မန္တလေး၊ ဇူလိုင် ၁၄- မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ယာဉ်ကြောပိတ် ဆို့မှုမရှိစေရေးနှင့် ယာဉ်တိုက်မှုအန္တ ရာယ်ကင်းဝေးစေရေးအတွက် ရည်ရွယ်ကာ မြို့တွင်း အဓိက လမ်းမကြီး များ၏လမ်းဘေးဝဲယာ များ တွင် မော် တော် ယာဉ်များနှင့် ကုန်တင်ခေါက် တိုယာဉ်များ ရပ် နားခြင်း၊ ကုန်တင် ကုန်ချပြုလုပ်ခြင်းတို့အတွက် အချိန် ကန့်သတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
Tuesday, 15 July 2014
၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်သူများ ခြေချုပ်နှင့် ခံဝန်ဥပဒေ ပြင်ဆင်မည်
၁၉၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြစ်မှု ကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန် ဥပဒေကို ပြင်ဆင်ရန် ပြည် ထဲရေး ဝန်ကြီးဌာနမှ လက်ခံခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ဆူးလေရှန်ဂရီလာဗုံးပေါက်မှုတွင် စွဲချက်တင်ခံရသူက အမှုကို ပယ်ဖျက်ပေးရန် တိုင်းရုံးသို့ လျှောက်တင်မည်

၂၀၁၃ အောက်တိုဘာ ၁၅ ရက်က ယခု ရှန်ဂရီလာဟိုတယ် (ယခင် ကုန်သည်ကြီးများဟိုတယ်)တွင် ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေးယူထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ယခင်ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက် မှုနှင့် အလုံမြို့နယ်အတွင်းရှိ WESTERN PARK RUBY စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှုနှင့် ပတ် သက်၍ စွဲချက်တင်ခံထားရသူ သုံးဦးအနက်မှ ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုဇော်လတ်မော်အပေါ် စွဲချက်ကို ပယ်ဖျက်ပေးရန် တိုင်းတရားရုံးသို့ လျှောက်တင်သွားမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင် က ပြောသည်။
တောင်ကိုရီးယား နယ်စပ် မြောက်ကိုရီးယား လက်နက်ကြီးနဲ့ပစ်ခတ်

မြောက်ကိုရီးယားက ဒုံးလက်နက် ပစ်ခတ်မှုသတင်းကို စောင့်ကြည့်နေကြတဲ့ တောင်ကိုရီးယားပြည်သူများ (ဂျူလိုင် ၁၄၊ ၂၀၁၄)
မြောက်ကိုရီးယားနိုင်ငံဟာ အရှေ့ပင်လယ်ပြင်ထဲကို ဒီကနေ့ အစောပိုင်း လက်နက်ကြီးကျည် အတော် များ များ နဲ့ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
လားရှိုးမြို့ရှိ ပုဂ္ဂလိကဘဏ်နှစ်ခုအနီး ပေါက်ကွဲမှုဖြစ်စဉ်မှာ နှစ်လ နီးပါး ကြာနေပြီ ဖြစ်သော်လည်း ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိသေး

ရှမ်းပြည်နယ် လားရှိုးမြို့ရှိ ပုဂ္ဂလိကဘဏ်နှစ်ခုအနီး ပေါက်ကွဲမှုဖြစ်စဉ်မှာ နှစ်လနီးပါးကြာမြင့်နေပြီဖြစ်သော် လည်း ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း လားရှိုးမြို့မရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဆွေဝင်း က ဇူလိုင် ၁၄ ရက် နံနက်က ပြောကြားသည်။
မြန်မာနိုင်ငံ၌ မကြာမီ အချိန်ကာလ အတွင်း အင်တာနက် အသုံးပြုသူ ဦးရေ သုံးသန်းအထိ ရောက်ရှိ လာတော့မည်

မြန်မာနိုင်ငံ၌ တယ်လီဖုန်းများ တိုးတက် များပြားလာသည်နှင့် အမျှ မကြာမီမှာပင် မိုဘိုင်းလ်ဖုန်း အင်တာနက် သုံးစွဲသူဦးရေ သုံးသန်းအထိ ရောက်ရှိ လာတော့မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ သိရသည်။
အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသည့် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အမှု တိုင်းဒေသကြီးတရားလွှတ်တော်သို့ ဆက်လက်အယူခံဝင်မည်

