Tuesday 1 December 2015

အမျိုးသားတစ်ဦး အရက်ကြောင်ပြီး ညီမဖြစ်သူကို ဓားဖြင့်ထိုးသတ်

အရက်ဖြတ်ထားသည့် အမျိုးသားတစ်ဦးက အရက် ကြောင်ကြောင်ကာ နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ညီ မဖြစ်သူကို ဓားဖြင့်ထိုးခဲ့ခြင်း ကြောင့် အသက်(၁၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံး သွားကြောင်း သန်လျင်မြို့မ ရဲစ ခန်းမှ သတင်းရရှိသည်။

သန်လျင်မြို့နယ် ကွမ်းခြံ ကုန်းကျေးရွာအတွင်း နေထိုင် သည့် နိုင်ရဲဆိုသူသည် အရက် ဖြတ်ထားရာမှ အရက်သေစာပြန် လည်သောက်စားခဲ့ပြီး နေအိမ် တွင် အသက်(၁၇)နှစ်အရွယ် ညီ မဖြစ်သူနှင့်စကားများရာမှ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သန် လျင်မြို့မရဲစခန်းမှ တာဝန်ကျရဲ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့ သည်။

‘‘အဲဒီလူက စိတ်ကျန်းမာရေး ဆေးရုံမှာ နှစ်ခါလောက်တက်ပြီး အရက်ဖြတ်ဖူးတယ်။ သူ့ညီမကို ရည်းစားထားတယ် ဘာညာပြော ပြီး ပြဿနာရှာတော့ တယောက် တခွန်းစကားများရာကနေ နေအိမ်သုံးဓားနဲ့ ထိုးလိုက်တာ’’ဟု ၎င်းကပြောသည်။

ဓားဖြင့်ထိုးခံရသဖြင့် အမျိုး သမီးငယ်၏ဝမ်းဗိုက်တည့်တည့် တွင် ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိ ခဲ့ပြီး သန်လျင်ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ကုသ သော်လည်း နိုဝင်ဘာ ၂၉ ရက် ည ၈ နာရီခန့်တွင် သေဆုံးသွား ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။  

အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်ပြီး ညီမကို ဓားဖြင့်ထိုးခဲ့ သည့် နိုင်ရဲကို သန်လျင်မြို့မရဲစ ခန်းက ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် ကန ဦးအမှုဖွင့်အရေးယူခဲ့သော်လည်း ဓားထိုးခံရသူ သေဆုံးသွားခဲ့၍ ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲအမှု ဖွင့်စစ်ဆေးနေကြောင်း သန်လျင် မြို့မရဲစခန်းမှ သိရသည်။

7Day Daily 

No comments:

Post a Comment