္ခကို လက်မခံပါဘူး။ အပြစ်လုပ်တဲ့ လူသာ ထိရောက်စွာ အပြစ် ပေးသင့်ပါတယ်။ အစိုးက ကိုင်တွယ် ပုံနှေးကွေးတယ်လို့လဲမြင်ပါတယ်။ သူတို့သာ တရားခံကို ချက်ချင်း ဖမ်းနိုင်ခဲ့ရင် ဒီလောက်ထိမကြီးထွားလာနိုင်ဘူးဆိုတာပါပဲ။

မခိုင်ခိုင်(အိမ်ရှင်မ)

အကြောင်းစုံတော့ သေချာမသိပေမယ့် လူလူချင်းပြဿနာကို ဘာသာရေးပဋိပက္ခတွေ အထိဖြစ်လာတာမျိုးတော့ မကောင်းဘူးလို့ မြင်တယ်။ ရှေ့မှာဖြစ်တဲ့ ပြဿနာတွေကို အကြောင်းပြုပြီး ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်တွေကြောင့် ဒီလိုထပ်ဖြစ်တယ်လို့ ထင်တယ်။ ဒီပဋိပက္ခတွေကို ဖန်တီးပြီး လုပ်နေတယ်လို့တောင် စဉ်းစားမိတယ်။ ဘာလို့လဲဆိုတော့
တမင်ဖန်တီးတာရော၊ တိုက်ဆိုင်တာရော ဖြစ်နေသလို ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ထစ်ခနဲရှိ ဖြစ်လိုက်ရင် ဗမာနဲ့ မူဆလင်နဲ့ပဲ ကြုံနေတော့ စဉ်းစားစရာပဲလေ။ မဖြစ်ဖြစ်အောင် တမင်လုပ်နေတာလားလို့ စဉ်းစားနေတာ။

Mizzima - News in Burmese
ဘာသာရေးအကြောင်းပြကာ ဖြစ်ပွားလာသည့် အကြမ်းဖက်ပဋိပက္ခကြီးများ မြန်မာနိုင်ငံနေရာအနှံ့ ဖြစ်ပွား ခဲ့ပြီးနောက် ပဋိပက္ခများ ထပ်မံဖြစ်ပွားနိုင်မည် ဟူသော သတင်းစကားများက ကောလာဟာလ အသွင်ေ ဆာင် ကာ လူထုအကြား ပျံ့နှံ့လျက် ရှိသည်။

KIA ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသားတစ်ဦး အလင်းဝင်

Photo: KIA ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသားတစ်ဦး အလင်းဝင်
 Monday, July 14, 2014 

