Saturday, 2 January 2016

မိုင်းလားမြို့က တရိပ်ရိပ် ကြီးထွားလာနေသည့် သင်းခွေချပ် တရားမဝင် ဈေးကွက်

မိုင်းလားရှိ တိရစ္ဆာန်ဈေးကွက်တွင် ရောင်းချရန်ပြသထားသော သင်းခွေချပ်တစ်ကောင်
မိုင်းလား အထူးဖွံ့ဖြိုးရေးဇုန်မှာတော့ သင်းခွေချပ်အရှင်တွေ၊ သင်းခွေချပ် အသားနဲ့ အကြေးခွံတွေကို ရောင်းချတဲ့ တရားမဝင် ဈေးကွက်ဟာ တစ်စထက်တစ်စ ကြီးထွားလာနေပါပြီ။

နှစ်သစ်ကူးနေ့တွင် မြန်မာတစ်နိုင်ငံလုံး၌ ထူးခြားဖြစ်စဉ် ဖြစ်ပွားခြင်း မရှိခဲ့ဘဲ အမှုကြီး ဖြစ်စဉ်များအနက် လူသတ်မှု သုံးမှု၊ မုဒိမ်းမှု သုံးမှု ဖြစ်ပွား

ရန်ကုန်မြို့ အင်လျားကန်ပေါင်၌ ၂၀၁၅ ခုနှစ် နှစ်သစ်ကူးညတွင် လာရောက်ကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်၊ နှစ်သစ်ကူးနေ့တွင် ထူးခြားဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ဘဲ အမှုကြီး ဖြစ်စဉ်များအနက် လူသတ်မှုသုံးမှု၊ မုဒိမ်းမှုသုံးမှုသာ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ မှုခင်းဌာနမှ ၂၀၁၆ ခုနှစ် ဇန်န၀ါ ရီ ၁ ရက်က စုံစမ်းသိရှိရသည်။

အစည်ဖောင်းဈေး ကျပ်သိန်းရာဂဏန်း ရှိသည့် ကပ်သမျှင်ငါးကြီးဖမ်းမိ

ရေလုပ်သားများ ဖမ်းဆီးမိခဲ့သော ကပ်သမျှင်ငါးကြီးတစ်ကောင်ကို မော်လမြိုင် လမုတန်း အနောက် မြစ်ဆိပ်တွင် ဒီဇင်ဘာ ၂၈ ရက်က သယ်ယူနေစဉ် (ဓာတ်ပုံ - ရဲရင့်မာန်ခတ်)
မွန်ပြည်နယ်ရှိ ရေလုပ် သားတစ်ဦးက ငါးပေကျော်ရှည် ပြီး ၅၅ ပိဿာခန့်ရှိသော ကပ်သ မျှင်ငါးကြီးတစ်ကောင်ကို ဒီဇင် ဘာ ၂၈ ရက်က ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအတွင်း တစ်နေရာတည်း အခြေချ နေထိုင်ခြင်း မရှိဘဲ ရွှေ့ပြောင်းသွားလာနေသူဦးရေ ၁၀ သိန်းကျော်ရှိကြောင်း လ၀က ဒုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ တစ်ဝန်းတွင် တစ်နေရာတည်း အခြေချ နေထိုင်ခြင်း မရှိဘဲ ရွှေ့ပြောင်း သွားလာနေသူ ဦးရေမှာ ခန့်မှန်းခြေစာရင်းများအရ ၁၀ သိန်းကျော်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲမှ သင်ခန်းစာယူရန် လူထုဆန္ဒကို လက်ခံရန်လိုကြောင်း ဦးတင်အေးပြောကြား

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
၂၀၁၅ အတွင်း မြန်မာ နိုင်ငံအတွက် သင်ခန်းစာယူစရာ အကောင်းဆုံးသည် ပါတီစုံအ ထွေထွေရွေးကောက်ပွဲဖြစ်ပြီး ပြည်သူပြည်သားများ၏ အဆုံးအ ဖြတ်ကို လက်ခံရန်လိုအပ် ကြောင်း ရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၆ မင်္ဂလာ နှုတ်ခွန်းဆက်လွှာ၌ ပြော ကြားသည်။

