စိတ်ရောဂါ ဝေဒနာခံစားနေရသူ အမျိုးသားတစ်ဦးက ပတ်ဝန်းကျင်ကို ဆဲဆိုကြိမ်းမောင်းကာ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကို ရိုင်းစိုင်း ပြုမူပြောဆိုမှု စမ်းချောင်းရဲစခန်း ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းကြောင့် စမ်းချောင်း မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Wednesday, 22 July 2015
ရေကူးအသံလွှင့်စက်ရုံဝင်းတွင် မီဒီယာနှင့်ပတ်သက်သည့် အဆောက်အအုံ များဆောက်လုပ်ခြင်းနှင့် လက်ရှိအသံလွှင့်စက်ပစ္စည်းများပြောင်းရွှေ့ တည်ဆောက်ရေးနှင့်ပတ်သက်ပြီး တင်ဒါခေါ်ယူခဲ့ရာ တင်ဒါအောင်မြင် သူမရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထုတ်ပြန်
မရမ်းကုန်းမြို့နယ် ရေကူးအသံလွှင့်စက်ရုံဝင်းနေရာတွင် မီဒီယာနှင့်ပတ်သက်သည့် အဆောက် အအုံများဆောက် လုပ်ခြင်းနှင့် လက် ရှိအသံလွှင့်စက်ပစ္စည်းများ ပြောင်းရွှေ့ တည်ဆောက်ရေးနှင့် ပတ်သက်ပြီး တင်ဒါခေါ် ယူခဲ့ရာ တင်ဒါအောင်မြင် သူမရှိကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန အဆောက်အအုံများဆောက် လုပ်ခြင်း၊ ရောင်း ချခြင်း၊ ငှားရမ်းခြင်း လုပ်ငန်းကော်မတီမှ ဇူလိုင် ၂၀ ရက် က တရားဝင်သတင်း ထုတ်ပြန်လိုက် ကြောင်း သိရသည်။
ဘရာဇီးကြယ်ပွင့် ပါတို ကို ပရီးမီးယားလိဂ်မှာ မြင်တွေ့ခွင့်ရတော့မှာလား

ကမ္ဘာ့ဘောလုံးလောကတွင် ဘရာဇီး ကစားသမားများမှာ ခြေစွမ်းပြနိုင် သူများ ဖြစ်ခဲ့ကြပြီး ဥရောပဘောလုံးရပ်ဝန်းတွင် လည်း ထင်ပေါ်ကျော်ကြား သူများဖြစ် ခဲ့ သည်။ ထိုကစားသမားများထဲ၌ ဘရာဇီး တိုက်စစ်မှူးပါတို ပါဝင်ခဲ့ပြီး အေစီမီလန် ၌ ခြေစွမ်းပြ ကစား ခဲ့သူတစ်ဦးလည်းဖြစ်ခဲ့သည်။ အသက် ၁၆ နှစ် အရွယ်ကပင် ဘရာဇီးဘော လုံးလောက၌ ပါတိုမှာ နာမည်ကျော်ကြား လာခဲ့သူဖြစ်ပြီး ပထမဆုံးစတင်ကစားခဲ့ သည့် ပွဲမှာပင် ပထမဆုံး မိနစ်၌ ပထမဆုံး ဂိုးကို သွင်းယူထားနိုင်ခဲ့ခြင်းက ပါတိုကို လူသိများစေသည့်အချက်ဖြစ်သည်။
စစ်ကိုင်းတိုင်း ရေဘေးကြောင့် စာသင်ကျောင်းပေါင်း ၇၀ ကျော် ယာယီပိတ်ထားရဟုဆို

ကောလင်းမြို့နယ်ရှိ မူလတန်းကျောင်း တစ်ကျောင်း ရေကြီးနေ မှုကို တွေ့ရစဉ် ဓာတ်ပုံ-ကျော်လှမင်းမင်း
ဇူလိုင် ၁၅ ရက် မှ စတင်ရွာသွန်းခဲ့သော မိုးကြောင့် ရေကြီးရေ လျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး စစ် ကိုင်းတိုင်းဒေ သကြီးရှိ ခရိုင်လေးခုမှ စာသင်ကျောင်းပေါင်း ၇၉ ကျောင်း ကို ယာယီပိတ်ထား ရကြောင်း တိုင်း ပညာရေးမှူးရုံးမှ သိရသည်။
စစ်ကိုင်း ငလျင်ပြတ်ရွေ့ပေါ်တွင် အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ် သွားခြင်းကြောင့် ဒေသ ခံများသတိရှိနေသင့်