ကချင်ပြည်နယ် ဆဒုံးမြို့နယ်တွင် နေထိုင်သော ရှမ်းတိုင်းရင်းသားတစ်ဦးသည် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး တပ်ဖွဲ့အဖြစ် တာဝန်ထမ်းဆောင် ခိုင်းရာ ဆန္ဒမပါသောကြောင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် မြစ်ကြီးနားမြို့ ဌာနဆိုင်ရာရုံးသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း ယင်းရုံးမှ သိရသည်။ အဆိုပါ အလင်းဝင် ရှမ်းတိုင်းရင်းသားအား ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့(ကချင်ပြည်နယ်)ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်ဦးစီးအဖွဲ့ဝင် များမှ ဇူလိုင်လ ၁၂ ရက် ညနေ ၃ နာရီခန့်တွင် ယင်းရုံးသို့ လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ အလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင်မှာ KIA တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၃)မှ တပ်သားအဆင့်ရှိ အိုက်လောင်း(ဘ)ဦးပေါင်လျို၊ ရှမ်း/ဗုဒ္ဓ၊ အမှတ်(၄) ရပ်ကွက်၊ ဆဒုံးပါ ရှမ်းရွာ၊ ဆဒုံးမြို့နယ်နေသူဖြစ်ကြောင်း သိရသည်။ ``အခုလို ရှမ်းတိုင်းရင်းသားတွေ အလင်းဝင်လာတာ ကြိုဆိုပါတယ်၊ KIA ဖမ်းဆီးသွားတဲ့ ရှမ်းတွေလည်း အများကြီး ကျန်ပါသေးတယ်၊ သူတို့ကိုလည်း အမြန်ဆုံး အလင်းဝင်ဖို့ ရတဲ့နည်းနဲ့ ဆက်သွယ်နေပါတယ်´´ ဟု ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့မှ လိုက်ပါပို့ဆောင်သူတစ်ဦးက ပြောကြားသည်။ KIA အဖွဲ့မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလလယ်တွင် ဂလန်ဂျလယ်ကွင်း သို့ ကောက်စိုက်သွားသော ရှမ်းတိုင်းရင်းသူ မ၀င်းရီ အား ဖမ်းဆီးသွားခဲ့ရာ စစ်သင်တန်းတက်ခိုင်းပြီး ဗိုလ်အဆင့်ဖြင့် သင်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်ခိုင်းကြောင်း၊ မ၀င်းရီအနေဖြင့် KIA တပ်ဖွဲ့ တွင် နေလိုစိတ်မရှိသောကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့မှာ အလင်းဝင်လာခဲ့ကြောင်း သိရသည်။ ``မ၀င်းရီ အလင်းဝင်လာပြီးနောက်ပိုင်း အခု အိုက်လောင်းက ထပ်ပြီး ၀င်လာတာပေါ့၊ ဘာပဲဖြစ်ဖြစ် အတင်းအဓမ္မဖမ်းဆီး ခံရတာဆိုတော့ KIA အဖွဲ့ထဲမှာ ဘယ်နေချင်ပါ့မလဲ၊ အစကတည်းက ဆန္ဒမပါတာကတစ်ကြောင်း၊ အစားအသောက် အနေအထိုင်ကလည်းဆင်းရဲ၊ လစာဆိုတာကလည်း တစ်ပဲခြောက်ပြားရတာကတစ်ကြောင်းမို့ အလင်းဝင်လာတာလို့ ပြောတယ်၊ ရှမ်းတိုင်းရင်းသားတွေတင်မကဘူး ဒေသခံကချင်၊ ပလောင်၊ လီဇူးတွေလည်း အလင်းဝင်လာကြတာပါပဲ၊ နောက်ထပ်အလင်းဝင်လာမယ့်သူတွေလည်း တော်တော်များတယ်လို့ အိုက်လောင်းက ပြောပြတယ်´´ ဟု ဆဒုံးပါကျေးရွာ ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောကြားသွားသည်။ 

ညီသစ်(မြစ်ကြီးနား)
ကချင်ပြည်နယ် ဆဒုံးမြို့နယ်တွင် နေထိုင်သော ရှမ်းတိုင်းရင်းသားတစ်ဦးသည် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ေ ဆာ င်ခြင်း ခံရပြီး တပ်ဖွဲ့အဖြစ် တာဝန်ထမ်းဆောင် ခိုင်းရာ ဆန္ဒမပါသောကြောင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် မြစ်ကြီးနားမြို့ ဌာနဆိုင်ရာရုံးသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း ယင်းရုံးမှ သိရသည်။ အဆိုပါ အလင်းဝင် ရှမ်းတိုင်းရင်းသားအား ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့(ကချင်ပြည်နယ်)ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင် ဦးစီးအဖွဲ့ဝင် များမှ ဇူလိုင်လ ၁၂ ရက် ညနေ ၃ နာရီခန့်တွင် ယင်းရုံးသို့ လာရောက်ပို့ဆောင်ခြ င်းဖြစ်ကြောင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆွာရက်ဇ်ကို ဘာစီလိုနာ ပရိသတ်များနှင့် မိတ်ဆက်ပေးမည့် အစီအစဉ်ကို FIFA ပိတ်ပင်

Photo: ဆွာရက်ဇ်ကို ဘာစီလိုနာ ပရိသတ်များနှင့် မိတ်ဆက်ပေးမည့် အစီအစဉ်ကို FIFA ပိတ်ပင်
Monday, July 14, 2014  