ရွေးကောက်ပွဲ ကုန်ကျစရိတ် အရှုပ်အရှင်းလုပ်ပါက အရေးယူမည်ဟုဆို

ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်က ရွေးကောက်ပွဲကုန် ကျစရိတ်များနှင့်ပတ်သက်၍ အ ရှုပ်အရှင်းများပြုလုပ်ပါက အရေးယူမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ သ တင်းရရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် ပြင်ဆင်နေသည့် စိတ်ကြွဆေးပြား သုံးသိန်းကျော် မောင်တောမြို့တွင် ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် ပြင်ဆင်ထားသည့် စိတ်ကြွဆေးပြား သုံးသိန်းကျော်အား တရားခံတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အမ်ပီတီဖုန်းအချင်းချင်း ဖုန်းဘီလ်လွှဲပြောင်းနိုင်ပြီ

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
MPT ဖုန်းအသုံးပြုသူ အချင်းချင်း ဖုန်းဘီလ်လွှဲပြောင်းပေးနိုင်သည့် ၀န်ဆောင်မှုကို GSM နှင့် WCDMA ဖုန်းများတွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇန်န၀ါရီ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။

သမ္မတအာဏာ သက်သက် အသုံးပြုပြီး သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်နိုင်ဖို့ အိုဘားမား ကြိုးစားလာနိုင်

အမေရိကန် ပြည်ထောင်စု ထဲမှာ ဖြစ်ပေါ် နေတဲ့ သေနတ် ပစ်ခတ်မှု မှုခင်းတွေ ကို ကိုင်တွယ် နိုင်ဖို့ အတွက် သေနတ် ကိုင်ဆောင်ခွင့် ဆိုင်ရာ ဥပဒေ ပြင်ဆင် ပြောင်းလဲ နိုင်ဖို့ သမ္မတ အိုဘားမား ဘက်က တစ်ဘက်သတ် ဆောင်ရွက် လာမယ့် အရိပ်အယောင် တွေ ပြသ လာပါတယ်။

ရာမာဒီနားက အီရတ်အစိုးရ စစ်စခန်းကို IS တွေ တိုက်ခိုက်

အီရတ်နိုင်ငံ ရာမာဒီ မြို့အနီးက အစိုးရ စစ်စခန်းကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေ တိုက်ခိုက်ခဲ့ ကြပါတယ်။

Friday, 1 January 2016

လျှာကပြောတဲ့ ကျန်းမာရေး

နေမကောင်းဖြစ်လို့ ဆေးခန်းသွား ပြတဲ့အခါ ဆရာဝန်က လျှာထုတ် ခိုင်းပြီး စစ်ဆေးရတဲ့အကြောင်း ရင်းရှိပါတယ်။ အဲဒါကတော့ လျှာကနေတစ်ဆင့် ကျန်းမာရေးအခြေအနေကို သိနိုင်တဲ့အတွက်ကြောင့် ဖြစ်ပြီး လျှာဘယ်လိုအရောင်ဆို ရင် ဘယ်လိုရောဂါကြောင့်ဆိုတာ သိနိုင်အောင်လို့ ဖော်ပြပေးလိုက် ပါတယ်။

အသည်းသန့်ချင်သလား ဒါတွေစား

အသည်းဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အခရာကျတဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုဖြစ်ပြီး အစာခြေဖျက် မှု၊ ဇီဝတွင်းဖြစ်ပျက်မှု၊ ကိုယ်ခံ စွမ်းအားနဲ့ အာဟာရဓာတ်တွေကို စုဆောင်းပေးတာတွေကို လုပ် ဆောင်ပါတယ်။ ကျန်းမာတဲ့ အသည်းဟာ သွေးလည်ပတ်မှု ကောင်းအောင်လုပ်ဆောင်ပြီး သွေးထဲက မလိုအပ်တဲ့အဆိပ်အ တောက်တွေဖယ်ရှားကာ ခန္ဓာ ကိုယ်ထဲသို့ အာဟာရဓာတ်တွေ ပို့ဆောင်ပေးသလို ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဂလူးကို့စ်တွေကို ထိန်းသိမ်းတာလည်း လုပ်ပါတယ်။ 

