Tuesday 1 December 2015

လားရှိုးရှိ ကျေးရွာအချို့တွင် လက်နက်ကိုင်များ တပ်သားစုဆောင်းရန် ဖမ်းဆီးမှုများရှိနေ

ရှမ်းပြည်နယ်မြောက် ပိုင်း လားရှိုးမြို့နယ်ရှိ ကျေးရွာ အချို့မှ ဒေသခံရွာသား များကို လက်နက်ကိုင် လူတစ်စုက ည အချိန်ဖမ်းဆီးခေါ်ဆောင်မှုများရှိ နေ၍ ဒေသခံရွာသားအချို့ လား ရှိုးမြို့သို့သွားရောက်ပုန်းခိုနေရ ကြောင်းသတင်းရရှိသည်။  

လားရှိုး - နမ္မတူသွား  ကား လမ်းဘေးတစ်လျှောက်ရှိ အီနိုင်း၊ ဆယ့်သုံးမိုင်ရွာ နှင့် လွယ်တောက် ကျေးရွာသုံးရွာမှ ရွာသား ၄၅ ဦးကို နိုဝင်ဘာ ၂၆ ရက် ညတွင် လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

‘‘ကျွန်မ အမျိုးသားနဲ့အတူ ရွာထဲက လူငယ်တစ်ယောက်ကို ပါ ဖမ်းခေါ်သွားကြတာပါ။ သူတို့လာတဲ့အချိန်က ည ၈ နာရီကျော်နေပါပြီ။ လက်ထဲမှာ သေနတ်တွေ ကိုင်ထားပြီး ကေအိုင်အေအဖွဲ့လို့ ပြောပေမယ့် သူတို့အချင်းချင်း ဗမာစကားပြောတာကိုလည်းကြားရပါတယ်။ ကျွန်မတို့ ရွာက အမျိုးသား နှစ်ယောက်အပြင် တခြားရွာကလူတွေကိုလည်း ဖမ်းခေါ်သွားပါသေးတယ်။ ကျွန်မငယ်ငယ်ကတည်းက ဒီရွာမှာနေလာတာပါ။ အခုလိုမျိုး တစ်ကြိမ်တစ်ခါမှ မကြားဖူးတာအမှန်ပါ’’ဟု လွယ်တောက်ကျေးရွာမှ ဖမ်းဆီးခံရသူတစ်ဦး၏ဇနီး မနားကော်ကပြောသည်။

ယင်းသို့ လက်နက်ကိုင် လူ တစ်စုက လွယ်တောက် ကျေးရွာသား နှစ်ဦးအား ဖမ်းဆီးခေါ် ဆောင်သွားမှုနှင့် ပတ်သက်၍ လွယ်တောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကြာတော့က ယခုကဲ့သို့ပြောသည်။

‘‘ကျွန်တော်တို့ ရွာက ရွာ သားနှစ်ဦးအပြင် ဆယ့်သုံးမိုင်ရွာ နဲ့ အီနိုင်းရွာသားတွေကိုလည်း ဖမ်း ခေါ်သွားတယ်လို့ သိရပါတယ်။ ရွာက အဖမ်းခံလိုက်ရတဲ့လူနှစ်ဦး က ရွာထိပ်ကားလမ်းဘေးမှာနေ တာကြောင့် သူတို့လာတာကို ရွာ သားအားလုံး မသိလိုက်ကြတာ ပါ။ ဖမ်းသွားတဲ့ရွာသားနှစ်ဦးကို (ခွေးဘီလူး) ကားအဖြူလေးပေါ် တင်ပြီး လားရှိုးဘက်မောင်းသွား ကြတယ်ဆိုတာ သူ့မိသားစုတွေ ပြောပြလို့ ကျွန်တော်လည်းသိရ တာပါ။ လာဖမ်းတဲ့ တောတွင်း လက်နက်ကိုင်အဖွဲ့တွေက စစ်မှု ထမ်းဖို့လာခေါ်တာကြောင့် တစ် ရွာလုံး ဘယ်ကိုမှမတိုင်ရဲကြတာ ပါ’’ဟုပြောသည်။

လားရှိုးမြို့နယ်မှ ကျေးရွာများနည်းတူ သိန်းနီမြို့နယ် ကောင်းမထိတ်ရွာမှ လားဟူတိုင်းရင်းသားရွာသားငါးဦးကို နိုဝင်ဘာ ၂၇ ရက် ညတွင် လက်နက် ကိုင် လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

‘‘ကောင်းမထိတ် ရွာမှာ လက်နက်ကိုင်ပြီး လာဖမ်းတဲ့လူ တွေကိုယ်တိုင်က ကေအိုင်အေအဖွဲ့ကဆိုပြီး ပြောတယ်လို့သိရပါတယ်။ အခုဆို အခင်းဖြစ်တဲ့ ရွာတွေက လူငယ်နဲ့အမျိုးသမီးတွေ ရွာမှာမနေရဲတော့လို့ လားရှိုးမြို့ပေါ်မှာ ရှိတဲ့ လားဟူဂေဟာ တွေမှာ ကျွန်မကိုယ်တိုင် သွားရောက်အပ်နှံ ပေးထားရ ပါတယ်’’ဟု ရှမ်းမြောက်ဆိုင်ရာ အမျိုးသမီးကွန်ရက်၏တာဝန်ခံ မအဲမေက ပြောသည်။

ယင်းကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းများက စစ်သားစု ဆောင်းမှုများနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူ၏ မိသားစုဝင်များ သည် မည်သည့်ဌာနကိုမှ တရား ဝင်လာရောက်တိုင်ကြားလေ့မရှိ ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

7Day Daily 

No comments:

Post a Comment