ISIS
အစ္စလာမ်မစ် အကြမ်းဖက် စစ်သွေးကြွ များသည် လွန်ခဲ့သည့် ရှစ်လခန့် ကတည်းက
တူရကီနိုင်ငံ၏ မှောင်ခိုဈေးကွက်မှ တစ်ဆင့် ရေနံများ ရောင်းချကာ အမေရိကန်
ဒေါ်လာ သန်း ၈ဝဝ ကျော် ဝင်ငွေရရှိ နေကြောင်း အီရတ် ဝန်ကြီးချုပ် က
ပြောကြားသည်။
ISIS
အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့မှ
ရေနံများကို ထရပ်ကားများ ဖြင့် နယ်စပ် ဖြတ်ကျော်ကာ တူရကီ နိုင်ငံအတွင်းသို့
သယ်ဆောင် ပြီးနောက် နိုင်ငံတကာ ရေနံဈေးနှုန်း ထက် ၅ဝ ရာခိုင်နှုန်း လျှော့၍
ရောင်းချ နေကြောင်း ဝန်ကြီးချုပ် မိုဝတ်ဖတ်က် အယ်လ်ရူဘိုင် က နိုဝင်ဘာ ၂၉
ရက်တွင် ပြောကြား ထားသည်။
အဆိုပါရေနံကို
တူရကီ အဆောက်အအုံများ အတွင်း၌ ချက်လုပ် သန့်စင်ပြီးနောက် ယင်း
နိုင်ငံအတွင်း သုံးစွဲရန် သို့မဟုတ် နိုင်ငံတကာ ဈေးကွက်သို့ ရောင်းချရန်
မြေထဲပင်လယ် အတွင်း ပိုက်သွယ်၍ ပေးပို့နေကြောင်း ၄င်းက ထပ်လောင်း
ပြောကြားသည်။