စစ်ကိုင်းငလျင် ပြတ်ရွေ့ပေါ်ရှိ ဖြူးအပိုင်းတွင် အင် အားရစ်ခ်ျတာစကေး ၄ ဒသမ ရ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ် သွား ခြင်းကြောင့် ဒေသခံများအနေဖြင့် သတိထားနေထိုင်သင့်ကြောင်း မြန် မာနိုင်ငံ မြေငလျင်ကော်မတီမှ အ တွင်းရေး မှူး ဦးသူရအောင်က ပြော သည်။
ခုနှစ်ပေခန့်ရှည်သော လင်းပိုင် ကျောက်ဖြူပင်လယ်ကမ်းခြေတွင် သောင်တင်သေဆုံး

သေဆုံးလင်းပိုင်အားတွေ့ရစဉ်- ဓာတ်ပုံ- နိရဉ္စရာ/ သိန်းဇော်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇင်ချောင်းပင်လယ်ကမ်းခြေတွင် လွန်ခဲ့သော ရက်အနည်းက အရှည် ၇ ပေခန့်ရှိသော ရခိုင်အခေါ် လင်းရှူ၊ မြန်မာအခေါ် လင်းပိုင် တစ်ကောင်အား သောင်တင် သေဆုံးလျက် တွေ့ရှိခဲ့ရသည်ဟု သိရသည်။
တရုတ်၏ အယုံကြည်လွန်၍ အဓမ္မဆန်သော အပြုအမူများကို ဂျပန်သတိပေး
အရှေ့တရုတ်ပင်လယ်တွင် တရုတ်၏ အယုံကြည်လွန်ပြီး အဓမ္မဆန်သော အပြုအမူများသည် ဂျပန်၏ လုံခြုံရေးအတွက် ကြီးမားသောခြိမ်းခြောက်မှုများတွင် ပါဝင်နေသည်ဟု ဂျပန်က ပြောကြားလိုက်သည်။ ဂျပန်၏ စစ်ရေးကဏ္ဍကို ချဲ့ထွင်ရန် ရည်ရွယ်သော အငြင်းပွားဖွယ် ဆောင်ရွက်ချက်များစွာကို ဂျပန်ဝန်ကြီးချုပ်က လုပ်ဆောင်နေစဉ် ယင်းသို့သတိပေး လိုက်ခြင်းဖြစ်သည်။
ဇူလိုင် ၂၁က ထုတ်ပြန်ခဲ့သော နှစ်စဉ်ကာကွယ်ရေးသုံးသပ်ချက်တွင် တရုတ်က အရှေ့တရုတ်ပင်လယ်တွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့သိုက်များရှာဖွေမှုနှင့် ဂျပန်ကထိန်းချုပ်ထားသော ကျွန်းများအနီး တရုတ်ကစစ်ရေးတည်ရှိမှုမြင့်တင်နေမှုအပေါ် ဂျပန်ကာ ကွယ်ရေးဝန်ကြီးဋ္ဌာနက တရုတ်ကို ပြင်းထန်စွာဝေဖန်ခဲ့သည်။
FUP က ရန်ကုန်တိုင်းရှိပြည်ထောင်စု မဲဆန္ဒနယ်များကို အဓိထား ယှဉ်ပြိုင်မည်
၎င်းက"ရန်ကုန်ကိုအဓိထားပြိုင်မယ်၊ မြို့တွင်း ၁၅မြို့နယ်က ပြည်သူ့၊ အမျိုးသား လွှတ်တော်တွေ ကိုဝင်မယ်။ လှိုင်သာယာ ၊ရွှေပြည်သာတော့ မပါသေးဘူး။ ဧရာဝတီ၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ မွန်နဲ့ ရှမ်းကတော့ နည်းနည်းပဲပြိုင်ဖို့လျာထားတယ်" ဟု ဆိုသည်။ ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) က ရန်ကုန်တိုင်းအတွင်းရှိ ပြည်ထောင်စု မဲဆန္ဒနယ် များဖြစ်သည့် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များကို အဓိကထားယှဉ်ပြိုင်မည်ဟု ပါတီဒုဥက္ကဌ ၂ ဦးစောသန်းမြင့်က မဇ္ဈိမကို ပြောသည်။
FUP ပါတီသည် တိုင်းရင်းသားပါတီ၂၀ကျော်မှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းကာ ရန်ကုန် အပါအ၀င် တိုင်းဒေသကြီး အများစုကို အဓိကထားဝင်ရောက်ရန် လျာထားခြင်းလည်းဖြစ်သည်။
တရုတ်၏ တန်ဘိုးနည်းလေကြောင်းလိုင်း Spring Airlines က ဒေါ်လာ နှစ်ဘီလျံကျော်တန်ဘိုးရှိ အဲဘတ်စ်လေယာဉ် ၂၁ စင်းဝယ်ယူမည်