ပခုက္ကူခရိုင်တရားရုံးတွင် စီရင်ချက်ချပြီးနောက် တွေ့ရသော ယူနတီအဖွဲ့သားများ
ပခုက္ကူခရိုင်တရားရုံးမှ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခဲ့သည့် ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အမှုအား မကွေးတိုင်းဒေ သ ကြီး တရားလွှတ်တော်သို့ ဆက်လက် အယူခံဝင်သွားမည်ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေများနှင့် ၎င်းတို့၏ မိသားစုဝင်များ ပြောကြားချက်အရ သိရသည်။
နိုင်ငံတော်သမ္မတအား တပ်မတော်က နှစ်စဉ်ပုံမှန်အခမ်းအနားဖြင့် ချီတက်အလေးပြုသောနေ့ သတ်မှတ်ရန်မှာ နိုင်ငံတော်သမ္မတကြီး၏ စိတ်ဆန္ဒသဘောအတိုင်းဖြစ်ကြောင်း ကာကွယ်ရေးဒုဝန်ကြီး လွှတ်တော်၌ ဖြေကြား - See more at: http://news-eleven.com/politic/%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%9E%E1%80%99%E1%81%BC%E1%80%90%E1%80%A1%E1%80%AC%E1%80%B8-%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%80-%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%85%E1%80%A5%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%80%99%E1%80%BD%E1%80%94%E1%80%B9%E1%80%A1%E1%80%81%E1%80%99%E1%80%B9%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-%E1%80%81%E1%80%BA%E1%80%AE%E1%80%90%E1%80%80%E1%80%B9%E1%80%A1%E1%80%B1%E1%80%9C%E1%80%B8%E1%80%BB%E1%80%95%E1%80%B3%E1%80%B1%E1%80%9E%E1%80%AC%E1%80%B1%E1%80%94%E1%82%94-%E1%80%9E%E1%80%90%E1%80%B9%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%9B%E1%80%94%E1%80%B9%E1%80%99%E1%80%BD-0#sthash.Er44zU2C.KIKr2P2r.dpuf

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က အမျိုးသားလွှတ်တော်၌ ဖြေကြားစဉ်
နိုင်ငံတော်သမ္မတအား ချီတက်အလေးပြုရန်မှာ နိုင်ငံတော်သမ္မတကြီး၏ စိတ်ဆန္ဒသဘော အတိုင်းဖြ စ်ကြော င်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က ပြောကြားသည်။
ရန်ကုန်မြို့၌ သုံးရက်အတွင်း လမ်းပြောင်းပြန်မောင်းနှင်သည့် ခရီးသည်တင်ယာဉ်မောင်းများ အပါအ၀င် စည်းကမ်းမဲ့ယာဉ်မောင်း တစ်ရာကျော်အား လိုင်စင် ခြောက်လပိတ်သိမ်း

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း စည်းကမ်းပျက်ယာဉ်များအား စစ်ဆေးဖမ်းဆီးနေသည့် ယာဉ်ထိန်းရဲ တစ်ဦး ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်းဒေသကြီး၌ သုံးရက်အတွင်း လမ်းပြောင်းပြန်မောင်းနှင်သည့် ခရီးသည်တင်ယာဉ်မောင်းများ အပါ အဝင် အခြားစည်းကမ်းပျက်မောင်းနှင်သည့် ယာဉ်မောင်းတစ်ရာကျော်အား ယာဉ်မောင်းလိုင်စင် ခြောက်လ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက ဇူလိုင် ၁၄ ရက်တွင် စုံစမ်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျသံအမတ်တို့ နေပြည်တော်သို့ သွားရောက်တွေ့ဆုံ

အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်၊ ဗြိတိန်သံအမတ်အန်ဒရူးပတ်ထရစ်နှင့် သြစတြေးလျသံအမတ် Ms.Bronte Moules တို့ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်တွင် ဇူလိုင် ၁၄ ရက်က တွေ့ဆုံနေကြ စဉ် (Photo: NLD)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား အမေ ရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျနိုင်ငံများမှ သံအမတ်များသည် ဇူလိုင် ၁၄ ရက်တွင် တစ်ပြိုင်နက်တည်း လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Monday, 14 July 2014
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်တဲ့ အဖွဲ့ NCCT အဖွဲ့ဝင်များနှင့် MPC အဖွဲ့များ နှင့်ထပ်မံတွေ့ဆုံ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး ထပ်မံဆွှေးနွေးရေးအတွက် ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT နဲ့ မြန်မာငြိမ်း ချမ်းရေး ဗဟိုဌာန MPC က ဦးလှမောင်ရွှေနဲ့ အဖွဲ့ဝင်တွေ မနေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့ မှာ တွေ့ဆုံခဲ့ကြ ပါတယ်။ ဇူလိုင် ၂၄ ရက်နေ့ လိုင်ဇာမြို့မှာ စတင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲအပြီး အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ NCCT တို့ ထပ်မံတွေ့ဆုံဆွေးနွေးဖို့အတွက်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးဗဟိုဌာန MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
လေးပွင့်မဆိုင်နိုင်သေးသည့် ကြီးလေးကြီး၏ လက်တလော လှုပ်ရှားမှုများ

