Saturday 2 January 2016

ရွေးကောက်ပွဲ ကုန်ကျစရိတ် အရှုပ်အရှင်းလုပ်ပါက အရေးယူမည်ဟုဆို

ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်က ရွေးကောက်ပွဲကုန် ကျစရိတ်များနှင့်ပတ်သက်၍ အ ရှုပ်အရှင်းများပြုလုပ်ပါက အရေးယူမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ သ တင်းရရှိသည်။
‘‘ခေါင်းစဉ်အရ တချို့မသုံး လိုက်ရတဲ့ ဟာတွေရှိတယ်။ ကျွန် တော်တို့ ကော်မရှင်ကြီးမှာလည်း ရှိတယ်။ အဲဒါတွေပိုရင် နိုင်ငံ တော်ကို ပြန်အပ်ရတယ်။ အကုန် သုံးပစ်လိုက်လို့မရဘူး။ကျွန်တော်တို့လည်း အစစ်ဆေးခံရမယ်’’ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးသောင်းလှိုင်က ပြောကြား သည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲ အသုံးစရိတ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မြို့နယ်ကော်မရှင် အဆင့်အထိ ချပေးထားပြီး ငွေ ကြေးအရှုပ်အရှင်းလုပ်ပါက အ ရေးယူမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌက သတိပေးထား ကြောင်း ၎င်းက ပြောသည်။‘‘ငွေရေးကြေးရေးနဲ့ပတ် သက်ရင်တော့ အရှုပ်အရှင်းလုပ် လို့မရဘူး။ လုပ်လို့တိုင်လို့ စစ် ဆေးတွေ့ရှိရင် အရေးယူတာပဲ။ ကော်မရှင်က သည်းခံမှာမဟုတ် ဘူး။ ဥက္ကဋ္ဌကြီးကလည်းဒါမျိုးမ ကြိုက်ဘူး။ သူကတော့ ပေါ် ပေါက်လို့ တိုင်လာရင် စိစစ် တယ်။ စုံစမ်းခိုင်းတယ်။ တွေ့ရှိ ချက်အပေါ်မှာ အက်ရှင်ယူတယ်’’ ဟု ဦးသောင်းလှိုင်က ပြောသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် သာမန်အသုံး စရိတ်နှင့် ငွေလုံးငွေရင်း အသုံး စရိတ်နှစ်ရပ်ပေါင်း ကျပ် ၅၁,၈၃၆ ဒသမ ၇၈၆ သန်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တောင်းခံခဲ့သည်။

7Day Daily

No comments:

Post a Comment