ပြည်တွင်းပြည်ပလေကြောင်းခရီးသွားလာမှု မြင့်မားလာသည့်အတွက် တရုတ်၏ တန်ဘိုးနည်းလေကြောင်းလိုင်း Spring Airlines သည် ယွမ် ၁၂ဒသမ၄၅ဘီလျံ(ဒေါ်လာ ၂ဒသမ၀၄ဘီလျံ) တန်ဘိုးရှိ အဲဘတ်စ် A320 လေယာဉ် ၂၁ စင်းဝယ်ယူရန် စီစဉ်ထားသည်ဟု ယင်းလေကြောင်းလိုင်းက ပြောကြားခဲ့သည်။
ထိုင်ခုံများကြား လူသွားလမ်းတစ်ခုပါ A320 လေယာဉ်၏ လက်လီဈေးမှာ ဒေါ်လာ ၉၇ သန်းရှိသည်ဟု အဲဘတ်စ်က ပြောသည်။
တရုတ်၏ ပြည်တွင်းနိုင်ငံတကာ လေကြောင်းခရီးသွားလာမှုမှာ မှန်မှန်ကြီးထွားနေသည်ဟု Spring က ကြေညာချက်တစ်ခု တွင်ဖော်ပြခဲ့သည်။
ကုမ္ပဏီသည် ၄င်း၏ လေကြောင်းသယ်ယူပို့ဆောင်မှုစွမ်းရည်မြင့်မားလာရန် လေယာဉ်စီးရေကို တိုးချဲ့ရန်ရည်ရွယ်သည်ဟု လည်းဖော်ပြသည်။
ကော်မရှင်၊ ပါတီ၊ ထွေအုပ်တို့ပါသည့် မဲဆွယ်စည်းရုံးမှု ကြီးကြပ်ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ဖြင့် အငြင်းပွားမှုများ ဖြေရှင်းမည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း ဝင်များ ပါဝင်သည့် မဲဆွယ်စည်းရုံးမှု ကြီးကြပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းကာ စည်းရုံးရေးကာလ အငြင်းပွားမှုများကို ဖြေရှင်းမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးညွှန့်တင်က မဇ္ဈိမကိုပြောသည်။
၎င်းက "ပြိုင်ဆိုင်မှု ပြင်းထန်လာရင် ပြဿနာတွေပေါ်လာနိုင်တယ်။ ဒါတွေကိုငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ကော်မတီဖွဲ့တာ အဲဒီမှာပြီးအောင်ရှင်းပေါ့၊ မပြီးရင်တော့ သက်ဆိုင်ရာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ဆက်လုပ် ချင်ရင်လည်း ဆက်လုပ်လို့ရတယ်။ အဲဒီအဆင့်ကို မရောက်ခင်ပြီးပြတ် အောင်အဓိက ရည်ရွယ်တယ်" ဟု ဆိုသည်။
မဲဆွယ်စည်းရုံးရေး ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရေးကို နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ဇူလိုင်လ ၂၁ရက်၊ ရန်ကုန်မြို့ PARK ROYAL ဟိုတယ်တွင်တွေ့ဆုံရာတွင် သဘောတူညီခဲ့ခြင်းလည်းဖြစ်သည်။ ယင်းတွေ့ဆုံမှုသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စတင်ဖွဲ့စည်း ခဲ့သည့် ၂၀၁၂ခုနှစ် သြဂုတ်လမှစတင်ကာ ခုနစ်ကြိမ်မြောက်တွေ့ဆုံမှုလည်းဖြစ်သည်။
မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်သို့ ကိုယ်စားလှယ်လောင်း တင်သွင်းသည့် ပုံစံများ လာရောက်ထုတ်ယူမှု မရှိသေး
၂၀၁၅ ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇူလိုင် ၂၀ ရက်က စတင် တင်သွင်းနိုင်ပြီ ဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်သို့ ဇူလိုင် ၂၁ ရက် ညနေပိုင်း အထိ မည်သည့်ပါတီမှ ပုံစံ လာရောက် ထုတ်ယူခြင်း မရှိဟု တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။