လေးပွင့်ဆိုင် ဆွေးနွေးရေး တောင်းဆိုနေကြချိန်တွင် လေးပွင့်မဆိုင်နိုင်သေးသည့် ကြီးလေးကြီး ယခု ရက်ပိုင်း အတွင်း ဘာတွေလုပ်နေကြလဲဆိုတာကို သတိထားလေ့လာကြည့်မိသည်။ ဇူလိုင်လ ၉ ရက်နေ့ညနေက ဦးရွှေမန်း နှင့် ဂျပန်-မြန်မာ ပါလီမန်ဆိုင်ရာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Hon. Mr. Ichiro AISAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်တွင် တွေ့ကြ သည်။
ပညာရေး ဝန်ကြီးဌာနမှ မူလတန်း ကျောင်းများ အတွက် ပထမအကြိမ် ထောက်ပံ့ကြေး ပေးအပ်
နိုင်ငံတော်မှ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို နိုင်ငံအတွင်းရှိ ဒေသ အသီးသီး၌ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ပညာရေး ဝန်ကြီးဌာန အနေဖြင့် မူလတန်း ကျောင်းများ အတွက် ပထမအကြိမ် ထောက်ပံ့ကြေး ပေးခြင်းကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်မှ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို နိုင်ငံအတွင်းရှိ ဒေသ အသီးသီး၌ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ပညာရေး ဝန်ကြီးဌာန အနေဖြင့် မူလတန်း ကျောင်းများ အတွက် ပထမအကြိမ် ထောက်ပံ့ကြေး ပေးခြင်းကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးဟောပြောပွဲလာသောNLD အဖွဲ့ဝင်တစ်ဦး ရုတ်တရက်လဲကျသေဆုံး

ပခုက္ကူမြို့တွင်ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးလူထုဟောပြောပွဲတက်ရောက် ရန် မြိုင်မြို့နယ်၊ ပေါက်ပြင်းကျေး ရွာမှNLD အဖွဲ့ဝင်များဖြစ်သည့် ဦးစံဌေး၊ ဦးမြသိန်းတို့ပါဝင်သော အဖွဲ့သည် ကား (၂၂) စီးခန့်နှင့် အတူပခုက္ကူမြို့သို့ဇူလိုင် ၁၂ ရက် နံနက် (၀၇၃၀) နာရီအချိန်ခန့်တွင် ရောက်ရှိခဲ့ပြီး၊ ရွှေချောင်းတံတား အနီး၌ကားများပိတ်မိနေသဖြင့် ယင်းနေရာ၌ပင်ကားကိုထားခဲ့ပြီး ဟောပြောပွဲရှိရာနေရာ သို့ရွှေချောင်း တံတားအမှတ် (၂) အောက်၊ ရွှေချောင်းအတိုင်းလမ်းဆင်းလျှောက် ခဲ့ရာ (၀၉၀၀) နာရီအချိန်ခန့် တွင် ရွှေချောင်းအရှေ့ဘက်ဟော ပြောပွဲအနီးရှိကျောက်မိကျောင်း ဘုန်းတော်ကြီးကျောင်း အနောက် ဘက်မုခ်အနီးသို့ရောက်ရှိခဲ့စဉ် ဦးမြသိန်း (NLD ပါတီဝင်) မှာခေါင်း မူးကာလမ်းလျှောက်နေစဉ် ရုတ်တ ရက်လဲကျသွားသဖြင့် (၀၉၃၀) နာရီအချိန်ခန့်တွင်ပုညမုဒိတာနာ ရေးကူညီမှုအသင်းယာဉ်ကိုခေါ် ဆောင်ကာ ပခုက်္ကူဆေးရုံကြီးသို့ တင်ဆောင်လာစဉ် (၁၀း၀၀) နာရီအချိန်ခန့်ဆေးရုံကြီးမရောက် မီလမ်း၌ ပင်သေဆုံးသွားခဲ့သည်။
အကြမ်းဖက်ပဋိပက္ခတွေ ဖန်တီးပြီး ဒီမိုကရေစီကို ပျက်ရယ်ပြုနေတာလား

