တက္ကသိုလ်ကျောင်းသားများသမဂ္ဂက သန်လျင်နည်းပညာတက္ကသိုလ်တွင် အမျိုးသားပညာရေးဥပဒေကြမ်း အား ကန့် ကွက် စာ များ လိုက်လံဝေငှခဲ့ကြောင်း သိရသည်။
Friday, 12 September 2014
ဓမ္မစေတီခေါင်းလောင်းရှာဖွေရာတွင် ကိုယ်တိုင်ရေငုပ်ရှာဖွေခဲ့သော ရေငုပ် အဖွဲ့ခေါင်းဆောင်က ခေါင်းလောင်းတွေ့ရှိခြင်းမရှိဘဲ သင်္ဘောပျက် တစ်စီးသာတွေ့ရှိကြောင်း ပြောကြား

ရေငုပ်အဖွဲ့ခေါင်းဆောင် ဦးသန်းညွန့် ဓမ္မစေတီခေါင်းလောင်း ရှာဖွေရာ တွင် ကိုယ်တိုင်ရေငုပ်ရှာဖွေ ခဲ့သူဖြစ်ကာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ဦးသန်းညွန့် က ၎င်းတို့အဖွဲ့ရှာဖွေစဉ်
ကာလတလျှောက်၌ ခေါင်းလောင်းတွေ့ရှိခြင်း အလျှင်းမရှိကြောင်း၊ သင်္ဘောပျက်တစ်စီးသာ တွေ့ ရှိကြော င်း ၊ လက်ရှိသဲစုပ်သင်္ဘောဖြင့် သဲစုပ်နေသည်မှာ ခေါင်းလောင်းတွေ့ရှိသဖြင့် သဲစုပ်နေခြင်း မဟုတ်ကြော င်းနှင့် မိမိတို့သည် ဆလုံလူမျိုး များ မဟုတ်ကြောင်းကို စက်တင်ဘာ ၁၁ ရက် ညနေပိုင်း က ကော့သော င်းမြို့ ရွှေပြည်သာ ရပ်ကွက် အမှတ် ၉၆၆ ဗိုလ်မြတ်လေး လမ်းနေအိမ်တွင် ပြောကြား ခဲ့သည်။
မလေးရှားနိုင်ငံနှင့် ရန်ကင်းကလေးဆေးရုံတို့ ပူးပေါင်းကာ မွေးရာ ပါနှလုံးရောဂါဝေဒနာ ရှင် ခုနစ်ဦးအား အခမဲ့ ခွဲစိတ်ကုသ
ရန်ကင်းကလေးဆေးရုံကြီးတွင် မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ် များအား မလေးရှားနိုင်ငံမှ ဆရာဝန်များ လာရောက်ခွဲစိတ်ကုသမှု ကို ပြုလုပ်ပေးခဲ့ကြောင်းနှင့် ယင်းကဲ့သို့ ခွဲစိတ်ကုမှုများနှင့် ပတ်သက် ၍ စက်တင်ဘာ ၁၁ ရက်က ဆူးလေရှန်ဂရီလာဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာအတွင်းရှိ လယ်ယာမြေများ အရောင်းအ၀ယ် ရပ်ဆိုင်းလုနီးပါးအခြေအနေအထိ ၀ယ်လိုအား ထိုးကျသွား

တွံတေး-လှိုင်သာယာကားလမ်းမဘေးရှိ အိမ်ခြံမြေအကျိုးဆောင်များနှင့် လာရောက်စုံစမ်းသူများအား တွေ့ ရစဉ်
ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာအတွင်းရှိ လယ်ယာမြေများမှာ အရောင်းအဝယ် ရပ်ဆိုင်းလုနီးပါး အခြေ အနေအထိ ဝယ်လိုအား ထိုးကျသွားကြောင်း စီမံကိန်း ဧရိယာအတွင်းရှိ ဒေသခံများနှင့် အိမ်ခြံမြေ အကျိုးဆောင် များထံမှ သိရသည်။
မွန်ပြည်နယ်တွင်တည်ဆောက်မည့် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ စီမံကိန်း လေ့လာမှုများ ရပ်ဆိုင်းရန်ပြည်နယ်အစိုးရ တားမြစ်

ပြည်ပနိုင်ငံတစ်ခု၏ ကျောက်မီးသွေးစက်ရုံစီမံကိန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ− power-eng.com)
မွန်ပြည်နယ်၊
ရေးမြို့ နယ်ရှိ အံဒင်းကျေးရွာအနီးတွင် Toyo Thai ကုမ္ပဏီမှ ဆောက်လုပ်
ရန်စီစဉ်နေသည့် ကျောက်မီးသွေး သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း
နှင့်စပ်လျဉ်း၍ ဖြစ်မြောက်နိုင်မှုသု တေသနလေ့လာရေး လုပ်ငန်း
များထပ်မံဆောင်ရွက်ခွင့်ပြုတော့ မည်မဟုတ်ဟု မွန်ပြည်နယ်အစိုး ရက
စာထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
အခြေခံအစီအမံများမရှိခြင်းကြောင့် မြန်မာ့ရေလုပ်ငန်း တိုးတက်ခြင်းမရှိဟု ဦးဝင်းကြိုင်ထောက်ပြ

