Tuesday 1 December 2015

နိုင်ငံခြားရောက်လို့ ဘာသာစကား အခက်အခဲဖြစ်ရင် google translate ကိုသုံးပါ

မိမိက အင်္ဂလိပ်စာ ကျွမ်းလို့ အခြားသူက နားမလည်ခဲ့သော်လည်းကောင်း၊ မိမိကိုယ်တိုင်ရော အခြားသူရော အင်္ဂလိပ်စာ အခက်အခဲ ဖြစ်မူတွေကို google translate က ပြေလည်အောင်ဖြေရှင်း ပေးမှာ ဖြစ်ပါတယ်။

google translate ဟာ မိမိ ပြောလိုသော အကြောင်းအရာကို အင်္ဂလိပ်လို ရိုက်ရုံနဲ့ အခြား ဘာသာစကားများကို ပြောင်းလဲ သွားစေပါတယ်။ ဥပမာ - Boy လို့ ရိုက်လိုက်တာနဲ့ ဂျပန်ဘာသာ 男の子 လို့ သော်လည်းကောင်း၊ ထိုင်းလို เด็กผู้ชาย သော်လည်းကောင်း ပြောင်းပေးသွားမှာပါ။ အသံထွက်စေချင်ရင် စပီကာ ခလုတ်လေးကို နှိပ်ပြီး အခြားသူကို နားလည်အောင် ပြောပြသွားနိုင်မှာ ဖြစ်ပါတယ်။ 

နည်းပညာ သမားအများစု အနေဖြင့် ကျွမ်းကျင်စွာ သိရှိနေသော်လည်း နည်းပညာ အသိုင်းအဝိုင်းက မဟုတ်သူတွေကတော့ သုံးချင်မှ သုံးကြမှာပါ။ https://translate.google.com/ ဒီလင့်လေးကို နှိပ်ပြီး လေ့လာ စမ်းသုံးနိုင်ပါတယ်နော်။

ကျော်လင်းနိုင်(ရိုးရာလေး)

No comments:

Post a Comment