ငါတို့အားလုံးသည် စတား အဝါးခံရသူများ ဖြစ်ကြသည်

ခုရက်ပိုင်းတွေအတွင်း ဗမာပြည်မှာ Star War ဇာတ်ကားကြီး ရုံတင်နေပါတယ်။ နိုင်ငံတကာနဲ့ တပြေးညီ ရင်ဘောင်တန်းပြီး မောင်မှန်တို့ ရုပ်ရှင်တော့ ကြည့်ရပါပြီ။ (ကျန်တာတွေလည်း တဖြေးဖြေးတော့ ဖြစ်လာမှာပေါ့နော်) ရုပ်ရှင်တောင်မှ ရိုးရိုး ရုပ်ရှင်မဟုတ်ဘူး။ ကမ္ဘာ့ဝင်ငွေ စံချိန်ချိုးတဲ့ ရုပ်ရှင်၊ 3D မျက်မှန်နဲ့ ကြည့်ရတဲ့ ရုပ်ရှင်၊ ရှယ်မှ ထူးထူးရှယ်ပါပဲ။ မောင်မှန်တို့ ငယ်ငယ်တုန်းကနဲ့တော့ ကွာပ့ါ၊ မောင်မှန်တို့ ငယ်ငယ်တုန်းကလည်း Star War ကြည့်ခဲ့ရဖူးတယ်။ ရှုမဝ မဂ္ဂဇင်းမှာလား၊ သိပ္ပံ မဂ္ဂဇင်း မှာလား မသိဘူး။ Star War ရုပ်ရှင်ကို မြန်မာဘာသာပြန်ဆိုပြီး ရုပ်ပြကာတွန်းဆွဲကာ အခန်းဆက် ဖော်ပြတာကိုလည်း စောင့်ဖတ်ခဲ့ရဖူးတယ်။ ငယ်ငယ်တုန်းကလည်း Star War ၊ ဒီအရွယ်ကြီးရောက် တဲ့ထိလည်း Star War က ဟော့နေတုန်းပဲ၊ ဒီတော့ မောင်မှန် မ.ဆ.လ ခေတ်က ကိုဇာဂနာကြီး ပြက်လုံး ပြန်အောက်မေ့မိတယ်၊ စတားတွေပဲ ဝါးနေတာပဲတဲ့။ ဟုတ်ပါတယ်။ ခုထိလည်း စတားတွေ ဝါးနေဆဲပါပဲ။

Thursday, 31 December 2015

ဟိုတယ်ဝန်ဆောင်မှုအတွက် မကာအိုက မြန်မာလုပ်သားစမ်းသပ်ခေါ်ယူမှုများလာ

မကာအိုမြို့တွင်း လူစည်ကားရာဝန်းကျင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - fashionavecpassion.com)
ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းအတွက် မကာအိုက မြန်မာလုပ်သားများစမ်းသပ်ခေါ်ယူမှုမြင့် တက်လာကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းများမှ သိရသည်။

ရာမာဒီမြို့ထဲတွင် အိုင်အက်စ်တို့ ထားခဲ့သည့် မိုင်းထောင်ချောက်များကြောင့် အီရတ်စစ်တပ် အခက်ကြုံနေ

ရာမာဒီမြို့ထဲ ဝင်ရောက်လာသည့် အီရတ် တင့်ကားတစ်စီး
ရာမာဒီမြို့ကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများ လက်ထဲမှ ပြန်လည် သိမ်းယူနိုင်ခဲ့ပြီ ဖြစ်သော်လည်း ၎င်းတို့ ချန်ခဲ့သည့် မိုင်းထောင်ချောက်များက အီရတ် တပ်ဖွဲ့ဝင်များကို ကြီးကြီးမားမား အခက်အခဲများ တွေ့ကြုံနေစေကြောင်း သိရသည်။

မြောက်အမေရိကတွင် ၄၅ ရက်အတွင်း LG V 10 စမတ်ဖုန်း ၄၅၀,၀၀၀ ရောင်းချရ


မြောက်အမေရိကတွင် V10 စမတ်ဖုန်းကို မိတ်ဆက်ပြီးနောက် ၄၅ ရက်အတွင်း အလုံးရေ ၄၅၀,၀၀၀ ရောင်းချခဲ့ရကြောင်း LG ကုမ္ပဏီက ကြေညာသည်။ ယင်းအရေအတွက်မှာ မြောက်အမေရိကတွင် LG ကုမ္ပဏီ၏ V10 စမတ်ဖုန်းများ နေ့စဉ် အလုံးရေ ၁၀,၀၀၀ ရောင်းချနေရသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။