မြန်မာ့ရေထွက်ကုန် ငါးအမျိုးမျိုးကို ဈေးကွက်အတွင်း တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ရေလုပ်ငန်းကဏ္ဍ
တိုး တက်နေသော အိမ်နီးချင်းနိုင်ငံ များတွင်ရှိနေသည့် အစီအမံများ
မြန်မာနိုင်ငံတွင်တစ်ခုမှမရှိ သဖြင့် မြန်မာ့ရေလုပ်ငန်း တိုးတက်မှု မရှိ
ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ သတင်းရရှိသည်။
အင်ဖာ - မိုရေး ကုန်သွယ်မှုလမ်း ပိတ်ထားဆဲဖြစ်၍ အိန္ဒိယသို့ ပို့ကုန်များ တင်ပို့မှုရပ်ဆိုင်း
မြန်မာ-အိန္ဒိယကုန် သွယ်မှု ပြုလုပ်ရာ လမ်းမကြီးဖြစ် သော မဏိပူရပြည်နယ်အတွင်း ရှိ အင်ဖာ - မိုရေးလမ်း ပိတ်ထား ဆဲဖြစ်သဖြင့် အိန္ဒိယသို့ နယ်စပ်မှ တင်ပို့နေသည့် ကုန်စည်အားလုံး တမူးမြို့တွင် ပိတ်မိနေပြီး အိန္ဒိယနိုင်ငံမှ ကုန်သည်များအား အဓိကထားရောင်းဝယ်နေရသည့် နယ်စပ်နန်းဖာလုံဈေးတွင် အရောင်း အ၀ယ် များ ရပ်ဆိုင်းသွားကြောင်း သတင်းရရှိသည်။
ပင်စင်ယူထားသော်လည်း ကျန်းမာရေးကောင်းသော အထက်တန်းပြ ဆရာ/မကြီးများအား စာချုပ်ဖြင့် ပြန်ခန့်မည်
မြန်မာတစ်နိုင်ငံလုံးရှိ
ပင်စင်ယူပြီးသော်လည်း ကျန်းမာ ရေးကောင်းမွန်နေ သည့် အထက် တန်းပြ ဆရာ၊
ဆရာမကြီးများ အား တစ်နှစ် (သို့မဟုတ်) ၂ နှစ် စာချုပ်ချုပ်ဆို၍ အထက်တန်းပြ
ဆရာ ရာထူး ပြန်လည် ခန့်အပ်ထားရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
ဆေးဖက်ဝင် မာလကာရွက်

နေအိမ်အများစုမှာ မာလကာပင်တွေစိုက်ပျိုးထားလေ့ရှိပြီး အသီးကိုသာအဓိကထားစားသုံး လေ့ရှိကြပါ တယ်။ သို့သော်လည်း အများစုသတိမမူမိတဲ့အချက်က တော့ မာလကာရွက်ရဲ့အံ့ဖွယ် ဆေးဖက်ဝင် အစွမ်း သတ္တိတွေပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်အားဂုဏ်သိက္ခာထိခိုက်စေမှုဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို တရားစွဲ
ဒေါ်အောင်ဆန်းစုကြည်နှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား ဂုဏ်သိက္ခာညှိုးနွမ်းစေ သည့်
စာရွက် စာတမ်းဖြန့်ဝေခဲ့ သည့် စွပ်စွဲချက်ဖြင့် ပြည် ခိုင်ဖြိုးပါတီ၏
မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့ဝင်တစ်ဦးကို စက်တင်ဘာ ၁၁ ရက်တွင်
တရားစွဲဆိုလိုက်ကြောင်း ဆိတ်ဖြူမြို့နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်
ဥက္ကဋ္ဌ က 7Day Daily အား ပြောကြားလိုက်သည်။
Thursday, 11 September 2014
လေးတန်းနှင့် ရှစ်တန်း သုံးလပတ်စာမေးပွဲတွင် မြို့နယ်၊ ခရိုင်များမှ မေးခွန်း ထုတ်မည်

