Tuesday, 1 December 2015

တူရကီနိုင်ငံ၏ မှောင်ခိုဈေးကွက်မှ တစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ကို ISIS အဖွဲ့ရရှိ

ISIS အစ္စလာမ်မစ် အကြမ်းဖက် စစ်သွေးကြွ များသည် လွန်ခဲ့သည့် ရှစ်လခန့် ကတည်းက တူရကီနိုင်ငံ၏ မှောင်ခိုဈေးကွက်မှ တစ်ဆင့် ရေနံများ ရောင်းချကာ အမေရိကန် ဒေါ်လာ သန်း ၈ဝဝ ကျော် ဝင်ငွေရရှိ နေကြောင်း အီရတ် ဝန်ကြီးချုပ် က ပြောကြားသည်။
ISIS အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့မှ ရေနံများကို ထရပ်ကားများ ဖြင့် နယ်စပ် ဖြတ်ကျော်ကာ တူရကီ နိုင်ငံအတွင်းသို့ သယ်ဆောင် ပြီးနောက် နိုင်ငံတကာ ရေနံဈေးနှုန်း ထက် ၅ဝ ရာခိုင်နှုန်း လျှော့၍ ရောင်းချ နေကြောင်း ဝန်ကြီးချုပ် မိုဝတ်ဖတ်က် အယ်လ်ရူဘိုင် က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြား ထားသည်။
အဆိုပါရေနံကို တူရကီ အဆောက်အအုံများ အတွင်း၌ ချက်လုပ် သန့်စင်ပြီးနောက် ယင်း နိုင်ငံအတွင်း သုံးစွဲရန် သို့မဟုတ် နိုင်ငံတကာ ဈေးကွက်သို့ ရောင်းချရန် မြေထဲပင်လယ် အတွင်း ပိုက်သွယ်၍ ပေးပို့နေကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

ထားဝယ်မြို့ ထန်းပင်တန်းကို မြို့ဝင်အမှတ်အသားအဖြစ် ထိန်းသိမ်းထားမည်

ထားဝယ်မြို့အဝင်ရှိ ထန်းပင်တန်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးမိုးအောင်) 
ထားဝယ်မြို့အ၀င်ရှိ ထန်းပင်တန်းကို မြို့ဝင်အမှတ်အ သားအဖြစ် မြို့သာယာလှပရေး အတွက် ခုတ်လှဲခြင်းမပြုနိုင်ရန်  တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေအရ တရားဝင်ထိန်းသိမ်း စောင့်ရှောက်မည် ဖြစ်သည်။

‘‘မြန်မာပရိသတ်ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အခုရုပ်ရှင်ကို အစွမ်းကုန်ကြိုးစားသွားမှာပါ’’ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေနှင့် တွေ့ဆုံခြင်း

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သော အလှဓာတ်ပုံများကြောင့် မြန်မာပရိသတ်များ၏ အားပေးမှုရရှိခဲ့သည့် ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေသည် ယနေ့ ညနေ ၆ နာရီခွဲတွင် မြန်မာနိုင်ငံ သို့ ရောက်ရှိမည်ဖြစ်သည်။ လာ မည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် အနုပညာလှုပ်ရှားမှုများအကြောင်း မိတ်ဆက်ရန် လာရောက်ခြင်းဖြစ်ပြီး မြန်မာသရုပ်ဆောင် နေတိုးနှင့်လည်း ရုပ်ရှင်တွဲဖက်ရိုက်ကူးမည်ဖြစ်သည်။ ထို့ကြောင့်မြန်မာပရိသတ် များ၏ အားပေးမှုရရှိထားသည့် ငုရင်ထရန်ဟုရန်မေကို မြန်မာနိုင်ငံတွင် အနုပညာလှုပ်ရှားမှုများ လာရောက်လုပ်ကိုင်ဖြစ်သည့်အကြောင်းအပါအဝင် လတ်တလောလှုပ်ရှားမှုများအကြောင်းကို အီးမေးလ်မှ တစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။
အရင်ဆုံးညီမရဲ့အကြောင်းကို ပရိသတ်တွေကို မိတ်ဆက်ပေးပါ ဦး။

