Tuesday 15 July 2014

ရန်ကုန်မြို့၌ သုံးရက်အတွင်း လမ်းပြောင်းပြန်မောင်းနှင်သည့် ခရီးသည်တင်ယာဉ်မောင်းများ အပါအ၀င် စည်းကမ်းမဲ့ယာဉ်မောင်း တစ်ရာကျော်အား လိုင်စင် ခြောက်လပိတ်သိမ်း

Photo: ရန်ကုန်မြို့၌ သုံးရက်အတွင်း လမ်းပြောင်းပြန်မောင်းနှင်သည့် ခရီးသည်တင်ယာဉ်မောင်းများ အပါအ၀င် စည်းကမ်းမဲ့ယာဉ်မောင်း တစ်ရာကျော်အား လိုင်စင် ခြောက်လပိတ်သိမ်း
Tuesday, July 15, 2014 

ရန်ကုန်တိုင်းဒေသကြီး၌ သုံးရက်အတွင်း လမ်းပြောင်းပြန်မောင်းနှင်သည့် ခရီးသည်တင်ယာဉ်မောင်းများအပါအဝင် အခြားစည်းကမ်းပျက်မောင်းနှင်သည့် ယာဉ်မောင်းတစ်ရာကျော်အား ယာဉ်မောင်းလိုင်စင် ခြောက်လ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက ဇူလိုင် ၁၄ ရက်တွင် စုံစမ်းသိရှိရသည်။

စည်းကမ်းပျက်မောင်းနှင်မှုအပေါ်မူတည်ပြီး ယာဉ်မောင်းအား ယာဉ်မောင်းလိုင်စင် ခြောက်လမှ လေးနှစ်အထိ ပိတ်သိမ်းအရေးယူမှုကို ဇူလိုင် ၁၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ စတင်သည့် ဇူလိုင် ၁၁ ရက် မှ ဇူလိုင် ၁၃ ရက်အထိ သုံးရက်အတွင်း ယာဉ်အစီးရေ တစ်ရာကျော်မှ စည်းကမ်းဖောက်ဖျက်မှုကို စစ်ဆေးဖမ်းဆီးခဲ့ပြီး အဆိုပါယာဉ်မောင်းများ၏ ယာဉ်မောင်းလိုင်စင်အား ခြောက်လ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

“သုံးရက်အတွင်းမှာ စည်းကမ်းမဲ့မောင်းနှင်တဲ့ ယာဉ်အစီးရေ ၁ဝဝ ကျော်ကို စစ်ဆေးဖမ်းဆီးခဲ့တယ်။ အဲဒီယာဉ်မောင်းတွေကို ဒဏ်ငွေကျပ် ၁၅ဝဝ ရိုက်မယ်။ ပြီးရင် စည်းကမ်းဖောက်ဖျက်မှုအပေါ်မူတည်ပြီးတော့ ကညနက လိုင်စင်တွေ ပိတ်သိမ်းသွားမယ်။ အခုချိန်မှာတော့ အဲဒီစည်းကမ်းမဲ့ယာဉ်မောင်းအများစုကို ယာဉ်မောင်းလိုင်စင် ခြောက်လပိတ်သိမ်းသွားမှာပါ”ဟု  ဒုတိယရဲမှူးကြီးလင်းထွဋ်က ဆက်လက်ပြောကြားသည်။

အဆိုပါယာဉ်အစီးရေ ၁ဝဝ ကျော်မှာ မီးနီဖြတ်ခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ ဟွန်းရှည်တီးခြင်း၊ ယာဉ်မရပ်ရသည့် လမ်း ၈၂ လမ်းတွင် ယာဉ်ရပ်ခြင်းစသည့် ပြစ်မှုများ အများဆုံးကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့ရခြင်း၏ အကြောင်းရင်းများအနက် ယာဉ်မောင်းများ စည်းကမ်းဖောက်ပြီး မောင်းနှင်သည့်အချက်တစ်ချက်လည်း ပါဝင်ကြောင်း သိရသည်။

