ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပျှမ်းမျှအားဖြင့် လူဦးရေ၏ ၀.၅ % ( လူနှစ်ရာတွင်တစ်ဦး ) သည်ခန္ဒာကိုယ် မသန်စွမ်းကြောင်း ခန့်မှန်းထားရာ မြန်မာနိုင်ငံ လူဦးရေသန်းပေါင်း ၆၀ တွင် လူ သုံးသိန်းကျော်သည် ကိုယ်ကာယပြန်လည်သန်စွမ်းရေး အကူအညီလိုအပ်နေသည်ဟု ခန့်မှန်းထုတ်ပြန်ခဲ့သည်။
Wednesday, 3 December 2014
အမေရိကန်ရဲအရာရှိများ၏ ခန္ဓာကိုယ်တွင် ကင်မရာများ တပ်ဆင်ပေးရန် အိုဘားမားစဉ်းစားနေ

အမေရိကန် ရဲအရာရှိများအား ခန္ဓာကိုယ်တွင် တပ်ဆင်အသုံးပြု နိုင်သော ကင်မရာများတပ်ဆင်ပေး ရေးရည်ရွယ်လျက် ရန်ပုံငွေချမှတ် ပေးရန် သမ္မတဘားရက် အိုဘားမား က ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ဖာဂူ ဆန်တွင်လူမည်း ဆယ်ကျော်သက် ကို လူဖြူရဲအရာရှိက သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ရာမှ လူမျိုးရေး လှုပ်ရှားမှုဖြစ်ပေါ်လာပြီးနောက် ရဲ အရာရှိများ၏ ခန္ဓာကိုယ်တွင် ကင် မရာများ တပ်ဆင်အသုံးပြုရေး အို ဘားမားက အကြံရလာခြင်းဖြစ် သည်ဟု အိမ်ဖြူတော်က ဒီဇင်ဘာ ၁ရက်၌ ဆိုသည်။
နိုင်ငံရေး ဆွေးနွေးပွဲကို အချိန်ဆွဲထားပါက တိုင်းပြည် နစ်နာနိုင်ဟုဆို
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး အတွက် ပြုလုပ်သည့် နိုင်ငံရေး ဆွေးနွေပွဲများအား မလိုအပ်ပဲ အချိန်ဆွဲ မထားရန်နှင့် ဆွေးနွေးပွဲများအား မလိုအပ်ဘဲ အချိန်ဆွဲထားပါက တိုင်းပြည် အနေဖြင့် နစ်နာနိုင်ကြောင်း ကချင်ပြည်နယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးမနာမ်တူးဂျာက ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များနှင့် နိုင်ငံ ရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
ဘာသာခြားလက်ထပ်မည့် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ လိုက်နာရမည့် ဥပဒေကြမ်းထုတ်ပြန်

အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူတွေသိရှိလေ့လာနိုင်ဖို့ နိုင်ငံပိုင်သတင်းစာတွေမှာ အစိုးရက ယနေ့ ထုတ်ပြန်လိုက်ပါတယ်။
ကိုပါကြီး မသေဆုံးမီ ညှဉ်းပန်းနှိပ်စက်ခံရခြင်း မရှိဟု လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်
တပ်မတော်က ဖမ်းဆီးထားစဉ် သေဆုံးခဲ့သည့် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးခဲ့မှု ဖြစ်စဉ်တွင် ကိုပါကြီး မသေဆုံးခင် တပ်မတော်က ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ကို စစ်ဆေး တွေ့ရှိခဲ့ခြင်း မရှိကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်သည်။
မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းတည်ထောင်ရေး စီမံကိန်းနှင့် စံပြကျေးရွာ ၁ဝဝ ကို မြန်မာနှင့်ကိုရီးယား နှစ်နိုင်ငံပူးပေါင်းထူထောင်မည်
မြန်မာဖွံ့ဖြိုး မှုအဖွဲ့အစည်းတည်ထောင်ရေး စီမံကိန်းနှင့် ကျေးရွာ ၁ဝဝကို မြန်မာနှင့် ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းပြီး စံပြ ရွာအဖြစ်ထူထောင် မည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောသည်။
ငပလီ ဟိုတယ်ဇုန်တွင် တရုတ်နိုင်ငံသား ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းခန့် ရှိနေဟုဆို

ငပလီကမ်းခြေရှိ ဟိုတယ်တစ်လုံးကို တွေ့ရစဉ် (ဓာတ်ပုံ - အီးပီအေ) ငပလီကမ်းခြေဧရိယာကို ထပ်မံ တိုးချဲ့ ရန် စီစဉ်နေပြီ ဖြစ်သည်။
တိုးချဲ့သတ်မှတ်လိုက်သော ငပလီဟိုတယ်ဇုန် မြေနေရာ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို တရုတ်နိုင်ငံသားများ ဝယ်ယူထားသည်ဟု ငပလီဟိုတယ်ဇုန် စီမံခန့်ခွဲမှုဆိုင်ရာ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
IS စစ်သွေးကြွခေါင်းဆောင် မိသားစု Lebanon မှာ ဖမ်းမိ