၎င်းက “ဒီနေ့အထိ ပုံစံတောင် လာမထုတ်ကြသေးဘူး။ ဒီတစ်ရက်နှစ်ရက်အတွင်းတော့ တင်ကြဦး မယ်မထင်ပါဘူး။ ပုံစံလာယူပြီးရင်လည်း စပေါ်တင်တာတွေ လုပ်ရပါဦးမယ်။ ပါတီတွေ အနေတော့ ကိုယ်စားလှယ်လောင်း တင်တာတွေကို စုပြုံပြီးတော့ တက်လာကြလိမ့်ထင်တယ်။"ဟု ပြောသည်။
ပြည်သူ၏ ယုံကြည်မှုရစေရန် တပ်မတော်ပိုင် မီဒီယာများမှတဆင့် ဆောင်ရွက်နေ
တပ်မတော်၏ အခြေအနေအားလုံးကို ပြည်သူများ ပိုမိုသိရှိစေပြီး ပြည်သူ၏ ယုံကြည်မှုရရှိစေရန် တပ်မတော်ပိုင် မီဒီယာများမှတဆင့် ဆောင်ရွက်နေကြောင်း တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
တပ်မတော်၏ လုပ်ဆောင်ချက်များကို ပြည်သူသိစေရန် ဆောင်ရွက်ပေးနေခြင်းသည်ပင် တပ်မတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတရပ်ဖြစ်သည်ဟု ဘီဘီစီအသံလွှင့်ဌာနသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့အနေနဲ့ Social Network ကနေပြီးတော့ တင်ပြသလို မြ၀တီသတင်းဌာနရှိတယ်၊ မြ၀တီသတင်းစာရှိတယ်၊ မြ၀တီရုပ်မြင်သံကြားရှိတယ်။ ကျွန်တော်တို့ရဲ့ မီဒီယာကနေပြီးတော့ ပြည်သူသိအောင်လို့ လုပ်တယ်။ ကျွန်တော် ကိုယ်တိုင်လည်း မီဒီယာတွေနဲ့ ထိတွေ့မှုအများကြီးလုပ်တယ်။ အရင်ကတော့ သတင်းစာရှင်းလင်းပွဲလေး၊ ဘာလေးတော့ လုပ်တာပဲရှိပါတယ်။ သို့သော်လည်း တစ်ဦးချင်းရဲ့ ထိတွေ့မှုဆိုတာ အင်မတန်နည်းပါတယ်။ ကျွန်တော့်လက်ထက် မှာတော့ ကျွန်တော်မီဒီယာတွေနဲ့ အကုန်တွေ့တယ်။ မီဒီယာအဖွဲ့တွေ ဆို ၃ ကြိမ်လောက် တွေ့ခဲ့ပြီးဖြစ်သလိုပဲ တစ်ခြားတွေ့သင့်တဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း အများကြီး တွေ့ခဲ့ပြီး ဖြစ်ပါတယ်။" ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။
အခြေခံမဲစာရင်း ၃၁သန်းကျော်ထိ ရရှိထားပြီ
အခြေခံမဲစာရင်း ၃၁သန်းကျော်ထိ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ဗဟိုအချက်အလက် သိုမှီးရာ(ဆာဗာ) သို့ရောက်ရှိနေပြီဟု ကော်မရှင်အဖွဲ့ဝင် ဦးညွှန့်တင်က မဇ္ဈိမကိုပြောကိုသည်။
ယင်းအခြေခံမဲစာရင်းများကို သြဂုတ်လ ၂၃ရက်တွင် မြန်မာတစ်နိုင်ငံလုံးတွင် ၁၄ရက်ကြာ ထုန်ပြန် ပြသပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံပြင်ရေး ဆန္ဒခံယူပွဲ ပူးတွဲကျင်းပရန် ရွေးကောက်ပွဲကော်မရှင် လက်မခံ
နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲအား ပူးတွဲကျင်းပရန် ဆန္ဒရှိနေသည့် သူရဦးရွှေမန်း၏ အကြောင်းကြားမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဇူလိုင် ၁၆ ရက် ရက်စွဲဖြင့် အကြောင်းပြန်၍ ငြင်းဆိုလိုက်သည်။
အချိန်၊ လုပ်အားနှင့် ငွေကြေးကုန်ကျမှု သက်သာစေရန် အထွေထွေရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ပူးတွဲကျင်းပရန် ယခုလဆန်းပိုင်းက သူရဦးရွှေမန်း၏ အကြောင်းကြားမှုအပေါ် ကော်မရှင်က ငြင်းပယ်လိုက်ခြင်းဖြစ်သည်။
