Monday 16 November 2015

အစာငတ်ခံဆန္ဒပြအကျဉ်းသားများကို နှိပ်စက်မှု အရေးယူပေးရန် အေအေပီပီတောင်းဆို

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် မြင်းခြံထောင် အတွင်း အစာငတ်ခံ ဆန္ဒပြနေ သည့် ကိုစည်သူမြတ် နှင့် ကိုစိုးလှိုင်တို့အား အကြမ်းဖက် ရိုက်နှက်ခြင်း၊ ရေဖြတ်ခြင်းတို့ ပြုလုပ်သ ဖြင့် အရေးယူပေးရန်နှင့် ၎င်းတို့ ၏ ကျန်းမာရေးကို ဂရုပြုဆောင်ရွက်ပေးရန် အေအေပီပီက တောင်းဆိုလိုက်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)AAPP ၏နိုဝင်ဘာ  ၁၂ ရက်စွဲဖြင့် ထုတ်ပြန်သည့်သ တင်းထုတ်ပြန်ချက်တွင် ကိုစည် သူမြတ်နှင့် ကိုစိုးလှိုင်တို့ကို အ ကျဉ်းထောင်တွင်း အကြမ်း ဖက် ရိုက်နှက်ခြင်းနှင့် ရေဖြတ်ခြင်း သည် မြင်းခြံထောင်ပိုင် ဦးသီဟ ထွဋ်၌ အများဆုံးတာဝန်ရှိပြီး အစိုးရ အနေဖြင့် အမြန်ဆုံးအရေးယူပေးရန် တောင်းဆိုသည်။

အမျိုးသားပညာရေးဥပဒေ မူကြမ်းကို ဆန့်ကျင်ဆန္ဒပြခဲ့သ ဖြင့် မြင်းခြံအကျဉ်းထောင်တွင် အချုပ်ကျခံနေ ရပြီး အမှုရင်ဆိုင် နေရသောကိုစည်သူမြတ်နှင့် ကို စိုးလှိုင်တို့နှစ်ဦးသည် နိုဝင်ဘာ ၆ ရက်တွင် နိုင်ငံရေးအကျဉ်းသား များ လွှတ်ပေးရန် မြင်းခြံထောင် အတွင်း စတင်အစာငတ်ခံ ဆန္ဒပြ ခဲ့ကြသည်။

အစာငတ်ခံဆန္ဒပြနေသည့် ကိုစည်သူမြတ်နှင့် ကိုစိုးလှိုင်တို့ ကို ထောင်ဝန်ထမ်းများက စောင် နှင့်အုပ်ပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့ သည်။ ထိုနေ့က တစ်နေကုန် ရေ ဖြတ်လိုက်ပြီး ညဘက်မှသာ ရေ ပေးခဲ့သောကြောင့် နိုဝင်ဘာ ၉ ရက်တွင် အစာငတ်ခံဆန္ဒပြခြင်း ကို ရပ်တန့်ခဲ့သည်။

ယင်းဖြစ်စဉ်ကို ကိုစည်သူ မြတ်နှင့် ကိုစိုးလှိုင်တို့က နိုဝင်ဘာ ၁၁ ရက်တွင် တရားရုံးသို့ လျှောက်ထားခဲ့ သော် လည်း အချိန်နောက် ကျနေပြီဟု အကြောင်းပြကာအမှုကို လက်မခံခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) မှ သိရသည်။

ယနေ့အချိန်သည် အထွေ ထွေရွေးကောက်ပွဲကြီးကို အောင် မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီး နောင် ငါးနှစ် အတွက် တာဝန်ယူ မည့် အစိုးရသစ်ကို အဆင်ပြေချောမွေ့စွာ အာဏာလွှဲပြောင်း ရေး ယခင် နိုင်ငံရေးအရ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား များ၊ အမှုရင်ဆိုင်နေရသော အချုပ်သားများကို အမြန်ဆုံး လွှတ်ပေးရန် အလေးအနက် တိုက်တွန်းကြောင်း အဆိုပါထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် သာယာဝတီ ထောင်နှင့် မြင်းခြံထောင်တွင် အစာငတ်ခံ ဆန္ဒပြတောင်းဆိုနေ သူ ၁၅ ဦးအထိ ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရသည့်အခြေအနေ တွင် ရှိနေကာ လက်ရှိတွင် သာယာဝတီထောင်မှ ကိုအောင်မှိုင်ဆန်း၊ ကိုမျိုးမြတ်စံ နှင့် ကိုဖြိုးဓနချစ်လင်းသိုက်တို့ သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် တက်ရောက်ကုသနေဆဲ ဖြစ်သည်။

7Day Daily 

No comments:

Post a Comment