လာမည့် သုံးလပတ်စာမေးပွဲ(ပထမအစမ်း)တွင် မြို့နယ်၊ ခရိုင်တို့မှ ထုတ်သော လျှို့ဝှက်မေးခွန်း များဖြင့်လေးတန်း၊ ရှစ်တန်းကို စတင်စစ်ဆေးတော့ မည်ဖြစ်ကြောင်း သိရသည်။
အိမ်ရှင်ဗီယက်နမ် ပရိသတ်များ ပိုမိုအားပေးနိုင်ရန် ယူ ၁၉ မြန်မာ-ဗီယက်နမ် အကြိုဗိုလ်လုပွဲ အချိန်ပြောင်း ကျင်းပမည်
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပနေသည့် အာဆီယံ ချန်ပီယံရှစ် ယူ
၁၉ ဘောလုံးပြိုင်ပွဲ၏ မြန်မာနှင့် ဗီယက်နမ်အသင်းတို့ တွေ့ဆုံမည့်
အကြိုဗိုလ်လုပွဲစဉ်ကို ဗီယက်နမ် ပရိသတ်များ ပိုမိုလာရောက်
ကြည့်ရှုနိုင်စေရန် အချိန်ပြောင်းလဲ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
ဖုန်းလာတိုင်းပိုက်ဆံရရှိမည့် အစီအစဉ်တစ်ရပ်ပြုလုပ်
ဖုန်းလာတိုင်းပိုက်ဆံရရှိမည့် အစီအစဉ်တစ်ရပ်ကို VMG ကုမ္ပဏီမှဆောင်ရွက်လိုက်ကြောင်း သိရသည်။ အဆိုပါ Cash 4 Call အစီအစဉ်မှာဖုန်းဝင်သည့်အခါတိုင်းမိမိ၏ ဖုန်း Ringtone သံအစား ကြော်ငြာ တစ်ခုကို ဆယ်စက္ကန့်မှ စက္ကန့်သုံးဆယ်အတွင်းကြည့်ပြီးမှ ဖုန်းကိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင် ရွက်မည်ဆိုပါက ဖုန်းကိုင်ဆောင်သူမှကြော်ငြာကြည့်ခအနေဖြင့် တစ်ကြိမ်လျှင်ငါးကျပ်ရရှိမည့် အစီ အစဉ်ဖြစ်ကြောင်း သိရသည်။ Cash 4call Application ရှိသူမည်သူမဆိုအသုံးပြုနိုင်မည်ဖြစ်သည်။
တာဝါတိုင် ပြည့်မီအောင် မစိုက်ထူနိုင်ဟု တယ်လီနောပြော
မကြာခင် ဆင်းကတ်တွေကို ရောင်းချပေးတော့မယ့် နော်ဝေအခြေစိုက် တယ်လီနော ကုမ္ပဏီက သတ်မှတ် တဲ့ တာဝါတိုင်တွေ ပြည့်မီအောင် မစိုက်ထူနိုင်ဘူးလို့ ထုတ်ပြန်ကြေညာပါတယ်။
အစွန်းရောက် အစ္စလာမ္မစ်များကို လွှတ်တော်၏ ခွင့်ပြုချက်မယူဘဲ စစ်ရေးဖြင့် နှိမ်နင်းနိုင်သည့် အာဏာရှိဟု အိုဘားမားပြော၊ ဂျွန်ကယ်ရီ၏ IS အုပ်စု ချေမှုန်းရေး ခရီးစဉ် စတင်

အမေရိကန်ပြည်ထောင်စု သမ္မတဘားရက်အိုဘားမားက ၎င်းသည် ကွန်ဂရက်လွှတ်တော်၏ အတည်ပြု ချက် ရယူစရာ မလိုဘဲ အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွများကို စစ်ရေးဖြင့် တိုက်ခိုက်နိုင်သည့် လုပ်ပိုင်ခွင့် အာဏာ ရှိထားသည်ဟု ထုတ်ဖော် ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြ သည်။
ဂါဇာစစ်ပွဲ ကာလတွင် အစ္စရေးတပ်များက စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ဖွယ်ရှိဟု HRW ကြေညာ

ဂါဇာမှ ပြန်လည်ဆုတ်ခွာရန် ပြင်ဆင်နေသည့် အစ္စရေးစစ်သားများ
ဂါဇာစစ်ပွဲ ကာလအတွင်း အစ္စရေး စစ်တပ်များ အနေဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆ ရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ကြေညာခဲ့သည်။
မန္တလေးတက္ကသိုလ်များအနီး ဂိမ်းဆိုင်ဖွင့်ခွင့် ပိတ်ပင်

အင်တာနက်ဂိမ်းကစားနေသူတစ်ဦး-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
မန္တလေးမြို့ရှိ တက္က သိုလ်များ၏ ပတ်ဝန်းကျင်တွင် ပါမောက္ခချုပ်များ၏ တောင်းဆို မှုအရ နက်ဂိမ်း၊ အင်တာ နက်ဂိမ်း၊ တီဗီဂိမ်းအစရှိသည့် ဂိမ်းဆိုင်များ ဖွင့်လှစ်ခွင့် ပြုတော့မည်မဟုတ် ကြောင်း မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီမှ သ တင်းရရှိသည်။
ဧရာဝတီလင်းပိုင်နှင့်ဆက်စပ်သည့် သဘာဝခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် လေ့လာဆန်းစစ်မည်
ဧရာဝတီလင်းပိုင်နှင့် ဆက်စပ်သည့် သဘာဝခရီးသွား လုပ်ငန်းဖြစ်မြောက်ရေးအတွက် သားငှက် ထိန်း သိမ်းရေးအဖွဲ့(WCS)နှင့် ငါးလုပ်ငန်းဦးစီးဌာန တို့ပူးပေါင်း၍ လေ့လာဆန်းစစ်မှု တစ်ခု ပြုလုပ်မည်ဖြ စ်ကြော င်း သတင်း ရရှိသည်။
စက်တင်ဘာ ၁၂ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

စက်တင်ဘာ ၁၁ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းတို့မှာ တိမ်ထူထပ် နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။
Subscribe to:
Posts (Atom)