Monday, 20 July 2015
အမေရိကန်ဒေါ်လာ ၅၀၀ ခိုးယူမှုဖြင့် ဂျပန်နိုင်ငံသားကို အမှုဖွင့်
ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းထောင့်ရှိ ယုဇနတာဝါရှိ ကုမ္ပဏီရုံးခန်းတစ်ခုမှ အမေရိကန်ဒေါ်လာ ၅၀၀ နှင့် အဝတ်အစားများ သိမ်းဆည်းထားသည့် ဗီရိုတစ်လုံးကို ခိုးယူခဲ့သည်ဟုဆိုကာ အသက် ၃၉ နှစ်အရွယ် ဂျပန်နိုင်ငံသား အမျိုးသားတစ်ဦးကို ဇူလိုင်လ ၁၈ ရက်နေ့က ဗဟန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“အမှုဖွင့်ခံထားရတဲ့ ဂျပန်နိုင်ငံသားက ယုဇနတာဝါမှာ တည်းနေသူ၊ သူတို့လူမျိုးတူ ဂျပန်နိုင်ငံသားပိုင် ကုမ္ပဏီရုံးခန်းထဲက သစ်သားဗီရိုတစ်လုံးကို ယူခဲ့တယ်။ ဒါ့အပြင် သူတည်းနေတဲ့ ယုဇနတာဝါမှာပဲ ညဘက်ရောက်ရင် အရက်မူးသောင်းကျန်းနေတာမို့ သွားထိန်းရာက ဗီဇာသက်တမ်းကျော်ပြီး မြန်မာနိုင်ငံမှာ ဆက်လက်နေထိုင်နေတာကို သိရှိရတာကြောင့် လဝက ဥပဒေနဲ့ပါ ထပ်မံအမှုဖွင့်ထားတယ်” ဟု ဗဟန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
အဆိုပါ အမှုဖွင့်ခံရသူ ဂျပန်နိုင်ငံသား Mr. MATSUKAWA KOJI မှာ စီးပွားရေးဗီဇာဖြင့် ယခုနှစ် မတ်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သူဖြစ်ပြီး ယုဇနတာဝါ၊ အခန်းအမှတ် ၄၀၃ တွင် တည်းခိုနေသူ ဖြစ်ကြောင်း၊ ဇူလိုင်လ ၁၄ ရက် ည ၉ နာရီက ယင်းတာဝါရှိ အခန်းအမှတ် ၂၀၅ တွင် ဖွင့်လှစ်ထားသော ဂျပန်နိုင်ငံသားပိုင် Rize Entertainment Co.,Ltd ရုံးခန်း အတွင်းရှိ အမေရိကန်ဒေါ်လာ ငါးရာနှင့် အဝတ်အစားများ၊ ပတ်စပို့စာအုပ်များ သိမ်းဆည်းထားသည့် သစ်သားဗီရိုတစ်လုံးကို ယူဆောင်သွားသောကြောင့် အမှုဖွင့်ကာ စစ်ဆေးနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဟစ်တလာနှင့် နာဇီတို့ကဲ့သို့ အလေးပြုပြခဲ့သည့် ဗြိတိန်ဘုရင်မကြီး၏ ပုံရိပ်ဟောင်းများ ဆန်းသတင်းစာ ဖော်ပြ၍ ဗြိတိန်တွင် ပွဲဆူ
ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် ကလေးငယ်ဘဝက နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာကဲ့သို့ အလေးပြုပြကာ ဆော့ကစားခဲ့ပုံများ ပါဝင်သည့် ဗီဒီယိုမှတ်တမ်းဟောင်းကို The Sun သတင်းစာက ဖော်ပြလိုက်ရာ ဗြိတိန်လူ့အဖွဲ့အစည်းအတွင်း အငြင်းပွားစရာများ ပေါ်ပေါက်ခဲ့ရကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကျော်ခန့် ၁၉၃၃ ခုနှစ်ဝန်းကျင် ဂျာမနီတွင် အဒေါ့ဖ်ဟစ်တလာနှင့် နာဇီတို့အာဏာ ရရှိခဲ့သည့် အချိန်ကာလအတွင်း ဗြိတိန်တော်ဝင် မိသားစု ရိုက်ကူးခဲ့သော ဗီဒီယိုမှတ်တမ်းတွင် ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် (ထိုစဉ်က ၆ နှစ်အရွယ်) က ဟစ်တလာကဲ့သို့ အလေးပြုပြကာ ဆော့ကစားနေပုံများ ပါဝင်ခဲ့သည်ကို The Sun သတင်းစာက ဖော်ပြခဲ့ခြင်း ဖြစ်သည်။