ဖီဖာကမ္ဘာ့အကောင်းဆုံး ဆန်ခါတင်သုံးဦးအဖြစ် မက်ဆီ၊ နေမာနှင့် ရော်နယ်ဒိုတို့ ရွေးချယ်ခံရ

 ဂျီနီဗာ- ၂၀၁၆ ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာမည့် ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် နောက်ဆုံးဆန်ခါတင်သုံးဦးစာရင်းကို တနင်္လာည က ထုတ်ပြန်ရာ ဘာစီလိုနာတိုက်စစ်မှူး နှစ်ဦးဖြစ်သည့် မက်ဆီနှင့် နေမာ၊ ရီးရဲလ်မှ ရော်နယ်ဒိုတို့ အတူပါဝင်ခဲ့သည်။ ရော်နယ်ဒိုသည် မက်ဆီ၏ ကမ္ဘာ့အကောင်းဆုံး ဘလွန်းဒီ အောဆု လေးနှစ်ဆက်ရရှိမှုကို ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် ပြန်ရခြင်းဖြင့်ချိုးဖျက်ထားပြီး နေမာသည် ယခုနှစ်တွင် ခြေစွမ်းပြနိုင်မှုများ ကြောင့် ဆန်ခါတင်သုံးဦးစာရင်း သို့ ပထမဆုံးပါဝင်လာခြင်းဖြစ် သည်။ ရော်နယ်ဒိုက ယခုနှစ်အတွက် မက်ဆီပင်ရလိမ့်မည်ဟုထင်ကြောင်းဆိုပြီး ယင်းမှာ မဲပေး ကြပုံတွင်သာ မူတည်ကြောင်း နို ဝင်ဘာလဆန်းက ပြောကြားခဲ့ သည်။

ဒုက္ခသည်အမည်ခံ၍၀င်ရောက်လာသော IS အကြမ်းဖက်သမားများ၏ ပဲရစ်တိုက်ခိုက်မှုအပြီးတွင်ဥရောပနိုင်ငံများမှ အရေးတကြီးဖြေရှင်းရန်လိုအပ်လာသည့် ဒုက္ခသည်ဝင်ရောက်မှုပြဿနာ

၂၀၁၅ ခုနှစ်သည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် စစ်မီးအတောက်လောင်ဆုံး နှစ်တစ်နှစ်ဖြစ်သကဲ့သို့ ဥရောပအတွက် ပထမဆုံးနှင့်အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသော နှစ်တစ်နှစ်လည်းဖြစ်သည်။ အရှေ့အလယ်ပိုင်းစစ်မီးကြောင့် သန်းနှင့်ချီသောဒုက္ခသည်များမှာ နေအိမ်များမှစွန့်ခွာထွက်ပြေးကြရသည်။ ထိုအထဲမှ လူအများစု၏ရည်မှန်းချက်သည် ၎င်းတို့ဘ၀ကို ကောင်းမွန်စွာ အသစ်တစ်ဖန် ပြန်လည်တည်ဆောက်နိုင်ရန် ဥရောပသို့ ထွက်ခွာရေးပင်ဖြစ်သည်။
ထို့ကြောင့် ဒုက္ခသည်များသည် လူကုန်ကူးသူများ တောင်းဆိုသည့်ဈေးကို မရှိသည့်ကြားမှရှာဖွေပေးကာ ဥရောပသို့သွားရောက်ရန် ကုန်းလမ်း၊ ရေလမ်းခရီးဖြင့် သက်စွန့်ဆံဖျားကြိုးပမ်းကြသည်။ သို့သော်လည်းသောင်းနှင့်ချီလာသော ဒုက္ခသည်များကိုဆက်တိုက်ကယ်ဆယ်နေရသော ဥရောပမှာကြာလာသောအခါ မနိုင်ဝန်ထမ်းနေရသလိုဖြစ်လာသည်။ ထို့ကြောင့် ဥရောပသည်ဒုက္ခသည်အရေးကို စနစ်တကျမကိုင်တွယ်နိုင်တော့ဘဲ နေစရာစားစရာပေးနိုင်မည့်
အရေးကိုပင် ဦးစားပေးလုံးပန်းနေရတော့သည်။

