Monday 16 November 2015

သမ္မတအထက်၌ တစ်စုံတစ်ယောက် ရှိနေရန် အခြေခံဥပဒေက ခွင့်ပြုထားခြင်းမရှိဟု ဆို

မြန်မာနိုင်ငံတွင် သမ္မတအထက်၌ တစ်စုံတစ်ယောက် ရှိနေရန် အခြေခံဥပဒေက ခွင့်ပြုထားခြင်းမရှိဟု ရွေးကောက်ပွဲ ရှုံးနိမ့်သွားသည့် ပြည်ခိုင်ဖြိုးပါတီမှ တွဲဖက်ဥက္ကဌ ဦးဌေးဦး က ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က NLD ရွေးကောက်ပွဲအနိုင်ရပါက သမ္မတအထက်မှနေ၍ ဦးဆောင်သွားမည်ဟု ယခုရက်သတ္တပတ်အတွင်း ပြောကြားမှုကို တုံ့ပြန် ပြောဆိုခြင်းဖြစ်သည်။

စစ်တပ်ကျောထောက်နောက်ခံ အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးက “အခြေခံဥပဒေအရ သမ္မတအထက်မှာ ဘယ်သူမှမရှိတာ ရှင်းရှင်းလင်းလင်းပါပဲ။ ဒါက မဖြစ်နိုင်ပါဘူး။ သမ္မတက နိုင်ငံရဲ့ ထိပ်ဆုံးခေါင်းဆောင်ပါ” ဟု စထရိတ်တိုင်း သတင်းဌာနသို့ ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတရုံးမှ ဦးဇော်ဌေးကလည်း “သမ္မတဟာ နိုင်ငံရဲ့၊ ပြည်သူတွေရဲ့ ထိပ်ဆုံး ခေါင်းဆောင်ပါ” ဟု ပြောကြားကြောင်း နစ်ကိုင်းအေးရှင်းရီဗျူးက ဖော်ပြသည်။ ပါတီခေါင်းဆောင်တစ်ဦးအား နာခံနေရသည့် သမ္မတမှာ ပြသ၁နာတစ်ခုဖြစ်လာနိုင်သည်ဟု ဦးဇော်ဌေးက ဆိုသည်။

တစ်စုံတစ်ဦးကို နာခံနေရသည့် သမ္မတ၏အမိန့်ကို စစ်တပ်က လိုက်နာမည်မဟုတ်ဟု ဦးဌေးဦး က စထရိတ်တိုင်းသို့ ပြောကြားသည်။ “ဒါဖြစ်မလာနိုင်ပါဘူး။ ဒါမျိုး ဘယ်နိုင်ငံကမှ လက်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခြေခံဥပဒေအရ သမ္မတအထက်မှာ ဘယ်သူမှ မရှိပါဘူး။ ဒီလိုသမ္မတမျိုးကို စစ်တပ်က ဘယ်လို လက်ခံနိုင်မလဲ။ အခြားအဖွဲ့အစည်းတွေက ဘယ်လို လက်ခံနိုင်မလဲ” ဟု ပြောကြားခဲ့သည်။

KHTun
The Ladies News Journal 

No comments:

Post a Comment