Saturday 2 January 2016

၂၀၁၅ ရွေးကောက်ပွဲမှ သင်ခန်းစာယူရန် လူထုဆန္ဒကို လက်ခံရန်လိုကြောင်း ဦးတင်အေးပြောကြား

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
၂၀၁၅ အတွင်း မြန်မာ နိုင်ငံအတွက် သင်ခန်းစာယူစရာ အကောင်းဆုံးသည် ပါတီစုံအ ထွေထွေရွေးကောက်ပွဲဖြစ်ပြီး ပြည်သူပြည်သားများ၏ အဆုံးအ ဖြတ်ကို လက်ခံရန်လိုအပ် ကြောင်း ရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၆ မင်္ဂလာ နှုတ်ခွန်းဆက်လွှာ၌ ပြော ကြားသည်။
၂၀၁၆ ကို ကျက်သရေမင်္ဂ လာအပေါင်းနှင့်ပြည့်စုံသည့် နှစ် တစ်နှစ်ဖြစ်အောင် စွမ်းဆောင်နိုင် ရေးကုန်လွန်ခဲ့သည့် ၂၀၁၅ ကို ဝေဖန်သုံးသပ်ကာ သင်ခန်းစာယူ ရမည်ဖြစ်ကြောင်းနှင့် ၂၀၁၅ အ တွင်း သင်ခန်းစာယူစရာအ ကောင်းဆုံးမှာ လွတ်လပ်ပြီး တရားမျှတသည်ဟု ပြည်တွင်း၊ ပြည်ပ လေ့လာစောင့်ကြည့်သူများက အသိအမှတ်ပြုကာ ပြည်သူလူထု ၏ ဆန္ဒကိုပေါ်လွင်ထင်ဟပ်စေခဲ့ သည့် ရွေးကောက်ပွဲပင်ဖြစ်သည် ဟု ဦးတင်အေးက ဆိုသည်။

‘‘ပါတီစုံအထွေထွေရွေး ကောက်ပွဲကြီးမှာ သင်ခန်းစာယူရ မှာက ပြည်သူ၊ပြည်သားများသည် အဓိက၊ ပြည်သူပြည်သားတို့၏ အဆုံးအဖြတ်ကိုသာ လက်ခံရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုကို စည်းရုံး၊ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နေမှ ပြည်သူလူထုက ယုံကြည်အားကိုးမှာ ဖြစ်ပါတယ်။ လူထုယုံကြည်လက်ခံတဲ့ လူ ပုဂ္ဂိုလ်၊ ပါတီအဖွဲ့အစည်းဟာ လူထုထောက်ခံမှုကို ရမှာပဲဖြစ်ပါ တယ်’’ဟု ဦးတင်အေးက ပြော ကြားသည်။

ပါတီများအနေဖြင့် ရွေး ကောက်ပွဲကာလတွင်မှ လူထုကို ဟောပြောစည်းရုံးခြင်းမျိုးမဟုတ် ဘဲ ပြည်သူလူထုနှင့် ထာဝရထိ တွေ့ဆက်ဆံကာ လူထုကောင်း ကျိုးဆောင်ရွက်ပေးနိုင်မှ ရွေး ကောက်ပွဲတွင် လူထု၏ထောက်ခံ မှုဖြင့် အနိုင်ရရှိပြီး နိုင်ငံနှင့် ဒေသ အကျိုးကို ပိုမိုထမ်းဆောင်နိုင်မည် ဟု ဦးတင်အေးက ပြောကြား ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ၀က်ဘ် ဆိုက်တွင် ဖော်ပြထားသည်။

ပါတီများကို ရွေးကောက်ပွဲ ကာလတွင်မှ မဟုတ်ဘဲ ပြည်သူ လူထုနှင့် အမြဲထိတွေ့ဆက်ဆံ ရန် ဦးတင်အးက ပြောကြားသော် လည်း နိုင်ငံရေးပါတီများ၏ လုပ် ဆောင်နိုင်ခွင့်များနှင့်ပတ်သက်၍ ကော်မရှင်က ကာကွယ်ပေးနိုင် မှုနည်းပါးပြီး ရွေးကောက်ပွဲကာ လမဟုတ်လျှင် ပါတီများအနေ ဖြင့် ခက်ခဲစွာ လှုပ်ရှားလုပ်ကိုင် နေရသည်ဟု မန္တလေးမြို့ခံ နိုင်ငံ ရေးလှုပ်ရှားသူအချို့က ပြော သည်။

7Day Daily

No comments:

Post a Comment