“ဒီလိုဖော်ပြလိုက်တာဟာ အင်မတန်စိတ်ပျက်ဖို့ ကောင်းပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်ခန့်က ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းပါ၊ တော်ဝင်မိသားစုရဲ့ ပုဂ္ဂိုလ်ရေး မှတ်တမ်းတွေကို ရသွားပြီး အလွဲသုံးစား လုပ်တာပါ” ဟု ဘက်ကင်ဟမ် နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။
ကြံ့ခိုင်ရေးပါတီက နုတ်ထွက်ခဲ့သော ကယားပြည်နယ် ဝန်ကြီးများ ပါတီကိစ္စ မဆွေးနွေးဟုဆို
ကယားပြည်နယ်သို့ သွားရောက်ခဲ့သော နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နုတ်ထွက်ထားသော ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးများ တွေ့ဆုံခဲ့သော်လည်း ပါတီတွင်း ကိစ္စရပ်များကို ဆွေးနွေးခြင်း မရှိကြောင်း ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက The Voice သို့ ပြောကြားသည်။
ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်ကာ ကယားပြည်နယ်သို့ သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ခရီးစဉ်နှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတသည် ကယားပြည်နယ် ဝန်ကြီးချုပ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ပယ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားခြင်းနှင့် ပြည်နယ်ဝန်ကြီးများက နုတ်ထွက်စာတင်သွင်းခြင်း ကိစ္စရပ်များကို ဆွေးနွေးပြောဆိုခြင်း မရှိကြောင်း ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက ဆိုသည်။
“ဒေသဖွံ့ဖြိုးရေးအတွက် အမှာစကား ပြောတာပဲ ရှိပါတယ်၊ ပါတီပိုင်းကို ဘာမှမပြောပါဘူး၊ သီးသန့်တွေ့တာလည်း မရှိပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
“နှုတ်ခမ်းခြင်းနမ်းရဖို့အတွက် တိုက်ပွဲဝင်မယ့်သူထဲမှာ ကျနော်မပါဘူး” ဒါရိုက်တာ ၀င်းထွန်းထွန်းနဲ့ အင်တာဗျူး
မိဘမေတ္တာဘွဲ့ဇာတ်လမ်းများနဲ့ ပရိသတ်ရင်ထဲ ရောက်စေတဲ့ ဘဝသရုပ်ဖော် ဇာတ်ကားတွေကိုသာ ရိုက်ကူး တင်ဆက်တဲ့ မြန်မာဒါရိုက်တာ တယောက် ရှိပါတယ်။ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကို ကြည့်ပြီးရင် ပရိသတ်ရင်ထဲ တခုခု ကျန်ရစ်နေဖို့ကို အမြဲစဉ်းစားပြီး ရိုက်ကူးတတ်သူ တယောက်လည်း ဖြစ်ပါတယ်။ သူကတော့ ဒါရိုက်တာ ဝင်းထွန်းထွန်းပါ။ ဒါရိုက်တာ ဝင်းထွန်းထွန်းက ဝေဖန်သံတွေများခဲ့သလို မြန်မာဗီဒီယိုဇာတ်ကား ပရိသတ်တွေကြား စိတ်ဝင်စားမှု မြင့်မားစေခဲ့တဲ့ `မျက်လုံးလေး ကလယ်ကလယ်´ ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ တယောက်လည်း ဖြစ်ပါတယ်။ ဝေဖန်မှုတွေကြောင့် လဲကျခဲ့ပေမယ့် ပြန်လည် ရပ်တည်နိုင်အောင် ကြိုးစားခဲ့တဲ့၊ ကိုယ့်ရဲ့ ဖန်တီးမှု အနုပညာသစ်တွေကို ရဲရဲဝံ့ဝံ့နဲ့ ပရိသတ်ထံ ထပ်မံ ချပြရဲခဲ့တဲ့ ဒါရိုက်တာ တဦးလည်း ဖြစ်ပါတယ်။