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပိတ်ပင်မှုအရ ဘာစီလိုနာ အသင်းသည် ၎င်းတို့၏ ကစားသမားသစ် လူးဝစ်ဆွာရက်ဇ်ကို ပရိသတ်များနှင့် တွေ့ဆုံမိတ်ဆက်ပွဲ ပြုလုပ်ခွင့် မရခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွင်းတွင် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူးသည် ပြိုင်ဘက် အီတလီ အသင်း၏ နောက်ခံလူ ဂျော်ဂျီယို ချီလီယေနီ၏ ပခုံးကို ကိုက်ခဲ့ခြင်းအတွက် FIFAက ၎င်းကို ဘောလုံးလောကနှင့် (၄)လကြာ ကင်းကွာနေရန် ပြစ်ဒဏ် ချမှတ်ထားသည်။ ဆွာရက်ဇ်သည် လီဗာပူးလ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သော်လည်း FIFAက ပြစ်ဒဏ်နှင့် အကျုံးဝင်သည့် အခြေအနေတိုင်းကို ခွင့်မပြုသဖြင့် စပိန်ထိပ်တန်း ကလပ်အနေဖြင့် ဆွာရက်ဇ်ကို ပရိသတ်များနှင့် မိတ်ဆက်ပေးခွင့် တားဆီးခံခဲ့ရသည်။

ဘာစီလိုနာသည် FIFA ၏ ပြစ်ဒဏ် မစေ့မချင်း ဆွာရက်ဇ်ကို မိတ်ဆက်နိုင်ခွင့် ရှိမည်မဟုတ်ဟု သိရသည်။ ဘာစီလိုနာသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဆွာရက်ဇ်ကို ပေါင်စတာလင် သန်း(၇၀) ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီး (၅)နှစ် စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့သည်။ “ဆွာရက်ဇ်ကို FIFA က ပိတ်ပင်ထားရာမှာ ဘောလုံးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုအားလုံး အကျုံးဝင်ပါတယ်။ ဘောလုံးနဲ့ ဆက်နွယ်တဲ့ ပရိသတ် မိတ်ဆက်ပွဲမျိုးမှာ သူရှိနေလို့ မရပါဘူး။ ဆွာရက်ဇ်ဟာ ရန်ပုံငွေ ဘောလုံးပွဲ တစ်ပွဲကိုတောင် ဝင်ကစားခွင့် မရှိပါဘူး”ဟု FIFA ၏ ပြန်ကြားရေး တာဝန်ခံချုပ် ဒါလီယာ ဖစ်ရှာက ပြောကြားခဲ့သည်။

ဆွာရက်ဇ်သည် ပြီးခဲ့သည့် (၄)နှစ်တာ ကာလအတွင်း ကွင်းအတွင်း ပြိုင်ဘက် ကစားသမား တစ်ဦးဦးကို ကိုက်ခဲ့မှုအတွက် တတိယ အကြိမ်မြောက် ပြစ်ဒဏ်ကျခံရခြင်းလည်း ဖြစ်သည်။ ဘာစီလိုနာသည် ဆွာရက်ဇ်ကို ဝယ်ယူထားသည့်တိုင် ဘောလုံးရာသီ အစပိုင်း ပွဲစဉ်အချို့တွင် ထည့်သွင်းအသုံးပြုနိုင်ဦးမည် မဟုတ်ချေ။

Goal
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပိတ်ပင်မှုအရ ဘာစီလိုနာ အသင်းသည် ၎င်းတို့၏ ကစားသမားသစ် လူးဝစ်ဆွာရက်ဇ်ကို ပရိသတ်များနှင့် တွေ့ဆုံမိတ်ဆက်ပွဲ ပြုလုပ်ခွင့် မရခဲ့ကြောင်း သိရှိရသည်။