ဘာသာရေးအကြောင်းပြကာ ဖြစ်ပွားလာသည့် အကြမ်းဖက်ပဋိပက္ခကြီးများ မြန်မာနိုင်ငံနေရာအနှံ့ ဖြစ်ပွား ခဲ့ပြီးနောက် ပဋိပက္ခများ ထပ်မံဖြစ်ပွားနိုင်မည် ဟူသော သတင်းစကားများက ကောလာဟာလ အသွင်ေ ဆာင် ကာ လူထုအကြား ပျံ့နှံ့လျက် ရှိသည်။
KIA ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသားတစ်ဦး အလင်းဝင်

ကချင်ပြည်နယ် ဆဒုံးမြို့နယ်တွင် နေထိုင်သော ရှမ်းတိုင်းရင်းသားတစ်ဦးသည် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ေ ဆာ င်ခြင်း ခံရပြီး တပ်ဖွဲ့အဖြစ် တာဝန်ထမ်းဆောင် ခိုင်းရာ ဆန္ဒမပါသောကြောင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် မြစ်ကြီးနားမြို့ ဌာနဆိုင်ရာရုံးသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း ယင်းရုံးမှ သိရသည်။ အဆိုပါ အလင်းဝင် ရှမ်းတိုင်းရင်းသားအား ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့(ကချင်ပြည်နယ်)ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင် ဦးစီးအဖွဲ့ဝင် များမှ ဇူလိုင်လ ၁၂ ရက် ညနေ ၃ နာရီခန့်တွင် ယင်းရုံးသို့ လာရောက်ပို့ဆောင်ခြ င်းဖြစ်ကြောင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဆွာရက်ဇ်ကို ဘာစီလိုနာ ပရိသတ်များနှင့် မိတ်ဆက်ပေးမည့် အစီအစဉ်ကို FIFA ပိတ်ပင်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပိတ်ပင်မှုအရ ဘာစီလိုနာ အသင်းသည် ၎င်းတို့၏ ကစားသမားသစ် လူးဝစ်ဆွာရက်ဇ်ကို ပရိသတ်များနှင့် တွေ့ဆုံမိတ်ဆက်ပွဲ ပြုလုပ်ခွင့် မရခဲ့ကြောင်း သိရှိရသည်။
ထိပ်ဆုံးနေရာသို့ ချက်ချင်း ရောက်ရှိသွားခဲ့တဲ့ Dawn of The Planet of The Apes ဇာတ်ကား

ရုပ်ရှင်ရုံတွေမှာ ပြိုင်ဘက်မရှိအောင် ၀င်ငွေအမြောက်အများနဲ့ အကျိုးရလာဒ်ရရှိစေခဲ့တဲ့ Dawn of the Planet of the Apes ဇာတ်ကားကို ရုံတင်ပြသရာမှာ ဘာအခက်အခဲမှ မရှိခဲ့ပါဘူး။
ခွင့်ပြုချက်မဲ့ ကန်ထရိုက် တိုက်ဆောက်လုပ်မှုများ အရေးယူနိုင်မည့် ဥပဒေ အတည်ပြုချက် ရယူနိုင်တော့မည်
များပြားလှသည့် မြို့ပြ လူနေမှု စနစ်များ အကြားတွင် ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက် ဆောက်လုပ်မှုများကို သက်ဆိုင်ရာမှ တရားစွဲဆို ဆောင်ရွက်လျက် ရှိသော်လည်း လျော့နည်းသွားခြင်း မရှိသည့်အတွက် ၂ဝ၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာ အက်ဥပဒေ ပုဒ်မ (၄၈) အရ ဝင်ရောက် ဖျက်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး လွှတ်တော် အတည်ပြုချက် ရယူနိုင်တော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (အဆောက်အအုံ) ဌာနမှ သိရသည်။
သတင်းမီဒီယာနှင့် ဆက်ဆံရေးကောင်းမွန်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အီးယူ သင်တန်းပေးမည်

သတင်းမီဒီယာများနှင့် ဆက်ဆံရေးအဆင်ပြေစွာ ဆက်ဆံနိုင်ရေး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို သင် တန်းပေး သွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လေ့ကျင့်ရေး အရာရှိချုပ် ရဲမှူးချုပ် သူရဦးဘိုနီက ဇူလိုင် ၁၃ ရက် တွင် မဇ္ဈိမကို ပြောသည်။
Subscribe to:
Posts (Atom)