စည်းကမ်းဖောက်သည့်ယာဉ်များအနက် ရာခိုင်နှုန်း ၇ဝ မှာ ခရီးသည်တင်ယာဉ်များ ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Eleven Media Group 

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း စည်းကမ်းပျက်ယာဉ်များအား စစ်ဆေးဖမ်းဆီးနေသည့် ယာဉ်ထိန်းရဲတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း စည်းကမ်းပျက်ယာဉ်များအား စစ်ဆေးဖမ်းဆီးနေသည့် ယာဉ်ထိန်းရဲ တစ်ဦး ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်းဒေသကြီး၌ သုံးရက်အတွင်း လမ်းပြောင်းပြန်မောင်းနှင်သည့် ခရီးသည်တင်ယာဉ်မောင်းများ အပါ အဝင် အခြားစည်းကမ်းပျက်မောင်းနှင်သည့် ယာဉ်မောင်းတစ်ရာကျော်အား ယာဉ်မောင်းလိုင်စင် ခြောက်လ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက ဇူလိုင် ၁၄ ရက်တွင် စုံစမ်း သိရှိရသည်။

စည်းကမ်းပျက်မောင်းနှင်မှုအပေါ်မူတည်ပြီး ယာဉ်မောင်းအား ယာဉ်မောင်းလိုင်စင် ခြောက်လမှ လေးနှစ် အထိ ပိတ်သိမ်းအရေးယူမှုကို ဇူလိုင် ၁၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ စတင်သည့် ဇူလိုင် ၁၁ ရက် မှ ဇူလိုင် ၁၃ ရက်အထိ သုံးရက်အတွင်း ယာဉ်အစီးရေ တစ် ရာကျော် မှ စည်းကမ်းဖောက်ဖျက်မှုကို စစ်ဆေးဖမ်းဆီးခဲ့ပြီး အဆိုပါယာဉ်မောင်းများ၏ ယာဉ်မောင်းလိုင်စင် အား ခြောက်လ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်း ထွဋ် က ပြောကြားသည်။

“သုံးရက်အတွင်းမှာ စည်းကမ်းမဲ့မောင်းနှင်တဲ့ ယာဉ်အစီးရေ ၁ဝဝ ကျော်ကို စစ်ဆေးဖမ်းဆီးခဲ့တယ်။ အဲဒီ ယာဉ်မောင်းတွေ ကို ဒဏ်ငွေကျပ် ၁၅ဝဝ ရိုက်မယ်။ ပြီးရင် စည်းကမ်းဖောက်ဖျက်မှုအပေါ်မူတည်ပြီးတော့ ကညနက လိုင်စင်တွေ ပိတ်သိမ်းသွားမယ်။ အခုချိန်မှာတော့ အဲဒီစည်းကမ်းမဲ့ယာဉ်မောင်းအများစုကို ယာဉ်မောင်းလိုင်စင် ခြောက်လပိတ်သိမ်းသွားမှာပါ”ဟု  ဒုတိယရဲမှူးကြီးလင်းထွဋ်က ဆက်လက်ပြောကြား သည်။

အဆိုပါယာဉ်အစီးရေ ၁ဝဝ ကျော်မှာ မီးနီဖြတ်ခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ ဟွန်းရှည်တီးခြင်း၊ ယာဉ်မရပ်ရသည့် လမ်း ၈၂ လမ်းတွင် ယာဉ်ရပ်ခြင်းစသည့် ပြစ်မှုများ အများဆုံးကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့ရခြင်း၏ အကြောင်းရင်းများအနက် ယာဉ်မောင်းများ စည်းကမ်းဖောက်ပြီး မောင်းနှင်သည့်အချက်တစ်ချက်လည်း ပါဝင်ကြောင်း သိရသည်။

စည်းကမ်းဖောက်သည့်ယာဉ်များအနက် ရာခိုင်နှုန်း ၇ဝ မှာ ခရီးသည်တင်ယာဉ်များ ဖြစ်ကြောင်း ယာဉ်ထိန်း ရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment