Tuesday 1 December 2015

ထားဝယ်မြို့ ထန်းပင်တန်းကို မြို့ဝင်အမှတ်အသားအဖြစ် ထိန်းသိမ်းထားမည်

ထားဝယ်မြို့အဝင်ရှိ ထန်းပင်တန်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးမိုးအောင်) 
ထားဝယ်မြို့အ၀င်ရှိ ထန်းပင်တန်းကို မြို့ဝင်အမှတ်အ သားအဖြစ် မြို့သာယာလှပရေး အတွက် ခုတ်လှဲခြင်းမပြုနိုင်ရန်  တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေအရ တရားဝင်ထိန်းသိမ်း စောင့်ရှောက်မည် ဖြစ်သည်။

ထားဝယ်မြို့မှ လောင်းလုံး မြို့နှင့် မောင်းမကန်ကမ်းခြေသို့ သွားရာ(ကမြောကင်း တံတားအ နီး) ကမြောကင်းလမ်းမကြီးဝဲယာ တစ်လျှောက်ရှိ ထန်းပင်တန်းကို ထိန်းသိမ်းရေးအတွက် နိုဝင်ဘာနောက်ဆုံးပတ်မှစတင်၍ စည်ပင်သာယာရေးအဖွဲ့က တရားဝင်နံပါတ်များ တပ်ဆင်သတ်မှတ်ခဲ့သည်။  ‘‘အဲဒီထန်းပင်တန်းက ထား ၀ယ်မြို့ရဲ့ မြို့ဝင်အမှတ်အသား တစ်ခုပါ။ အဲဒါကြောင့်မြို့ဝင်မြို့ ထွက် သာယာလှပရေးအတွက် ထိန်းသိမ်းလိုက်တာပါ။ အဲဒီထန်း ပင်တန်းမှာရှိတဲ့ ထန်းပင်တွေကို စည်ပင်အဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ခုတ်ခဲ့ရင် စည်ပင်ဥပဒေအရ အ ရေးယူသွားမှာပါ’’ဟု မြို့နယ်စည် ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးအောင်ကျော်မျိုးက ပြောသည်။

အဆိုပါ ထန်း ပင်များသည် ကားလမ်းအနီးတွင် ရှိနေသဖြင့် လဲကျဖွယ်အန္တရာယ် ရှိလာပါက စည်ပင်အဖွဲ့က တရားဝင်ခုတ်လှဲ သွားမည်ဟု ဦးအောင်ကျော်မျိုးကပြောသည်။

ယင်းထန်းပင်များသည် အနည်းဆုံးအနှစ် ၃၀ သက်တမ်းရှိပြီး လက်ရှိ စည်ပင်အဖွဲ့က တရားဝင် ထိန်းသိမ်းရန် နံပါတ်များတပ်ဆင်ခဲ့ရာ၌ လမ်းမ၏ယာဘက်တွင် ၁၀၇ ပင်၊ ၀ဲဘက်တွင် ၁၂၆ ပင် စု စုပေါင်း ထန်းပင် ၂၃၃ပင်ရှိ ကြောင်း မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ထံမှ သိရသည်။

ထန်းပင်တန်းအနီးတွင် ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမ္ပဏီ(DDPC)က တန်ဖိုးသင့်အိမ်ရာစီမံကိန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ရှော့ပင်းမောလ်စီမံကိန်းများဆောင်ရွက်နေပြီး နိုဝင် ဘာအတွင်း စက်သုံးဆီအရောင်း ဆိုင်အနီးတွင် ထန်းပင်အချို့ခုတ် လှဲခဲ့ရကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှသိရသည်။

‘‘ထားဝယ်မြို့ဝင်ပေါက် လေးခုရှိတဲ့နေရာမှာ ထန်းပင် တန်းက အဲဒီနေရာတစ်ခုမှာပဲရှိ တော့တယ်။ ထန်းပင်တစ်ပင် ကောင်းကောင်းရဖို့ဆိုရင် အချိန် အကြာပြီးစောင့်ရတာ။ ကမြော ကင်းတံတားနဲ့ ထန်းပင်တန်းက ထားဝယ်မြို့ရဲ့ သင်္ကေတပဲ။ အဲဒီ အနားမှာ DDPCကုမ္ပဏီက စီမံ ကိန်းတွေ လုပ်ဆောင်နေတော့ ဘယ်အချိန်ခုတ်လှဲခံရမလဲဆို တာစိတ်ပူမိတာတော့အမှန်ပါပဲ။ အခုတော့ စည်ပင်က ထိန်းသိမ်း သွားမယ်ဆိုတော့ ၀မ်းသာမိပါ တယ်’’ဟု ဆန်းချီရပ်ကွက်ဒေသခံ တစ်ဦးကပြောသည်။

ထားဝယ်မြို့ဝင်နေရာများ ဖြစ်သည့် ထားဝယ်-ရေးလမ်း၊ ထားဝယ်-မြိတ်လမ်းနှင့် ထားဝယ် -မေတ္တာလမ်းများတွင် ယခင်က ထန်းပင်တန်းများအစီအရီစိုက် ပျိုးထားကြသော်လည်း ယင်းလမ်း များကို ၂၀၁၄တွင် လမ်းနယ်မြေ မြေသားတာပေါင်များချဲ့ထွင်ခဲ့ သောကြောင့် ထန်းပင်တန်းများ ခုတ်လှဲခံခဲ့ရသည်။

7Day Daily 

No comments:

Post a Comment