ထိပ်ဆုံးနေရာသို့ ချက်ချင်း ရောက်ရှိသွားခဲ့တဲ့ Dawn of The Planet of The Apes ဇာတ်ကား

Photo: ထိပ်ဆုံးနေရာသို့ ချက်ချင်း ရောက်ရှိသွားခဲ့တဲ့ Dawn of The Planet of The Apes ဇာတ်ကား
Monday, 14 July 2014 

ရုပ်ရှင်ရုံတွေမှာ ပြိုင်ဘက်မရှိအောင် ၀င်ငွေအမြောက်အများနဲ့ အကျိုးရလာဒ်ရရှိစေခဲ့တဲ့  Dawn of the Planet of the Apes ဇာတ်ကားကို ရုံတင်ပြသရာမှာ ဘာအခက်အခဲမှ မရှိခဲ့ပါဘူး။

Dawn ရုပ်ရှင်ကားဟာ အားလပ်ရက်စနေ၊ တနင်္ဂနွေ အတောအတွင်းမှာ ခန့်မှန်းချက်အရ ဒေါ်လာ ၇၃ မီလျံ အထိရရှိစေခဲ့ပြီး Transformers: Age of Extinction ရဲ့ သုံးပတ်အတွင်း ဒေါ်လာ ၁၆.၅ မီလျံရရှိခဲ့တဲ့ အောင်မြင်မှု ပမာဏကို ကျော်လွှားသွားနိုင်ခဲ့ပါ တယ်။ ဇူလိုင်လအတွင်း ရုံတင်ပြမယ့် ဇာတ်ကားတွေထဲက တစ်ကားအပါအ၀င်ဖြစ်တဲ့ Tammy ဟာ ၁၂.၉ မီလျံဒေါ်လာနဲ့ တတိယ နေရာကို ထိုးကျသွားခဲ့ပါတယ်။ Jump Street  နဲ့ How to Train Your Dragon 2 ကတော့ ထိပ်ဆုံး (၅) နေရာအတွင်းမှာပဲ ရှိနေခဲ့ပါတယ်။

ဒီတစ်ပတ် ရုံတင်ပြသွားတဲ့ တစ်ခြားရုပ်ရှင်ဇာတ်ကားတွေဟာဆိုရင် ဘောလိဝုဒ်အချစ်ဟာသဇာတ်လမ်း Humpty Sharma Ki Dulhania နဲ့ Boyhood တို့ပဲဖြစ်ပါတယ်။ အရင်တစ်ပတ်ကတည်းက ထွက်ရှိမလာတော့တဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းတွေကို တောင့်တနေတဲ့ အက်ရှင်ဇာတ်ကားကြိုက်တဲ့ ပရိတ်သတ်တွေကြောင့် Dawn ဇာတ်ကားဟာ အောင်မြင်မှုရရှိနိုင်ခဲ့ပါတယ်။

ပြိုင်ဘက်ရုပ်ရှင်ဇာတ်ကားတွေကို စိတ်ဝင်စားမှု နည်းသွားလောက်အောင်ဖြစ်စေတဲ့ Dawnဇာတ်ကားအောင်မြင်မှုနဲ့ပတ်သက်ပြီး စဉ်းစားမရလောက်အောင်ဖြစ်သွားခဲ့ပါတယ်။  ဒီဇာတ်ကားဟာ အောင်မြင်နေတဲ့ ဇာတ်ကားလည်းဖြစ်ပြီး ခွင့်ပြုချက်ရ ရုပ်ရှင် ကုမ္ပဏီတွေရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တစ်ခုအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါသေးတယ်။

Ref:starpulse.com
Trend Myanmar
ရုပ်ရှင်ရုံတွေမှာ ပြိုင်ဘက်မရှိအောင် ၀င်ငွေအမြောက်အများနဲ့ အကျိုးရလာဒ်ရရှိစေခဲ့တဲ့  Dawn of the Planet of the Apes ဇာတ်ကားကို ရုံတင်ပြသရာမှာ ဘာအခက်အခဲမှ မရှိခဲ့ပါဘူး။