Monday 16 November 2015

ပဲရစ်မြို့ တိုက်ခိုက်မှုများအပြီး U2 နှင့် Foo Fighters အဖွဲ့တို့၏ ဖျော်ဖြေ ပွဲများကို ဖျက်သိမ်းခဲ့

U2 နှင့် Foo Fighters အဖွဲ့တို့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ညပိုင်းတွင် ပဲရစ်မြို့၌ ဖြစ်ပွားခဲ့သော တိုက်ခိုက် မှုများကြောင့် စီစဉ်ထားသည့် ဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

Coldplay နှင့် မက်ဒေါနား တို့သည်လည်း ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်တွင် အကြမ်းဖက်တိုက်ခိုက်မှု များကြောင့် အသက်ဆုံးရှုံးခဲ့ရသူများကို ဂုဏ်ပြုစကား များ ပြောကြားသည်။

ပဲရစ်မြို့တွင် နိုဝင်ဘာ ၁၆ ရက်တွင် ဖျော်ဖြေမည့် ပွဲကို ရပ်တန့်လိုက်ရခြင်း အတွက် Foo Fighters အဖွဲ့၏ ကျန်ရှိနေသော ဥရောပ ဖျော်ဖြေပွဲများကိုပါ ဆက်လက်ပြုလုပ်တော့မည် မဟုတ်ဟုဆိုသည်။

Foo Fighters အဖွဲ့၏ တရားဝင် ၀က်ဘ်ဆိုက်မှ ကြေညာ ချက်တစ်စောင် တွင် “ပဲရစ်မြို့မှာ ရှိတဲ့ လူတိုင်းအတွက် အကြီးအကျယ် ၀မ်းနည်း စိတ်သော က ရောက်မိပါကြောင်း၊ ထို့ကြောင့် ကျွန်တော်တို့၏ ကျန်ရှိနေသေး သည့် ဖျော်ဖြေပွဲများကို ဖျက်သိမ်းလိုက်ပါကြောင်း” ဟု ဖော်ပြပါရှိသည်။

အိုင်းရစ် ရော့ခ် တီးဝိုင်း U2 အနေဖြင့်လည်း နိုဝင်ဘာ ၁၄ တွင် ပြုလုပ်မည့် သူတို့၏ ဖျော်ဖြေပွဲကိုလည်း အဆင်ပြေမယ့် အချိန်တစ်ခုတွင် ပြန် လည် ဖျော်ဖြေ မည်ဟုဆိုကာ ဖျက်သိမ်းခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲကို HBO မှ တဆင့် အမေရိကန်နိုင်ငံတွင် ပြသရန် စီစဉ်ထားသည်။

အဆိုပါ အဖွဲ့၏ တရားဝင် ၀က်ဘ်ဆိုက်တွင် “ပဲရစ်မြို့မှာ ဖြစ်ပွား ခဲ့တဲ့ ဖြစ်ရပ်တွေကို မယုံကြည်နိုင်စွာနဲ့ ထိတ်လန့်တုန်လှုပ် စွာ မြင်တွေ့ ခဲ့ရပါတယ်၊ ကျွန်တော့်တို့ နှလုံးသားတွေကတော့ အဲဒီညမှာ တိုက်ခိုက် ခံရသူတွေနဲ့ သူတို့ရဲ့မိသားစုတွေထံမှာ ရောက်ရှိသွားပါတယ်၊ Eagles of Death Metal ဖျော်ဖြေပွဲမှာ အသက်ဆုံးရှုံးခဲ့ရမှုတွေကိုလည်း ၀မ်းနည်း ပူဆွေးရပါတယ်၊ ကျွန်တော်တို့ရဲ့ အတွေးတွေနဲ့ ဆုတောင်း မှုတွေကတော့ အဲဒီ တီးဝိုင်းနဲ့ သူတို့ ပရိသတ်တွေ အတွက်ပါပဲ၊ ပြီးတော့ ပဲရစ်မြို့မှာရှိတဲ့ ကျွန်တော်တို့ ပရိသတ်တွေအားလုံး လည်း အန္တရာယ်ကင်း ပါစေလို့ မျှော် လင့်ရင်း ဆုတောင်းနေပါတယ်” ဟုရေးသားထားသည်။

Ref : contactmusic
Democracytoday‬

No comments:

Post a Comment