Saturday 2 January 2016

အစည်ဖောင်းဈေး ကျပ်သိန်းရာဂဏန်း ရှိသည့် ကပ်သမျှင်ငါးကြီးဖမ်းမိ

ရေလုပ်သားများ ဖမ်းဆီးမိခဲ့သော ကပ်သမျှင်ငါးကြီးတစ်ကောင်ကို မော်လမြိုင် လမုတန်း အနောက် မြစ်ဆိပ်တွင် ဒီဇင်ဘာ ၂၈ ရက်က သယ်ယူနေစဉ် (ဓာတ်ပုံ - ရဲရင့်မာန်ခတ်)
မွန်ပြည်နယ်ရှိ ရေလုပ် သားတစ်ဦးက ငါးပေကျော်ရှည် ပြီး ၅၅ ပိဿာခန့်ရှိသော ကပ်သ မျှင်ငါးကြီးတစ်ကောင်ကို ဒီဇင် ဘာ ၂၈ ရက်က ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ကပ်သမျှင်ငါးကို မော်လမြိုင်မြို့နယ် ဇေယျာသီရိရပ်ကွက် လမုတန်းဈေးအနောက် မြစ်ဆိပ်ကမ်းတွင် ရေလုပ်သား တစ်ဦးက ဖမ်းမိခဲ့ပြီး သယ်ဆောင်လာသည်ကိုတွေ့ခဲ့ရကြောင်း အ ဆိုပါရပ်ကွက်နေ အမျိုးသားတစ် ဦးက ပြောသည်။

ကပ်သမျှင်ငါးများသည် လူ့ အရွယ်အစားထက်ကြီးလေ့ရှိကာ ယင်းငါးများ၏ဝမ်းဗိုက်အတွင်းရှိ အစည်ဖောင်းအရည်အသွေးပေါ် မူတည်ပြီး ကျပ်သိန်းရာဂဏန်း နှင့် အရောင်းအဝယ်လုပ်လေ့ရှိ ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

‘‘အဲဒီနားက မကြာခဏ မိ လေ့ရှိတယ်။ ပြီးခဲ့တဲ့လက ကပ်သမျှင်ငါးကြီးတစ်ကောင် မိတာ ကျပ်သိန်းရှစ်ဆယ်နဲ့ အရောင်းအဝယ်ဖြစ်ဖူးတယ်လို့သိရတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ငါးဦးစီးမှူး ဦးသန့်ဇင် က ပြောသည်။

တန်ဖိုးရှိသော ကပ်သမျှင် ငါးကြီးများကို ယင်းနေရာအနီး တစ်ဝိုက်တွင် မကြာခဏ ဖမ်းမိလေ့ရှိရာ နိုဝင်ဘာက ကပ်သမျှင် ငါးကြီးတစ်ကောင် ဖမ်းမိခဲ့ပြီး ကျပ်သိန်း ရှစ်ဆယ်ဖြင့် အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း ဦးသန့်ဇင် က ပြောသည်။

‘‘ကပ်သမျှင်ငါးတွေက အ သားထက် အစည်ဖောင်းက ဈေး ကြီးတယ်။ ဝယ်သူစိတ်ကြိုက်အ ရည်အသွေးရရင် သူ့အစည်ဖောင်းကို Export ပို့ဖို့ ကြိုက်ဈေးပေးပြီး ဝယ်ကြတယ်’’ဟု ၎င်းက ပြောသည်။

ကပ်သမျှင်ငါးအစည်ဖောင်း များကို တရုတ်နိုင်ငံက ဝယ်ယူ လေ့ရှိသဖြင့် ရေလုပ်သားများထံ မှ ငါးဒိုင်များက ဝယ်ယူကာ တစ် ဆင့်ပြန်ရောင်းလေ့ရှိကြောင်း ဦး သန့်ဇင်က ပြောသည်။ ယခုဖမ်း ဆီးမိသော ကပ်သမျှင်ငါးကို ငါး ဒိုင်က ရေခဲရိုက်ကာ ပုံးဖြင့်သယ် ယူသွားသည်။

၂၀၁၅ နှစ်ဆန်းပိုင်းကလည်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နယ်ရှိ ကျေးရွာတစ်ရွာမှ ရွှေရောင်ငါးကြီးတစ်ကောင်ဖမ်းမိသဖြင့် ဈေးပြိုင်ပေးဝယ်ရာ ကျပ်သိန်း ၇၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ် ဖူးကြောင်း ဒေသခံတစ်ဦးက လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားတင်ပြခဲ့သည်။

7Day Daily

No comments:

Post a Comment