အမျိုးသားတစ်ဦး အရက်ကြောင်ပြီး ညီမဖြစ်သူကို ဓားဖြင့်ထိုးသတ်

အရက်ဖြတ်ထားသည့် အမျိုးသားတစ်ဦးက အရက် ကြောင်ကြောင်ကာ နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ညီ မဖြစ်သူကို ဓားဖြင့်ထိုးခဲ့ခြင်း ကြောင့် အသက်(၁၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံး သွားကြောင်း သန်လျင်မြို့မ ရဲစ ခန်းမှ သတင်းရရှိသည်။

KIA အဖွဲ့မှ နန့်ပုတ်ကျေးရွာအနီး မိုင်းထောင်


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ နန့်ပုတ်ကျေးရွာအနီးတစ်ဝိုက်တွင် နိုဝင်ဘာလ ၂၉ ရက်နေ့က KIA အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း ယင်းဒေသခံရွာသား တစ်ဦးထံမှ သိရသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် ချင်းပြည်နယ် လားဘာဝကျေးရွာတွင် မြေမြှုပ်မိုင်း ကြောင့် လူတစ်ဦးသေဆုံး

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်၊ ချင်းပြည်နယ်၊ လားဘာဝရွာသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်းက သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

နိုင်ငံခြားရောက်လို့ ဘာသာစကား အခက်အခဲဖြစ်ရင် google translate ကိုသုံးပါ

မိမိက အင်္ဂလိပ်စာ ကျွမ်းလို့ အခြားသူက နားမလည်ခဲ့သော်လည်းကောင်း၊ မိမိကိုယ်တိုင်ရော အခြားသူရော အင်္ဂလိပ်စာ အခက်အခဲ ဖြစ်မူတွေကို google translate က ပြေလည်အောင်ဖြေရှင်း ပေးမှာ ဖြစ်ပါတယ်။

လားရှိုးရှိ ကျေးရွာအချို့တွင် လက်နက်ကိုင်များ တပ်သားစုဆောင်းရန် ဖမ်းဆီးမှုများရှိနေ

ရှမ်းပြည်နယ်မြောက် ပိုင်း လားရှိုးမြို့နယ်ရှိ ကျေးရွာ အချို့မှ ဒေသခံရွာသား များကို လက်နက်ကိုင် လူတစ်စုက ည အချိန်ဖမ်းဆီးခေါ်ဆောင်မှုများရှိ နေ၍ ဒေသခံရွာသားအချို့ လား ရှိုးမြို့သို့သွားရောက်ပုန်းခိုနေရ ကြောင်းသတင်းရရှိသည်။  

Junction City စီမံကိန်းတွင် မြန်မာလုပ်သားများ အများဆုံးခန့်အပ်မည်

ဗိုလ်ချုပ်လမ်းနှင့်ရွှေတိဂုံဘုရားလမ်းထောင့်တွင် ဆောက်လုပ်နေသည့် Junction City ပုံစံငယ်
ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်က ဦးဆောင်အ ကောင်အထည်ဖော်နေသောကန် ဒေါ်လာသန်း ၃၀၀ တန် မျိုးစုံ ပေါင်းစည်းထားသည့် Junction City စီမံကိန်းကို တည်ဆောက်ရာ တွင် မြန်မာအလုပ်သမားများကို သာ အများဆုံး ခန့်ထား လုပ်ကိုင် မည်ဟု ကုမ္ပဏီအုပ်စုအမှုဆောင် အရာရှိချုပ် ဦးအောင်ဇော်နိုင်က ပြောသည်။

Monday, 30 November 2015

ဒုက္ခသည်လက်ခံဖို့ EU က တူရကီကို ဒေါ်လာသန်းထောင်ချီပေးမည်

ဥရောပကိုရွှေ့ပြောင်းအခြေချနေထိုင်ဖို့ ၀င်ရောက်လာကြတဲ့ ဒုက္ခသည်များ
ဥရောပကိုရွှေ့ပြောင်းအခြေချနေထိုင်ဖို့ ၀င်ရောက်လာကြတဲ့ ဒုက္ခသည်တွေရဲ့ အရေးကို ဖြေရှင်းဖို့အတွက် တူရကီနိုင်ငံကို ဒေါ်လာဘီလီယံပေါင်းများစွာပေးဖို့ ဥရောပသမဂ္ဂက သဘောတူညီလိုက်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်ခံရသည့် ပါရီ ပြဇာတ်ရုံသို့ အိုဘားမား သွားရောက်

