Tuesday 15 July 2014

ဆူးလေရှန်ဂရီလာဗုံးပေါက်မှုတွင် စွဲချက်တင်ခံရသူက အမှုကို ပယ်ဖျက်ပေးရန် တိုင်းရုံးသို့ လျှောက်တင်မည်

Photo: ဆူးလေရှန်ဂရီလာဗုံးပေါက်မှုတွင် စွဲချက်တင်ခံရသူက အမှုကို ပယ်ဖျက်ပေးရန် တိုင်းရုံးသို့ လျှောက်တင်မည်
Tuesday, July 15, 2014

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ယခင်ကုန်သည်ကြီးများ ဟိုတယ်ဗုံးပေါက်မှုနှင့် အလုံမြို့နယ်အတွင်းရှိ WESTERN PARK RUBY စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှုနှင့် ပတ်သက်၍ စွဲချက်တင်ခံထားရသူ သုံးဦးအနက်မှ ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုဇော်လတ်မော်အပေါ် စွဲချက်ကို ပယ်ဖျက်ပေးရန် တိုင်းတရားရုံးသို့ လျှောက်တင်သွားမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင်က ပြောသည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည့် ဖြစ်စဉ်များအတွက် စောမြင့်လွင်၊ ဦးမြဖူးနှင့် ကိုဇော်လတ်မော်တို့ကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ပေါက်ကွဲစေတတ်သော ဥပဒေပုဒ်မ-၃ ဖြင့် ဇူလိုင် ၂ ရက်တွင် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၄ ရက်ရုံးချိန်းတွင် အလုံမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး ၀င်းနိုင် အပါအ၀င် ပြန်ခေါ်သက်သေ လေးဦးကို စစ်ဆေးမည်ဖြစ်သော်လည်း သက်သေများလာရောက်ခဲ့ခြင်း မရှိသဖြင့် ဇူလိုင်၂၄ ရက်သို့ ရွှေ့ဆိုင်းလိုက်ပြီး ယင်းနေ့တွင် ကိုဇော်လတ်မော်၏ စွဲချက်ကိုပယ်ဖျက်ရေးအတွက် တိုင်းတရားရုံးသို့ လျှောက်တင်သွားမည် ဖြစ်သည်။

ကိုဇော်လတ်မော်သည် ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်မှုနှင့် WESTERN PARK RUBY စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှုများတွင် ဗုံးထောင်သူဟု စွဲချက်တင်ခံထားရသည့် စောမြင့်လွင်ကို ကားမောင်းပြီး ပို့ဆောင်ပေးခဲ့သည့် ယာဉ်မောင်းကို ဗုံးထောင်မှုများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ တရားစွဲဆိုထားသည်။

“ကျွန်တော်က ဗုံးထောင်မှုတွေရဲ့အဓိကကျူးလွန်သူလို့ ယူဆထားတဲ့ စောနေတိုးနဲ့ စစ်ကိုင်းဘက်မှာ ရှိနေတာပါ၊သူနဲ့ (ကျွန်တော်က)လည်း ပတ်သက်မှုမရှိဘဲ ကျွန်တော်တို့ ကုမ္ပဏီက ကားကို ငှားတယ်၊ ကျွန်တော်က ယာဉ်မောင်းဖြစ်လို့ လိုက်ပို့ပေးတာ”ဟု ကိုဇော်လတ်မော်က ပြောသည်။

အဆိုပါနေ့များတွင် စောမြင့်လွင်ကို လိုက်ပို့သည့် ယာဉ်မောင်းမှာ ကိုမင်းဦးဆိုသူဖြစ်ပြီး ၎င်းကိုယ်တိုင်ကပင် စောမြင့်လွင်ကို လိုက်ပို့ခဲ့သည်ဟု တရားရုံးတွင် ထွက်ဆိုထားခဲ့ပြီးဖြစ်သည်ဟု ကိုဇော်လတ်မော်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃၊ အောက်တိုဘာလ ၁၄ ရက်က ကျောက်တံတားမြို့နယ်အတွင်းရှိ ယခင်ကုန်သည်ကြီးများ ဟိုတယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အမေရိကန်နိုင်ငံသူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ယင်းနေ့တွင်ပင် အလုံမြို့နယ်အတွင်းရှိ WESTERN PARK RUBY စားသောက်ဆိုင်တွင် ဗုံးတစ်လုံးကို တွေ့ရှိခဲ့ သည်။

