Monday 16 November 2015

တာမိုးညဲမှ ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးအမတ်လောင်း ပိုင်ဆိုင်သော ကား သေနတ်ဖြင့် ပစ်ခတ်ခံရ

ရှမ်းပြည်နယ်မြောက် ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲ မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်အတွက် လုံ ခြုံရေး လိုက် ပါ လာသည့် ယာဉ် နိုဝင်ဘာ ၁၄ ရက်က သေနတ်နှင့်ပစ်ခံရ၍ ယာဉ်ပေါ် ပါပြည်သူ့ စစ်နှစ်ဦး၏ ခါးအောက်ပိုင်းတွင် ပြင်းထန်သော ဒဏ်ရာများအသီး သီးရရှိခဲ့သည်။

 တာမိုးညဲမြို့မှ ကွတ်ခိုင် သို့ အသွားလမ်းခရီးတွင် ချုံခိုတိုက်ခိုက်ခံရသဖြင့် ယာဉ်ပေါ်ပါ ပြည်သူ့စစ်နှစ်ဦး၏ ခါးအောက်ပိုင်း၌ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။

‘‘ကျွန်တော်တို့ မွန်းလွဲ ၁  နာရီခွဲလောက်မှာ ကျွန်တော့်ကားအပါအ၀င် ကားသုံးစီးနဲ့ တာမိုးညဲက ထွက်ခဲ့တာပါ။ တာမိုးညဲကနေ ခြောက်မိုင် လောက်အကွာရောက်တော့ လုံခြုံရေးပြည်သူ့စစ်နှစ်ဦးစီးနင်းလိုက်ပါလာတဲ့ ကားကို ချုံခိုတိုက်ခိုက်ခဲ့ကြတာပါ။ သူတို့ကား အပစ်ခံရတဲ့အချိန်မှာ ကျွန်တော်စီးလာတဲ့ ကားက ကွတ်ခိုင်ကို ရောက်နေပါပြီ။ အပစ်ခံရတဲ့ ကားကလည်း ကျွန်တော်အမြဲစီးနေကျကားဖြစ်ပြီး ကျွန်တော်ပါလာတယ် အထင်နဲ့ ပစ်ခဲ့ကြတာပါ။ အပစ်ခံရတဲ့ ရဲဘော်နှစ်ဦးရဲ့ ဒဏ်ရာတွေက အရိုးကိုထိတာကြောင့် တရုတ်ပြည် ရွှေလီမြို့က မန်စီဆေးရုံကို ပို့လိုက်ပါတယ်’’ ဟု ကွတ်ခိုင်မဲဆန္ဒနယ်မြေတွင် ကြံ့ခိုင်ရေးပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောကြားသည်။

တာမိုးညဲလက်နက်ကိုင်ဌာ နေပြည်သူ့စစ်ရဲဘော်နှစ်ဦးဖြစ် သည့် အားရှောင် (ခ) စိုးလွင်နှင့် အားဖေတို့ နှစ်ဦးသည် ရရှိထား သော ဒဏ်ရာများကြောင့် အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း ခါးအောက်ပိုင်းတွင် ရရှိထားသော ဒဏ်ရာများက အရိုးကို ထိမှန်ခဲ့ခြင်းကြောင့် ကွတ်ခိုင်ဆေးရုံမှတစ်ဆင့် တရုတ်ပြည်နယ်စပ်ရွှေလီဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရ သည်။

‘‘ကျွန်တော့်ရဲဘော်နှစ်ဦးစီး လာတဲ့ ကားအပစ်ခံရပြီး ၁၅ မိနစ်လောက်မှာ နောက်ကလိုက်လာတဲ့ လုံခြုံရေးကားက မီလာတာကြောင့် ပစ်တဲ့သူတွေ လည်း ပြေးကုန်တယ်လို့ သိရပါတယ်။ အပစ်ခံရတဲ့ နယ်မြေက ပလောင် ဓားပြတွေနဲ့ ကချင်လက်နက်ကိုင် (KIA) တပ်မဟာ (၄)အဖွဲ့တွေ လှုပ်ရှားတဲ့နယ်မြေတွေပါ။ ဘယ်သူပစ်တယ်ဆိုတာကိုတော့ ကျွန်တော် တို့လည်း ခန့်မှန်းရခက်နေပြီး တချို့ကလည်း ရွေးကောက်ပွဲရလဒ်နဲ့ သက်ဆိုင်မယ်လို့ ထင်ကြေးပေးကြပါတယ်’’ ဟု ဦးမြင့်လွင်က ဆိုသည်။

ဦးမြင့်လွင်သည် ၂၀၁၀ ရွေး ကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ် လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရ သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ကွတ်ခိုင်မဲဆန္ဒနယ်မြေအသီးသီး၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့်အတူ ပြည်နယ်မဲဆန္ဒနယ်မြေ (၂) အပါအ၀င် လွှတ် တော်သုံးရပ်စလုံးတွင် အနိုင်ရရှိခဲ့ သည်။

7Day Daily  Daily

No comments:

Post a Comment