IS အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုခေါင်းဆောင် Abu Bakr Al-Baghdadi ရဲ့ ဇနီးနဲ့ ကလေးတဦးကို လက်ဘနွန်စစ်တပ်က ထိန်းသိမ်းထားတယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။
ရန်ကုန်မြို့ ယာဉ်ကြော ပိတ်ဆို့မှုဖြေရှင်းနည်းလမ်း ဝေဖန်မှုများနှင့် ကြုံတွေ့

အနော်ရထာလမ်းပေါ်တွင် ဘလောက်တုံးများ ချထားသော်လည်း စနစ်ကျမှုမရှိကြောင်း ဝေဖန်နေကြ သည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်မြို့၊ အနော်ရထာလမ်းတွင် ဘတ်စ်ကားယာဉ်လိုင်းများ ပြေးဆွဲရန် ဘလောက်တုံး ကန့်သတ်ချ ထားသောနည်းလမ်းမှာ စနစ်ကျမှုမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မထသဒု-ဥက္ကဋ္ဌ ဦးမင်းဇော်က ဒီဇင်ဘာ ၂ ရက်က မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်များ အသင်းချုပ်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် အများပြည်သူ သွားလာမှု အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဝေဖန်လိုက်သည်။
အကြမ်းဖက်တိုက်ခိုက်မှုများကို ဒေသခံ တပ်ဖွဲ့ဝင်များ ကိုင်တွယ် ဖြေရှင်း နိုင်ပြီဟု နေတိုးပြောကြား

အာဖဂန်နစ္စတန် နိုင်ငံရှိ နေတိုး တပ်ဖွဲ့ဝင်များ
နေတိုးသည် ၎င်း၏ ကာလရှည်တိုက်ခိုက်ရေးမစ်ရှင်များ အဆုံးသတ်ပြီးနောက် လာမည့်နှစ်တွင် အာဖဂန် နစ္စတန် ၌ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့ရမည်ဖြစ်သော်လည်း ဒေသခံ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကိုင်တွယ်ဖြေရှင်းနိုင် လိမ့်မည် ဟု နေတိုးအကြီးအကဲ ဂျဲင်းစ်စတိုးလ်တင်ဘာ့ဂ် က ဒီဇင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။
လွှတ်တော်အမတ်၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦး အိုဘားမား၏ သမီးနှစ်ဦးအား ပုဂ္ဂိုလ်ရေးဝေဖန်မှု ပြုလုပ်မိခဲ့သဖြင့် ရာထူးမှ နုတ်ထွက်

အမေရိကန် သမ္မတ အိုဘားမားနှင့် သမီးနှစ်ဦး
ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တစ်ဦး၏ လူထုဆက်ဆံရေးဒါရိုက်တာက အမေရိကန်သမ္မတ အိုဘားမား ၏ သမီးများအား သူမ၏ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဝေဖန်ပြစ်တင်ပြီးနောက် ရာထူးမှ နုတ်ထွက် တော့မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်က ပြော ကြား လိုက်သည်။
ခရစ်ကက်ကစားပွဲတွင် ဦးခေါင်းကို ဘောလုံးထိမှန် သေဆုံးခဲ့သည့် ကစားသမားဈာပန ကျင်းပ

သြစတြေးလျနိုင်ငံမှာ ခရစ်ကက်ကစားသမားတွေနဲ့ နိုင်ငံတ၀ှမ်းက အရာရှိတွေဟာ နယူးဆောက်ဝေး ပြည်နယ်ထဲက မခ်စဗေလီ မြို့ဆီကို တဖွဲဖွဲနဲ့ သွားနေကြပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့က မမျှော်လင့် ဘဲ သေဆုံးသွားတဲ့ ခရစ်ကက်ကစားသမား ဖိလစ် ဟု့စ် ရဲ့ ဈာပနကို သွားကြတာပါ။
မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုအနိမ့်ဆုံးစာရင်းထဲ ပါဝင်နေဆဲ

ကုလသမဂ္ဂက ထုတ်ပြန်တဲ့ LDC ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံဟာ ဆက်ပြီး ပါဝင် နေဆဲပဲလို့ UNCTAD ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးမှုညီလာခံ က ပြောကြားလိုက်ပါတယ်။ LDC အစီရင်ခံစာမှာ မြန်မာနိုင်ငံ ဘာကြောင့်ဆက်ပြီး ပါဝင်နေရသလဲဆိုတာကို မအင်ကြင်းနိုင်က တင်ပြထား ပါတယ်။
ပီအာရ်စနစ် ကျင့်သုံးပါက လစ်လပ်ကိုယ်စားလှယ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မသေချာဟု လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား
အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် ပီအာရ်စနစ်ကျင့်သုံးပါက လစ်လပ်ကိုယ်စားလှယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မသေချာဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
ကိုပါကြီးသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်သင့်ပြီး နယ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးသင့်ကြောင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်
ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှု ထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့ရာ ကိုပါကြီး သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက် သင့်ပြီး နယ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးသင့်ကြောင်း အကြံပြုထားသည်။
မဟာမိတ် မြောက်ကိုရီးယား အတွက် စစ်တိုက်ပေးမည် မဟုတ်ဟု တရုတ် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ပြော

