Tuesday 15 July 2014

ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျသံအမတ်တို့ နေပြည်တော်သို့ သွားရောက်တွေ့ဆုံ

အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်၊ ဗြိတိန်သံအမတ်အန်ဒရူးပတ်ထရစ်နှင့် သြစတြေးလျသံအမတ် Ms.Bronte Moules တို့ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်တွင် ဇူလိုင် ၁၄ ရက်က တွေ့ဆုံနေကြ စဉ် (Photo: NLD)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား အမေ ရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျနိုင်ငံများမှ သံအမတ်များသည်  ဇူလိုင် ၁၄ ရက်တွင် တစ်ပြိုင်နက်တည်း လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အမေရိကန်သံအမတ် ဒဲရစ်မစ်ချဲလ်၊ ဗြိတိန်သံအမတ် အန်ဒရူးပတ်ထရစ်၊ ဩစတြေးလျသံအမတ် Ms.Bronte Moules တို့သည် နေပြည်တော်လွှတ်တော်အတွင်းရှိ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုး မိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အဆောင်အမှတ်I-12 တွင်လာရောက်တွေ့ဆုံ ဆွေးနွေး ခဲ့ကြခြင်း ဖြစ် သည်။

တွေ့ဆုံဆွေးနွေးမှုမှာ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှု အသေးစိတ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ယခင်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံခြားသံအမတ်များနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း တစ်ဦးချင်း သီးခြားသာတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယခုလို ဒေါ်အောင်ဆန်းစုကြည်အား  အမေရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျ နိုင်ငံများမှ သံအမတ်များက အတူတကွ လာရောက်တွေ့ဆုံခဲ့ခြင်းသည် မြန်မာ့နိုင်ငံရေးတွင် ထူးခြားချက် တစ် ခု အဖြစ် မှတ်ယူရမည် ဖြစ်သည်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြုလုပ်လျက်ရှိသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင် ပြည်သူလူထု သန်းပေါင်းများစွာ လက်မှတ်ရေးထိုးခဲ့သည့်အပြင် ပုဒ်မ ၄၃၆ ပြင်ဆ င်ရေးေ ဟာပြော ပွဲများတွင်လည်း သိန်းနှင့်ချီသော လူထုတက်ရောက်ခဲ့ခြင်းက ၄၃၆ ပြင်ဆင်ရေးနှင့် အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် လူထုထောက်ခံမှု ကြီးမားစွာရရှိနေကြောင်း သိသာ ထင် ရှားသည့် ရလဒ်တစ်ခုဖြစ်သည့်အတွက် အစိုးရအတွက် ဖိအားများစွာ ဖြစ်စေခဲ့သည်။

အခြားတစ်ဖက်တွင်မူ လက်ရှိသမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရအနေဖြင့် အဓိကရုဏ်းဖြစ်ပေါ်မှုများ၊ စာနယ်ဇင်းများကို ဖိနှိပ်မှုများ၊ အဂတိလိုက်စားမှုများကြောင့် မြန်မာနိုင်ငံ၏အပြောင်းအလဲကို အားပေးေ ထာက် ခံနေမှုများ ရပ်တန့်ကြရန် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဝိုင်း ဝန်းတောင်း ဆိုမှုများ ရှိနေသည်။ အမေရိကန်ပြည်ထောင်စု လွှတ်တော်အမတ်များအဖွဲ့က သမ္မတအိုဘားမား အစိုးရအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏အပြောင်းအလဲအပေါ် ထောက်ခံအားပေးနေမှုနှင့် ပတ် သက်၍ ပြန်လည်သုံးသပ်မှုများပြုလုပ်ရန် တောင်းဆိုခဲ့သည့်နည်းတူ ဗြိတိန်နိုင်ငံလွှတ်တော် အမတ်များကလည်း ဗြိတိန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရန် တောင်း ဆိုခဲ့ သည်။ ယူနတီဂျာနယ်လစ်များကို ထောင်ချအပြီး ဂျာနယ်လစ်များကာကွယ်ရေးကော်မတီက ကြေညာ ချက်ထုတ်ပြန်ရာတွင်လည်း အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေးအပေါ် အထူးတလည် ချီးကျူးပြောဆိုမှုများကို ရပ်တန့်ရန်နှင့် ၎င်းတို့၏ အကူအညီများ၊ ရင်းနှီးမြှုပ်နှံမှု များကိုလည်း ပြန်လည်စဉ်းစားသုံးသပ်ရန် တောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျသံအမတ်တို့ နေပြည်တော်သို့ လာရောက်တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-NLD)

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတကွ တွေ့ဆုံခဲ့ကြသည့် အမေရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျသုံးနိုင်ငံ လုံးသည် ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုများကို ထောက်ခံထားပြီး အစွမ်းကုန်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ကတိပြုထားသည့်နိုင်ငံများ ဖြစ်ကြသည်။

“အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ သုံးနိုင်ငံနဲ့လက်ရှိအခြေအနေမှာ စဉ်းစားကြည့်လို့ရှိရင် လက်ရှိမြန်မာ အစိုးရနဲ့ ဆက်ဆံရေးကလည်းပဲ ကောင်းနေတယ်လို့မြင်တယ်။ သိပ်မကြာသေးခင်ကဘဲ    ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး လာသွားတယ်။ နောက်ပြီးတော့ အမေရိကန်ကလည်း နောက်လထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးတက်ဖို့ လာမယ်။ အဲဒီတော့ တစ်ဖက်ကစဉ်းစားကြည့်ရင် အမေရိကန်နဲ့ ဗြိတိန်နဲ့ ဩစတြေးလျနဲ့က အစိုးရဘက်က များရပ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို လော်ဘီလုပ်ဖို့ကြိုးစားသလားလို့တော့ ထင်ရတယ်ပေါ့လေ။ ဥပမာ အစိုးရနဲ့ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ဝင်ပြီးတော့ ညှိနှိုင်းတဲ့သဘောမျိုးလုပ်လာမလားလို့တော့ ထင်ရတယ်။ 

သို့သော်လည်းပဲ ဖြစ်နိုင်ခြေရှိတာကတော့ အစိုးရဘက်ကို သာသာထိုးထိုးရပ်ပြီးတော့ ဒေါ်အောင် ဆန်း စုကြည် ကို ဖျောင်းဖျတဲ့သဘောမျိုးနဲ့ ချဉ်းကပ်ပြီးတော့လုပ်တဲ့ပုံစံ ဖြစ်လာနိုင်တယ်လို့ ထင်တယ်။ ဒါပေမဲ့ ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့ အသေးစိတ် သတင်းထုတ်ပြန်မှု ဘာမှမရှိတဲ့အခါကျတော့ ဖြစ်နိုင်ခြေကိုမှန်းပြီးတော့ ပြောရတဲ့သဘောပဲ ရှိတယ်။ ဒါပေမဲ့ အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျ သုံးနိုင် ငံစလုံး က မြန်မာအစိုးရနဲ့လည်း ဆက်ဆံရေးကောင်းနေတယ်။ နောက် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ လည်းပဲ ဆက်ဆံရေးကောင်းနေတဲ့အနေအထားမျိုးတွေလည်း ရှိနေတယ်။ အဲဒီအခါကျ တော့ ဒီ သုံးနိုင်ငံရဲ့ ချဉ်းကပ်တဲ့ ပြင်ဆင်တဲ့ပုံစံဟာ မြန်မာပြည်သူလူထုရဲ့ အကျိုးစီးပွားကိုတော့  လျစ်လျူရှု လိမ့် မယ်လို့ မထင်ဘူး” ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြား သည်။  

Eleven Media Group 

No comments:

Post a Comment