Tuesday 15 July 2014

အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသည့် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အမှု တိုင်းဒေသကြီးတရားလွှတ်တော်သို့ ဆက်လက်အယူခံဝင်မည်

ပခုက္ကူခရိုင်တရားရုံးတွင် စီရင်ချက်ချပြီးနောက် တွေ့ရသော ယူနတီအဖွဲ့သားများ
ပခုက္ကူခရိုင်တရားရုံးမှ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခဲ့သည့် ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အမှုအား မကွေးတိုင်းဒေ သ ကြီး တရားလွှတ်တော်သို့ ဆက်လက် အယူခံဝင်သွားမည်ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေများနှင့် ၎င်းတို့၏ မိသားစုဝင်များ ပြောကြားချက်အရ သိရသည်။

အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့၏ အကျိုးဆောင်ရှေ့နေများမှ ပြီးခဲ့သည့် ဇူလိုင် ၁ဝ ရက်တွင် ပခုက္ကူ ခရိုင်တရားသူကြီးက ချမှတ်ခဲ့သည့် စီရင်ချက်အမိန့်မိတ္တူအား ရရှိသည်နှင့် လိုအပ်သည် များကို ပြင်ဆင်မှုများပြုလုပ်ပြီးနောက် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ထံ အယူခံဝင်သွား မည်ဖြစ်ကြော င်း လည်း သိရသည်။

“စီရင်ချက်အမိန့် မိတ္တူလည်း မရသေးတော့ အယူခံမရေးနိုင်သေးဘူး။ အဲဒီစီရင်ချက်အမိန့်ကို ဖတ်ပြီးမှ စီရင်ချက်ထဲမှာ ဘယ်အချက်တွေကတော့ ဥပဒေအရ လွဲနေတယ်။ဘယ်အချက်တွေကတော့ အလုပ်နဲ့ ထောင်ဒဏ် ၁ဝ နှစ်အပြစ်ပေးတာ မသင့်တော်ဘူးဆိုတာတွေကို ကျွန်တော်တို့က အယူခံမှာရေးနိုင်မယ်။ ဒီစီရင်ချက်အမိန့်ရတာနဲ့ အယူခံအမြန်ဆုံးတက်နိုင်အောင် လုပ်သွားမှာပါ။ဘယ်ရက်အယူခံဝင်မယ်ဆို တာတော့ မပြောနိုင်သေးဘူး”ဟု ဦးတင့်ဆန်း၏ အကျိုးဆောင်ရှေ့နေဦးကျော်လင်းက ပြောသည်။

“ကျွန်မတို့ စီရင်ချက် အမိန့်မိတ္တူအမြန်ဆုံးရအောင် လုပ်နေပါတယ်။ တရားရုံးမှာလည်း လျှောက်ပြီးပါပြီ။ မနက်ဖြန်လောက်တော့ ရမယ်လို့ ပြောပါတယ်။ ဒီစီရင်ချက်အမိန့်ရတာနဲ့ အယူခံအမြန်ဆုံးဝင်နိုင်အောင် ဆက်လုပ်သွားပါမယ်။ ကျွန်မတို့ဘက်ကတော့ အယူခံကို ဦးရောဘတ်ဆန်းအောင်ကပဲ ရေးသွားမှာပါ”ဟု ကိုလူမော်နိုင်၏ ဇနီးဖြစ်သူ မလွင်လွင်မြင့်က ပြောကြားသည်။

အမှတ် (၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံသတင်းအား ဂျာနယ်တွင် ရေးသားဖော်ပြခြင်းသည် နိုင်ငံတော် လုံခြုံရေးနှင့် အကျိုးကို ထိခိုက်စေသည်ဟုဆိုကာ ဇူလိုင် ၁ဝ ရက်တွင် ပခုက္ကူခရိုင်တရားသူကြီးက ယူနတီဂျာ နယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းရေးသားသည့် သတင်းထောက်လေးဦးတို့အား အလုပ်နှ င့်ထောင် ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။     

Eleven Media Group 

No comments:

Post a Comment