အနုပညာအပေါ် ထားရှိတဲ့ သူ့ရဲ့ ခံယူချက်၊ အနုပညာ ဖန်တီးမှုအပေါ် ထားတဲ့ သူရဲ့ အတွေးအမြင်တွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်းကို ဧရာဝတီသတင်းထောက် ယုမွန်ကျော်က ဆက်သွယ် မေးမြန်းထား ပါတယ်။
မေး။ ။ လက်ရှိ ဦးဝင်းထွန်းထွန်းရဲ့ အနုပညာလှုပ်ရှားမှုအကြောင်းက စပြီး သိချင်ပါတယ်။
အာဇာနည်နေ့တွင် ဝန်ကြီးများရုံးသို့ လာရောက်ကြည့်ရှုသူ ၅၀၀ ဦးကို YHT က စစ်တမ်းကောက်
၆၈ ကြိမ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံး (အတွင်းဝန်များရုံး) သို့ လာရောက်လေ့လာသူများအနက် လူ ၅၀၀ ဦးကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က စစ်တမ်းကောက်ယူခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။
အတွင်းဝန်များရုံး (ဝန်ကြီးများရုံး) နှင့် ပတ်သက်၍ လာရောက်လေ့လာသူ ၅၀၀ ဦးကို မေးခွန်းစာရွက်များ ဝေငှခဲ့ပြီး ဖြေဆိုစေခဲ့ခြင်းဖြစ်ကာ ဖြေဆိုသူများ၏ အကြံဉာဏ်ကို အတွင်းဝန်များရုံးကို ပြတိုက်အဖြစ် လုပ်ကိုင်မည်ဖြစ်သည့် အနော်မာအုပ်စုကို ပေးပို့သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး မန်နေဂျာ ဒေါ်ရွှေယင်းမာဦးက ပြောကြားသည်။
“လူ ၅၀၀ ကို မေးခွန်းဝေခဲ့တယ်။၂၅၀ လောက်က အဖြေပြန်ရတယ်။ ကျန် ၂၅၀ ဆီကတော့ အဖြေပြန်မရဘူး။ ဝန်ကြီးများရုံးက ဘယ်လောက်အရေးကြီးလဲ၊ လုပ်ကြံခံရတဲ့ အခန်းကို ဘယ်လိုပုံစံမျိုး မြင်ချင်လဲ၊ ထားစေချင်လဲ ဆိုတာမျိုး မေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။
မဲစာရင်း မှားယွင်းမှုကြောင့် ရွေးကောက်ပွဲ နောက်သို့ ရွှေ့ဆိုင်းမည် မဟုတ်
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ထုတ်ပြန်ထားသော မဲစာရင်း မှားယွင်းမှုကို အကြောင်းပြပြီး ရွေးကောက်ပွဲ နောက်သို့ ရွှေ့ဆိုင်းကျင်းပမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Voice သို့ ပြောကြားသည်။
မဲစာရင်း မှားယွင်းမှုများကို အချိန်လုံလောက်စွာ ပြင်ဆင်နိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲကို သုံးလ နောက်ဆုတ်ကျင်းပပေးရန် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ စာပေးပို့ထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
အထွေထွေရွေးကောက်ပွဲကို လက်ရှိ လွှတ်တော်သက်တမ်း မကုန်မီ ရက်ပေါင်း ၉၀ အတွင်း ကျင်းပပြုလုပ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသောကြောင့် ရွေးကောက်ပွဲ သတ်မှတ်ရက်ကို နောက်ဆုတ်ရန် မဖြစ်နိုင်ကြောင်း ၎င်းက ရှင်းသည်။
Subscribe to:
Posts (Atom)





