Tuesday 15 July 2014

၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်သူများ ခြေချုပ်နှင့် ခံဝန်ဥပဒေ ပြင်ဆင်မည်

၁၉၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြစ်မှု ကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန် ဥပဒေကို ပြင်ဆင်ရန် ပြည် ထဲရေး ဝန်ကြီးဌာနမှ လက်ခံခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ယင်းဥပဒေပါ အချက်များသည် အခြေခံဥပဒေပါ ပြဌာန်းချက် အပါအဝင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်းပါ အချက်အလက်များနှင့် ညီညွတ်မှု မရှိသောကြောင့် ပြင်ဆင်ရန် တင်ပြရခြင်း ဖြစ်ကြောင်း အဆိုတင်သွင်းသူ သင်္ကန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ပြောကြားသည်။

“ပြည်ထဲရေးက လက်ခံမယ်တောင် မထင်ထားဘူး၊ ဒါပေမယ့် သူတို့က ပူးပေါင်း လုပ်မယ်တဲ့” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဥပဒေပါ ပြစ်မှု ကျူးလွန်တတ်သူများကို တစ်လနီးပါးအထိ ချုပ်ထားခွင့် ရှိသည်ဟူသော အချက်ကို ၁၅ ရက်ထက် မပိုဘဲ ချုပ်ထားခွင့် ရှိသည်ဟူ၍ လည်းကောင်း၊ အထောက်အထား မရှိပါက ထိုသူကို ချုပ်နှောင်ထားခြင်းမှ အပြီးအပြတ် လွှတ်ရမည်ဟု လည်းကောင်း ပြင်ဆင်ရန် တင်ပြထားကြောင်း ၎င်းက ရှင်းပြသည်။

ဦးသိန်းညွန့်၏ တင်ပြချက်ကို ပြည်ထဲရေး ဝန်ကြီးဌာနမှ ရဲချုပ်ဇော်ဝင်းက ဖြေကြားရန် လာရောက်သော် လည်း ပြည်ထောင်စုအဆင့် မဟုတ်သောကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အစည်း အဝေး ခန်းမအတွင်း ဝင်ရောက် ဖြေကြားခွင့် မပေးခဲ့ပေ။

အဆိုပါ ပြင်ဆင်ရန် သဘောတူညီချက်ကို ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီး ဦးစိုးညွန့်က ကို ယ် စား ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ယင်းဥပဒေ၏ ဟာကွက်ကို အလွဲသုံးမှုများကြောင့် ဆင်းရဲသားပြည်သူ အပါအဝင် နိုင်ငံသားအချို့ကို ထိခိုက်နေသောကြောင့် ယခုကဲ့သို့ တင်ပြရခြင်း ဖြစ်ကြောင်း ဦးသိန်းညွန့်က ဆိုသည်။

ယင်းဥပဒေကို ပြင်ဆင်မည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီသို့ လွှဲပြောင်း လုပ် ကိုင် မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။

The Voice Weekly 

No comments:

Post a Comment