Mizzima - News in Burmese 

၂၀၁၃ အောက်တိုဘာ ၁၅ ရက်က ယခု ရှန်ဂရီလာဟိုတယ် (ယခင် ကုန်သည်ကြီးများဟိုတယ်)တွင် ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေးယူထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ
၂၀၁၃ အောက်တိုဘာ ၁၅ ရက်က ယခု ရှန်ဂရီလာဟိုတယ် (ယခင် ကုန်သည်ကြီးများဟိုတယ်)တွင် ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေးယူထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ယခင်ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက် မှုနှင့် အလုံမြို့နယ်အတွင်းရှိ WESTERN PARK RUBY စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှုနှင့် ပတ် သက်၍ စွဲချက်တင်ခံထားရသူ သုံးဦးအနက်မှ ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုဇော်လတ်မော်အပေါ် စွဲချက်ကို ပယ်ဖျက်ပေးရန် တိုင်းတရားရုံးသို့ လျှောက်တင်သွားမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင် က ပြောသည်။


ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည့် ဖြစ်စဉ်များအတွက် စောမြင့်လွင်၊ ဦးမြဖူးနှင့် ကိုဇော်လတ်မော်တို့ကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ပေါက်ကွဲစေတတ်သော ဥပဒေပုဒ်မ-၃ ဖြင့် ဇူလိုင် ၂ ရက်တွင် စွဲချက် တင်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၄ ရက်ရုံးချိန်းတွင် အလုံမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး ၀င်းနိုင် အပါအ၀င် ပြန်ခေါ်သက်သေ လေးဦး ကို စစ်ဆေးမည်ဖြစ်သော်လည်း သက်သေများလာရောက်ခဲ့ခြင်း မရှိသဖြင့် ဇူလိုင်၂၄ ရက်သို့ ရွှေ့ဆိုင်းလိုက်ပြီး ယင်းနေ့တွင် ကိုဇော်လတ်မော်၏ စွဲချက်ကိုပယ်ဖျက်ရေးအတွက် တိုင်းတရားရုံးသို့ လျှောက်တင်သွားမည် ဖြစ်သည်။

ကိုဇော်လတ်မော်သည် ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်မှုနှင့် WESTERN PARK RUBY စားသောက် ဆိုင်တွင် ဗုံးတွေ့ရှိမှုများတွင် ဗုံးထောင်သူဟု စွဲချက်တင်ခံထားရသည့် စောမြင့်လွင်ကို ကားမောင်းပြီး ပို့ဆောင်ပေးခဲ့သည့် ယာဉ်မောင်းကို ဗုံးထောင်မှုများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ တရားစွဲဆို ထားသည်။

“ကျွန်တော်က ဗုံးထောင်မှုတွေရဲ့အဓိကကျူးလွန်သူလို့ ယူဆထားတဲ့ စောနေတိုးနဲ့ စစ်ကိုင်းဘက်မှာ ရှိနေတာပါ၊သူနဲ့ (ကျွန်တော်က)လည်း ပတ်သက်မှုမရှိဘဲ ကျွန်တော်တို့ ကုမ္ပဏီက ကားကို ငှားတယ်၊ ကျွန်တော်က ယာဉ်မောင်းဖြစ်လို့ လိုက်ပို့ပေးတာ”ဟု ကိုဇော်လတ်မော်က ပြောသည်။

အဆိုပါနေ့များတွင် စောမြင့်လွင်ကို လိုက်ပို့သည့် ယာဉ်မောင်းမှာ ကိုမင်းဦးဆိုသူဖြစ်ပြီး ၎င်းကိုယ်တိုင် ကပင် စောမြင့်လွင်ကို လိုက်ပို့ခဲ့သည်ဟု တရားရုံးတွင် ထွက်ဆိုထားခဲ့ပြီးဖြစ်သည်ဟု ကိုဇော်လတ်မော်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃၊ အောက်တိုဘာလ ၁၄ ရက်က ကျောက်တံတားမြို့နယ်အတွင်းရှိ ယခင်ကုန်သည်ကြီးများ ဟိုတယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အမေရိကန်နိုင်ငံသူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ယင်းနေ့တွင်ပင် အလုံမြို့နယ်အတွင်းရှိ WESTERN PARK RUBY စားသောက်ဆိုင်တွင် ဗုံးတစ်လုံးကို တွေ့ရှိခဲ့ သည်။

Mizzima - News in Burmese 

No comments:

Post a Comment