Tuesday 1 December 2015

ဖီဖာကမ္ဘာ့အကောင်းဆုံး ဆန်ခါတင်သုံးဦးအဖြစ် မက်ဆီ၊ နေမာနှင့် ရော်နယ်ဒိုတို့ ရွေးချယ်ခံရ

 ဂျီနီဗာ- ၂၀၁၆ ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာမည့် ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် နောက်ဆုံးဆန်ခါတင်သုံးဦးစာရင်းကို တနင်္လာည က ထုတ်ပြန်ရာ ဘာစီလိုနာတိုက်စစ်မှူး နှစ်ဦးဖြစ်သည့် မက်ဆီနှင့် နေမာ၊ ရီးရဲလ်မှ ရော်နယ်ဒိုတို့ အတူပါဝင်ခဲ့သည်။ ရော်နယ်ဒိုသည် မက်ဆီ၏ ကမ္ဘာ့အကောင်းဆုံး ဘလွန်းဒီ အောဆု လေးနှစ်ဆက်ရရှိမှုကို ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် ပြန်ရခြင်းဖြင့်ချိုးဖျက်ထားပြီး နေမာသည် ယခုနှစ်တွင် ခြေစွမ်းပြနိုင်မှုများ ကြောင့် ဆန်ခါတင်သုံးဦးစာရင်း သို့ ပထမဆုံးပါဝင်လာခြင်းဖြစ် သည်။ ရော်နယ်ဒိုက ယခုနှစ်အတွက် မက်ဆီပင်ရလိမ့်မည်ဟုထင်ကြောင်းဆိုပြီး ယင်းမှာ မဲပေး ကြပုံတွင်သာ မူတည်ကြောင်း နို ဝင်ဘာလဆန်းက ပြောကြားခဲ့ သည်။
နေမာကမူ ဆန်ခါတင် သုံးဦးစာရင်း ထုတ်ပြန်ခဲ့ပြီးနောက် မိမိတို့ သုံးဦးစလုံးသည် ထိုစာရင်းတွင်ရှိသင့်သူများသာ ဖြစ်ကြောင်း ဘရာဇီးရုပ်သံအိုဂလိုဘိုအား မှတ်ချက်ပေးသည်။ ဖီဖာထုတ်ပြန်ချက်တွင် ကမ္ဘာ့အကောင်းဆုံးအမျိုးသမီး ဘောလုံးသမားဆု ဆန်ခါတင်သုံးဦး၌ အမျိုးသမီး ကမ္ဘာ့ဖလား ချန်ပီယံ အမေရိကန်အသင်းမှ ကာလီလွိုက်၊ အာယာမီယာမာ (ဂျပန်)နှင့် ဆယ်လီယာဆာစစ် (ဂျာမနီ)တို့ ပါဝင်ပြီး အကောင်းဆုံးနည်းပြ (အမျိုးသား) ဆန်ခါတင်သုံးဦးမှာ ကိုပါဖလားရချီလီ နည်းပြ ဆမ်ပါအိုလီ၊ ဘိုင်ယန်နည်းပြ ဂွါဒီယိုလာ၊ ဘာစီလိုနာနည်းပြ လူးဝစ်အင်းနရစ်တို့ ဖြစ်ကြသည်။ အမျိုးသမီးဘောလုံး အ ကောင်းဆုံး နည်းပြဆန်ခါတင် အဖြစ် မာက်ဆင်ပဆန် (အင်္ဂလန်)၊ ဂျီလ်အီးလစ် (အမေရိ ကန်)၊ နိုရီအိုဆာဆက်(ဂျပန်) တို့ ပါဝင်ကြသည်။ —Ref:FIFA/Guardian 7Day Daily

No comments:

Post a Comment