ပေကျင်းမြို့ စစ်ရေးပြအခမ်းအနားတစ်ခုမှ တရုတ်စစ်သားများ။ ဓာတ်ပုံ - AFP
မြောက်ကိုရီးယားအစိုးရသည် အကျပ်အတည်း များနှင့် ရင်ဆိုင်နေရခြင်း သို့မဟုတ် စစ်ပွဲတစ်ခုကို စတင် တိုက်ခိုက် လာမည်ဆိုလျင် တရုတ်နိုင်ငံ အနေဖြင့် ယင်း၏အိမ်နီးချင်း မဟာမိတ်နိုင်ငံကို ကယ်တင်ရန် ကြားဝင်ပေး သွားမည် မဟုတ်ဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မှ အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြားလိုက်သည်။ ယင်းပြောကြား မှုသည် ပေကျင်းအစိုးရက နျူးကလီးယား လက်နက် တပ်ဆင်မှုများ ရှိနေသည့် အိမ်နီးချင်း နိုင်ငံအပေါ် စိတ်ရှည်သည်းခံနိုင်မှု လျော့ပါးလာနေသည့် လက္ခဏာလည်း ဖြစ်နိုင် သည်ဟု သုံသပ်မှုများ ရှိနေသည်။
ဟောင်ကောင် Occupy ဆန္ဒပြအဖွဲ့ ခေါင်းဆောင်များ အညံ့ခံ

ရဲများထံ အဖမ်းခံခဲ့သော ဟောင်ကောင်ဆန္ဒပြအဖွဲ့ Occupy မှ ခေါင်းဆောင် သုံးဦး။ ဓာတ်ပုံ - AFP
ဟောင်ကောင် ဒီမိုကရေစီဆန္ဒပြမှုများကို စတင်ဦးဆောင်ခဲ့သူ Occupy အဖွဲ့ ခေါင်းဆောင်သုံးဦးသည် ရဲများထံသို့ သွားရောက် အညံ့ခံခဲ့ပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို စွန့်လွှတ်တော့မည် ဟု ဒီဇင်ဘာ ၂ ရက်က ကြေညာလိုက် သည်။
အမည်ခံ ရင်းနှီးမြှုပ်နှံမှုများအနက် အမေရိကန်သာမက အခြားနိုင်ငံများ ကလည်း အာဆီယံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်အရ အကျိုး ခံစားခွင့် ရှိသည့်အတွက် စင်ကာပူအမည်ခံကာ ၀င်ရောက်မှုများ ရှိနေ
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသော နိုင်ငံများတွင် ယခုနှစ်ပိုင်း အတွင်း စင်ကာပူနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှု သိသိသာသာ တိုးလာကြောင်းနှင့် ယင်းကဲ့သို့တိုးလာခြင်းသည် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ စင်ကာပူတစ်ဆင့်ခံ၍ ၀င်ရောက်လာမှုများ ရှိသကဲ့သို့ စင်ကာပူအား တစ်ဆင့်ခံသည့် အခြားနိုင်ငံများ လည်း ရှိနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရရှိသော သတင်းများအရ သိရသည်။
Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား ကျောက်တံတားမြို့နယ်တရားရုံးက လူနှစ်ဦး ကျပ်သိန်း ၅၀၀ စီ ဖြင့် အာမခံပေးခဲ့ အာမခံပေးမှုကို တရားလိုဘက်က မကျေနပ်သဖြင့် ခရိုင်ရုံးသို့ ဆက်လက်တင်ပြမည်

စာရွက်စာတမ်းအတုပြုလုပ်မှု၊ လိမ် လည်မှုများဖြင့် တရားစွဲဆိုခံထားရသည့် Father Land ဆောက် လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား ဒီဇင်ဘာလ ၂ရက်တွင် ကျန်းမာရေးအခြေအနေ ဆေးစာ မှတ်တမ်းများအရ လူနှစ်ဦး ကျပ်သိန်း ၅၀၀အာမခံသဖြင့် ကျောက်တံတားမြို့ နယ် တရားသူကြီးက အာမခံပေးခဲ့ကြောင်း သိရသည်။
စပိန်အစွန်းရောက်ဘောလုံးပရိသတ်ကြား ရန်ပွဲများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မရှင် ရှုတ်ချ

စပိန်နိုင်ငံက အစွန်းရောက်ဘောလုံးပရိသတ်တွေကြားက ရန်ပွဲတွေကို စပိန်အစိုးရရဲ့ အကြမ်းဖက်မှု တိုက် ဖျက်ရေး ကော်မရှင်က ရှုတ်ချလိုက်ပါတယ်။
Subscribe to:
Posts (Atom)