
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း အနေဖြင့် မြောက်ကိုရီးယားသို့ သွားရောက်ဖြစ်လိမ့် မည် ဟု သတင်းများ ထွက်ပေါ်လာသည်။
တောင်ကိုရီးယား၏ ယွန်ဟပ် သတင်းအေဂျင်စီက ဘန်သည် ယခု သီတင်းပတ်အတွင်း ပြုံယမ်းသို့ သွား ရောက် ဖွယ် ရှိကြောင်း ဖော်ပြခဲ့သည်။ ဘန်သည် မြောက်ကိုရီးယား၏ နိုင်ငံရေး ပြိုင်ဘက် တောင် ကိုရီးယား နိုင်ငံသား တစ်ဦးဖြစ်သည်။
ယွန်ဟပ်က ကုလသမဂ္ဂ၏ ထိပ်တန်း အရာရှိ တစ်ဦး၏ အဆိုကို ကိုးကားပြီး မြောက်ကိုရီးယားသို့ ဘန်သွား ရောက်မည်ဟု ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂကမူ ယင်းကို မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။
အကယ်၍ အဆိုပါ ခရီးစဉ်သာ အမှန်တကယ် အထမြောက်ခဲ့ပါက ဆယ်စုနှစ် နှစ်ခုကျော် ကာလအတွင်း ကုလသမဂ္ဂ အကြီးအကဲတစ်ဦး မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် သွားရောက်မှု အနေဖြင့် မှတ်တမ်း ဝင်လာမည် ဖြစ်သည်။
မေလအတွင်းက ဘန်သည် မြောက်ကိုရီးယားသို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း ခရီးစဉ် မစတင်မီ တစ်ရက်အလိုတွင် ကွန်မြူနစ် နိုင်ငံဘက်က အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။
မြောက်ကိုရီးယားသည် နျူကလီးယား လက်နက်နည်းပညာ အကောင်အထည်ဖော် စမ်းသပ်မှုများကြောင့် ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့၏ အဖက်ဖက်မှ ပိတ်ဆို့မှုများနှင့် ကြုံတွေ့နေ ရသည်။
မြောက်ကိုရီးယားသို့ ဘန်သွားရောက်မည့် သတင်းများနှင့် ပတ်သက်၍ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် က အထွေထွေ အတွင်းရေးမှူး အနေဖြင့် ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သော်လည်း ခရီးစဉ် သတင်းကို အတည်ပြုချက်ပေးရန် ငြင်းဆိုသွားခဲ့သည်။
Ref: CNA
7Day Daily
No comments:
Post a Comment