CNN ၏ မြန်မာ့နိုင်ငံရေး ၂၀၁၅ သုံးသပ်ချက်နှင့် ၂၀၁၆ အတွက် ခန့်မှန်းချက်

နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲနေ့က ဗဟန်းမြို့နယ်ရှိ မဲရုံတစ်ခုသို့ လာရောက်သူများ (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ))
စီအင်န်အင်န် သတင်းထောက် ငါးဦးဖြစ် သည့် နစ်ခ်ပေ တန်ဝဲလ်ရှ်၊ နီမာအယ်လ်ဘာဂီ၊ အိုင်ဗန်ဝပ်ဆန်၊ ကလာရစ်ဆာ ဝါ့ဒ်နှင့် အာဝါဒေမွန်တို့သည် ၂၀၁၅ အတွင်း ကမ္ဘာတစ်လွှား၌ ဖြစ်ပျက်ပြောင်းလဲခဲ့သည့် အခြေ အနေများ၊ ၂၀၁၆ တွင် ကြုံတွေ့ လာနိုင်သည့် အလားအလာများ ကို အမြင်ဖလှယ် ဆွေးနွေးခဲ့ကြ သည်။ ထိုအစီအစဉ်တွင် မြန်မာ နိုင်ငံနှင့် ပတ်သက်၍ ဆွေးနွေးမှု လည်း ပါဝင်ခဲ့ရာ အဆိုပါ အစိတ် အပိုင်းကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

ကမ္ဘာ့ဈေးအကြီးဆုံး ပစ္စည်းများ

မည်သည့် အရာတွင်မဆို သူ့တန်ဖိုးနှင့်သူ ရှိပြီးသား ဖြစ်သည်။ ထို့ကြောင့် ပစ္စည်းများကို တန်ဖိုးတစ်ခုဖြင့် တွက်ချက်ပြလေ့ ရှိကြသည်။ စိတ်ကြိုက်တွေ့သည့် ပစ္စည်းဖြစ်ပါက တန်ဖိုးကို မကြည့်ဘဲ ၀ယ်ယူခြင်းမှာလည်း လူသားများ၏ အလေ့အထတစ်ခု ဖြစ်သည်။ ပစ္စည်းတိုင်းတွင် တန်ဖိုးအမြင့်ဆုံး သတ်မှတ်ခံရလေ့ ရှိသည်။ သို့ဖြစ်ရာ တန်ဖိုးအမြင့်ဆုံး ပစ္စည်းများ အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

တောင်ငူမြို့တွင် ရဲတပ်သားတစ်ဦး ရွှေဆံတော်ဘုရား တ၀ဂူစေတီအတွင်း မီးပုံရှို့ကာ ကိုယ့် ကိုယ်ကိုယ် သေကြောင်းကြံမှု ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဒီဇင်ဘာ ၃၀ ရက်က တောင်ငူမြို့အမှတ် ၃ ရဲစခန်းမှ ရဲတပ်သားတစ်ဦး သမိုင်းဝင်ရွှေဆံတော်ဘုရား အရှေ့တောင်ထောင့်ရှိ “တ၀ဂူ” စေတီအတွင်း မီးပုံရှို့ကာ ကိုယ့် ကိုယ်ကိုယ်မီးပုံအတွင်းသို့ ၀င်ရောက်မီးရှို့မှု ဖြစ်ပွားခဲ့ပြီး အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီမိနစ် ၄၀ ခန့်က တောင်ငူမြို့ ၁၃ ရပ်ကွက်၊ သမိုင်းဝင် ရွှေဆံတော်ဘုရားပေါ်သို့ လူတစ်ဦး ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် ရွှေဆံတော်ဘုရားအရှေ့ တောင်ထောင့်ရှိ တ၀ဂူစေတီ လိုဏ်ဂူအတွင်းသို့ ၀င်ရောက်ကာ ဘုရားရင်ပြင်တော်ပေါ်ရှိ သစ်တိုသစ်စများနှင့် ကျောပိုးအိတ်အား မီးပုံရှို့ပြီး ကိုယ့် ကိုယ်ကိုယ်မီးပုံအတွင်းသို့ ၀င်ရောက်ကာ မီးရှို့မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်က နှစ်သစ်ကူးပွဲကျင်းပမယ့်နေရာများ

နှစ်ကူးအစကို အမြူးကြွဆုံးတွေနဲ့ ကြိုဆိုကြမယ့်နေရာများ ဒီညမှာ ရန်ကုန်က နှစ်သစ်ကူးပွဲကျင်းပမယ့်နေရာတွေကတော့ မင်းဓမ္မ လမ်းက MCC ကွင်းပြင်မှာ ရော့ခ်ကာကြီးဇော်ဝင်းထွဋ်တို့ရဲ့ဂျစ်ပစီည နှစ်သစ်ကူးဂီတပွဲရှိပါတယ်။