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ရှိ အကြမ်းဖက် တိုက်ခိုက်ခံရသော Bataclan ကဇာတ်ရုံသို့ အမေရိကန် သမ္မတ ဘာရတ် အိုဘားမား သွားရောက်ခဲ့ကြောင်း သိရသည်။

စားသုံးရန် မသင့်သော အစားအစာများ အကြောင်း ကျောင်းသားများကို ပညာပေးမည်

ကျောင်းမုန့်ဈေးတန်းမှ အစာစားသုံးရန် မသင့်သော အစားအစာများနှင့် ပတ်သက်၍ အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများကို ပညာပေး ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန FDA ထံမှ သိရသည်။

ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြော်မည့် သက်ကြီးရွယ် အို များနှင့် ပြည် သူ များ လမ်းဖြတ်ကူးမှုအဆင်ပြေစေရန် ဗဟန်း (၃) လမ်း လူကူး ခုံးကျော် တံတားတွင် စက်လှေကားထည့်သွင်း တည်ဆောက်မည်

ရွှေတိဂုံစေတီ တော်သို့လာရောက်ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူများနှင့် သက်ကြီး ရွယ်အိုများ လမ်းဖြတ် ကူး မှုအ ဆင် ပြေစေ ရန်အတွက် ဗဟန်း(၃)လမ်း တွင် ဆောက်လုပ်လျက်ရှိသည့် လူ ကူးခုံးကျော်တံတားအား စက်လှေ ကားထည့်သွင်းတည်ဆောက်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ကော် မတီဝင်(၇) ဦးခင်လှိုင် (ဇောတိက)က ပြောသည်။

ဗဟန်းကလေးအမှု စစ်ဆေးချက်များ ဒီဇင်ဘာလ (၇)ရက်နေ့ နောက်ဆုံးပေးပို့ရမည်

လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည့် ကလေး နှိပ်စက်ခံရသည့်အမှု စစ်ဆေးချက်များအား ဒီဇင်ဘာလ (၇)ရက်နေ့ နောက်ဆုံးထား၍ တရားရုံးသို့တင်ပြရန် ညွှန်ကြားထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

နယ်စပ်နှင့် လေဆိပ်များတွင် လုံခြုံရေးတိုးမြှင့်ထား

ဒေသတွင်း နိုင်ငံအချို့၌ အကြမ်းဖက်မှုများ မဖြစ်ပွားရန် ကြိုတင်ကာကွယ်မှုများပြုလုပ် နေချိန်တွင် မြန်မာနိုင်ငံနယ်စပ် ဒေသများနှင့် လေဆိပ်များ၌ပါ လုံခြုံရေးတိုးမြှင့်ထားကြောင်း သ တင်းရရှိသည်။

ဓမ္မတာမလာမီ ရောဂါလက္ခဏာ ကြုံတွေ့သူများ သွေးတိုးရောဂါ ဖြစ်လာနိုင်

အမျိုးသမီးများဓမ္မတာမလာမီ ရောဂါလက္ခဏာများကြုံတွေ့ရခြင်း သည် နောက်ပိုင်းတွင် သွေးတိုးရောဂါ ဖြစ်လာနိုင်သော လက္ခဏာ ဖြစ်နိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးစီ၏ မဲရလဒ်များကို မကြာမီ ထုတ်ပြန်မည်

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့က ဗဟန်းမြို့နယ်တွင် မဲလက်မှတ်များ ရေတွက်နေစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ ရရှိသည့် မဲရလဒ် အသေးစိတ်ကို မကြာမီထုတ်ပြန် ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်း ရရှိသည်။

ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ ထုတ်ပြန်

ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်ပြီး အဆိုပါ လေဖိအား နည်းရပ်ဝန်းသည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ် အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ဒီဇင်ဘာလ မိုးလေ၀သ ခန့်မှန်းချက်အရ သိရသည်။