Tuesday 15 July 2014

မန္တလေးမြို့တွင်း အဓိကလမ်းမကြီးများပေါ်တွင် ယာဉ်ရပ်နားခြင်းနှင့် ကုန်တင်ကုန်ချပြုလုပ်ခြင်း ကို အချိန်ကန့်သတ်သွားမည်

မန္တလေး၊ ဇူလိုင် ၁၄- မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ယာဉ်ကြောပိတ် ဆို့မှုမရှိစေရေးနှင့် ယာဉ်တိုက်မှုအန္တ ရာယ်ကင်းဝေးစေရေးအတွက် ရည်ရွယ်ကာ မြို့တွင်း အဓိက လမ်းမကြီး များ၏လမ်းဘေးဝဲယာ များ တွင် မော် တော် ယာဉ်များနှင့် ကုန်တင်ခေါက် တိုယာဉ်များ ရပ် နားခြင်း၊ ကုန်တင် ကုန်ချပြုလုပ်ခြင်းတို့အတွက် အချိန် ကန့်သတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကန့်သတ်သွား မည့်လမ်းမကြီး များနှင့် အချိန်အပိုင်းအခြားအား ပြည် သူများ ကြိုတင်သိရှိစေရန်အတွက် အသိပေးကာလ၊ ပညာပေးကာလ သတ်မှတ်၍ ဆောင်ရွက်သွားမည် ဖြစ်ရာ လိုက်နာမှုမရှိသောယာဉ်များ ကို ဩဂုတ် ၁၅ရက်မှစတင်ကာလှည့် လည်စစ်ဆေးရေးအဖွဲ့များဖြင့် ဖမ်း ဆီးပြီး မန္တလေးမြို့တော် စည်ပင် သာ ယာရေးကော်မတီဥပဒေအရ အရေး ယူသွား မည်ဖြစ်ကြောင်း မန္တလေး မြို့ အမှတ်(၁၁) ဒုတိယယာဉ် ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသိန်းကိုကိုက ဒီမိုကရေစီတူဒေး သို့ ပြောသည်။

''အဲဒီလမ်းမကြီးတွေရဲ့ လမ်း ဘေးဝဲယာမှာ ကန့်သတ်သွားမယ့် ယာဉ်ရပ်နားချိန်ကတော့ ယာဉ်ကြော ရှုပ်ထွေးမှု များတဲ့ ရုံးတက်၊ ကျောင်း တက်ချိန်ဖြစ်တဲ့ နံနက် ၇ နာရီခွဲကနေ ၉နာရီခွဲအထိပဲ ဖြစ်ပါတယ်။ အဲဒီလို ကန့်သတ်ထားတဲ့ အချိန်အတွင်းမှာ ယာဉ်တွေရပ်နားမှုမရှိစေဖို့နဲ့ ရပ်နား ရင် အရေးယူခံရမယ် ဆိုတဲ့အကြောင်း ကို ယာဉ်ပိုင်ရှင်တွေကြိုပြီး သိရှိစေ ဖို့အတွက် ဇူလိုင် ၁၅ရက်ကနေ ၃၁ ရက်အထိကို အသိပေးကာလသတ် မှတ်ထားသလို ပညာပေးကာလအနေ နဲ့ ဩဂုတ် ၁ရက်ကနေ ၁၄ရက် အထိ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဒီလိုမျိုးယာဉ်တွေ ရပ်နားချိန်ကို ကန့် သတ်လိုက်တာကြောင့် အဲဒီလမ်းမ ကြီးတွေမှာ နံနက်ပိုင်းဆိုရင် နေ့စဉ် ဖြစ်ပေါ်နေတဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿ နာကို လျှော့ချစေနိုင်မှာဖြစ် လို့ ယာဉ်ပိုင်ရှင်တွေအနေနဲ့လဲ လိုက် နာပေးကြဖို့ လိုပါတယ်''ဟု ယင်းက ရှင်းပြသည်။

နံနက်ပိုင်းတွင် ယာဉ်ရပ်နားခြင်း နှင့် ကုန်တင်ကုန်ချပြုလုပ်ခြင်းကို အချိန်ကန့်သတ် သွားမည့် အဓိက လမ်းမကြီး များနှင့် လမ်းအပိုင်းများ မှာ ၂၆လမ်း၊ ၃၅လမ်းပေါ်တို့တွင် လမ်း ၈ဝမှ ၈၄လမ်းအထိ၊ လမ်း ၈၀၊ ၈၄လမ်း၊ ၇၃လမ်း၊ ၇၈လမ်းပေါ်တို့ တွင် ၂၆လမ်းမှ ၃၅လမ်းအထိ၊ လမ်း ၃ဝပေါ်တွင် ၇၃လမ်းမှ ၇၈လမ်းအထိ နှင့် သိပ္ပံလမ်းပေါ်တွင် ၆၂လမ်းမှ ၇၈ လမ်းအထိဖြစ်ကြောင်း သိရသည်။

မန္တလေးခရိုင်တွင် ယခုနှစ် တစ် လပိုင်းမှ ခြောက်လပိုင်းအထိ ယာဉ် တိုက်မှုပေါင်း ၂၁၁မှု ဖြစ်ပွားခဲ့ရာမှ သေဆုံးသူ ၉ဝနှင့် ဒဏ်ရာရသူ ၂၄၅ ဦးရှိခဲ့ရာ ၂၀၁၃ခုနှစ်က ကာလတူ နှင့်နှိုင်းယှဉ်ပါက ယာဉ်တိုက် မှုနှစ်မှု လျော့ ကျခဲ့သော်လည်း ယာဉ်တိုက် မှုကြောင့် သေဆုံးသူရှစ်ဦးပိုကာ ဒဏ် ရာရသူမှာလည်း ၃၁ဦး ပိုမိုများပြား သောကြောင့် စည်းကမ်းမဲ့ယာဉ်များ အား ဖမ်းဆီးအရေးယူမှုများကို နေ့ စဉ် အရှိန်အဟုန်မြှင့် လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

Yangon Media Group 

No comments:

Post a Comment